ဂိုဏ်းချုပ်တွေရဲ့တိုက်ပွဲ
Vol. 81 Ch. 4.723
"လုရွှမ်?"
ယခုလို မျှော်စင်နယ်ပယ်က သခင်အုပ်စု၏ ခြိမ်းခြောက်ခြင်းကို ခံရသော ထျန်းရှားသည် ဘယ်လောက်ပင် ရဲရင့်ပြီး မကြောက်မရွံ့ပါစေ သူမအသံက တုန်ယင်ကာ မျက်နှာမှာလည်း ထိတ်လန့်နေပါသည်။
လုရွှမ် ထျန်းရှားရဲ့ လက်ကို သူ့လက်ဖဝါးနဲ့ တင်းတင်းဆုပ်ကိုင်ထားပြီး နှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူပါနဲ့... ငါရှိနေရင် မင်းနည်းနည်းလေးမှ မထိခိုက်စေရဘူး"
"အားလုံး ကျွန်တော့်စကားကို နားထောင်ပေးကြပါ!"
လုရွှမ် ဝင်အော်လိုက်သည်။ သို့သော် သူတို့အား ဘယ်သူမှ ဂရုမစိုက်ဘဲ လော့ချောင်ဖုန်း၊ ကျန့်ဝူဝေါ်တို့နှင့် ငြင်းခုံနေကြဆဲဖြစ်သည်။
ဒါကတော့ ဂိုဏ်းရှစ်ခုမှ ခေါင်းဆောင်များသည် ပင်လယ်သားရဲနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ငြင်းခုံကြရသည့် ပထမဆုံး အကြိမ်ဖြစ်သည်။ ထိုဂိုဏ်းချုပ်များကို စိတ်အနှောင့်အယှက် ဖြစ်သွားစေမည်ကို ကြောက်ရွံ့သောကြောင့် အနီးနား ပတ်ဝန်းကျင်မှ စောင့်ကြည့်နေသူများ အားလုံး ပါးစပ်ပိတ်ကာ ဂရုတစိုက် နှုတ်ဆိတ်နေကြ၏။
၎င်းတို့အားလုံးသည် မျှော်စင်နယ်ပယ်မှ ထိပ်တန်းသခင်များ ဖြစ်ကြပေသည်။
လုရွှမ် ရယ်မောလိုက်ပြီး သူ့နှလုံးသားထဲမှနေ၍ ၎င်းတို့ရဲ့ သဘောထားတွေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
ဤအခိုက်အတန့်တွင် အဓိကဂိုဏ်းကြီး ရှစ်ခုကို အကြမ်းဖျင်းအားဖြင့် အဖွဲ့သုံးဖွဲ့ ကွဲသွားလေပြီ။ ရှုံထျန်းပါ့၊ လုံထန်းရှောက်နဲ့ ဖုန့်ချောင်မင်တို့က တစ်ဖွဲ့ဖြစ်ကာ ထျန်းရှားအား အဖမ်းခံထားရသော တပည့်များကို လဲလှယ်ရန် ထောက်ခံအားပေး ခဲ့ကြသည်။
ရှဲ့ယွင်ထျန်း၊ ဆရာတော်ထန်ယီးနဲ့ ဟွားဝူချင်းတို့သည် တန်းစီရာတွင် တူညီကြပြီး အတော်လေးကြားနေသော်လည်း ၎င်းတို့၏ ငယ်တန်းစားများနှင့် ပတ်သက်ကာ ရွေးချယ်ကြသည်။ ရွေးချယ်မှုအရ မြန်မြန်ရွေးတာနဲ့ တုံ့ဆိုင်းနေသည့် အကွာအဝေးကြားမှာ သဘာဝအတိုင်း ခြားနားမှုရှိပါသည်။
ကျန်လူနှစ်ယောက်မှာ ကျန့်ဝူဝေါ်နဲ့ လော့ချောင်ဖုန်းတို့ ဖြစ်ပြီး သူတို့ကတော့ သဘာဝကျကျ အဲဒီလို မလုပ်နိုင်ဘူးဟု အခိုင်အမာ ဆိုကြသည်။ သူတို့နှစ်ယောက်ရဲ့ မြဲမြံမှုက ထိရောက်မှု မရှိနိုင်ပေမယ့် လုရွှမ်ကတော့ အရမ်းစိတ်လှုပ်ရှားနေပါ၏။ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ မတ်တပ်ရပ်ပြီး အားပေးရဲတဲ့သူတွေကတော့ မိတ်ဆွေအစစ်တွေပါပဲ။
"ငြင်းခုံနေတာ ရပ်လိုက်တော့!"
လုရွှမ် ပြင်းထန်စွာ ဟောက်လိုက်သည်။ သူ့အသံက နတ်မိုးခြိမ်းသံလို လူတိုင်းရဲ့နားထဲ ရိုက်ခတ်သွားတာကြောင့် အားလုံး ထိတ်လန့်ကုန်သည်။
ဂိုဏ်းကြီးရှစ်ခုက ဂိုဏ်းချုပ်များသည် သူ့ကို လှည့်ကြည့်လာကာ အပြစ်တင်ခြင်း၊ အကူအညီမဲ့မှု၊ မုန်းတီးမှု၊ ရွံရှာမှုစသည်ဖြင့် အမျိုးမျိုးသော မျက်လုံးများဖြင့် ကြည့်လာကြသည်။
"ဂိုဏ်းချုပ်နဲ့ ဂိုဏ်းချုပ်ကျန့်.... ကျွန်တော်တို့အတွက် ရပ်တည်ပေးခဲ့တဲ့ အကြီးအကဲတို့ နှစ်ယောက်ကို ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်တော်တို့ ဒီကိစ္စကို ကိုယ်တိုင်ပဲ ကိုင်တွယ်ပါ့မယ်"
လုရွှမ်က ဦးညွှတ်ပြီး ပြောလိုက်ပါ၏။ လော့ချောင်ဖုန်းရဲ့ အမူအရာက ပြောင်းလဲသွားကာ ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်ပြီး။
"လုရွှမ်... ဒါက မင်းရဲ့ကိုယ်ပိုင်ကိစ္စ မဟုတ်ဘူး... ငါတို့ဂိုဏ်း တစ်ခုလုံးရဲ့ ကိစ္စပဲ ဒါကလည်း လူသားမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာအတွက်ပဲလေ အန္တရာယ်များတယ် ဆိုရင်တောင် ဂိုဏ်းက မင်းရဲ့နောက်မှာ အမြဲရှိနေမှာပါ"
"ဟုတ်တယ် ကောင်လေး ဒါက လူသားမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာနဲ့ဆိုင်တယ် ဒီကလေးမလေးက ကူညီဖို့လာတယ် ဆိုတာ သိသာထင်ရှားပါတယ်... မင်းကို ကူညီတာပဲဖြစ်ဖြစ် တခြားသူတွေကို ကူညီတာပဲဖြစ်ဖြစ် သူက သူငယ်ချင်းပဲလေ ဒီလိုလူတွေတောင် သစ္စာဖောက်နိုင်ရင် တခြားဘာတွေက သစ္စာရှိနိုင်ဦးမှာလဲ? ကျင့်ကြံသူ ဆိုတာ ထာဝရအသက်ရှင်ဖို့ အလေးပေး လုပ်နေတဲ့လူတွေ... ဒါပေမဲ့ အဲဒီလို ယဇ်ပူဇော်ပြီး ခွေးတစ်ကောင်လို နေထိုင်ဖို့ကတော့ ငါတို့အတွက် သူရဲကောင်းဆန်ဆန် ကျဆုံးသွားတဲ့ တပည့်တွေကို အချည်းနှီး အသက်စွန့်ခိုင်းလိုက်သလိုပဲ.... ဒီလို အရှက်မဲ့တဲ့ လူဆိုးတွေအတွက် သူတို့ရဲ့ အသက်ကို စတေးခဲ့တာလား?"
"လူဆိုးက ဘာကိုဆိုလိုတာလဲ? ဒါက နည်းဗျူဟာပဲကွ!"
လုံထန်းရှောက်က အော်လိုက်သည်။ လုရွှမ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး။
"ဗျူဟာ?? ဒါဆို ဂိုဏ်းချုပ် ခင်ဗျားဘာလို့ ဒီမှာ လညတိုက်ခိုက်နေတဲ့ ပင်လယ်သားရဲတွေကို မဖမ်းနိုင်ရတာလဲ? ကျွန်တော်တို့ကို ဒီမှာ အနိုင်ကျင့်နေတာ ဘာသဘောလဲ?"
လုံထန်းရှောက်က လှောင်ပြောင်သည်။
"ဟမ့် ငါက ပင်လယ်သားရဲတွေကို မဖမ်းနိုင်တာ မဟုတ်ဘူး... ဖမ်းမိဖို့ တစ်ကောင်တောင် မတွေ့ရလို့ပဲ"
"ဒီပင်လယ်သားရဲနဲ့ နှစ်တွေအကြာကြီး နေပြီး မင်းဘာတွေ လုပ်ခဲ့လဲဆိုတာကို ဘယ်သူက သိမှာလဲ? မင်းအဲဒီပင်လယ်သားရဲရဲ့ သားမက်ဖြစ်နေပြီလားတောင် မသိဘူး... မဟုတ်ရင် မင်းရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လိုလုပ် ဒီလောက်အထိ မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်မှာလဲ!"
ဖုန့်ချောင်မင်က ပူးပေါင်းပြီး ဝင်အော်လေ၏။
လုံထန်းရှောက်က "ဒီကလေးမလေးမှာ နတ်နဂါးရဲ့ အရိပ်အယောင်ကို ငါ ခံစားရတယ်... လုရွှမ် မင်း ဘယ်သူလဲဆိုတာ အံ့သြလို့ကို မဆုံးဘူး ဂိုဏ်းချုပ်လော့ ငါမင်းကို သတိပေးပါရစေ... ပင်လယ်သားရဲတွေ လူတွေအကုန်လုံးကို မဖျက်ဆီးခင်မှာ ဒီကောင်လေးကို လက်မလွှတ်ဘူးဆိုရင် ပင်လယ်နတ်ဆိုးတွေရဲ့ ပူးပေါင်းကြံစည်မှုကြောင့် ဘယ်ကနေ မွေးဖွားလာခဲ့တာ ဆိုတာ ဘယ်သူမှ မသိဘူးနော်"
"ကျွန်တော်ခင်ဗျားကို အရှက်ရှိမယ်လို့ ထင်နေတာ!"
လုရွှမ် အော်လိုက်ပြီး အဲဒီလူအပေါ် သူ့ရဲ့ မထီမဲ့မြင်ပြုမှုတွေက ပိုတောင် တိုးလာလေ၏။
"ဘာပြောတယ် ကောင်လေး!"
"ကျွန်တော်ခင်ဗျားကို အရှက်မရှိတဲ့သူလို့ ပြောနေတာလေ!"
လုံထန်းရှောက်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး
"လော့ချောင်ဖုန်း ဒါကမင်းတို့ဂိုဏ်းက တပည့်ပဲလား? မင်းက အသက်ကြီးနေလို့ ထားပါတော့.. ဒါမင်းတို့ဂိုဏ်းက အစဥ်အလာလားကွ!"
လော့ချောင်ဖုန်းက သက်ပြင်း တစ်ချက်ချပြီး " ငါတို့ဘိုးဘေးတွေက ငါတို့ကို အရှက်မဲ့တဲ့လူတွေကို မလေးစားဖို့ သင်ပေးခဲ့တယ်"
ကျန့်ဝူဝေါ် အကျယ်ကြီး ရယ်မောလိုက်ပြီး ဟွားဝူချင်းက ပိုလို့တောင် ရယ်ပစ်လေ၏။
သူတို့သည် တစ်ချိန်က ကောင်းကင်အောင်ခြင်း ဂိုဏ်းကို တည်ထောင်သူအကြောင်း ဒဏ္ဍာရီကို သိခဲ့ကြပါသည်။ ကောင်းကင်အောင်ခြင်း ဂိုဏ်းကို တည်ထောင်သူ ကျစ်ဝေသည် ထူးဆန်းသော အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း သူမသည် အလွန်လွှမ်းမိုးထားနိုင်သည်။ ထိုစကားများကို မဟာဆရာကြီးကျစ်ဝေက အမှန်တကယ် ပြောခဲ့ပြီး ဂိုဏ်းချုပ်အများစုလည်း သိကြသည်။
လုံထန်းရှောက်ရဲ့ မျက်နှာသည် ထိတ်လန့်သွားပြီး ချေပရန် ပြင်နေသော်လည်း သူ့ဘေးရှိ ဖုန့်ချောင်မင်က တားလိုက်သည်။
ဒီလိုစကားကို သဘောရှိတိုင်း လျှောက်ပြောလို့ မရဘူး။ မဟုတ်ရင် ကောင်းကင်အောင်ခြင်း ဂိုဏ်းတစ်ခုလုံးကို စော်ကားမိလိမ့်မည်။
လုံထန်းရှောက်လည်း တုံ့ပြန်ပြီး လုရွှမ်ကို လှည့်ကြည့်လိုက်သည်။
"ကောင်လေး မင်းရဲ့ လူကြီးတွေကို လေးစားမှုမရှိတဲ့ အတွက် ငါမင်းကို သင်ခန်းစာပေးဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး"
"မင်းလုပ်ရဲလား? သူက ငါ့တပည့်ပဲ မင်းမှာသူ့ကို သင်ပြပေးဖို့ အရည်အချင်း မရှိဘူး"
လော့ချောင်ဖုန်းက ပြန်ဟစ်အော်လိုက်၏။
"ကောင်းပြီလေ လော့ချောင်ဖုန်း.... ငါမင်းကို ထပ်ပြီးတိုက်ချင်နေတာ ကြာပြီ မင်းအခုဘာတွေ တိုးတက်နေပြီလဲ ဆိုတာ ငါမြင်ချင်တယ်... မင်းငါနဲ့ ပြိုင်ရဲလား?"
ကျန့်ဝူဝေါ် လော့ချောင်ဖုန်းကို ခေါင်းယမ်းပြလိုက်သည်။ လုံထန်းရှောက်ကို သူပင်လျှင် အနိုင်ရမည်ဟု မပြောနိုင်ပေ။ လော့ချောင်ဖုန်းက တစ်ဖက်လူရဲ့ ပြိုင်ဘက် မဖြစ်နိုင်ချေ။
လော့ချောင်ဖုန်း ခေါင်းညိတ်ပြီး ကျန့်ဝူဝေါ်ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။
"အစ်ကို...ကျေးဇူးပါပဲ... ဒါပေမဲ့ တစ်ခုခုဖြစ်လာရင် တစ်ခုခုတော့ လုပ်ရမှာပဲ... ငါ့ဂိုဏ်းအောက်က တပည့်တွေက သူများဆီကနေ အနိုင်ကျင့်ခံနေရတယ်.... ငါက ဂိုဏ်းချုပ်တစ်ယောက် အနေနဲ့ မတ်တပ်မရပ်ရင် ငါ့တပည့်တွေကို အရှက်ကွဲသွားတာကို ထိုင်ကြည့်နေရမှာလား"
"သူ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ငါတို့ကောင်းကင်အောင်ခြင်း ဂိုဏ်းက မနာလိုပါဘူး... သူ့ကိုယ်သူ လူသားတစ်ယောက်လို့ မမှတ်ယူဘဲ နတ်သားရဲတွေဆီမှာ ကျွန်ခံဖို့ လုပ်နေတဲ့ ဒီလိုလူမျိုးတွေကို ထည့်ပြောနေစရာ မရှိဘူး!"
ဂိုဏ်းများစွာသည် နဂါးရေငွေ့တောင်နဲ့ ဖီးနစ်အသိုက် ဂိုဏ်းများ၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ကြချေ။ ဘာပဲဖြစ်ဖြစ် နဂါးနဲ့ ဖီးနစ်တွေဟာ တကယ့်ကို ဒဏ္ဍာရီလာ နတ်သားရဲတွေပါပဲ။
ဒါပေမဲ့ သူတို့ကတော့ လူသားမျိုးနွယ် အဖြစ် သူတို့ရဲ့ လက္ခဏာကို လုံးလုံးလျားလျား စွန့်ပယ်ပြီး သားရဲတွေရှေ့ ဒူးထောက်ပြီး သွားနမ်းနေကြသလို သူတို့သွေးကိုတောင် လဲလှယ်ချင်ခဲ့သည်။ ကျင့်ကြံသူများ အားလုံးသည် နဂါးသွေး သို့မဟုတ် ဖီးနစ်များ ပါရှိခြင်းအတွက် ဂုဏ်ယူကြတာ ဟုတ်သော်လည်း လူသားမျိုးနွယ်ရဲ့ အထောက်အထားကို ချိုးဖောက်ခြင်းက အလွန်ရှက်ဖွယ် ကောင်းပေလိမ့်မည်။
လုံထန်းရှောက်ရဲ့ မျက်နှာက ဖြူဖျော့လာသည်။ "အပေါ်ပိုင်း အလင်းတန်းက ဖြောင့်တန်းမနေရင် အောက်တန်းကလည်း ကောက်နေပြီး အဲဒါက ခွေးနဲ့တူတယ်" လို့ ကြိမ်ဖန်များစွာ ကြားဖူးသော်လည်း ၎င်းသည် ဂိုဏ်းထဲတွင် လုံးဝ တားမြစ်ထားသော စကားဖြစ်ကာ ဂိုဏ်းမှ တိုက်ရိုက် ထုတ်ပယ်ခြင်းကို ခံရမည်ဟု ဆိုလေသည်။
လော့ချောင်ဖုန်းသည် သူနဲ့ ထျန်းရှားအတွက် လုံထန်းရှောက်ကို အမှန်တကယ် တိုက်ခိုက်လိမ့်မည်ဟု လုရွှမ် မထင်ထားခဲ့သဖြင့် သူ့စိတ်ထဲတွင် တုန်လှုပ်ပြီး သဘောကျသွားခဲ့သည်။ လုရွှမ်သည် ဤဂိုဏ်းချုပ်နှင့် အလွန်နီးစပ်ခဲ့သူ မဟုတ်ပေ။
သို့သော် ယခုအခိုက်တွင် လော့ချောင်ဖုန်းသည် သူ့အတွက် အဖန်ဖန် မတ်တပ်ရပ်ခဲ့ပြီး ယခု လုံထန်းရှောက်ကို တိုက်ချင်နေပြီ ဖြစ်သည်။ လုရွှမ် အမြန်ထွက်ပြီး လော့ချောင်ဖုန်း ရှိရာသို့ ရိုသေစွာ ဦးညွှတ်လိုက်သည်။
"လုရွှမ်... ဂိုဏ်းချုပ်ရဲ့ ကျေးဇူးကို မမေ့ပါဘူး... ဒါပေမဲ့..."
"မင်း ထပ်ပြောဖို့ မလိုဘူး ဒါက မင်းအတွက်ပဲတင် မဟုတ်တော့ဘူး ဂိုဏ်းရဲ့ ရှင်သန်မှုနဲ့ လူသားတစ်ယောက် အနေနဲ့ ငါ့ရဲ့ အကျင့်စာရိတ္တနဲ့ပါ သက်ဆိုင်တယ်... လုံထန်းရှောက်နဲ့ ငါ တိုက်ပွဲဖြစ်ဖို့ ရည်မှန်းထားတာ ကြာပြီ.... ငါ့အစ်ကို ငါမင်းကိုဒုက္ခပေးရဦးမယ် သူတို့ကို ကာကွယ်ပေးထားဦး"
ကျန့်ဝူဝေါ်လည်း သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး လုရွှမ်နဲ့ ထျန်းရှားကို သူ့နံဘေး၌ စုစည်းထားလိုက်သည်။