တိုင်ကြားချက်
Vol. 80 Ch. 4.719
“ဟမ့် ဘယ်သူက ဒီလောက် လာဆူညံနေတာလဲ? အသက်မရှင်ချင်တော့ဘူးလား? ငါ အပြင်သွားကြည့်မယ်!”
ရှုံထျန်းပါ့က လှမ်းအော်ပြီး ထွက်သွားလေသည်။
“ဂိုဏ်းချုပ်... ဂိုဏ်းချုပ် ဆရာတူအစ်ကိုချန်အတွက် သေချာပေါက် တရားမျှတမှု ပြန်ယူပေးပါနော်!”
ယောက်ျားပျို တစ်ယောက်သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ရှက်ရွံ့စွာ ငိုနေလေသည်။
မထင်မှတ်ပဲ သူသည် မိမိဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်နေသည်။ ထို့ကြောင့် ရှူံထျန်းပါ့ရဲ့ မျက်နှာလည်း အနည်းငယ် မည်းမှောင်သွားတော့သည်။ သေချာစွာ ပြန်ကြည့်လိုက်ရာ တခြားဂိုဏ်းချုပ် ခုနစ်ယောက် ထွက်လာတာကို တွေ့လိုက်ရသည်။ သို့နှင့် သူက ချောင်းဆိုးကာ တစ်ဖက်လူကို ဆွဲကိုင်လိုက်၏။
“ဘာဖြစ်တာလဲ?”
“ဟေ့ ဒါရှောင်ချန် မဟုတ်လား သူဘာဖြစ်သွားတာလဲ?”
ဂိုဏ်းချုပ် ခုနစ်ပါးတို့သည်လည်း ထိုလူ၏ အသွင်အပြင်ကို မြင်လိုက်ကြသည်။ ထိုလူရဲ့ ကျင့်ကြံမှုအားလုံး ပျက်စီးသွားသလို သူ၏ ဝိညာဉ်မှာလည်း သုတ်သင် ပျောက်ကွယ်လုနီးနီး ဖြစ်နေပြီ။
“ဘာလဲ ပင်လယ်သားရဲတစ်ကောင် ပြေးဝင်လာတာလား”
ရှဲ့ယွင်ထျန်းက မေးလိုက်သည်။ ထိုဒဏ်ရာသည် အနည်းဆုံး နတ်မီးနယ်ပယ်က သခင်တစ်ဦးကြောင့်သာ ရနိုင်သည်။
ကျွန်းပေါ်တွင် အချင်းချင်း သတ်ဖြတ်ခြင်း သည် ဂိုဏ်းကြီး ရှစ်ခုလုံးက ပွင့်ပွင့်လင်းလင်း ခွင့်ပြုထားခြင်း မရှိ။ ထို့ကြောင့် ရှဲ့ယွင်ထျန်းသည် ပင်လယ်သားရဲ မဟုတ်ပါက တခြားဘယ်သူမှ မဖြစ်နိုင်ကြောင်း မှန်းဆခဲ့သည်။
တရားမျှတမှုကို အထပ်ထပ်အခါခါ တောင်းဆိုနေသော တပည့်က။
“အဲဒါက ပင်လယ်သားရဲ မဟုတ်ဘူး... ပင်လယ်သားရဲဘက်က နေတဲ့လူပါ... သူ့နောက်က ပင်လယ်သားရဲတစ်ကောင်လည်း ရှိတယ်”
“ဘာကောင်လဲ ဒီပင်လယ်သားရဲတွေက တကယ် မာနကြီးလာပြီပဲ... သူတို့က ကျွန်းထဲကို အပြေးအလွှားလာပြီး ငါ့ဓားဖြတ်တောင်ထွတ်က လူတွေကို အနိုင်ကျင့်ရဲတယ်ပေါ့.... မင်းနာမည်က ဘယ်လိုခေါ်လဲ ငါ့အတွက် လမ်းပြပေးစမ်း!”
တပည့်ရဲ့မျက်နှာမှာ ဒေါသတွေ ပြည့်နှက်နေပြီး သူက အံကြိတ်လျက် ဆိုလေ၏။
“တပည့်က ကျန်းစုန်ပါ... အဲဒီလူက အစ်ကိုချန်ကို ဒဏ်ရာရအောင် လုပ်ပြီး ထွက်သွားတယ်၊ သူဘယ်သွားသွားမှန်း ကျွန်တော်တို့လည်း မသိလိုက်ဘူး”
“အမှိုက်ကောင်!”
ရှုံထျန်းပါ့က ကျန်းစုန်ရဲ့ ခေါင်းကို ရိုက်လိုက်ကာ။
“သူတို့ဆီက အနိုင်ကျင့်ခံလာရတာတောင် သူတို့က ဘယ်သူလဲ? သူတို့ဘယ်သွားမှန်း မသိဘူးပေါ့.... မိုက်လိုက်တာ ငါတော့ အရူးတွေကို ပြုစုလိုက်မိတာပဲဟ!”
ကျန်းစုန်မှာ မဖုံးကွယ်ဝံ့တော့ဘဲ အလျင်စလို တင်ပြလိုက်သည်။
“သူနာမည်ကို သိလာခဲ့ပါတယ်!”
ရှုံထျန်းပါ့က ကျန်းစုန်အား ထပ်ရိုက်လိုက်ပြန်သည်။
“တစ်ခါတည်း ရှင်းရှင်းလင်းလင်း ပြောစမ်း!”
ကျန်းစုန်မှာ စိတ်တိုနေပုံရပြီး သူ့နှလုံးသားထဲမှာ ဆဲဆိုခြင်းတွေ ပြည့်နှက်နေတော့သည်။ စိတ်မရှည်ဘူး ဆိုရင်တောင် ကိုယ့်တပည့်တွေကို ပါးရိုက်ပြီး စကားပြောခိုင်းစရာ မလိုဘူးမလား။
သို့သော်လည်း နောက်တစ်ကြိမ် ပါးရိုက်ခံရမည်ကို စိုးရိမ်၍ ထိုစကားများကို မပြောဝံ့ဘဲ အလျင်အမြန် အော်လိုက်သည်။
“အဲ့လူနာမည်က လုရွှမ်ပါ... ကျန်းထျန်းချိုင်လို့လည်း ခေါ်တယ်... သူက ကောင်းကင်အောင်ခြင်း ဂိုဏ်းကပါ”
လူတိုင်းက ကောင်းကင်အောင်ခြင်း ဂိုဏ်းရဲ့ ဂိုဏ်းချုပ် လော့ချောင်ဖုန်းကို မျက်လုံးအစုံဖြင့် ကြည့်လိုက်ကြသည်။ လော့ချောင်ဖုန်းရဲ့ မျက်နှာသည်လည်း သိသိသာသာ ပြောင်းလဲသွားပြီး။
“မဖြစ်နိုင်ဘူး... ထျန်းချိုင် လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကျော်က တားမြစ်ထားတဲ့ ပင်လယ်နက်ထဲမှာ ပိတ်မိနေပြီ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သူက တခြားဘာမှ မပြောပေမယ့် အားလုံးကလည်း တကယ် ဖြစ်နိုင်တယ်ဆိုတာ နားလည်ပါ၏။
အထူးသဖြင့် လှောင်အိမ်ရှင်များ လွတ်မြောက်လာခဲ့ပြီး လှောင်အိမ်၏ လျှို့ဝှက်ချက် အားလုံးကို လူတိုင်းသိပြီးနောက် ဝမ့်ရှန်းကမ္ဘာ၏ ဤကပ်ဆိုးကြီးသည် ပင်လယ်နက်ထဲက တားမြစ်နယ်မြေကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သဘောပေါက်ကြသည်။
လုရွှမ်နဲ့ သူ့အဖွဲ့ဟာ လှောင်အိမ်ထဲမှာ ပိတ်မိနေပြီမလို့ တစ်ဖွဲ့လုံး သေသွားလောက်ပြီလို့ သဘာဝကျကျ ထင်ခဲ့ကြပေမယ့် အခု အကျဉ်းချခံထားရသူတွေ လွတ်မြောက်သွားပြီဖြစ်လို့ လုရွှမ် အသက်ရှင်နေသေးတာက ဖြစ်နိုင်ခြေများပါသည်။
“ဒီကဒကာလေးကျန်း... အဲဒီလူရဲ့ နာမည်က လုရွှမ်... ကောင်းကင်အောင်ခြင်းဂိုဏ်းက ဆိုတာ သေချာရဲ့လား”
ကျန်းစုန်သည် သူ့လက်ကို အမြန်ဆုပ်ကာ ဂါဝရပြူလိုက်သည်။
“ဆရာတော်ထန်ယီး ဒါက အမှန်ပါပဲ”
ဆရာတော်ထန်ယီးက မျက်မှောင်ကြုတ်ကာ။
“ဒကာလေးလုရွှမ်ကြောင့် မင်းရဲ့ ဆရာတူအစ်ကိုချန်က ဒဏ်ရာရသွားတယ် ဆိုတော့ သူ့ရဲ့ကျင့်ကြံမှုက ဘယ်နယ်ပယ်လဲ?”
ယခုအချိန်တွင် ချန်ဟုခေါ်သော ဤတပည့်သည် ကျင့်ကြံမှုတွေ လုံးဝ ပျက်စီးသွားသော်လည်း ယခုအခါ လူတိုင်းလိုလိုပင် ဒီအချက်ကို ရိပ်မိသွားကြသည်။ သို့သော် ခန္ဓာကိုယ်ကို ကြည့်လျှင် ချန်ရဲ့ နောက်ဆုံး မူလအဆင့်သည် အားနည်းမနေသင့်ဘူးဟု မြင်နိုင်သေးသည်။
လုရွှမ်က သူ့ကို ဒဏ်ရာရစေတယ်လို့ ဆိုရရင် လုရွှမ်ဟာ နတ်မီးနယ်ပယ်ရဲ့ တတိယအဆင့် ဒါမှမဟုတ် စတုတ္ထအဆင့်ထက် မနည်းဘူးလို့ ဆိုလိုနေပြီ။ လုရွှမ်သည် မဟာသူတော်စင် အဖြစ် ရှိနေခဲ့တာ နှစ်အနည်းငယ်သာ ရှိသေးပြီး သူသည် တစ်ရှိန်ထိုးဖြင့် နတ်မီးနယ်ပယ်သို့ ရောက်ရှိသွားခဲ့တယ် ဆိုတာက မြန်ဆန်လွန်းလှသည်။
ကျန်းစုန်မှာ သူ့မျက်နှာမှာ ရှက်ရွံ့သွားတဲ့ အရိပ်အမြွက်မျိုး ပြသလာတာကြောင့် ပါးရိုက်ခံရပြန်၏။
“မင်းဘာတွေ တုံ့ဆိုင်းနေတာလဲ? ငါ့ကိုပြောစမ်း...ကောင်းကင်အောင်ခြင်း ဂိုဏ်းရဲ့ တပည့်ဟုတ်မဟုတ် ကြည့်လိုက်ဦးမယ်...ဘယ်ကောင်က အရမ်းတွေ မာနကြီးနေတာတုန်း ကြည့်ရသေးတာပေါ့!”
ရှုံထျန်းပါ့က လော့ချောင်ဖုန်းကို ဒေါသတကြီး စိုက်ကြည့်ရင်း အော်ပြောလေသည်။ ထိုအခါ ကျန်းစုန်လည်း လျင်မြန်စွာ အော်ပြောလိုက်သည်။
“သူက ကောင်းကင်ဘုံသခင် ပထမအဆင့်ပါ... ဒါပေမဲ့ သူ့ဘေးက ပင်လယ်သားရဲက နတ်မီးနယ်ပယ်ရဲ့ ပထမအဆင့်ပဲ”
“ဘာ? သူက ကောင်းကင်ဘုံသခင် ပထမအဆင့် ဟုတ်လား?”
“ဘာပြောတယ်?”
“ကောင်းကင်ဘုံသခင် ပထမအဆင့် အငယ်တန်းတစ်ယောက်က နတ်မီးနယ်ပယ် တတိယအဆင့်က လူကို သေတစ်ဝက် ရှင်တစ်ဝက် ဖြစ်အောင် အနိုင်ယူခဲ့တယ်ပေါ့... ဟမ့် ဒါက နည်းနည်းတော့ မယုံနိုင်စရာပဲ”
ဂိုဏ်းခေါင်းဆောင် ခုနစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ကြည့်ကာ အော်ဟစ်ပြီး သူတို့ရဲ့စကားတွေက မယုံကြည်ကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။
သူတို့၏ နားလည်မှုအရ ကောင်းကင်ဘုံသခင်နဲ့ နတ်မီးနယ်ပယ်က လုံးဝ ကွဲပြားခြားနားသော အဆင့်နှစ်ခုဖြစ်သည်။ လုံးဝ မဖြတ်ကျော်နိုင်သော နယ်ပယ်နှစ်ခုကြားတွင် ချောက်ကြီးတစ်ခု ရှိနေပုံရသလို ကွာခြားလေ၏။
အရင်တုန်းကတော့ ပါရမီရှင်များစွာကို နတ်မီးနယ်ပယ်မှာ ပိတ်ဆို့ထားခဲ့ပေမယ့် ကောင်းကင်ဘုံသခင် နယ်ပယ်က နတ်မီးနယ်ပယ်ကို သတ်နိုင်ခဲ့တယ်ဆိုတာ တစ်ခါမှ မကြားဖူးပါဘူး။ အဲဒါက နတ်မီးအတုသာ ဖြစ်နိုင်သည်။
စင်စစ် ထိုနတ်မီးအတုများကို ၎င်းတို့က နတ်မီးနယ်ပယ်ဟု လုံးဝမှတ်ယူခြင်း မရှိသလို ဆက်လက် လေ့ကျင့်ရန်လည်း မဖြစ်နိုင်သလောက်ပင်။
ကျန်းစုန်ရဲ့ စကားလုံးတွေက သူတို့ရဲ့ နားလည်မှုနဲ့ လုံးဝကို ဆန့်ကျင်နေတာမို့ ဘယ်သူမှ သူ့စကားကို မယုံတာ သဘာဝပါပဲ။ ဒါပေမဲ့ ရုတ်တရက် အသံတစ်ခု ပေါ်လာတာက လော့ချောင်ဖုန်းဆီက ဖြစ်သည်။
ဘိုးဘေးမှ ထားရစ်ခဲ့သော ဓားရှည်သည် ၎င်း၏ပိုင်ရှင်ကို အလိုအလျောက် မှတ်မိကြောင်း သူသိသည်။ လုရွှမ်သည် အတိဒုက္ခကို ကျော်ဖြတ်ပြီး မဟာသူတော်စင် ဖြစ်လာသောအခါက ဖြစ်ပေါ်လာသော ကောင်းကင်ဆိုင်ရာ ဖြစ်စဉ်များသည် သာမန်နတ်ဘုရားများနှင့် ယှဉ်နိုင်ခဲ့ကြောင်း သွားသတိရမိသည်။
လုရွှမ်သည် ဆန်းကြယ်သော မှော်အတတ်ပညာများဖြင့် ဝန်းရံထားသလို အခြားသူများ မတတ်နိုင်သော အရာများကို အမြဲလုပ်ဆောင်နိုင်သည်။
ထျန်းရှူးတောင်ထွတ်ရဲ့ အထွတ်အထိပ်သခင် ကျန့်ချောင်ယန်ရဲ့ ဇနီး လော့ချင်းယီးက လုရွှမ် မသေဘူး၊ သေချာပေါက် ရှင်သန်နိုင်လိမ့်မယ်လို့ ပြောပြခဲ့ဖူး၏။ လုရွှမ်က တကယ်ကို လျှို့ဝှက် ဆန်းကြယ်ပေသည်။
လုရွှမ်သည် အတိတ်၏ပုံစံများကို ချိုးဖျက်ပြီး ရှေးခေတ်က အစဉ်အလာများကို အမွေဆက်ခံနိုင်သူ ဖြစ်နိုင်သည်။
“ကောင်းကင်ဘုံသခင် အဆင့်နဲ့ နတ်မီးနယ်ပယ်ကို သတ်နိုင်တဲ့လူ ဆိုရင်တော့ လုရွှမ်ဆိုတာ မမှားနိုင်ပါဘူး”
လူတော်တော်များများက မယုံကြသေးချေ။ ဒါမှမဟုတ် မယုံချင်ကြသေးတာလည်း ဖြစ်နိုင်သည်။
ထိုပါရမီရှင်သည် သူတို့အားလုံးကို မနာလိုဖြစ်နေစေပြီ ဖြစ်သည်။ သူတို့သည် မျှော်စင်နယ်ပယ်က သခင်ဖြစ်နေပြီ ဖြစ်သော်လည်း မနာလိုမှု မီးတောက်ကတော့ တောက်လောင်နေဆဲ ဖြစ်သည်။
ဒီလိုအရည်အချင်းမျိုးနဲ့ဆို သေချာပေါက် မျှော်စင်နယ်ပယ်ကို ဖြတ်ကျော်ပြီး နက်နဲတဲ့ နယ်ပယ်တစ်ခုထဲကို ဝင်သွားနိုင်တော့မှာ သေချာလေသည်။ သူတို့ကိုယ်သူတို့ မော့ကြည့်လိုက်ရင်တော့ မျှော်လင့်ချက်ကြီးကြီး မထားဝံ့ကြတော့ပါဘူး။
“သူ ဒီကိုလာနေတာ ဖြစ်နိုင်တယ်”
လူနှစ်ယောက်သည် အလွန်လျင်မြန်သော အရှိန်ဖြင့် ဤဘက်သို့ ပြေးလာနေတာကို လူတိုင်း သတိထားမိလိုက်သည်။ ဂိုဏ်းအားလုံး၏ ဝိညာဉ်စွမ်းအားသည် အလွန်အစွမ်းထက်ပြီး သူတို့၏ မျက်လုံးများကလည်း စူးရှလွန်းလှသည်။
ရောက်လာသော လူများသည် ယောက်ျားလေးနှင့် မိန်းကလေး ဖြစ်ကြောင်း ချက်ချင်းသဘော ပေါက်သွားကြသည်။ ထိုယောက်ျားမှာ ကျန်းထျန်းချိုင် ဟုလည်း လူသိများသော လုရွှမ် ဖြစ်ပြီး ထိုမိန်းကလေးမှာ လှပပြီး အစွမ်းထက်သော်လည်း တကယ်တော့ သူမဟာ ပင်လယ်သားရဲ တစ်ကောင် ဖြစ်နေ၏။