← Chapters

ဓားတစ်လက်ကြောင့် ပျက်စီးသွားသော ကောင်းကင်တံတား

Vol. 70 Ch. 920

ဓားတစ်လက်ကြောင့် ပျက်စီးသွားသော ကောင်းကင်တံတား

Vol. 70 Ch. 920

ဧကရာဇ်ဝမ်ချမ်းက ရှေးဟောင်းတာအိုစကားကို ရွတ်ဖတ်ပြီးနောက် စုတ်တံကို ပင့်မြှောက်ကာ စာလိပ်ထဲတွင် တစ်စုံတစ်ခု ရေးလိုက်သည်။

ဧကရာဇ်ဝမ်ချမ်း၏ စကားလုံးများတွင် တန်ခိုးစွမ်းအား ကိန်းဝပ်နေ၏။ သူ၏ တာအိုဘာသာစကားက ကမ္ဘာပေါ်ရှိ ကောင်းကင်နတ်သိုင်းများအသွင် ပြောင်းလဲနိုင်ပြီး သူ့စိတ်တိုင်းကျ အဘယ်အရာကိုမဆို ဖန်ဆင်းနိုင်၏။ တာအိုဘာသာစကား ရွတ်ဖတ်ရုံဖြင့် သူက လေ၊ တိမ်တိုက်၊ မိုးကြိးနှင့် လျှပ်စီးများကို ဆင့်ခေါ်နိုင်လေသည်။

သူ၏စုတ်တံဖြင့်လည်း ပန်းချီကားများ ဖန်ဆင်းနိုင်သည်။ နဂါးတစ်ကောင်ကို ‌ရေးဆွဲလိုက်လျှင် ထိုနဂါးသည် ပျံထွက်လာလိမ့်မည်။ ကြိုးတစ်ချောင်း‌ ရေးဆွဲလိုက်လျှင် ကြိုးသည် တင်းတင်းကြပ်ကြပ် ရစ်ပတ်ချည်နှောင်လိမ့်မည်။ မြင့်းမိုရ်တောင်ကို ရေးခြယ်လျှင် မြင်းမိုရ်တောင်ကား အပေါ်မှ ဆင်းသက်လာလိမ့်မည်။

ယွင်ကျန်းလီကား ဧကရာဇ်ဝမ်ချန်းအသွင် ပြောင်းလဲသွားခဲ့သော်လည်း ချင်မူ့ကို မယှဉ်နိုင်သေးပေ။ ချင်မူ၏ လက်သီးက ဧကရာဇ်ဝမ်ချန်း၏ ကောင်းကင်နတ်သိုင်းအားလုံးကို ဆက်တိုက်ထိုးဖောက်လိုက်သည်။ သစ်ပင်တစ်ပင်၏ သေဆုံးနေသော သစ်ကိုင်းတစ်ချောင်းအား တဖျောင်းဖျောင်း ချိုးပစ်နေသယောင် ထင်ရလေသည်။

အနီးကပ်တိုက်ပွဲများ၌ ချင်မူ့အား ယှဉ်နိုင်သူမရှိပေ။

အလံနောက်တစ်ရွက်က ဆုတ်ခွာနေသော ယွင်ကျန်းလီကို ရစ်ပတ်လျက် ထွက်ပေါ်လာသည်။ ထို့နောက် ဘန်းခနဲ ပေါက်ကွဲသွားပြီး ခြေသုံးချောင်းရွှေကျီးကန်းက ဧရာမနေလုံးကြီးကို သယ်ဆောင်လျက် ချင်မူ့ဆီ ပြေးဝင်လာ၏။

ယွင်ကျန်းလီကား မဟာနေဧကရာဇ်မှစ၍ ကြယ်တာရာအရှင်သခင်ငါးပါးအထိ၊ ချိရှကြယ်အရှင်သခင်မှစ၍ ကောင်းကင်ကြယ်၊ မြေပြင်ကြယ်များအထိ... သုံးရာ‌ခြောက်ဆယ်သော နတ်ဘုရားတို့၏အသွင်သို့ စိတ်တိုင်းကျ ပြောင်းလဲနေရာ ခမ်းနားလှပေသည်။

ကောင်းကင်နတ်အရှင်ယွင် သေဆုံးသွားသည့်အချိန်တွင် ခရမ်းရောင်နတ်ဘုံ မိုးကောင်းကင်ပြာကျင့်စဉ်မှာ ရုပ်လုံးပေါ်ကာစသာ ရှိသေးသည်။ သို့သော် ယွင်မိသားစုက ဤကျင့်စဉ်ကို ခေတ်နှင့်အညီ အဆက်မပြတ် ပြုပြင်မွမ်းမံနေခဲ့သည်။

ယခုအချိန်မှသာ ခရမ်းရောင်နတ်ဘုံ မိုးကောင်းကင်ပြာကျင့်စဉ်သည် အခြားကျင့်စဉ်များနှင့် မတူကွဲပြားသော အလှတရားကို ဖော်ကျူးလျက် ပြည့်စုံသွားခြင်း ဖြစ်၏။

နှစ်ပေါင်းတစ်သောင်းခန့် ကြာပြီးနောက်မှ ဤကျင့်စဉ်ကား ခိုင်မာလာခဲ့သည်။ ကောင်းကင်နတ်အရှင်ယွင် သေဆုံးသွားသော်လည်း သူ၏ကျင့်စဉ်က ကျန်ကောင်းကင်နတ်သိုင်းပညာရှင်များ၏ ကျင့်စဉ်များနှင့် တန်းတူရှိချေသည်။

ဤသည်မှာ ကောင်းကင်နတ်အရှင်ယွင် တည်ခင်းခဲ့သော အလှတရားပင် ဖြစ်၏။

ချင်မူက သိုင်းတာအို၏ ကောင်းကင်နတ်သိုင်းကို ဆက်လက်အသုံးပြု၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှု၏ စိတ်ဓာတ်အားမာန်ကို ကောင်းကင်နတ်သိုင်းနှင့် ပေါင်းစည်းထားရင်း ယွင်ကျန်းလီကို တိုက်ခိုက်သည်။ မည်သည့်ရှေးဟောင်းနတ်ဘုရား ထွက်ပေါ်လာစေကာမူ ချင်မူက လက်သီး၊ လက်ဝါးများဖြင့် ရိုက်ခွဲသတ်ဖြတ်ပစ်၏။

ယွင်ကျန်းလီ၏ကောင်းကင်နတ်သိုင်းက မည်မျှအသေးစိတ်စေကာမူ၊ သူ၏အသွင်သဏ္ဍာန်များက မည်မျှအသက်ဝင်နေစေကာမူ.... ချင်မူ၏မျက်လုံးထဲတွင်တော့ ဟာကွက်များ ပြည့်နေသည်။

ချင်မူသည် အဏုမြူမော်လီကျူးအထိ တွက်ထုတ်ပေးနိုင်သော ထိုက်ဝေသင်္ချာကျမ်း၏ ပြုစုသူ ဖြစ်သည့်အလျောက် တာအိုဘိုးဘေးကြီး၏ အခြေခံသင်္ချာကျမ်းအပေါ် အခြေခံထားသော ယွင်ကျန်းလီ၏ ရှေးဟောင်းနတ်ဘုရား မဟာတာအိုသင်္ကေတအမှတ်အသားများသည် ပြီးပြည့်စုံသည့်အဆင့်သို့ မရောက်သေးပေ။

ရုတ်တရက် အလံများက လေပေါ် မြောက်တက်လာကာ ပူးကပ်ပေါင်းစည်းသွား၏။ ယွင်ကျန်းလီ၏အရိပ်ကလည်း အလံများနှင့် တစ်သားတည်း ဖြစ်သွားသည်။

ကောင်းကင်ထဲတွင် ခံညားထည်ဝါသော နတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်ကြီး ဖွဲ့တည်လာသဖြင့် အရောင်အဝါများ လင်းလက်တောက်ပလာ၏။ ထိုနတ်ဘုရားမှာ အလင်းရောင်ဖြင့်သာ ဖွဲ့တည်နေသကဲ့သို့ အဖြူ‌ရောင် မျက်ခုံး၊ အဖြူရောင်မျက်လုံးနှင့် အဖြူ‌ရောင်မုတ်ဆိတ်မွှေးတို့ ရှိသည်။ သူ၏မျက်ဆံများကပင် အဖြူရောင်တောက်နေသည်။

ကောင်းကင်နယ်စားမင်း

ယွင်ကျန်းလီ၏အနောက်၌ ထူးဆန်းသော ရတနာ ၄၉ မျိုးသည် ကောင်းကင်တာအိုအမျိုးအစား ၄၉ မျိုးကို ဖော်ဆောင်လျက် ကောင်းကင်အပြည့်နေရာယူထား၏။

ယွင်ကျန်းလီ ခင်းကျင်းပြသနေသော ခရမ်းရောင်နတ်ဘုံ မိုးကောင်းကင်ပြာကျင့်စဉ်ကား ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ချေပြီ။ ချင်မူသာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုကို မကြုံတွေ့ခဲ့လျှင် ဤကျင့်စဉ်ထဲရှိ ဟာကွက်များအား ရှာတွေ့မည်မဟုတ်ပေ။

ချင်မူမှာ တလေးတစား စုပ်သပ်မိနေပြီး သူ့မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးသည် သူ၏ခေါင်းအနောက်၌ ရောင်ခြည်တော်စက်ဝန်းတစ်ခု ဖွဲ့တည်လျက် ပွင့်လာ၏။ မျက်လုံးက တွင်းနက်ကြီးပမာ အလင်းရောင်မှန်သမျှ စုပ်ယူနေသည်။

ချင်မူ၏ရုပ်ခန္ဓာသည် ပြောင်းလဲစပြုလာပြီး တတိယမျက်လုံးကလည်း တောက်ပသထက် တောက်ပလာကာ ယိုတု၏ ငရဲမီးလျှံတို့ ဟုန်းဟုန်းတောက်နေသည့်အလား ထင်မှတ်ရ၏။

မီးတောက်မီးလျှံများ သူ့နဖူးမှ ဖြာထွက်လာနေစဉ် အချိုးအကွေ့ကိုးသွယ်၊ အကွေ့အကောက်ဆယ့်ရှစ်ခု ရှိသော ကျွဲချိုကြီးနှစ်စုံ ထွက်လာသည်။ သူ့မျက်နှာက ကျားမျက်နှာ ဖြစ်လာကာ သူ့ခန္ဓာကိုယ်ကလည်း ပြန့်ကားကြီးထွားလာသည်။

ကြောက်မက်ဖွယ်ရာ မိစ္ဆာနတ်ဆိုးချီတို့ နဂါးသွဲ့ပင်လယ်ထက်၌ အုံကြွလာပြီး ပတ်ပတ်လည်မိုင်တစ်ရာအား ယိုတုအဖြစ် ပြောင်းလဲလိုက်သည်။

မန့်လန်အဆောင်ထဲတွင် မြေအောက်ဘုံအရှင်သခင်ပေါက်စလေးသည် နဂါးချီလင်၏ နားရွက်ထဲမှ ထွက်လာကာ ချင်မူ့ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်ပြီးနောက် အော်ဟစ်လိုက်၏။ “ကြောက်တယ်...”

နဂါးချီလင် ဘာမှမပြောနိုင်ခင် ယန်အာမှာ ပေါက်စလေးကို မြင်သည်နှင့် ဝမ်းသာသွားပြီး စွမ်းအင်‌ဆေးလုံးတစ်လုံး ပေးလိုက်သည်။

မြေအောက်ဘုံအရှင်သခင်ပေါက်စလေးက စွမ်းအင်ဆေးလုံးကို မနိုင့်တနိုင်သယ်ကာ ယန်အာ့ကို အလေးအနက် မေးသည်။ “ကြောက်လား”

“ကြောက်တာပေါ့ နင့်လိုပဲ”

ယန်အာ ရယ်လိုက်သည်။ “ဖက်တီးနဂါး၊ နင် ဒီပေါက်စလေးကို ခေါ်လာတာလား”

နဂါးချီလင်က ခေါင်းညိတ်ပြီး ခပ်တိုးတိုး ပြော၏။ “ဘယ်ချိန်တုန်းက ကျွန်တော့်အပေါ် တက်လာခဲ့မှန်း မသိပါဘူးဗျာ... ဒါပေမဲ့ သနားတာနဲ့ ‌ခေါ်လာခဲ့တာ... ဒီပေါက်စလေးသာ တစ်ယောက်တည်း ကျန်ခဲ့ရင် တစ်နေကုန်တာနဲ့ ငတ်ပြီး သေသွားလိမ့်မယ်”

သူတို့စကားပြောနေစဉ် ချင်မူက မြေအောက်ဘုံအရှင်သခင်အသွင် ပြောင်း၍ ယွင်ကျန်းလီဖြစ်သော ကောင်းကင်နယ်စားမင်းနှင့် နဂါးသွဲ့ပင်လယ်ထက်၌ တိုက်ခိုက်နေသည်။ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်က တစ်ယောက်ကိုတစ်ယောက် တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးသောကြောင့် ဤရှေး‌ဟောင်းနတ်ဘုရားခေါင်းဆောင်နှစ်ဦးအနက် မည်သူက ပိုအစွမ်းထက်ကြောင်း မသိကြပေ။ အတော်များများက သိချင်ကြလေသည်။

ဤသည်မှာ မြေအောက်ဘုံအရှင်သခင်အစစ်နှင့် ကောင်းကင်နယ်စားမင်းအစစ်ကြားက တိုက်ပွဲမဟုတ်ဘဲ ချင်မူနှင့် ယွင်ကျန်းလီ၏တိုက်ပွဲသာ ဖြစ်သော်လည်း စိတ်လှုပ်ရှားနေကြသူများစွာ ရှိကြ၏။

ကြောက်မက်ဖွယ်ရာ လှိုင်းဂယက်များက အရပ်လေးမျက်နှာသို့ ဖြာထွက်လာကာ မန့်လန်အဆောင့်ရှေ့၌ ရပ်နေသူများဆီသို့ ရိုက်ခတ်သည်။ ပထမဆုံး ရောက်လာသည်က တုန်ခါလှိုင်းနှင့် ဟင်းလင်းပြင်မငြိမ်သက်မှုဖြစ်သည်။ ထို့နောက် ကောင်းကင်နတ်သိုင်းအားလှိုင်းများလည်း လိုက်ပါလာ၏။

ကျွန်းပေါ်ရှိ တောင်တန်းများ ဆွဲဆန့်၊ ဖိချုံ့ ခံလိုက်ရသည်။ တချို့က ဆယ်ဆရှည်ထွက်သွားပြီး တချို့တောင်ထိပ်များမှာ အလွန်သေးငယ်လာသည်။

ဤသည်ကို မြင်လျှင် ယန်အာက အလျင်အမြန် တောင်ပံဖြန့်ကာ မန့်လန်အဆောင်ကို အုပ်မိုး၍ ကာကွယ်ပေးလိုက်သည်။

ဒုတိယရောက်လာသည်က နဂါးသွဲ့ပင်လယ်၏ လှိုင်းလုံးများ ဖြစ်သည်။ မိုးထိလုအောင် မြင့်မားလှသော လှိုင်းလုံးကြီးသည် နဂါးသွဲ့ပင်လယ်ကို လှန်မှောက်လိုက်သည့်အလားပင် ထင်ရ၏။ ကောင်းကင်ထဲတွင် ပျံသန်းနေသော နတ်လိပ်ကြီးများပင် ကစဉ့်ကလျား ဖြစ်ကုန်ကြသည်။ သူတို့မှာ တောင်တန်းများ၊ ကျွန်းများကို သယ်ဆောင်ရင်း လေထဲတွင် ယက်ကန်ယက်ကန် ဖြစ်နေကြသည်။

ပင်လယ်ထဲရှိ ဧရာမရွှေကြာပန်းများမှာလည်း လှိုင်းပုတ်မှုကြောင့် ယမ်းခါနေကြသည်။ ၎င်းတိ့က ရွှေရောင်လှိုင်းများ ထုတ်လွှတ်၍ ရိုက်ခတ်မှုများဆီမှ ၎င်းတို့ကိုယ်၎င်း ကာကွယ်ထားသော‌ကြောင့် မပျက်စီးသွားကြပေ။

တတိယရောက်လာသည်ကတော့ လေမုန်တိုင်းပင်။ လေတိုက်အားက အသံထက်ပင် အဆပေါင်းများစွာ မြန်နေသည်။ အရာအားလုံးကို သိမ်းကျုံးတိုက်ခတ်ရင်း ဝါးမြိုပစ်နေသော လေသံကြီးမှာ အလွန်တရာကြောက်စရာကောင်းလှ၏။

ဤစွမ်းအားမျိုးမှာ နတ်ဘုရားတချို့ပင် မထိန်းနိုင်သောအရာ ဖြစ်သော်လည်း မကျန်းမာသောအသွင်ရှိသည့် ချင်မူနှင့် ယွင်ကျန်းလီက ထုတ်လွှတ်နေချေသည်။

လှိုင်းဂယက်များ ငြိမ်သက်သွားသည့်အချိန်မှ ယန်အာက တောင်ပံရုတ်လိုက်သည်။ ချီကျုံရီ၊ နဂါးချီလင်နှင့် ကျန်ရှိသူများ လှမ်းကြည့်လိုက်သည့်အခါ ချင်မူနှင့် ယွင်ကျန်းလီက မတိုက်ခိုက်တော့ဘဲ ပင်လယ်‌ရေပြင်ထက်၌ ရပ်နေကြသည်ကို မြင်လိုက်ရ၏။

ချီကျုံရီမှာ အမှန်တကယ် အထင်ကြီးလေးစားသွားသည်။ “ယွင်ကျန်းလီက ကောင်းကင်နတ်အရှင်ယွင်ရဲ့ မျိုးဆက်၊ လူငယ်တွေကြားမှာ နံပါတ်တစ် ပီသပါပေတယ်... ဂိုဏ်းသခင်ချင်ကလည်း သူနဲ့ ယှဉ်နိုင်တဲ့အထိ အမှန်တကယ် အထင်ကြီးစရာကောင်းတယ်... ဂိုဏ်းသခင်သာ အသက်ရှင်နိုင်ရင် ကောင်းကင်နတ်အရှင်ဘွဲ့နဲ့ မထိုက်တန်ဘဲ မနေဘူး”

နဂါးချီလင် ဟက်ခနဲ ရယ်လိုက်မိသည်။ “တတိယညီလေး၊ မင်း ဂိုဏ်းသခင်ကို နားမလည်သေးဘူးပဲ... သူက နှိမ့်ချနေတာ... သူ ဘာပဲလုပ်လုပ် တစ်ဖက်လူကို မျက်နှာသာပေးတတ်တယ်”

ချီကျုံရီမှာ အနည်းငယ် မှင်သက်သွားပြီးနောက် တဟားဟား ရယ်တော့သည်။ “နှိမ့်ချတယ်ဟုတ်လား... ဘယ်တုန်းက ဂိုဏ်းသခင်က နှိမ့်ချတတ်လို့လဲ... ဒုတိယအစ်ကိုရာ မနောက်ပါနဲ့”

“ဂိုဏ်းသခင်က တစ်ချိန်လုံး နှိမ့်ချနေတာပါ.. မင်း သူ့မျက်ခွက်ထိုးကို ထိုးပစ်ချင်လာတဲ့အတိုင်းအတာအထိ ဖြစ်နေတာ တစ်ခုပဲ”

နဂါးချီလင်က ပြောသည်။

“ကြည့်လေ... သူ ယွင်ကျန်းလီနဲ့ တိုက်ခိုက်တုန်းက သူ့ရဲ့မူလဝိညာဉ်ကို မသုံးခဲ့ဘူး... ပြီးတော့ သူ အကျွမ်းကျင်ဆုံးဓားသိုင်းကိုလည်း ထုတ်မသုံးခဲ့ဘူး”

ချီကျုံရီက ခေါင်းရမ်းပြီး နဂါးချီလင်စကားကို သိပ်တွေးမနေပေ။ “ဂိုဏ်းသခင်မှာ ဘယ်လိုလုပ်ပြီး မူလဝိညာဉ်ရှိမှာလဲ... သူ့မှာ ဝိညာဉ်တောင်မရှိတာလေ... မူလဝိညာဉ်ကို ဘယ်ထုတ်သုံးနိုင်ပါ့မလဲ.. ယိုတုရဲ့ ကောင်းကင်တာအိုနဲ့ မဟာတာအိုကို သုံးတဲ့အချိန်မှာ ထုတ်သုံးလို့ရော သူ့ဓားသိုင်းက‌ရော ဘာကောင်းမှာမလို့လဲ”

နဂါးသွဲ့ပင်လယ်ထက်တွင် ယွင်ကျန်းလီ၏ အသက်ရှူသံသည် ပုံမှန်ပြန်ဖြစ်လာသည်။ ထို့နောက် သူက ချောင်းတဟွတ်ဟွတ် ဆိုးပြီးနောက် မျက်နှာနီမြန်းနေသည်။ “ကောင်းကင်နတ်အရှင်မူ ၊ ကျွန်တော့်ဘိုးဘေးကြီးရဲ့ ခရမ်းရောင်နတ်ဘုံ မိုးကောင်းကင်ပြာကျင့်စဉ်ကို ဘယ်လိုထင်လဲ”

ချင်မူက တလေ့တစား ပင့်သက်ရှိုက်ပြီးနောက် ပြောလိုက်သည်။ “တကယ့်ကျင့်စဉ်ကောင်းပါ... တကယ်လည်း လှတယ်... ကောင်းကင်နတ်အရှင်ယွင်က ကောင်းကင်နတ်အရှင်ယွင်ဆိုတဲ့ ဘွဲ့နဲ့ ထိုက်တန်ပါပေတယ်... နောင်တော်ယွင်လည်း မဆိုးပါဘူး.... နောင်တော်ယွင်ရဲ့ လက်ရှိအစွမ်းအစနဲ့ဆိုရင် လူငယ်ကောင်းကင်နတ်အရှင်တစ်ယောက်နဲ့တောင် တစ်ကြော့နှစ်ကြော့လောက်တောင် တိုက်ခိုက်လို့ရတယ်”

ယွင်ကျန်းလီ၏မျက်လုံးများ လင်းလက်သွားပြီး သူက ပြောသည်။ “အဲ့ဒါဆိုရင် ကောင်းကင်နတ်အရှင်... ကျွန်တော့်ဘိုးဘေးကြီးရဲ့ ကျင့်စဉ်က ခေတ်နောက်ကျသွားပြီလို့ ပြောချင်သေးလား”

“အဲ့ဒါက ပုံမှန်ပါပဲ” ချင်မူက ရိုးရိုးသားသားပြောသည်။ “ခင်ဗျားအနေနဲ့ နိမ့်ကျသလို ခံစားစရာမလိုဘူး... အောက်ဘုံမှာတောင် နောင်တော်ယွင်ကို အနိုင်ယူနိုင်တဲ့သူ များများစားစား မရှိပါဘူး... အနည်းဆုံး နှစ်ယောက်လောက်ပဲ ရှိနိုင်တယ်.. ထာ၀ရငြိမ်းချမ်းအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲ‌မှုတွေရဲ့ အကူအညီမပါဘဲ ဒီအတိုင်းအတာအထိ တိုးတက်လာခဲ့တာကြောင့် နောင်တော်ယွင်က ကောင်းကင်နတ်အရှင်တွေကို စိတ်မပျက်စေပါဘူး”

ယွင်ကျန်းလီက တဟားဟားရယ်သည်။ “ကမ္ဘာဦးဘုံမှာ ကျွန်တော့်ထက်သာတဲ့ လူနှစ်‌ယောက် ရှိသေးတာလား.... သူတို့က ကောင်းကင်နတ်အရှင်ယွင်ထက် သန်မာအားကောင်းတာလား”

ချင်မူက ခေါင်းရမ်းသည်။ “သူတို့ရဲ့အစွမ်းအစတွေက ကျွန်တော့်အောက် အနည်းငယ်ပဲ လျော့ကျပြီး နောင်တော်ယွင်ထက် အနည်းငယ်ပဲ သာတာပါ... ကျွန်တော်က လောကသခင်ခန္ဓာမဟုတ်လား.. အဲ့ဒါကြောင့် ခင်ဗျားတို့အားလုံးနဲ့ယှဉ်ရင် ကျွန်တော်က မျဉ်းတစ်ကြောင်းစာ သာပါတယ်”

ယွင်ကျန်းလီမှာ ချောင်းတဟွတ်ဟွတ်ဆိုးသည့်တိုင်အောင် တဟားဟား ရယ်တော့သည်။ သူက အသက်ပြင်းပြင်းရှူပြီးနောက်မှ ပြန်သက်သာသွားကာ ပြောသည်။ “ဒါဖြင့် ကောင်းကင်နတ်အရှင်က စောစောက စွမ်းအားအပြည့်အ၀ မထုတ်ပြခဲ့ဘူး... ကောင်းကင်နတ်အရှင်ယွင်က အောက်ဘုံမှာ လောကသခင်ခန္ဓာဆိုတဲ့ နာမည်ရှိပြီး ‌ဓားသိုင်းပညာရှင်လို့လည်း ကြားဖူးတယ်... အဲ့ဒီနှစ်တုန်းက နဂါးသွဲ့ရေကန်တွေ့ဆုံပွဲမှာ အရှင်မယွမ်မုရဲ့ ပုံရိပ်တောင် ကောင်းကင်နတ်အရှင်ယွင်ရဲ့ ဓားသိုင်းတစ်ချက်ကို မခံနိုင်ခဲ့ဘူး.... ကျွန်တော် ကောင်းကင်နတ်အရှင်ယွင်ရဲ့ ဓားသိုင်းကို မြင်တွေ့ချင်ပါတယ်”

ချင်မူက နာကျင်သွားသော အမူအရာဖြင့် ပြောသည်။ “နောင်တောင်ယွင်က ဉာဏ်ကြီးရှင်တစ်ယောက်ပါ... ကျွန်တော် နောင်တော်ယွင်ရဲ့ တာအိုနှလုံးသားကို ဒဏ်ရာမရစေချင်ပါဘူး”

ယွင်ကျန်းလီက အ‌လေးအနက်အမူအရာဖြင့် ပြန်ဖြေသည်။ “ကျွန်တော့်ဘိုးဘေးကြီးက ကောင်းကင်နတ်အရှင်ရဲ့ ဓားသိုင်းကို အင်မတန်‌ အလေးအမြတ်ထားတယ်.... ကောင်းကင်နတ်အရှင်အနေနဲ့ သက်ညှာနေစရာမလိုပါဘူး.... ကျွန်တော့်မိသားစုရဲ့ ပြိုင်ဘက်ကင်းသိုင်းပညာရပ်က ကောင်းကင်နတ်အရှင်ကို ရှုံးနိမ့်ခဲ့ရင် အဲ့ဒါက ကျွန်တော့်အတွက် အရှုံးမဟုတ်ပါဘူး... ကံကောင်းတဲ့အရာပါ”

သူက ယုံကြည်ချက်အပြည့်၊ မာန်မာနအပြည့်ဖြင့် ရိုးရိုးသားသား ပြောသည်။ “ရှုံးနိမ့်သွားတဲ့အချိန်မှာမှ ကျွန်တော်တို့မိသားစုရဲ့ ကောင်းကင်နတ်သိုင်းက မပြည့်စုံသေးဘူး... အဆင့်မြှင့်ဖို့‌လိုသေးတယ်လို့ သဘောပေါက်မှာလေ... ကျွန်တော်မရှုံးနိမ့်ခဲ့ရင်တော့ ရှင်သန်နေရရင်လည်း ပျော်စရာဘယ်ကောင်းတော့မှာလဲ... အမှန်အတိုင်းပြောရရင် ကျွန်တော့်မှာ အခုထိမပြီးဆုံးသေးတဲ့ မထုတ်ပြရသေးတဲ့ သိုင်းကွက်တစ်ကွက်ရှိပါတယ်... ကောင်းကင်နတ်အရှင်မူရဲ့ ဓားသိုင်းနဲ့ ကျွန်တော့်ရဲ့သိုင်းကွက်ကို ရင်ဆိုင်ပြီး ကျွန်တော် သိက္ခာရှိရှိ ရှုံးနိမ့်ချင်ပါတယ်”

သူ့စွမ်းအားက တဖန် ပေါ်ထွက်လာပြန်သည်။

ဤအခိုက်အတန့်တွင် ချီကျုံရီသည် အနားပတ်၀န်းကျင်ကို ကြည့်လိုက်သည့်အခါ လူငယ်လူရွယ်များက သင်္ဘောတစ်စင်းဖြင့် ပင်လယ်ကိုဖြတ်၍ သူတို့ဆီလာနေသည်ကို မြင်လိုက်ရသည်။

နဂါးချီလင်က ပတ်၀န်းကျင်ကို ကြည့်ကာ မေးလေသည်။ “တတိယညီလေး ဒီလူတွေက ဘယ်သူတွေလဲ”

ချီကျုံရီက သင်္ဘောပေါ်ရှိ လူများကို ကြည့်၍ မျက်နှာအမူအရာ၀င်းလက်သွားသည်။ “အဲ့ဒီလူတွေက ထူးချွန်လူငယ်စာရင်းနဲ့ ကောင်းကင်ပါရမီရှင်စာရင်းထဲက လူတွေပဲ... ကောင်းကင်နတ်ဘုံမှာ လူငယ်တွေအများကြီး ရှိတယ်... အဲ့ဒီလူငယ်တွေကို စိတ်အားတက်ကြွစေဖို့ ကောင်းကင်နတ်ဘုံက ဝိညာဉ်ပါရမီရှင်စာရင်း၊ ထူးချွန်လူငယ်စာရင်း၊ ကောင်းကင်ပါရမီရှင်စာရင်းဆိုပြီး ဖန်တီးထားတယ်... ကောင်းကင်ပါရမီရှင်စာရင်းက ကောင်းကင်နတ်အရှင်တွေ၊ ကောင်းကင်နတ်မင်းတွေ၊ ရှေးဟောင်းနတ်ဘုရားတွေ၊ နတ်မင်းလေးပါးနဲ့ မင်းညီမင်းသားတွေရဲ့ တပည့်တွေအတွက် စာရင်းပဲ... ထူးချွန်လူငယ်စာရင်းကတော့ အာဏာရှိတဲ့မိသားစုက တပည့်တွေအတွက် စာရင်းဖြစ်ပြီး.... ဝိညာဉ်ပါရမီရှင်စာရင်းတွေက သာမန်ပြည်သူပြည်သားတွေအတွက် ဖြစ်တယ်... ဒီသင်္ဘောပေါ်က လူတွေက ကောင်းကင်ပါရမီရှင်စာရင်းနဲ့ ထူးချွန်လူငယ်စာရင်းက လူတွေပဲ”

သူက ခေါင်းရမ်းကာ ပြောသည်။ “ဒီလူတွေက ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လာတာ မဟုတ်ဘူး.... ကောင်းကင်နတ်အရှင်ချင် ကောင်းကင်နတ်ဘုံကိုလာတာ ဘာအကျိုးအမြတ်မှမရဘူးဆိုတာ ငါ သိသားပဲ.... သူက ဘယ်သူမှ သူ့ကို မထိရဲဘူး မသတ်ရဲဘူးလို့ ထင်နေတယ်... တော်တော် ရယ်စရာကောင်းတယ်... ကောင်းကင်နတ်ဘုံ သူ့ကိုသတ်ချင်ရင် ကောင်းကင်နတ်အရှင်တစ်ယောက် မပြောနဲ့ ကောင်းကင်နတ်မင်းတစ်ယောက်ကိုတောင် သတ်နိုင်သေးတယ်”

ဤလူများက ချဉ်းကပ်လာလေသည်။ သင်္ဘောရပ်လိုက်သည့်အခါ သူတို့သည် သင်္ဘောပေါ်မှ ဆင်းရန် ပြင်နေကြ၏။ ချီကျုံရီက ခပ်တိုးတိုးပြောသည်။ “သူတို့ ဒီနေရာမှာ ပြဿနာလာရှာပြီး ဂိုဏ်းသခင်ကို ဆင်ခြေပေးပြီး သတ်ဖို့ကြိုးစားနေတာ သိသာတယ်... ဒုတိယအစ်ကို ၀င်မပါနဲ့... ကျွန်တော် သူတို့ကို ဧည့်ခံလိုက်မယ်... သူတို့အနေနဲ့ ဇာမဏီနတ်မင်းနဲ့ မဟူရာနတ်မင်းရဲ့တပည့်ကိုတော့ မျက်နှာသာ‌တော့ ပေးရမယ်မဟုတ်လား.... ဒါပေမဲ့ ကျွန်တော် ဒုတိယအစ်ကိုကိုပဲ ကာကွယ်ပေးနိုင်တယ်.... ဂိုဏ်းသခင်ကိုတော့ မကာကွယ်ပေးနိုင်ဘူး”

သူက ယန်အာဆီသို့လှည့်၍ အလေးအနက်ပြောသည်။ “ဂိုဏ်းသခင်ချင် အန္တရာယ်တစ်စုံတစ်ရာဖြစ်ရင် မမကြီးလည်း မတုံ့ပြန်ပါနဲ့... ကျွန်တော်တို့က ကောင်းကင်နတ်ဘုံမှာ မဟုတ်လား.... သူတို့က ဂိုဏ်းသခင်ချင်ကို သတ်ချင်ကြတာ မမကြီးကိုမဟုတ်ဘူး”

သူက နဂါးချီလင်နှင့်ယန်အာ ဖြေမည်ကို မစောင့်တော့ဘဲ သူ့ဘာသူ ‌ထွက်သွားပြီး တဟားဟားရယ်လျက် ရှေ့ထွက်သွားသည်။ “အားလုံးပဲ မတွေ့ရတာ ကြာပြီနော်.... ဘယ်ကနေဘယ်လို နဂါးသွဲ့ရေကန်ကို ရောက်လာကြတာတုန်း”

“‌ဪ နောင်တော်ကျုံရီပါလား”

အရှေ့တွင် ရပ်နေသည့် အဝါရောင်၀တ်ရုံနှင့် လူငယ်က ရယ်လိုက်သည်။ “နောင်တော်ကျုံရီက အောက်ဘုံကို ဆင်းသွားပြီးတဲ့နောက်ပိုင်း ကောင်းကင်နတ်ဘုံဆီ ပြန်မလာတော့တာ ကြားပါတယ်... နောင်တော်ချီကျုံရီ သေသွားပြီတောင်ထင်နေတာ... အသက်ရှင်နေသေးမယ် ထင်မထားဘူး.. တကယ်ပါပဲဗျာ”

ချီကျုံရီ အေးစက်စက်ရယ်လိုက်သည်။ “နောင်တော်တို့ရဲ့ ကောင်းချီးတွေကြောင့်ပါ.... လူကောင်းတစ်ယောက်က ကောင်းကင်ဘုံရဲ့ စောင်မမှုကို လက်ခံရတယ်မလား... ကျွန်တော်က ကောင်းချီးပေးထားရပြီးသားပဲ... အသက်ရှင်နေတာ ပြောစရာမလိုပါဘူး”

ကျောတွင် တောင်ပံနှစ်ဖက်ပေါက်နေသည့် လှပတင့်တယ်သော အသွင်အပြင်ရှိသော မိန်းကလေးတစ်ယောက်သည် နဂါးသွဲ့ရေကန်ဘက်သို့ လှည့်ကြည့်ကာ စိတ်ဝင်တစား ပြော၏။ “စောစောက သိုင်းကွက်ဖလှယ်နေတာ ကောင်းကင်နတ်အရှင်မူနဲ့ ယွင်ကျန်းလီမဟတု်လား… သူတို့ရဲ့ကောင်းကင်နတ်သိုင်းတွေက အတိုင်းအဆမဲ့လိုက်တာနော်… ကျွန်မဖြင့် ဒီကို လာဖို့တောင် ကြောက်မိတယ်”

“ကောင်းကင်နတ်အရှင်တစ်ယောက်ဆိုမှတော့ အဲဒီလိုအစွမ်းအစ ရှိရမှာပေါ့”

တာအိုရသေ့တစ်ယောက်က ရယ်သည်။ “ကောင်းကင်နတ်အရှင်မူက အောက်ဘုံမှာရှိတဲ့ ဇနပုဒ်လေးက လူတစ်ယောက်ပဲ.. သူ့အစွမ်းအစတွေ ယွင်ကျန်းလီနဲ့ ယှဉ်နိုင်နေတာက အံ့အားသင့်စရာကောင်းနေပြီ”

အားလုံး ခေါင်းညိတ်၍ ပြုံးနေကြသည်။ “အောက်ဘုံက တောသားတွေ သူ့ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာလို့ ခေါ်ကြတာ အံ့ဩစရာမရှိဘူးပဲ”

ရုတ်တရက် ယွင်ကျန်းလီဆီမှာ စွမ်းအားလှိုင်းများ ထပ်မံဖြာထွက်လာသဖြင့် အားလုံး ထိတ်လန့်သွားကြသည်။ “သူတို့ ဆက်တိုက်ခိုက်ဦးမှာလား”

သို့သော် ဤတိုက်ပွဲက ယခင်နှင့်မတူတော့ပေ။ ယွင်ကျန်းလ် လက်ဝါးမြှောက်လိုက်သည့်အခါ သင်္ကေတအမှတ်အသားများ ဖြာထွက်လာကာ ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံ၏ ပုံသဏ္ဍာန် ဖွဲ့တည်သွားသည်။

ကြယ်တာရာများစွာ ပေါ်ထွက်လာသည်နှင့်အမျှ ပလ္လင်ခန်းမများနှင့် နတ်ဘုရားမြို့တော်များ တစ်ခုပြီးတစ်ခု ဖွဲ့တည်လာသည်။ သူသည် သင်္ကေတတအမှတ်အသားများ အသုံးပြု၍ ရှေးဟောင်းနတ်ဘုရားတို့၏ အသွင်သဏ္ဍာန်များအား ဖော်ဆောင်နေ၏။

နတ်ဘုရားတို့၏ အရေအတွက် တိုးပွားလာသည့်အခါ ကောင်းကင်နန်းဆောင်သည် ပြီးမြောက်လုနီးပါး ပေါ်လွင်လာ၏။ ပြီးမြောက်သွားသည်နှင့် ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံက အတိတ်ခေတ်မှ လက်ရှိမျက်မှောင်ခတ်တွင် ဖွဲ့တည်လာသကဲ့သို့သက်ဝင်နေလေသည်။ ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံ၏ နတ်ကောင်းကင်ခန်းမအတွင်း၌ ကောင်းကင်ဧကရာဇ်တစ်ပါး စံမြန်းနေသည်။

ကျယ်လောင်ပြတ်သားသော တာအိုသံက နဂါးသွဲ့ပင်လယ်ထက်တွင် နားကွဲလုမတတ် ဟိန်းထွက်လာ၏။

ထူးချွန်လူငယ်စာရင်းနှင့် ကောင်းကင်ပါရမီရှင်စာရင်းထဲရှိ နာမည်ကျော်ကြားသော လူငယ်များ၏ အမူအရာများပင် ပြောင်းလဲသွားကြသည်။ ယွင်ကျန်းလီသည် အားလုံး၏အရှေ့၌ ဤသိုင်းကွက်ကို မဖော်ထုတ်ခဲ့ဖူးရာ မကြာသေးမီကမှ ဖန်တီးထားခြင်းဖြစ်ကြောင်း သိသာပေသည်။

သူ၏ ချီနှင့်သွေးသည် အတိုင်းထက်အလွန် အားကောင်းပြင်းထန်ပြီး အရှိန်အဝါကလည်း လွှမ်းမိုးကြီးစိုးနေသောကြောင့် အားလုံး၏ ရင်ထဲတွင် ကြောက်စိတ်တို့ ဖြစ်ပေါ်လာတော့သည်။

ဤအခိုက်အတန့်တွင် ယွင်ကျန်းလီ၏ မဟာကောင်းကင်နတ်သိုင်း၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လိုက်ချေပြီ။ ဤသိုင်းကွက်က ယွင်ကျန်းလီကို အတိတ်တုန်းက မရောက်နိုင်ခဲ့သော အကန့်အသတ်တစ်ခုအား ကျော်လွှားနိုင်သွားစေပြီး သူ၏စိတ်နှလုံးအား ကြည်လင်ရှင်းလင်းလာစေတော့သည်။

ယခင်တုန်းက သူသည် ဤသိုင်းကွက်၏စွမ်းအားကို အပြည့်အဝမထုတ်လွှတ်နိုင်ခဲ့ပေ။ သို့သော် ချင်မူလို သန်မာအားကောင်းသော ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ သူ၏စိုးရိမ်ပူပန်မှုများကို လွှတ်ချရင်း မြင့်မားသော ရည်မှန်းချက်နှင့် အတွေးအမြင်များအား တွန့်ဆုတ်ခြင်းမရှိ ဖော်ပြနိုင်သွားတော့သည်။

သူ့ရင်ထဲတွင် ဤသိုင်းကွက်ကား ပြီးပြည့်စုံနေပြီဖြစ်သည်။

တခဏကြာသော် ဓားတစ်လက် ပျံထွက်လာသည်။

ချင်မူ၏ဓားရောင်က အတိုင်းထက်အလွန် ထက်၏။ ၎င်းသည် ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံကို ထိုးဖောက်၍ နတ်ကောင်းကင်ခန်းမအတွင်းရှိ ကောင်းကင်နတ်ဧကရာဇ်ကို သတ်ဖြတ်လိုက်သည်။ ထို့နောက် ဓားရောင်ကား ယွင်ကျန်းလီ၏ ခန္ဓာကိုယ်ထဲ စိုက်ဝင်သွား၏။

ယွင်ကျန်းလီ ပေါက်ကွဲသံကြီးတစ်သံ ကြားလိုက်ရပြီး သူ၏ကောင်းကင်တံတားမှာ ချင်မူ၏ဓားကြောင့် ကျိုးပျက်သွားကာ ကောင်းကင်တံတားကောင်းကင်ရတနာတစ်ခုလုံး ပြိုကျလာတော့သည်။

All Chapters