← Chapters

စမ်းသပ်

Vol. 80 Ch. 4.720

စမ်းသပ်

Vol. 80 Ch. 4.720

လုရွှမ်သည်လည်း ရောင်ခြည် ရှစ်ခု၏ အားကောင်းသည့် အငွေ့အသက်ကို ခံစားမိပါသည်။ ၎င်းသည် ဂိုဏ်းချုပ်ကြီး ရှစ်ပါး၏ တည်ရှိမှုဖြစ်ကြောင်း သဘာဝကျကျ နားလည်ထားသောကြောင့် သူ ဤနေရာသို့ ပျံသန်းသွားခဲ့သည်။

သူ စောစောရောက်လာနိုင်ပေမယ့် လုရွှမ် လမ်းမှာ ခံစားမိပေမယ့် ဘိုး​ဘေးချင်းချန်တို့ ​အဖွဲ့ရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ခဲ့ရပါဘူး။ ဘာကြောင့်မှန်းမသိ သူတို့ ရောက်မလာသေးပုံ ရသည်။

ဒီနေရာကို မဟုတ်ဘဲ သူတို့တွေ တခြားနေရာတွေကို ပို့ဆောင်ခြင်းအစီအရင်နဲ့ ရောက်သွားကြတာများလား။

“ဟမ့်”

ရှုံထျန်းပါ့က ရုတ်တရက် ဟောက်ပြီး လုရွှမ်နဲ့ ထျန်းရှားဆီကို လက်ဖဝါးစွမ်းအင်ဖြင့် ရိုက်ချလိုက်သည်။

ပြင်းထန်သော တွန်းအားတစ်ခု တိုးလာကာ ဝက်ဝံကြီးတစ်ကောင်သည် လေထဲတွင် အလိုအလျောက် ပေါ်ထွက်လာသည်။ ၎င်းက ကျယ်လောင်သော ဟောက်သံနှင့်အတူ လုရွှမ်တို့ဆီ ပြေးဝင်သွားလေ၏။

“ရှုံထျန်းပါ့ မင်းလုပ်ရဲလားကွ!”

လော့ချောင်ဖုန်း သူ့လက်ထဲက ဓားတစ်လက်ကို ဝှေ့ယမ်းပြီး ရှုံထျန်းပါ့ ပစ်လွှတ်လိုက်တဲ့ ဧရာမဝက်ဝံကြီးကို ပေါက်ကွဲပစ်လိုက်သည်။

ရုတ်တရက် သူ့ဘေးနားမှ အသံတစ်သံ ထွက်ပေါ်လာသည်။

“ဂိုဏ်းချုပ်လော့က ဘာတွေ စိတ်ပူ​နေတာလဲ? ဂိုဏ်းချုပ်ရှုံက သူတို့ရဲ့ခွန်အားကို စမ်းသပ်နေတာပါ”

စကားဝင်ပြောသူက နဂါးရေငွေ့တောင်ရဲ့ ဂိုဏ်းချုပ် လုံထန်းရှောက်ဖြစ်ကာ သူက လက်ဝါးစွမ်းအင် တစ်ချက်ဖြင့် လော့ချောင်ဖုန်းရဲ့ ဓားစွမ်းအင်များ ပြန့်ကျဲသွားအောင် ခေါက်ချလိုက်လေသည်။

လော့ချောင်ဖုန်းရဲ့ ခန္ဓာကိုယ်အနှံ့ လူသတ်ချင်လာသည့် အသွင်အပြင်ဖြင့် ပြည့်လာသည်။

“လုံထန်းရှောက် မင်းကငါ့ကို တိုက်ချင်​နေတာလား?”

လုံထန်းရှောက်က စကားမပြောပေမယ့် ဖီးနစ်အသိုက်က ဂိုဏ်းချုပ် ဖုန့်ချောင်မင်က ဝင်ပြောလေ၏။

“ကောင်းပြီ... လွန်ခဲ့တဲ့ အနှစ်တစ်ရာ အတွင်းမှာ ဂိုဏ်းချုပ် လော့ချောင်ဖုန်းက အားကောင်းလာလား အပျော့ဆုံး ဖြစ်နေသေးလား စမ်းကြည့်ကြရင်ရော?”

“မင်းစမ်းကြည့်ရင် သိလိမ့်မယ်!”

လော့ချောင်ဖုန်းက ပြန်အော်လေသည်။ ထိုအခိုက် နောက်ထပ် အသံတစ်သံက။

“ဖုန့်ချောင်မင် ယောက်ျားတစ်ယောက်က စကားပြော​နေရင် မင်း ပါးစပ်ကို ပိတ်ထားတာ ပိုကောင်းမယ်... လုံထန်းရှောက် မင်း တိုက်ချင်နေတာပဲ ဟုတ်တယ်ဟုတ်? မင်း လွန်ခဲ့တဲ့ အနှစ်တစ်ရာအတွင်း ဘာတွေ တိုးတက်ခဲ့လဲဆိုတာ ငါလည်း မြင်ချင်ပါသေးရဲ့”

ကျန့်ဝူဝေါ်၏ ဓားရှည်သည် အနည်းငယ်မျှ တုံ့ဆိုင်းမနေပေ။ ဓားတစ်ချောင်း ထွက်လာပြီး လေနှင့် မိုးခြိမ်းသံတို့ကပါ ရုတ်ချည်း တုန်လှုပ်သွားသည်။

လုံထန်းရှောက်ရဲ့ မျက်လုံးများသည် မသိစိတ်မှ ပြူးကျယ်သွားကာ သူက ဝှစ်ကနဲ ဖုန့်ချောင်မင် အနားသို့ ရောက်သွားသည်။

“ချောင်ဖုန်း... မေ့လိုက်ပါတော့ ဂိုဏ်းချုပ်ရှုံလည်း အရွယ်ရောက်ပြီးသား လူတစ်ယောက်ပဲ... ဘယ်လို ရှေ့တိုးနောက်ဆုတ်ရမယ် ဆိုတာကို သိမှာပါ!”

သူ့စကားက မျိုးဆက်သစ် လူငယ်အကြောင်း ပြောနေတဲ့ လူကြီးတစ်ယောက်လိုပါပဲ။ ရှုံထျန်းပါ့မှာ ဟစ်အော်ချင်ပေမယ့် ချေလည်း မချေပဝံ့ပါဘူး။

ကျန့်ဝူဝေါ်က အစွမ်းထက်သည်ဟု လူအများ မသိကြသော်လည်း ရှဲ့ယွင်ထျန်းနဲ့ တန်းတူ ရပ်တည်ဝံ့သူတစ်ဦး ဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။ သူသည် လုံထန်းရှောက်နဲ့ ဖုန့်ချောင်မင်တို့ကို ကြောက်ရွံ့နေသူ ဖြစ်သလို ကျန့်ဝူဝေါ်ကိုလည်း မစော်ကားဝံ့ပေ။

လုရွှမ်နှင့် ထျန်းရှားတို့သည် ဤနေရာတွင် ဘာဖြစ်နေမှန်း မသိလိုက်ကြဘဲ ရုတ်တရက် ဘီလူးဝက်ဝံကြီးတစ်ကောင် သူတို့ဆီသို့ လက်နှစ်ဖက်ဖြင့် ရိုက်ပုတ်နေတာကိုသာ တွေ့လိုက်ရသည်။ နှစ်ယောက်စလုံး အံ့အားသင့်သွားပြီး ဝက်ဝံကြီး၏ ခြေသည်းများကို တိုက်ခိုက်ရန် ၎င်းတို့၏ အထူးလှုပ်ရှားမှုများကို လျင်မြန်စွာ အသုံးပြုခဲ့ကြသည်။

ထျန်းရှား၏ ဓားရှည် ထွက်လာသည်နှင့် တပြိုင်နက် စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို အသုံးပြုလိုက်ရာ ဓားအလင်းသည် ဖျတ်ခနဲ တောက်သွားသည်။ သူမသည် နတ်မီးနယ်ပယ်က သခင်ဖြစ်ပြီး ဤလှုပ်ရှားမှုသည် ပြင်းထန်ပုံပေါက်သည်ဟု သူမ ချက်ချင်း ခံစားမိသော်လည်း ဝက်ဝံသည် ကြီးကြီးမားမား ခြိမ်းခြောက်မှုမျိုး မဖြစ်လာခဲ့ပေ။ သူမ၏ ခွန်အားရှိသမျှဖြင့် ဤလှုပ်ရှားမှုကို ပိတ်ဆို့သတ်ပစ်ရန် လုံလောက်ပါသည်။

လုရွှမ်သည် ဘယ်လက်နက်ကိုမှ အသုံးမပြုဘဲ သူ့ခန္ဓာကိုယ်က တောက်ပလာကာ ယွမ်ယန်ကျင့်စဥ်သည် အင်အားအပြည့်ဖြင့် လည်ပတ်သွားသည်။ စိမ်းပြာနဂါး၏ စွမ်းအားနှင့် ရောနှောကာ ကောင်းကင်မီးလက်သီးကြီး ပေါက်ကွဲထွက်ခဲ့သည်။

တောက်လောင်နေသော နေရောင်ကြောင့် လုရွှမ်ဟာ နေရာတိုင်းတွင် ထွန်းလင်းနေသော နေလုံးငယ်တစ်ခုလိုပင်။

လက်သီးတစ်ချက်နှင့် ဓားတစ်ချောင်းက ဝက်ဝံဘီလူးကြီးကို ထိမှန်သွားကာ ကျယ်လောင်သော ပေါက်ကွဲသံကြီးဖြင့် အလင်းရောင်များ ဖြာထွက်သွားသည်။

ဂိုဏ်းချုပ်ရှစ်ပါးရဲ့ ကျင့်ကြံမှုတွေဟာ အဆင့်မြင့်တာကြောင့် သူတို့ခန္ဓာကိုယ်သည် လုံးဝ မလှုပ်မရှားဘဲ မျက်လုံးများ တောက်ပ​နေကာ ကြည်လင်ပြတ်သားစွာ မြင်နိုင်သည်။ ဤလှုပ်ရှားမှုကို လူနှစ်ဦးက အမှန်ပင် ပိတ်ဆို့ထားနိုင်ခဲ့သည်။

ပင်လယ်သားရဲ ဖြစ်သော အမျိုးသမီးကို ဘယ်သူမှ ဂရုမစိုက်ကြသော်လည်း လုရွှမ်ကို ကြည့်သောအခါတွင် သူတို့အမူအရာများ ပြောင်းလဲသွားသည်။

နောက်ဆုံးတွင် သူသုံးသွားတဲ့ လက်သီးအားက နတ်မီးနယ်ပယ်ရဲ့ အစွမ်းသတ္တိရှိသည်။ ဤလက်ဖဝါးသည် နတ်မီးနယ်ပယ် တတိယအဆင့်က လူများကိုသတ်ရန် မလုံလောက်သော်လည်း လုရွှမ်ကတော့ အစွမ်းအစ ရှိကြောင်း ပြသနေသည်။

“သိပ်ကောင်းတယ်!”

လော့ချောင်ဖုန်း အော်လိုက်သည်။ သူသည် တခြားဂိုဏ်းချုပ်များကို ဂုဏ်ယူ စိတ်လှုပ်ရှားစွာ လှည့်​ကြည့်လိုက်သည်။

ကောင်းကင်အောင်ခြင်း ဂိုဏ်းက တကယ်ပဲ တက်လာတော့မယ်။

သူ ရှိုက်ကြီးတငင် ပြုံးလိုက်ပြန်သည်။ သူတို့ဂိုဏ်းက အဆင့်တက်လာနိုင်ရင်တော့ အခု ဝမ့်ရှန်းကမ္ဘာက မရှင်သန်နိုင်တော့ပုံရသည်။

တခြားကမ္ဘာငယ်လေးတွင် နယ်မြေအပိုင်းအစ တစ်ခုကို သိမ်းပိုက်ရန် အချိန်တန်နေပြီ ဖြစ်နိုင်သည်။ လုရွှမ်နှင့် ဤနှစ်များတစ်လျှောက် သူတို့ စုဆောင်းထားသော အရည်အချင်းများနှင့်အတူ အခြားကမ္ဘာငယ်လေးတွင် ကမ္ဘာကြီးကို ပြန်လည်ပုံဖော်ရန်နှင့် အခြေအနေကို ပြန်လည် အသက်သွင်းရန် မဖြစ်နိုင်တာတော့ မဟုတ်။

ဒီကိစ္စအတွက် ဒီကလေးကို သူ ကာကွယ်ရမယ်။

လုရွှမ်နှင့် ထျန်းရှားတို့သည် ပြေးလာကာ လက်သီးလက်ဝါး ဆုပ်၍ ဂါဝရပြုလိုက်သည်။

“ဂိုဏ်းချုပ် အကြီးအကဲတွေကို နှုတ်ခွန်းဆက်ပါတယ်”

“သူရဲကောင်းတွေက ငယ်ရွယ်စဉ်တဲ့ အချိန် မွေးဖွားလာကြတယ်တဲ့ ဓားနတ်ဆိုးသာ မင်းကိုတွေ့ရင် အရမ်းပျော်လိမ့်မယ် မင်းမသေဘူးလို့ သူက ငါ့ကိုအမြဲတမ်း ပြော​​နေခဲ့တာ... တကယ် မှန်နေတာပဲကွ”

ကျန့်ဝူဝေါ်က ပထမဦးစွာ ဆိုလိုက်သည်။

“ကျေးဇူးတင်ပါတယ် အကြီးအကဲ... အ​ကြီးအကဲရဲ့ ချီးကျူးစကားအတွက် ဒီအငယ်တန်းက မခံယူဝံ့ပါဘူး... အစ်ကိုကျန့်မော်ကိုလည်း ပြန်တွေ့ရမယ်လို့ အရမ်းမျှော်လင့်ထားပါတယ်”

ရှုံထျန်းပါ့ရဲ့ နှာခေါင်းမှ မီးခိုးများ ထွက်နေပါ​ပြီ။ ဒီလိုပါရမီရှင်ကို ကောင်းကင်အောင်ခြင်း ဂိုဏ်းက အမှန်တကယ်ပင် သိမ်းယူသွားခဲ့သည်။ သူသည် ဒေါသအရမ်း ထွက်လာတာကြောင့် တစ်ကိုယ်လုံး ပူလောင်နေပြီး သူ့အပေါက်တိုင်းက မီးခိုးများနှင့် ပြည့်နေပါ၏။

ယခင်တပည့်များ၏ ဒဏ်ရာကို ကြည့်လျှင် သူသည် ဓားသမားကောင်း တစ်ဦးဖြစ်သည်။ သဘာဝအားဖြင့် ၎င်းတို့ကို ဓားတစ်ချောင်းတည်းဖြင့် ဖျက်စီးခဲ့ကြောင်း သူတွေ့မြင်နိုင်သည်။ ထင်ရှားသည်မှာ လုရွှမ်သည် ဓားပညာအပေါ် နားလည်မှုသည် သာလွန်ထူးကဲလောက်ပေသည်။

မနာလို မုန်းတီးမှုတွေနဲ့ ပြည့်နှက်နေတဲ့ ရှုံထျန်းပါ့က ထွက်လာလေသည်။

“ကောင်လေး မင်းက ငါ့ရဲ့ဓားဖြတ်တောင်ထွတ်က တပည့်ကို သတ်လိုက်တယ်... ဒီကိစ္စ မင်းဘယ်လိုရှင်းပြမလဲ”

လော့ချောင်ဖုန်းက ချောင်းဆိုးပြီး လုရွှမ်ရဲ့ ဘေးမှာ ဝင်ရပ်လိုက်သည်။ သူက ရှုံထျန်းပါ့ရဲ့ တင်းတင်း ဆုပ်ထားတဲ့ လက်သီးတွေကို ကြည့်ပြီး စကားမပြောဘဲ အဲဒီမှာပဲ ရပ်လိုက်၏။

လုရွှမ်သည် မျှော်လင့်ထားသည့်အတိုင်း အေးစက်စွာ ပြုံးလိုက်ပြီး သူ့ပုံစံက အလုပ်သင် တပည့်တစ်ယောက်ကို ကြည့်နေတဲ့ ဆရာတစ်ယောက်နှင့် အတူတူပင်။

“ဒါက အရမ်းကို ရိုးရှင်းပါတယ်.... သူကကျွန်တော့်ကို သတ်ပစ်ချင်သလို ကျွန်တော့်ရဲ့ ကျွမ်းကျင်မှု သိုင်းပညာကိုလည်း သိမ်းပိုက်ချင်နေတာလေ... ကံမကောင်းစွာပဲ သူ့မှာ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိတော့ ကျွန်တော်က သင်ခန်းစာတစ်ခု သင်ပေးလိုက်ရုံပါပဲ... ကျွန်တော်တို့က အဓိက ဂိုဏ်းကြီး ရှစ်ခုထဲကပဲလေ... အခုအချိန်မှာတော့ ကပ်ဆိုးကြီး တစ်ခုကလည်း ကျရောက်နေပြီ။ ဝမ့်ရှန်းကမ္ဘာက လူတွေအားလုံး စည်းစည်းလုံးလုံးနဲ့ တစ်ယောက်ကို တစ်ယောက် ကာကွယ်ရမယ့်နေ့ပဲလေ... ဘာလို့ သူကကျွန်တော့်ကို ဒီလိုသတ်ချင်​နေရတာလဲ”

“ကျွန်​တော်မမျှော်လင့်ထားတဲ့ အရာက ဒီလူက သေရမှာကို အရမ်းကြောက်နေတာပဲ... ဟုတ်တယ် သူကမကောင်းတဲ့ လူတစ်ယောက် ဖြစ်နိုင်တယ်...ဒါမှမဟုတ် ဖြစ်ဖူးတာ ဖြစ်မယ် သူက ကျွန်​တော့်ကို သတ်ချင်​​နေတယ် အဲ့တော့ ထုံးစံအတိုင်း ကိုယ့်ကိုကိုယ် ကာကွယ်ရတယ်လေ ...သူက သူ့ပခုံးပေါ်က နတ်မီးလုံးနှစ်လုံးကို နတ်မျှော်စင်မီးလုံးနဲ့ ပေါင်းစည်းပြီး တိုက်ခိုက်ချင်နေတာ... ဒါပေမဲ့ ကျွန်တော်က သူ့ကို ညှာတာထောက်ထားပြီး ငရဲသွားပေးရမှာလား”

“ဒါကြောင့် ကျွန်တော် သူ့အသက်ကို ချန်ထားပြီး သူ့နတ်မီးလုံးကို ရိုက်ခွဲပစ်လိုက်တာ... ဒါမှ သူ့ကိုယ်သူ ပေါက်ကွဲပြီး တခြားသူတွေကိုပါ အန္တရာယ်မပြုနိုင်မှာလေ... ကျွန်တော်တို့ရဲ့ ကောင်းကင်အောင်ခြင်း ဂိုဏ်းက ဂိုဏ်းကြီးတစ်ခုဆိုတော့ ကျွန်တော်တို့ တခြားသူတွေကို အကောင်းဆုံး သီလနဲ့ ဆွဲဆောင်ပေးရမှာ... သူတို့ရဲ့ အသက်ကို မထိခိုက်စေနဲ့ ဆိုတဲ့ ဆိုရိုးစကားအတိုင်း ဒီလိုလုပ်ပေးလိုက်တော့ သားသတ်သမားက ဓားကို ချလိုက်ပြီး ဗုဒ္ဓလို ဖြစ်လာနိုင်တယ်လေ”

“ကောင်းပြီ... ဖြစ်ပျက်ခဲ့တာတွေကို ဂိုဏ်းချုပ်ရှုံ မယုံရင် ဒီအစ်ကိုကို မေးလို့ရတယ်... အဲဒီအချိန်မှာ သူလည်း ရှိနေတယ်”

လုရွှမ် ကျန်းစုန်ကို လက်ညိုးထိုးပြပြီး အားလုံးရဲ့ မျက်လုံးတွေကလည်း ကျန်းစုန်ကို လှည့်ကြည့်လိုက်ကြလေသည်။

ကျန်းစုန်မှာ ချက်ချင်း ဖျော့တော့သွားပြီး။

“မင်းမှာ ပင်လယ်သားရဲ ရှိနေတယ် မင်းက ပင်လယ်သားရဲရဲ့ သူလျှို​ဆိုတာ သိသာနေတာပဲ... ငါတို့က အဲဒါက စုံစမ်းချင်ရုံပဲ မင်းကတော့ အစ်ကိုချန်ကို သတ်ပစ်လိုက်တယ်!”

“အာ အစ်ကိုကြီး မင်းဒီလိုတွေ ပြောနိုင်တာ ဘယ်လောက်​တောင် ရှက်စရာကောင်းလိုက်လဲ? ဟုတ်သားပဲ ငါတို့က မိသားစုတစ်ခုတည်းက မဟုတ်ဘူး ငါတို့က ဂိုဏ်းတစ်ခုတည်းကမဟုတ်ဘူး မင်းနဲ့သူကသာ ဂိုဏ်းတစ်ခုတည်းကပဲ.... မင်းဒီလောက် အရှက်မဲ့နေတာ မဆန်းပါဘူး ဒါက ထုံးတမ်းစဉ်လာ ဂိုဏ်းတစ်ခုလို့ ထင်ရတယ်နော်”

လုရွှမ်က ပုံဆောင်သဘောဖြင့် ချီးကျူးပြီး ဆက်ပြောသည်။

“ငါ့လို ကောင်းကင်ဘုံသခင် ပထမအဆင့်က နတ်မီးနယ်ပယ်က အရှင်သခင်ကို တိုက်ခိုက်ဖို့ အစပြုတယ်တဲ့.... ဟားဟား အကြီးအကဲတို့ အဲဒီစကားကို ယုံ​ကြလား?”

All Chapters