← Chapters

ကြယ်သခင်များ ထွက်ပေါ်လာခြင်း

Vol. 56 Ch. 775

ကြယ်သခင်များ ထွက်ပေါ်လာခြင်း

Vol. 56 Ch. 775

"မင်းတို့က ကောင်းကင်နတ်ဆိုးကို ကာကွယ်ပြီး ကျင့်ကြံသူတွေကို သတ်ခဲ့တယ်။ ကောင်းကင်က အမြန်ဆုံး အပြစ်ပေးလိမ့်မယ်"

ကျူးကျော်လာသူတစ်ယောက်က အလန့်တကြားအော်ဟစ် ခြောက်လှန့်လိုက်သော်လည်း ထန်းယွမ်၏ လက်ဗလာသက်သက်ဖြင့် ထိုးသတ်ခြင်းခံလိုက်ရ၏။

"ကောင်းကင်နတ်ဆိုး ဟုတ်ဟုတ်မဟုတ်ဟုတ် ဂရုမစိုက်ဘူးကွာ။ ဘုရင်ချင်က ကောင်းကင်မူလကြယ်ရဲ့ ကာကွယ်သူတစ်​ယောက်ဖြစ်တယ်။ မင်းတို့က သူ့ကိုသတ်ချင်ရင် ငါ့လက်သီးကို အရင်ကျော်ဖြတ်ကြ။ မင်းတို့ရဲ့ကြယ်သခင်တွေကိုလည်း ခေါ်လာလိုက်စမ်းပါ"

ထန်းယွမ်က အေးစက်စက် သတိပေးလိုက်သည်။ ကျင့်ကြံသူငါးယောက်ကို နတ်အစေခံခြောက်ရာကျော်က ဝိုင်းဝန်းတ်ုက်ခိုက်ခဲ့သော်လည်း တစ်ရာကျော်သေဆုံးသွားပြီး အသက်ရှင်နေသော ငါးရာတွင်လည်း အနည်းနှင့်အများ ဒဏ်ရာကိုယ်စီရထားကြသည်။ သူတို့၏မျက်နှာများ ဖြူရော်နေပြီး ယဲ့ချန်တို့ငါးယောက်ကို ကြောက်မက်ဖွယ်နတ်ဆိုးများသဖွယ် ကြည့်နေရင်း နှလုံးသားများ အေးစက်သွားကာ တိုက်ခိုက်လိုစိတ်များ ပျောက်ကွယ်ကုန်သည်။ ကောင်းကင်မူလကြယ်ထက်တွင် တိုက်ပွဲအတွင်း ဝင်မပါသူများကလည်း ကာကွယ်သူများ၏အစွမ်းကြောင့် ထိတ်လန့်တုန်လှုပ်နေကြသည်။ ကာကွယ်သူများက နတ်အစေခံများစွာကို မတိုက်ခိုက်ရဲသည်အထိ တိုက်ခိုက်ကာ နောက်ခံကောင်းသူများစွာကိုလည်း သတ်ဖြတ်ပစ်ခဲ့သည်။ ကံကောင်းစွာဖြင့် သူတို့က တိုက်ပွဲအတွင်း ဝင်မပါခဲ့သော်လည်း ဦးရေပြားများပင် ကျိန်းစပ်လာကြသည်။ အချို့က သက်ဆိုင်ရာယာဥ်များပေါ်သို့ ပြေးတက်ကာ ကောင်းကင်မူလကြယ်မှ ချက်ချင်းထွက်ခွာသွားကြပြီး အချို့က ကျောက်စိမ်းသစ်တောကြယ်နှင့် တောင်ပံကြယ်သို့ သတင်းသွားပို့ရန် ရည်ရွယ်ထားကြသည်။ ထွက်ခွာသွားသော ယာဥ်များကြောင့် ကပ်ဘေးကြီးတစ်ခု ချဥ်းကပ်လာပြီဟု နဂါးဘုရင်က နားလည်လိုက်သော်လည်း သေသည်အထိ တိုက်ခိုက်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။

"ကောင်းကင်မူလကြယ်ကို တိုက်ခိုက်တာက တုတန်းနဲ့ သူ့လူတွေပါ။ ငါတို့နဲ့ ဘာမှမဆိုင်ဘူး"

"သေသင့်တာက တုတန်းတစ်​ယောက်တည်းပါ။ ငါတို့က အပြစ်ကင်းတယ်"

ကျူးကျော်လာသူများက သူတို့၏ပြစ်မှုကို ဖုံးကွယ်ရန်အတွက် တုတန်းအပေါ် ခေါင်းပုံချလိုက်၏။

"ပါးစပ်ပိတ်ထားစမ်း"

ယဲ့ချန်က ထိုစကားသံများကြောင့် ပို၍ဒေါသထွက်လာကာ မျက်လုံးတွင် ဒေါသမီးဝင်းဝင်းတောက်နေသည်။

"ငါတို့ကို သွားခွင့်ပေးပါ။ ကောင်းကင်မူလကြယ်ကို ဘယ်တော့မှ ပြန်မလာတော့ပါဘူး"

"ကောင်းကင်ဘုံနဲ့ ကျိန်ဆိုပေးပါမယ်"

"မင်းက ငါတို့အားလုံးကို သတ်ချင်နေတာလား"

ကျောက်စိမ်းသစ်တောကြယ်မှ နတ်အစေခံတစ်ယောက်က တုန်တုန်ရီရီနှင့် မေးလိုက်ခြင်းဖြစ်သည်။

"ငါ့ဓားက သေသင့်တဲ့လူတိုင်းကို သတ်ပစ်မယ်"

ယဲ့ချန်က ဆည်းဆာနတ်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း အချိန်လေဟာနယ်တာအိုရုန်းများကို ထုတ်ဖော်လိုက်ပြီး သတ်ဖြတ်လိုစိတ်များပါ ထွက်ပေါ်လာ၏။ ဤစကား​ကြောင့် ရန်သူများမှာ ကြက်သေသေသွားကြပြီး အများစုက အပြင်းအထန် ဒဏ်ရာရထားသောကြောင့် ထွက်ပြေးရန်လည်း မဖြစ်နိုင်သောအခါ တစ်ချက်လှုပ်ရုံဖြင့် သေဆုံးသွားနိုင်သည်။ ထို့ကြောင့် သူတို့က ကောင်းကင်မူလကြယ်ကို အနိုင်ကျင့်မိခြင်းအပေါ် နောင်တရလျက်ရှိသည်။ ရှရီကို ကျောက်စိမ်းသစ်တောကြယ်မှ ကျင့်ကြံသူများ ကာကွယ်ပေးထားသဖြင့် ဒဏ်ရာရထားသော်လည်း မသေသေးပေ။ နဂါးဘုရင်တို့ငါးယောက်က ရန်သူများကို တစ်ယောက်ပြီးတစ်ယောက် သတ်ပြနေသောအခါ သူ့အလှည့်ရောက်လာမည်ကို သေမတတ် ကြောက်လန့်နေသည်။ ကောင်းကင်မူလကြယ်၏ ကာကွယ်သူများက အသက်နှင့်ရင်း၍ တိုက်ခိုက်နေကြသည်မှာ အလွန်ထင်ရှားနေသည်။

"ငါက ကျောက်စိမ်းသစ်တောကြယ်သခင်ရဲ့ညီ ရှရီဖြစ်တယ်။ မင်းတို့ကို စော်ကားမိတဲ့အတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်ပါတယ်။ ဒီလိုသာဆက်ဖြစ်နေရင် ဘယ်သူ့အတွက်မှ မကောင်းနိုင်ဘူး"

ရှရီက သွေးများအန်ထုတ်၍ တောင်းပန်လိုက်သည်။ ကျောက်စိမ်းသစ်တော်ကြယ်၏ ကျင့်ကြံသူများက သူ့ကို ဝိုင်းဝန်းကာကွယ်ပေးထားသော်လည်း သူတို့၏မျက်လုံးများတွင် ကြောက်စိတ်များ ထင်ဟပ်နေသည်။ ဆက်လက်တိုက်ခိုက်လျှင်လည်း သူတို့က ယဲ့ချန်တို့ကို မယှဥ်နိုင်ကြောင်း သိသာနေသည်။

"ခွင့်လွှတ်ပေးရမယ်တဲ့လား ။ရှုံးနိမ့်တဲ့သူက ငါတို့ဖြစ်နေရင်ရော မင်းက ညှာတာမှာလား"

ယဲ့ချန်က အေးစက်စက် ရယ်မောလိုက်သဖြင့် ရှရီ၏မျက်နှာက မည်းနက်သွားသည်။

"ဒီလူက နတ်ဆိုးတစ်ကောင်ဖြစ်နေပြီ။ နတ်ဆိုးက ငါတို့အတွက် ဘုံရန်သူပဲ။ မင်းတို့ သူ့ကို ကာကွယ်မပေးသင့်ဘူး"

သူက ဘုရင်ချင်ကို ညွှန်ပြ၍ အပြစ်ပုံချရန် ကြိုးစားလိုက်သည်။

"ကောင်းကင်မူလကြယ်က လူတွေ နတ်ဆိုးဟုတ်မဟုတ်ဆိုတာ မင်းအပူ မဟုတ်ပါဘူး။ ရှေးဟောင်းတျန်းယွမ်မြို့ တိုက်ခိုက်ခံရတုန်းက မင်းတို့ ရပ်ကြည့်နေခဲ့တယ်။ ဘုရင်ချင်က နတ်ဆိုးအဖြစ်ပြောင်းသွားတော့မှ တာအိုကို ကာကွယ်မယ်လို့ အသံကောင်းဟစ်နေကြတယ်။ ခွေးကောင်တွေ မင်းတို့ဘယ်လောက်ကောက်ကျစ်တယ်ဆိုတာ ငါ သိပြီးပြီ။ မင်းတို့က တာအိုကို ကာကွယ်ချင်တယ်ဆိုရင် အခုဆက်ပြီးကာကွယ်ကြဦးလေ။ မင်းတို့ အမှန်တရားလမ်းစဥ်ကို ဘယ်လောက်ဖက်တွယ်ထားနိုင်မလဲ ကြည့်ရအောင်"

ယဲ့ချန်က လှောင်ရယ်လိုက်ရင်း ဆည်းဆာနတ်ဓားကိုဆွဲကိုင်ကာ ရှရီထံ တစ်လှမ်းချင်း ချဥ်းကပ်သွားခဲ့သည်။ ဘုရင်ချင်က သူ့ကိုကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်နေစဥ် ရှရီ၏မျက်လုံးများက ကြောက်စိတ်ကြောင့် တုန်ရီနေသည်။ ကောင်းကင်နတ်ဆိုးအသွင်​ပြောင်းသွားသူတစ်ယောက်ကို ကောင်းကင်မူလကြယ်က ကာကွယ်ပေးမည်ဟု ထင်မထားခဲ့ပေ။

"ငါ့ကိုသာလွှတ်ပေးရင် ငါ့အစ်ကိုဆီကနေ ရတနာတွေနဲ့ ကြယ်သလင်းကျောက်တွေ တောင်းပေးမယ်"

ဆည်းဆာနတ်ဓားကို ကြည့်နေသော ရှရီက ကြောက်စိတ်ကြောင့် တစ်ကိုယ်လုံး တုန်ယင်လာသည်။

"ကြည့်ရတာ မင်းက တော်တော်ချမ်းသာပုံပဲ။ ကံဆိုးတာက ငါတို့က ဒါတွေကို ဂရုမစိုက်ဘူး"

ယဲ့ချန်က အေးစက်စက်ပြုံး၍ တစ်လှမ်းချင်းရှေ့တိုးလာသောအခါ သေမင်းနတ်ဘုရား ချဥ်းကပ်လာသည်ဟု ခံစားရသောကြောင့် ရှရီက နောက်ဆုတ်သွားသကဲ့သို့ နောက်လိုက်များလည်း ကြောက်ဒူးတုန်နေကြသည်။ သူတို့က ထွက်ပြေးသွားသောကြောင့် ပတ်ဝန်းကျင်၌ ယဲ့ချန်နှင့် ရှရီ နှစ်ယောက်တည်းသာ ကျန်ရစ်သည်။

"ကြယ်သခင်ယွမ်ဟာ၊ ကြယ်သခင်ကျောက်စိမ်း၊ ကြယ်သခင်ရောင်လီ မင်းတို့ရှိတယ်ဆိုတာ ငါ သိတယ်။ ငါ့ကို ကယ်ပေးမယ်ဆိုရင် အဆင့်တစ်ဆယ် တာအိုလက်နက်တစ်ရာနဲ့ ကြယ်အမြုတေခြောက်တန် ပေးမယ်"

ရှရီက ရုတ်တရက်ငယ်သံပါအောင် အော်ဟစ်လိုက်သည်။ သူက ကြောက်စိတ်ကြောင့် တစ်ကိုယ်လုံးချွေးများစိုရွှဲနေပြီး အော်သံက ကောင်းကင်မူလကြယ်တစ်ခွင် ပဲ့တင်ထပ်သွားသည်။ သူ၏စကားကြောင့် ယဲ့ချန်က ဆည်းဆာနတ်ဓားဖြင့် လျှပ်ပြက်သကဲ့သို့ ခုတ်ချလိုက်သည်။ ဓားအလင်းက ပစ်မှတ်ကို ထိမှန်ကာနီးတွင် မမြင်ရသော နံရံတစ်ချပ် ပေါ်လာသောကြောင့် တန်ပြန်အားနှင့်အတူ သူက နောက်ဆုတ်ပေးလိုက်သည်။ မီတာတစ်ရာကျော် နောက်ဆုတ်ပြီးနောက် သူက ဟန်ချက်ပြန်ထိန်းလိုက်ပြီး ကြယ်သခင်တစ်ယောက် စွက်ဖက်လာကြော င်းသဘောပေါက်သွားသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

"ကောင်းကင်မူလကြယ်ရဲ့ နတ်အစေခံတွေ ငါက ကြယ်သခင်ယွမ်ဟာပဲ။ ရှရီက ငါ့မိတ်ဆွေရဲ့ညီဖြစ်တယ်။ ငါ့မျက်နှာကို ထောက်ထားပြီး သူ့ကို လွှတ်ပေးလိုက်ပါ"

ပြန်လှန်ခွန်းတုံ့ပြန်ခွင့်မရှိသော မောက်မာပုံမျိုးနှင့် စကားသံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ တစ်ဖက်လူက အမှန်တကယ် ကြယ်သခင်ဖြစ်နေသောကြောင့် ယဲ့ချန်တို့ အခက်ကြုံသွားရသည်။ ကောင်းကင်မူလကြယ်ပေါ်သို့ ကြယ်သခင်များရောက်ရှိနေသော်လည်း နတ်အစေခံများ၏တိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။ သူတို့က ဘေးထွက်ရပ်ကြည့်နေသော်လည်း ရှရီ၏တောင်းဆိုမှုတွင် အမှန်တကယ် လှုပ်ရှားလာကြသည်။

"ဘာမိတ်ဆွေလဲ။ ရှရီပေးတဲ့ တန်ကြေးကြောင့်သာမဟုတ်ရင် မင်းက ဝင်စွက်ဖက်ပါ့မလား"

"ငါက ကြယ်သခင်ကျောက်စိမ်းပဲ။ ကျင့်ကြံသူတွေအများကြီး သေဆုံးခဲ့ရပြီဆိုတော့ ဆက်ပြီးတိုက်ခိုက်နေလို့ အကျိုးမရှိဘူး။ ငါ ဘာမှဝင်မပါချင်ဘူး။ ကောင်းကင်နတ်ဆိုးကို သတ်သေခိုင်းလိုက်။ ဒါဆိုရင် ဒီပြစ်မှုကို ခွင့်လွှတ်ပေးမယ်"

စကားသံနှစ်ခု ထပ်မံပေါ်ထွက်လာကာ တစ်ခုက မိန်းမသံဖြစ်နေသော်လည်း မောက်မာ၍ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေသည်။

"ကြယ်သခင်တွေကရော ဒီကောင်တွေလိုမျိုး နတ်ဆိုးကိုသတ်ပြီး တာအိုကာကွယ်ချင်နေတာလား"

ယဲ့ချန်က နှာခေါင်းရှုံ့လိုက်သည်။

"ကောင်းကင်နတ်ဆိုးကို အသက်ရှင်ခွင့်ပေးထားတာက ပြစ်မှုကြီးပဲ။ သူသာ စိတ်လွတ်သွားရင် ကောင်းကင်မူလကြယ်အတွက် ကပ်ဘေးတစ်ခု ဖြစ်လာနိုင်တယ်"

ကြယ်သခင်ကျောက်စိမ်းက အေးစက်စက် သတိပေးလိုက်သည်။

"ကောင်းကင်မူလကြယ်အတွက် မင်းတို့စိုးရိမ်ပေးစရာ မလိုပါဘူး။ ကြယ်သခင်ကျောက်စိမ်းက ကိုယ့်ကိစ္စမဟုတ်တာကို ဝင်စွက်ဖက်ချင်နေတာလား"

"မင်းကနိ မ့်ကျတဲ့ နတ်အစေခံတစ်ယောက်ပဲ။ စကားကို ဆင်ခြင်ပြောစမ်း။ ကောင်းကင်မူလကြယ်မှာ ကြယ်သခင်တစ်​ယောက်တောင် မရှိဘူး။ ငါ တစ်ချက်လုပ်လိုက်တာနဲ့ မင်းတို့အားလုံး သေရလိမ့်မယ်"

ကျောက်စိမ်းက ဒေါသတကြီးအော်ဟစ်၍ ခြိမ်းခြောက်လိုက်သည်။

"ဒါပေါ့။ ကြယ်သခင်တွေသာ တိုက်ခိုက်ရင် ငါတို့က ဘယ်အသက်ရှင်ပါ့မလဲ။ ဒါပေမယ့် ကောင်းကင်မူလကြယ်ရဲ့ကျင့်ကြံသူတွေကို ထိပါးချင်ရင်တော့ ငါတို့ကို အရင်သတ်မှရမယ်။ အသတ်ခံရဖို့ ထိုင်စောင့်နေမှာမဟုတ်လို့ မင်းတို့ကိုပါ တိုက်ခိုက်ပစ်မယ်"

ယဲ့ချန်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ စိန်ခေါ်လိုက်သည်။ ကြယ်သခင်များ၏လက်ထဲတွင် သေဆုံးသွားနိုင်သော်လည်း နဂါးဘုရင်၊ ထန်းယွမ်နှင့် ခြင်္သေ့ကြီးက တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်ကြသည်။ ဘုရင်ချင်က ကောင်းကင်နတ်ဆိုးဖြစ်သွားလျှင်ပင် သေအတူရှင်မကွာ ရဲဘော်တစ်ယောက်ဖြစ်သောကြောင့် ဤအခြေအနေ၌ ဘေးထွက်ရပ်နေလိုက်လျှင် ကိုယ့်ကိုကိုယ် အထင်သေး၍ ဆုံးမည်မဟုတ်ပေ။ ဘုရင်ချင်က ကောင်းကင်နတ်ဆိုးတစ်ပိုင်းဖြစ်နေသော်လည်း လူသားအသိစိတ် ကျန်ရစ်နေသဖြင့် ရဲဘော်ရဲဖက်များ၏ ရပ်တည်ပေးမှုကြောင့် ဝမ်းသာမျက်ရည်များ ကျဆင်းလာသည်။ ထိုအချိန်၌ နတ်ဆိုးချီများ၏တိုက်စားမှုကြောင့် ဝေဝါးနေသော သူ၏အမြင်အာရုံက ပို၍ကြည်လင်ထင်ရှားလာခဲ့သည်။

"​ငါ ကြယ်သခင်ရောင်လီ အမိန့်ပေးမယ်။ မင်းတို့က ဒီကောင့်ကိုသတ်ရင် အသက်ချမ်းသာပေးမယ်။ ငါကိုယ်တိုင် လှုပ်ရှားရမယ်ဆိုရင်တော့ အကုန်သတ်ပစ်မယ်"

ဒေါသတကြီးအော်ဟစ်သံတစ်ခုက ပို၍မောက်မာစွာထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ဖိအားတစ်ခုကို ယဲ့ချန်တို့ငါးယောက်အပေါ် လွှမ်းခြုံလိုက်သည်။ ၎င်းက ခွန်တောင်စည်းထက် ပို၍အစွမ်းထက်ကာ ပြင်းထန်လွန်းနေသည်။ သူတို့ငါးယောက်က ရုတ်တရက် မွန်းကြပ်မှုကို ခံစားလိုက်ရသည်။

"ငါက ရှရီအသက်ကို ကာကွယ်ပေးချင်ရုံသက်သက်ပဲ။ ကောင်းကင်မူလကြယ်နဲ့ သက်ဆိုင်တာတွေ ငါနဲ့ ဘာမှမဆိုင်ဘူး"

ရောင်လီက တိုက်ခိုက်လာသောအခါ ယွမ်ဟာက ရယ်မော၍ ရေရွတ်လိုက်သည်။ ရောင်လီရော ကျောက်စိမ်းပါ ယဲ့ချန်တို့ငါးယောက်ကို အထင်သေးနေပြီး သူတို့က မည်မျှအစွမ်းထက်ပါစေ၊ ကြယ်သခင်အဆင့်အောက် အားနည်းနေခဲ့သည်။ သူတို့၏ခွန်အားက အမှန်တကယ်မြင့်မားပြီး အဆင့်နိမ့်ကြယ်သခင်များနှင့် တန်းတူနီးပါးဖြစ်သော်လည်း အချိန်လေဟာနယ်တာအိုကို ဆင်ခြင်ရာ၌ နိမ့်ကျနေခဲ့သည်။ ကျင့်ကြံဆင့်ကွာခြားမှုသည် သူတို့ကို ဖိချေသတ်ဖြတ်ရန် လုံလောက်နေခဲ့လေသည်။

All Chapters