← Chapters

ခရမ်းရောင်နတ်ဘုံ၊ လေကို ခွင်းသော လက်သီးများ

Vol. 70 Ch. 919

ခရမ်းရောင်နတ်ဘုံ၊ လေကို ခွင်းသော လက်သီးများ

Vol. 70 Ch. 919

“ခေတ်နောက်ကျသွားပြီဟုတ်လား”

ယွင်ကျန်းလီက ချင်မူ့ဆီသို့ လှည့်ကြည့်သည်။ သူသည် မကျန်းမာသော လူတစ်ယောက် ဖြစ်‌သော်လည်း ဤအခိုက်အတန့်တွင် အားအင်အပြည့်အဝရှိနေသော ပုံစံပေါက်နေ၏။ “ကျွန်တော့်ဘိုးဘေးကြီးရဲ့ ကျင့်စဉ်က ကမ္ဘာပထမဆုံး ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်တွေထဲမှာ ပါပါတယ်... သူ့မတိုင်ခင် ဘယ်သူမှ ဧကရာဇ်ပလ္လင်အဆင့်အထိ မကျင့်ကြံနိုင်ခဲ့ဘူး... ဒီကျင့်စဉ်နဲ့ ပတ်သက်ပြီး အထူးခြားဆုံးအချက်ကတော့ အမြဲပြောင်းနေတဲ့ သဘာဝပဲ... ယွင်မိသားစုရဲ့ သားယောက်ျားလေးတိုင်းဟာ ခေတ်ပြောင်းလဲလာတာနဲ့အမျှ အခြားသူတွေရဲ့ ကောင်းကင်နတ်သိုင်းတွေ၊ ကျင့်စဉ်တွေကို ဒီကျင့်စဉ်ထဲမှာ ထည့်သွင်းခဲ့တယ်... ဒီနေ့ခေတ်ရဲ့ ခရမ်းရောင်နတ်ဘုံ မိုးကောင်းကင်ပြာ ကျင့်စဉ်ဟာ အရင်တုန်းကထက် အများကြီး အင်အားကြီးမားနေပြီ”

ယွင်ကျန်းလီ သူ၏မိသားစုတွင် လက်ဆင့်ကမ်းလာခဲ့သော ကျင့်စဉ်အကြောင်း ပြောနေစဉ် သူ့လေသံထဲ၌ ဂုဏ်ယူနေသည့် မာန်မာနကို ခံစားရနိုင်သည်။ “ကျွန်တော်တို့ ယွင်မိသားစုရဲ့ သားယောက်ျားလေးတိုင်းဟာ သက်ဆိုင်ရာသိုင်းအဆင့်တိုင်းမှာ ကောင်းကင်နတ်ဘုံရဲ့ ထိပ်တန်းကောင်းကင်နတ်သိုင်းပညာရှင်တွေချည်းပဲ... ယွင်မိသားစုရဲ့ ကလေးတွေသာ ကောင်းကင်တံတားအဆင့်ကို ကျော်ဖြတ်နိုင်ရင် အဲဒီခေတ်မှာ ကျွန်တော်တို့ယွင်မိသားစုကနေ ဧကရာဇ်ပလ္လင်အဆင့်ရဲ့ အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက် မွေးထုတ်ပေးနိုင်လိမ့်မယ်”

သူ့အသံသည် ယုံကြည်ချက်အပြည့် ဖြစ်နေသည်။ သူက ပြုံးလျက် ပြောလေသည်။ “ကျွန်တော့်အတွက်တောင် ကောင်းကင်နတ်ဘုံမှာ ပြိုင်ဘက်ကောင်းတစ်ယောက် တွေ့ဆုံဖို့ ခက်ခဲတယ်.. ကောင်းကင်နတ်အရှင်ယွင်ရဲ့ ခရမ်းရောင်နတ်ဘုံ မိုးကောင်းကင်ပြာ ကျင့်စဉ်က ဘယ်တော့မှ ခေတ်နောက်မကျဘူး”

သူ့အနောက်တွင် ရုတ်တရက် ခရမ်းရောင်အလင်းရောင်တို့ ပေါ်ထွက်လာပြီး ခရမ်းရောင်ကောင်းကင်အပိုင်းအစတစ်ခုအသွင် ပြောင်းသွား၏။ ကောင်းကင်ထဲတွင် ကြယ်တာရာများ ပြည့်နေသည်။ ကြယ်ရောင်များက တဖျတ်ဖျတ် ၀င်းလက်နေပြီး အပြာရောင်ကြယ်မြစ်များက ကောင်းကင်ထဲမှ ရေတံခွန်များသဖွယ် စီးကျနေသည်။

စီးကျလာသည့် ရေစီးကြောင်းထဲမှ တောင်ထွတ်တစ်ခု ‌ထွက်ပေါ်လာပြီး အထက်ကောင်းကင်ထက်သို့ ထူမတ်ထောင်တက်သွား၏။ လျှို့ဝှက်ဆန်းကြယ်သော ရေခဲဖြင့် အေးခဲခံထားရသော ထိုတောင်ထွတ်သည် ဤအခိုက်အတန့်တွင် နွေဦး၏လေပြေသွေးဖြင့် ပတ်ဖြန်းခံလိုက်ရသကဲ့သို့ အရည်ပျော်ကျသွားသည့်အလား ထင်ရ၏။

ကောင်းကင်တံတားတစ်စင်းက မိုးကုပ်စက်ဝိုင်းတလျှောက် ဆန့်တန်းနေပြီး သူ၏မူလဝိညာဉ်သည် ကောင်းကင်တံတားထက်၌ ရပ်နေ၏။ ကောင်းကင်တံတားသည် ခရမ်းရောင်ကောင်းကင်ဘုံ၏အောက်၊ ကြယ်တာရာမြစ်၏အလယ်၌ ပျံဝဲနေပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် တောတောင်များဖြင့် ၀န်းရံခံထားရ၏။

ဤရှုခင်းမှတစ်ဆင့် ကဗျာတစ်ပုဒ် ထွက်ပေါ်လာသည်။

တိမ်ထွတ်တစ်ထောင် ကောင်းကင်ထက်သို့ ထူမတ်လာတယ်... လမ်းအဆုံးမှာ ကောင်းကင်တံတား ထွက်ပေါ်လာတယ်...

ကြယ်တွေဟာ အထက်ကောင်းကင်ကမ္ဘာမှာ နီးကပ်လို့ သေမျိုးကမ္ဘာမှာ အဆုံးမရှိ သံသရာလည်မြဲ၊ သံသရာလည်ဆဲ

ချင်မူသည် ယွင်ကျန်းလီ၏အနောက်ရှိ ပုံရိပ်ကိုကြည့်၍ ကဗျာနှင့်နှိုင်းယှဉ်ကာ ယွင်ကျန်းလီအား ပို၍ပင် လေးစားလာမိ၏။

ကောင်းကင်နတ်အရှင်ယွင် ဖန်တီးခဲ့သော ခရမ်းရောင်နတ်ဘုံ မိုးကောင်းကင်ပြာ ကျင့်စဉ်သည် အမှန်တကယ် ထူးခြားသော ကျင့်စဉ်ဖြစ်၏။ အတိတ်တုန်းက ပထမဦးဆုံး ဧကရာဇ်ပလ္လင်ကျင့်စဉ်ဆိုသည့်အတိုင်းပင် ဖြစ်သည်။ နဂါးဟန်ခေတ်မှ ကောင်းကင်နတ်အရှင်ကိုးဦးသည် ကျန်ရှိသူများ ရယူနိုင်မည်မဟုတ်သော အောင်မြင်မှုများကို ကိုယ်တိုင်ရရှိခဲ့၏။ သီးသန့်တစ်ယောက်တည်း တံခါးပိတ်နေထိုင်နေသော ကောင်းကင်နတ်အရှင်ယွဲ့ပင်လျှင် နေရာဟင်းလင်းပြင်ပညာရပ်၌ ပြိုင်ဘက်ကင်းသော အသိအမြင်များအား ပိုင်ဆိုင်ထားခဲ့သည်။

ခိုင်ဧကရာဇ်ကလည်း နောက်ပိုင်းမျိုးဆက်၏ ပါရမီရှင်တစ်ယောက် ဖြစ်ပါသော်လည်း ဓားတာအိုကောင်းကင်ဘုံ ၃၃ ဘုံကြောင့် ထင်ရှားကျော်ကြားပြီး ခေတ်အဆက်ဆက် အကောင်းမွန်ဆုံးဟု ချီးကျူးခံခဲ့ရ၏။

ဧကရာဇ်ပလ္လင်အဆင့်သို့ ကျင့်ကြံနိုင်ခဲ့သည့် ပထမဆုံးလူတစ်ယောက် ဖြစ်သည့်အလျောက် ကောင်းကင်နတ်အရှင်ယွီ၏ အောင်မြင်မှုများကလည်း သေးသေးမွှားမွှားမဟုတ်ပေ။

“ကောင်းကင်နတ်အရှင်မူ ကျွန်တော့်ဘိုးဘေးကြီးရဲ့ အမှာစကားက ကောင်းကင်နတ်အရှင်ယွီကို လေးစားပေမယ့် တစ်ချိန်တည်းမှာပဲ နဂါးဟန်လောကသခင်ခန္ဓာကိုယ်ဖြစ်တဲ့ ခင်ဗျားအပေါ် နည်းနည်းလည်း ခံပြင်းမိပါတယ်တဲ့”

ယခုတွင် ယွင်ကျန်းလီ၏အရှိန်အဝါက အမြင့်ဆုံးအထိ မြင့်တက်သွား၏။ သူသည် အားနည်းပြီး မကျန်းမာသော လူငယ်တစ်ယောက်နှင့် တူပါသော်လည်း သူ၏အရှိန်အဝါက မယုံနိုင်လောက်အောင် အားကောင်းလာပြီး ဖျော့ဝောာ့နေသော မျက်နှာက သွေးရောင်သန်းလာ၏။ သူက ဆက်ပြောသည်။ “သူ့အမှာစကားအရ သူဖန်တီးခဲ့တဲ့ ကျင့်စဉ်က လောကသခင်ခန္ဓာနဲ့ မယှဉ်နိုင်တာ မယုံဘူးတဲ့.... ဒါကြောင့် သူက သူ့မျိုးဆက်တွေက သူမှန်တဲ့အကြောင်း သက်သေပြနိုင်လိမ့်မယ်လို့ ‌မျှော်လင့်ခဲ့တယ်”

သူ၏ ယခုတွင် မျက်လုံးများသည် အနည်းငယ် စိုစွတ်နေပြီး သူက ခပ်တိုးတိုး ရယ်လိုက်၏။ “ဒီနေ့တော့ ကျွန်တော့်ဘိုးဘေးကြီးရဲ့ ကျင့်စဉ်က ကောင်းကင်နတ်အရှင်မူနဲ့ တွေ့နိုင်ပြီပေါ့... ဒါက ကျွန်တော့်ဘိုးဘေးကြီးရဲ့ မသေခင်ဆန္ဒပဲ ကောင်းကင်နတ်အရှင်မူ”

သူက နားကွဲလုမတတ် အသံကြီးဖြင့် အော်လိုက်သည်။ “ကျန်းလီရဲ့ ရိုင်းပျမှုအတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ... ကျွန်တော် ဘိုးဘေးကြီးရဲ့ကိုယ်စား ကောင်းကင်နတ်အရှင်မူကို တိုက်ခိုက်ရလိမ့်မယ်”

ချင်မူက ခြေလှမ်းကျဲကျဲတစ်ချက် လှမ်းလိုက်ပြီး နောက်တခဏတွင် ‌ဆယ်မိုင်အကွာရှိ နဂါးသွဲ့ပင်လယ်အထက်၌ ပေါ်လာ၏။ “ကျွန်တော် နဂါးဟန်ရဲ့ပထမနှစ်ကို အချိန်ကူးပြောင်းလာခဲ့တုန်းက ကောင်းကင်နတ်အရှင်ယွင်နဲ့ တွေ့ခဲ့ရပေမယ့် ကောင်းကင်နတ်အရှင်ယွင်နဲ့ သိုင်းပညာချင်းဖလှယ်ခွင့်မရခဲ့တာ နှမြောစရာကောင်းတယ်... ကောင်းကင်နတ်အရှင်ယွင်က ပါရမီရှင်တစ်ယောက်ပါ... သူ့မှာ အဲ့ဒီလိုဆန္ဒမျိုး ရှိနေလိမ့်မယ် မထင်ထားခဲ့ဘူး... ယွင်ကျန်းလီ သူ့ရဲ့အောင်မြင်မှုတွေကို ကျွန်တော် မြင်တွေ့ပါရစေ”

ယွင်ကျန်းလီမျက်နှာတွင် မျက်ရည်များ ရွှဲနေသော်လည်း သူ၏နှလုံးသားထဲ၌ သူရဲကောင်းစိတ်ဓာတ်တို့ အုံကြွဖြစ်တည်လာ၏။ သူက ရုတ်တရက် အပေါ်သို့ ခုန်လိုက်ပြီး သူ၏လှုပ်ရှားမှုက ကြယ်ပျံတစ်စင်းသဖွယ် ရွေလျားလာသည်။ သူသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ချင်မူ့ဆီသို့ တန်းတန်းမတ်မတ် တိုက်ခိုက်လိုက်၏။

“ကျွန်တော့်ဘိုးဘေးကြီး ကောင်းကင်ဘုံမှာ အနားယူနေပြီး ဒီနေ့ပြိုင်ပွဲကို မြင်တွေ့ခွင့်ရှိရင် သူ သေချာပေါက် မျက်ရည်ကျလာလိမ့်မယ်” ယွင်ကျန်းလီခန္ဓာကိုယ်ထဲ၌ စီးဆင်းနေသော ကောင်းကင်နတ်အရှင်ယွင်သွေးများ နိုးထလာပုံရ၏။ ယခုတွင် သူကား မကျန်းမာသည့် သခင်လေးနှင့်မတူတော့ပေ။ ထိုအစား လူသားမျိုးနွယ်၏ ခေါင်းဆောင်၊ ဤကမ္ဘာ၏ တစ်ဦးတည်းသော လူသားမျိုးနွယ် ကောင်းကင်နတ်ဧကရာဇ် ဖြစ်လာသည့်အလား ထင်ရ၏။

ကောင်းကင်ရတနာကျင့်စဉ်စနစ်၏ ကောင်းကင်တံတား ကောင်းကင်ရတနာကို တည်ထောင်ခဲ့သူဖြစ်သည့်အလျောက်၊ ဧကရာဇ်ပလ္လင်အဆင့်ကို ပထမဆုံးကျင့်ကြံနိုင်ခဲ့သူဖြစ်သည့်အလျောက်၊ ကောင်းကင်မဟာမိတ်အဖွဲ့၏ တည်ထောင်သူငါးဦးထဲမှ တစ်ဦးဖြစ်သည့်အလျောက်၊ နဂါးဟန်ခေတ်တွင် လူသားမျိုးနွယ်နှင့် သက်ရှိသတ္တဝါတို့ကို ဦးဆောင်ခဲ့သူ ဖြစ်သည့်အလျောက် ကောင်းကင်နတ်အရှင်ယွင်သည် မာနကြီးပိုင်ခွင့်လည်း ရှိပါ၏။

သူက လူသားမျိုးနွယ် အန္တရာယ်နှင့် ကြုံတွေ့သည့်အချိန်တွင် ချင်မူနှင့်ခိုင်ဧကရာဇ်အဖြစ် အယောင်ဆောင်ခဲ့ရပြီး ချင်မူနှင့်ခိုင်ဧကရာဇ်အပေါ် အကြွေးတင်နေသလို ခံစားရပါသော်လည်း သူ၏ အောင်မြင်မှုများအတွက် အတိုင်းထက်အလွန် ဂုဏ်ယူနေသေး၏။

သူသည် အရိုင်းဆန်သော ခေတ်ကြမ်းထဲတွင် လူသားမျိုးနွယ်၏ လေးစားဖွယ်ရာ လူတစ်ယောက် ဖြစ်ခဲ့၏။ သူကား ကောင်းကင်ဟန်‌ ကောင်းကင်နတ်ဘုံကို တည်ထောင်ခဲ့ပြီး နဂါးဟန်ကောင်းကင်နတ်ဘုံ၏ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကို ပရိယာယ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ကာ သက်ရှိသတ္တဝါအားလုံး အသက်ရှုချောင်နိုင်စေခဲ့၏။

သူ့တွင် ပြိုင်ဘက်ကင်းသော မာန်မာန၊ ယုံကြည်ချက်တို့ရှိပြီး ထိုမာန်မာနနှင့်ယုံကြည်ချက်၊ ထိုစိတ်ဓာတ်နှင့်ဆန္ဒကို သူ၏မျိုးဆက်များကလည်း အမွေဆက်ခံခဲ့ရလေသည်။ ယွင်ကျန်းလီဆီမှ ဤသိုင်းကွက်က လွန်ခဲ့သော နှစ်‌ရာပေါင်းများစွာမှ ကောင်းကင်နတ်အရှင်ယွင်ကိုယ်တိုင် ချင်မူ့ကို တိုက်ခိုက်နေသည့်အလား ထင်ရ၏။

“ကောင်းကင်ဟန် ကောင်းကင်ဘုံကိုးဘုံ”

ချင်မူ ခေါင်းမော့ကြည့်လိုက်သည့်အခါ ကောင်းကင်ဟန်၏ ကောင်းကင်ဘုံကိုးဘုံက သူ့အပေါ် ဆင်းသက်လာသည်။ ယင်းက ကောင်းကင်နတ်အရှင်ယွင်၏ ကောင်းကင်နတ်သိုင်းဖြစ်၏။

ချင်မူ့အမြင်တွင်မူ အလွန်အကြမ်းစားဆန်နေ၍ ခရမ်းရောင်နတ်ဘုံ မိုးကောင်းကင်ပြာ ကျင့်စဉ်၏ အခြေခံအကျဆုံး ဖြစ်လောက်သည်။ သို့သော် ကောင်းကင်နတ်ဘုံ၏ ကျန်နတ်ဘုရားများ၏ မျက်လုံးထဲတွင် ၎င်းက ရှားပါးသော ပြိုင်ဘက်ကင်းသိုင်းပညာရပ်တစ်ရပ် ဖြစ်နေသေး၏။

ကောင်းကင်နတ်အရှင်ယွင်၏ ခရမ်းရောင်နတ်ဘုံ မိုးကောင်းကင်ပြာ ကျင့်စဉ်သည် ခေတ်နှင့်အညီ ပြောင်းလဲလာခဲ့သည်ဟု ယွင်ကျန်းလီ ပြောခဲ့၏။ ဤကျင့်စဉ်က တိုးတက်လာသော ခေတ်နှင့်အညီ အဆင့်မြင့်လာခဲ့ပြီး ယွင်မိသားစု၏မျိုးဆက်တိုင်းက ခေတ်အသစ်တိုင်း၏ ကျင့်စဉ်များ၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို ဤကျင့်စဉ်တွင် ပေါင်းစည်းခဲ့၏။

သို့သော် ယွင်ကျန်းလီသည် ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံ၏ ရှေးအကျဆုံး သိုင်းကွက်ကို ထုတ်သုံးခဲ့၏။ သူက သူ၏ဘိုးဘေးကြီးကို အောက်မေ့တမ်းတသည့်အနေဖြင့် ဤသိုင်းကွက်ကို ထုတ်သုံးခဲ့ပုံရသည်။ ၎င်းသည် အတိုင်းထက်အလွန် ရှေးကျသော ကောင်းကင်နတ်သိုင်းဖြစ်သော်လည်း ဤသိုင်းကွက်တစ်ကွက်တည်းနဲ့တင် လူပေါင်းများစွာကို တလေးတစား စုတ်သပ်မိစေမည့် ထူးခြားသည့် အချက်ပေါင်းများစွာကို မြင်တွေ့နေရသေး၏။

ကောင်းကင်နတ်အရှင်ယွင်က ကောင်းကင်တာအို၏ မဟာသင်္ကေတအမှတ်အသားများကို ဤသိုင်းကွက်အတွင်း၌ ထည့်သွင်းပေါင်းစည်းရန် ကြိုးစားခဲ့ပြီးပြီဖြစ်ကြောင်း ချင်မူပြောနိုင်သည်။ ထို့အပြင် ဤကောင်းကင်တာအိုသင်္ကေတအမှတ်အသားများက သင်္ချာကိန်းဂဏန်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယနေ့ခေတ် ကောင်းကင်နတ်ဘုံ၏ တာအိုဂိုဏ်း စီစဉ်ထားခဲ့သော ကောင်းကင်တာအိုသင်္ကေတများထက် များစွာအကြမ်းစားဆန်လေသည်။ သို့သော် ရှေးခေတ်တွင် ဖြစ်သည့်အတွက် အတော်လေး ကြောက်စရာကောင်းသည်ဟု ဆိုရလိမ့်မည်။

'ပြောရရင် ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံရဲ့ ခေတ်အတွင်းမှာ ကောင်းကင်နတ်အရှင်ယွင်က တာအိုဘိုးဘေးကြီးနဲ့အတူကောင်းကင်နယ်စားမင်းကို စတင်လေ့လာနေပြီဖြစ်ရမယ်.... တာအိုဘိုးဘေးကြီး ရှေးဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအိုကို ခွဲခြမ်းစိတ်ဖြာပြီး ကောင်းကင်နတ်ဘုံ ကူညီနေတဲ့အရာက လွန်ခဲ့သော နှစ်ပေါင်းများစွာက ကောင်းကင်နတ်အရှင်ယွင်ချခဲ့တဲ့ အစီအစဉ်ပဲဖြစ်ရမယ်'

ချင်မူရင်ထဲတွင် အနည်းငယ်လှုပ်ခတ်သွားသည်။ သူက လက်ဝါးကို အထဲသို့ ကွေး၍ ကောင်းကင်မုဒြာ‌ ကောင်းကင်နတ်သိုင်း၏တစ်၀က်ကို ဖော်ဆောင်ကာ ယွင်ကျန်းလီ၏သိုင်းကွက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။ ဤသိုင်းကွက်မှတဆင့် ချင်မူသည် သူ နားမလည်နိုင်ခဲ့သည့် အရာပေါင်းများစွာကို သဘောပေါက်နိုင်သွား၏။

တာအိုဘိုးဘေးကြီး၏ သဘောထားမှာ အမြဲတမ်း မပြတ်သားပေ။ ကောင်းကင်နတ်ဘုံတွင် သူ မည်သူ့ဘက်၌ ရပ်တည်နေသည်လဲ ပြောရခက်၏။

တာအိုဘိုးဘေးကြီးသည် ‌ကောင်းကင်မဟာမိတ်အဖွဲ့ဝင်တစ်ဦ ဖြစ်ပြီး ရှေးဟောင်းနတ်ဘုရားများ၏ မဟာတာအိုသင်္ကေတအမှတ်အသားများအား မှတ်တမ်းတင်၍ အစီအစဉ်ခွဲနိုင်အောင် ကောင်းကင်နတ်ဘုံအတွက် အချက်အလက်များ ကူညီစုဆောင်းပေးခဲ့၏။ တစ်ချိန်တည်းမှာပင် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ သရုပ်မှန်ကိုလည်း သိထားပြီး သူ့ကို များစွာအကူအညီ ပေးခဲ့သေးသည်.

သို့သော် အဖြစ်အပျက်အားလုံးက လွန်ခဲ့သောနှစ်ထောင်သောင်းများစွာက ကောင်းကင်နတ်အရှင်ယွင်နှင့် သူ ချထားသော အစီအစဉ်ကြောင့် ဆိုလျှင် ယုတ္တိရှိသွားလိမ့်မည်။

ယွင်ကျန်းလီ၏ သိုင်းကွက်မှာ အတိုင်းထက်အလွန် ပြောင်မြောက်ပါသော်လည်း ချင်မူ၏ ကောင်းကင်မုဒြာတစ်ဝက် ကောင်းကင်နတ်သိုင်းနှင့် ရင်ဆိုင်ရသည့်အခါ မယှဉ်နိုင်တော့ပေ။ ကောင်းကင်ဟန်၏ ကောင်းကင်ဘုံကိုးဘုံ ဖျက်စီးခံလိုက်ရသည်။

ယင်း ရှောင်ရှားမရသော အရာပင်။ ကောင်းကင်နတ်အရှင်ယွင်သည် လွန်ခဲ့သော နှစ်ငါးသိန်းခန့်က နဂါးဟန်ခေတ်၏ အဆုံးသတ်တွင် ကျဆုံးသွားခဲ့သည် မဟုတ်ပါလော။

လွန်ခဲ့သော နှစ်ပေါင်းများစွာမှ ကောင်းကင်နတ်သိုင်းတစ်ခုဖြင့် ယနေ့ခေတ်၏ ကောင်းကင်နတ်သိုင်းတစ်ခုကို တိုက်ခိုက်လျှင် မည်ကဲ့သို့ လွယ်ကူစွာ အနိုင်ယူနိုင်မည်နည်း။

ယွင်ကျန်းလီက မအံ့ဩပေ။ သို့သော် ကောင်းကင်ဟန်၏ ကောင်းကင်ဘုံကိုးဘုံကို ထုတ်လွှတ်ပြီးနောက် ကောင်းကင်ဟန်၏ ကောင်းကင်ဘုံကိုးဘုံကိုသာ ထုတ်လွှတ်ပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင် သူ ထုတ်လွှတ်လိုက်သော သိုင်းကွက်က ကောင်းကင်နတ်အရှင်ယွင်၏ ကောင်းကင်နတ်သိုင်း မဟုတ်‌တော့ပေ။

ယခုသိုင်းကွက်သည် ကောင်းကင်နတ်ဘုံ၏ တာအိုဂိုဏ်း သုတေသန လုပ်ထားသော အဆန်းသစ်ဆုံး၊ အပြည့်စုံဆုံး ကောင်းကင်တာအိုဖြင့် ပေါင်းစည်းထး၏။ ကောင်းကင်နန်းဆောင်ကိုးဆောင်ဖြင့် ခရမ်းရောင်နတ်ဘုံကိုးဘုံ ဖွဲ့တည်လာပြီး ကောင်းကင်နန်းဆောင်တစ်ဆောင်ချင်းစီ၌ ကောင်းကင်နတ်ဧကရာဇ်တစ်ပါးစီ ထိုင်နေတော်မူသည့်အလား ထင်ရပေသည်။

ထို့အပြင် ယွင်ကျန်းလီ၏ ကောင်းကင်နတ်သိုင်း ခြုံလွှမ်းထားသော ဧရိယာမှာ အဆပေါင်းများစွာ ကျုံ့သွား၏။ ပထမသိုင်းကွက်က မိုင်များစွာတစ်လျှောက် လွှမ်းခြုံသွားခဲ့ပြီး အားကောင်းပြင်းထန်မည့်ပုံပေါ်ခဲ့သော်လည်း စွမ်းအားက အလွန်ပျံ့နှံ့ကြဲပါးနေခဲ့လေသည်။

ချင်မူသာ သာမန်လူတစ်ယောက်ဆိုလျှင် သေချာပေါက် အလွန်ကြောက်လန့်သွားခဲ့မည် ဖြစ်၏။ သို့သော် ချင်မူ့လို သန်မာအားကောင်းသော သိုင်းသမားတစ်ယောက်အရှေ့တွင် သိုင်းကွက်က အနှစ်မရှိသော ကြက်ဥနှင့် တူနေခဲ့သည်။

ဤသိုင်းကွက်၏ သက်ရောက်မှုနယ်ပယ်မှာမူ ပတ်ပတ်လည် တစ်ကိုက်အကျယ်သာ ရှိသည်။ စွမ်းအားက အလွန်စုစည်းနေ၍ ချင်မူပင် ပေါ့ပေါ့တန်တန် မတွေးဝံ့လောက်အောင် အတိုင်းထက်အလွန် ကြောက်မက်ဖွယ်ရာကောင်းသည်။

ယွင်ကျန်းလီ၏ ပထမကောင်းကင်နတ်သိုင်းမှာ ယခု သူ ထုတ်လွှတ်လိုက်သော ကောင်းကင်နတ်သိုင်းနှင့် မည်သို့မျှ မယှဉ်နိုင်တော့ပေ။

ချင်မူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ကောင်းကင်နတ်အရှင်ယွင်၏ ခရမ်းရောင်နတ်ဘုံ မိုးကောင်းကင်ပြာကျင့်စဉ်သည် ‘ပြောင်းလဲမှု’ ဆိုသည့် စကားလုံး၏ အဓိပ္ပါယ်ကို အမိအရ ဖမ်းဆုပ်နိုင်ထား၏။ ဤသိုင်းကွက်က ကောင်းကင်နတ်ဘုံ၊ တာအိုဂိုဏ်း၏ သုတေသနကို အသုံးချခဲ့ရုံသာမက ခိုင်ဧကရာဇ်ခေတ်မှ ကောင်းကင်နတ်သိုင်းများနှင့် ကျင့်စဉ်များ၏ ထူးခြားသော အချက်များကိုလည်း မှီငြမ်းထားသည်.

ခိုင်ဧကရာဇ်ခေတ်အတွင်း ကောင်းကင်နတ်သိုင်းများ၏ ထူးခြားသောအချက်သည် အရှိန်အဝါ၊ အငွေ့အသက်နှင့် ပုံပန်းသွင်ပြင်တို့အပေါ် အရေးမထားခြင်း ဖြစ်သည်။ ထိုအစား ကောင်းကင်နတ်သိုင်း၏ စွမ်းအားကို တစ်လက်မပတ်လည် နေရာဟင်းလင်းပြင်ထဲ၌ စုစည်းထားရန် အတတ်နိုင်ဆုံး ကြိုးစားကြ၏။ ရှင်းရှင်းပြောရလျှင် ဗဟိုချက်တစ်ချက်တည်းဖြင့် ချိုးဖျက်ခြင်း ဖြစ်သည်။ ဤသို့လုပ်သည့်အခါ ပတ်ဝန်းကျင်၏ အပျက်အစီးကို လျှော့ချနိုင်သလို၊ ရန်သူကိုလည်း အပြင်းအထန် ထိခိုက်သွားစေနိုင်သည်။ အထိရောက်ဆုံးနှင့် ဆုံးရှုံးမှုအနည်းဆုံးဟု ဆိုရမည်။

ယွင်ကျန်းလီ၏ သိုင်းကွက်က ထိုအတိုင်းဖြစ်ပေသည်။

“ယွင်မိသားစုရဲ့ ကောင်းကင်နတ်သိုင်းက အမှန်တကယ် ရှိန်စရာကောင်းပါပေတယ်”

ချင်မူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်၍ သူ့ကိုယ်ထဲတွင် ချီစွမ်းအင် လည်ပတ်သွားပြီး သူ့မျက်ဝန်းများ တောက်ပလာသည်။ “ဒါပေမဲ့ ငါက ပိုအစွမ်းထက်တယ်”

သူ့ကိုယ်အတွင်းမှ သိုင်းလမ်းစဉ်၏ စိတ်ဝိညာဉ် ထွက်ပေါ်လာပြီး သူက အဆုံးမဲ့သော အားအင်တို့ဖြင့် ကောင်းကင်ဟန်၏ ကောင်းကင်ဘုံကိုးဘုံဆီသို့ ရိုက်ချက်တစ်ချက် ပစ်လွှတ်လိုက်၏။

သူတို့လက်သီးနှစ်ချက် ထိမှတ်သွားသော စက္ကန့်ပိုင်းလေးအတွင်း သူတို့အနောက်ရှိ နဂါးသွဲ့ပင်လယ်ထက်မှ လှိုင်းလုံးကြီးနှစ်လုံး မြောက်တက်လာကာ အဝေးသို့ ဖြာထွက်သွားတော့သည်။

မြောက်တက်လာသည့် လှိုင်းလုံးကြီးများက နဂါးသွဲ့ပင်လယ်ထဲရှိ ဧရာမလိပ်ကြီးများကိုပင် လေပေါ် မြောက်တက်သွားစေသည်။ ဤနတ်လိပ်ကြီးများသည် ကျောပေါ်တွင် နတ်တောင်တန်းများ သယ်ဆောင်ထားပြီး တောင်များအပေါ်တွင် နဂါးသွဲ့ရေကန်၏ နတ်ဘုရားမများ စံမြန်းနေသော နန်းဆောင်များ၊ ပလ္လင်ခန်းမများ ၇ှိလေသည်။

လိပ်ကြီးများက လှိုင်းလုံးကြီးများအကြား ကူးခတ်ရင်း အတတ်နိုင်ဆုံး ထိန်းနေရသောကြောင့် သူတို့ကျောပေါ်ရှိ တောင်တန်းများစွာ မြေငလျင် လှုပ်ခတ်နေသကဲ့သို့ ယိမ်းထိုးနေသည်။ နတ်ဘုရားမများ နန်း‌ဆောင်အပြင် ထွက်၍ ကြည့်လိုက်ကြသည့်အခါ လှိုင်းတံပိုးများ ရိုက်ခတ်နေသည့် ပင်လယ်ထက်၌ လူငယ်နှစ်‌ယောက် တိုက်ခိုက်နေသည်ကိုသာ မြင်လိုက်ရသည်။ ဤလူငယ်နှစ်ယောက်သည် လျှပ်စီးလို သိုင်းကွက်များကို ဖလှယ်ရင်း လျင်မြန်စွာ တိုက်ခိုက်နေကြသော်လည်း သူတို့၏ ကောင်းကင်နတ်သိုင်းများက တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းလှ၏။

မန့်လန်အဆောင်တွင် ချီကျုံရီမှာ သူတို့နှစ်ယောက်၏ အရှိန်အဝါများကြောင့် စိတ်ကူးယဉ်ဇာတ်လမ်းထဲ နစ်မျောနေရာမှ နိုးလာသည်။ သူက စိတ်နှင့်ကိုယ် ပြန်ကပ်သွားသည်နှင့် နဂါးသွဲ့ရေကန်တွင် သူတို့နှစ်ယောက် တိုက်ခိုက်နေသည်ကို ထွက်ကြည့်၏။

“ယွင်ကျန်းလီရဲ့ အစွမ်းအစတွေက အရင်ထက် အများကြီး အားကောင်းလာပြီပဲ”

ချီကျံရီ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် ယွင်ကျန်းလီနှင့် သိုင်းကွက်ဖလှယ်ခဲ့ဖူး၍ ယွင်ကျန်းလီ မည်မျှကြောက်စရာကောင်းမှန်း သိလေသည်။

ယွင်မိသားစု၏ တစ်ဦးတည်းသောသား ဤလူငယ်သည် ကောင်းကင်နတ်ဘုံ၏ ကောင်းချီပေးခံရပြီး ကောင်းကင်နတ်ဘုံအတွင်းရှိ လူငယ်မျိုးဆက်များအကြား အလွန်ကျော်ကြား၏။ သူ၏ ကောင်းကင်နတ်သိုင်းကပင် ကြောက်ခမန်းလိလိ ပြင်းထန်သည်။

သူ ယွင်ကျန်းလီနှင့် တိုက်ခိုက်ခဲ့တုန်းက ပထမဆုံးသိုင်းကွက်နှင့်တင် အရှုံးပေးခဲ့ရသည်။ ယွင်ကျန်းလီက သူ့ကို အနားယူရန် အချိန်ပေးပြီး ဒုတိယအကြိမ် တိုက်ခိုက်ပြန်သော်လည်း ချီကျုံရီမှာ ယွင်ကျန်းလီကို ပို၍ပင် လျင်မြန်စွာ အရှုံးပေးခဲ့ရသည်။ တတိယတိုက်ပွဲတွင်မူ ပို၍ပင် မြန်မြန်ရှုံးခဲ့ရသည်။

‘ငါ အောက်ဘုံမှာ ဂိုဏ်းသခင်ချင်ကို ရှုံးနိမ့်ပြီး ငါ့အားနည်းချက်တွေကို သင်ယူခဲ့ရတယ်... အဲဒီနောက်ပိုင်း ရှုရှန်းဟွာနဲ့အတူ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုရဲ့ ရလဒ်တွေကို လေ့လာခဲ့တယ်... ဒါကြောင့် ယွင်ကျန်းလီနဲ့ ယှဉ်နိုင်ပြီ ထင်ခဲ့ပေမယ့် အခု ကြည့်ရသလောက် ငါက အတွေ့အကြုံနည်းသေးတာပဲ... အရေးအကြီးဆုံးက လမ်းစဉ်ထဲ ဝင်ရောက်ဖို့”

ချီကျုံရီမှာ ပင်လယ်ထက်ရှိ သူတို့နှစ်‌ယောက်ဆီသို့ လှမ်းကြည့်နေသည်။ ဤအခိုက်အတန့်တွင် ယွင်ကျန်းလီက ရုတ်တရက် လက်ဝါးတစ်ဖက်ကို ပင်လယ်ပြင်ထက်သို့ ဖိချလိုက်သည်။ ပင်လယ်ပြင်မှာ တုန်ခါသွားပြီးနောက် လှိုင်းလုံးများ ငြိမ်သက်သွား၏။ မိုးထိုးနေခဲ့သော လှိုင်းလုံးကြီးများလည်း ရုတ်တရက် ပြန်ကျလာလေသည်။ လှိုင်းစီးနေခဲ့သည့် နတ်လိပ်ကြီးများသာ လေလယ်၌ ပျံဝဲလျက် ကျန်ခဲ့၏။

လိပ်ကြီးများသည် ကောင်းကင်ထက်မှ ပြုတ်ကျမသွားအောင် သူတို့ကျောပေါ်ရှိ တောင်တန်းများနှင့် ကျွန်းဆွယ်များနှင့်အတူ လက်လေးဖက်ကို လှုပ်ရှားရင်း လေလယ်၌ ကူးခတ်နေကြသည်။

သူတို့အောက်တွင် ပင်လယ်ပြင်က ရုတ်တရက် ကွဲထွက်သွားပြီး ပင်လယ်ရေများ ကောင်းကင်ထက်သို့ ပန်းထွက်လာ၏။ ချက်ချင်းဆိုသလို ပင်လယ်ရေဖြင့် ဖွဲ့တည်ထား‌သော အလံများကား ပင်လယ်အပေါ်တွင် ထွက်ပေါ်လာကာ ထူမတ်နေကြချေပြီ။

အလံတို့၏ မျက်နှာပြင်ထက်တွင် သင်္ကေတအမှတ်အသားအမျိုးမျိုး ‌ပေါ်လာပြီး မတူညီသောအမှတ်အသားများသည် မတူညီသော နတ်ဘုရားအယောက် သုံးရာ့ခြောက်ဆယ်၏ အသွင်သဏ္ဍာန်များအား ဖွဲ့တည်လိုက်ကြ၏။

စောစောက ယွင်ကျန်းလီ၏ ကောင်းကင်နတ်သိုင်းက အရွယ်အစားသေးခဲ့၏။ ယခုတွင် အရွယ်အစားကြီးမားနေချေပြီ။

“ယွင်ကျန်းလီရဲ့ ကျင့်စဉ်... အောင်မြင်သွားပြီပဲ...” ချီကျုံရီမှာ ငေးငိုင်သွားသည်။

ဝင်္ကပါကို တည်ခင်းပြီးနောက် ယွင်ကျန်းလီသည် လန့်ဖျပ်သွား‌သော ဘဲတစ်ကောင်သဖွယ် နောက်ဆုတ်သွားပြီး ချင်မူ၏ သိုင်းကွက်ကို ရှောင်တိမ်းလိုက်၏။ နောက်တခဏတွင် သူက ဧရာမအလံကြီးနှင့် ဝင်တိုက်သွားကာ အလံထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

“မို...”

အလွန်ကျယ်လောင်ပြတ်သားသော အသံတစ်သံက အလံ၏အတွင်းထဲမှ ထွက်လာပြီး ခံ့ခံ့ညားညား နတ်ဘုရားတစ်ပါးသည် အလံ၏မျက်နှာပြင်ထက်မှ လမ်းလျှောက်ထွက်လာ၏။ ၎င်းက သုံးရာ့ခြောက်ဆယ်သော နတ်ဘုရားတို့အနက်မှ နတ်ဘုရားထိုက်ရီ ဖြစ်သည်။

ဤထိုက်ရီတွင် မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ် မရှိပေ။ ခေါင်း၌လည်း ဆံပင်မရှိ။ သူ့ခေါင်း၏ လေးဖက်လေးရံစလုံးက ဗလာကျင်းနေပြီး သူ့ကို ကြယ်စင်တာရာတို့၏ ခေါင်းဆောင်၊ မြောက်ဝင်ရိုးစွန်း ဧကရာဇ်ထိုက်ရီအဖြစ် အသိများကြလေသည်။

ဤအခိုက်အတန့်တွင် ယွင်ကျန်းလီကား ဧကရာဇ်ထိုက်ရီအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဧကရာဇ်ထိုက်ရီကိုယ်တိုင် ဆင်းသက်လာသည့်အလား ထင်ရ၏။ သူ့အနောက်၌ ခရမ်း‌ရောင်ကြယ်တစ်စင်း ပျံဝဲနေပြီး သူ၏လှုပ်ရှားမှုတိုင်းတွင် အဆုံးမဲ့ကောင်းကင်နတ်သိုင်းတစ်ရပ် ကိန်းဝပ်နေ၏။ ထို့နောက် သူက ချင်မူ့ကို တိုက်ခိုက်တော့သည်။

ဤ‌ကောင်းကင်နတ်သိုင်းတွင် ကောင်းကင်နှင့်မြေပြင် မဟာတာအို၏ အလှတရား ပါဝင်နေသည်။ ကောင်းကင်နတ်သိုင်းသည် သဘာဝအတိုင်းဖြစ်တည်နေပြီး စွမ်းအားကလည်း အဆုံးမဲ့နေ၏။

သူ့အရှေ့တွင် ချင်မူမှာ အလွန်သေးငယ်ပြီး မပြောပလောက်ပေ။ သို့သော် ချင်မူ့သိုင်းကွက်၏ စွမ်းအားက အလွန်တရာ အားကောင်းပြင်းထန်၍ ဧကရာဇ်ထိုက်ရီ၏ ကောင်းကင်နတ်သိုင်းအား ထိပ်တိုက်ရင်ဆိုင်နိုင်ခဲ့သည်။

ဧရာမနတ်ဘုရားကြီးနှင့် လူသေးသေးလေးသည် နဂါးသွဲ့ပင်လယ်ထက်၌ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြ၏။ သူတို့၏လက်သီးများ၊ ခြေထောက်များက တစ်ယောက်ကိုတစ်ယောက် ရက်ရက်စက်စက် တိုက်ခိုက်နေပြီး မိုးကောင်းကင်နှင့်မြေပြင်ပင် အက်ကွဲသွားတော့မည့်အလား ထင်ရ၏။

ရုတ်တရက် ဧကရာဇ်ထိုက်ရီမှာ ချင်မူ၏ရိုက်ချက်များကြောင့် လဲကျသွားပြီး သူ၏ဧရာမခန္ဓာကိုယ်ကြီးမှာ တစစီစုတ်ပြဲလာသည်။ ဧကရာဇ်ထိုက်ရီမှာ နောက်သို့ လွင့်ထွက်နေစဉ် ခန္ဓာကိုယ်သည် ဆက်လက်ပြိုကွဲနေ၏။ ထို့နောက် သူက အလံတစ်ခုကို ဘုန်းခနဲ ဝင်တိုက်သွားသည်။

အလံ ပေါက်ကွဲသွား၍ လေထဲတွင် မြူခိုးများ ဝေသွားသည်။ ထို့နောက် အလံအတွင်းမှ နတ်ဘုရားနောက်တစ်ပါး ထွက်လာသည်။ ဤရှေးဟောင်းနတ်ဘုရားတွင် ငှက်ခေါင်းလူကိုယ် ရှိပြီး လက်တစ်ဖက်၌ စာလိပ်တစ်လိပ်ကိုင်ထားသည်။ ကျန်တစ်ဖက်၌ စုတ်တံတစ်ချောင်း ရှိနေ၏။ သူက ဧကရာဇ်ဝမ်ချန်းဟု အသိများသော နတ်ဘုရားဝမ်ချန်း ဖြစ်ပေသည်။

ဤရှေးဟောင်းနတ်ဘုရားသည် အလွန်အင်အားကြီးမားလှသည့်အတွက် စကားတစ်ခွန်းဖြင့် စေခိုင်းလိုက်ရုံနှင့် မည်သည့်အရာကိုမဆို လုပ်နိုင်၏။

ကောင်းကင်နတ်အရှင်ယွီ၏ ကျင့်စဉ်၏ ကြောက်မက်ဖွယ်ရာအခြမ်းအား ယွင်ကျန်းလီ ပြသနေချေပြီ။

All Chapters