← Chapters

လောဘကြီးခြင်း

Vol. 81 Ch. 4.725

လောဘကြီးခြင်း

Vol. 81 Ch. 4.725

သို့သော် ဓားသိုင်းပညာသည် ပြီးပြည့်စုံမှု မရှိခဲ့တာကြောင့် အရှိန်အဟုန်ကို မစုစည်းနိုင်ဘဲ ရှုံးနိမ့်မှု ဖြစ်လာခဲ့သည်။

လော့ချောင်ဖုန်း သက်ပြင်းအသာ ချလိုက်သည်။ သူကျရှုံးခဲ့တာကို သူကိုယ်တိုင် သိ၏။

ထိုနှစ်တွင် သူပြန်လာပြီးနောက် ဤဓားသိုင်းပညာကို ဘိုးဘေးမှ လက်ဆင့်ကမ်းပေးခဲ့ကြောင်း သိခဲ့သည်။ ဓားသိုင်းကွက် စုစုပေါင်း ၂၁ကွက် သာ ရှိသော်လည်း ဘိုးဘေးများ၏ အဆိုအရ ဤဓားသိုင်းထဲတွင် စုစုပေါင်းဓားချက် ၂၇ ချက် ရှိသည်။

အကယ်၍ မျှော်စင်နယ်ပယ်ကို ကျွမ်းကျင်လျှင် သို့မဟုတ် သာလွန်သော သခင်ဖြစ်လာလျှင် ဤဓားသိုင်းပညာကို သင်ယူနိုင်ပြီ ဖြစ်သည်။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ယခင်မျိုးဆက်များရှိ ဂိုဏ်းချုပ်များ၏ အရည်အချင်းများ ကွဲပြားလာတာကြောင့် ယခုအခါ ဓားချက်က ၁၇ ခုသာ ကျန်ရှိတော့သည်။ ဘိုးဘေးကျစ်ဝေပင်လျှင် ဤဓားသိုင်း၏ အမည်ကို မသိခဲ့ပေ။ သူမအဆိုအရ နောင်တွင် ဤဓားသိုင်းကို ဘယ်သူမဆို ရယူနိုင်လိမ့်​မည် မဟုတ်ပေ။ သို့မဟုတ် ဓားသိုင်းကို ပြည့်စုံအောင် ဤလောက၌ အပြည့်အဝ အကောင်အထည် မဖော်နိုင်တော့ပေ။

ထို့ကြောင့် သူမသည် ဤဓားသိုင်းကို မစုံလင်သောဓားသိုင်းဟု အမည်ပေးခဲ့သည်။

မစုံလင်သောဓားသိုင်း၏ ဓားရွေ့လျားမှု တစ်ခုစီသည် နောက်တစ်ခုထက် ပိုမိုအားကောင်းသည်။ ဓားလှုပ်ရှားမှု ၂၇ လုံးကို မသင်ယူနိုင်လျှင်ပင် ပထမဓားလှုပ်ရှားမှု ၁၈ချက်ကို သင်ယူပြီး အတူတကွ လုပ်ဆောင်ပါက စွမ်းအားလည်း နှစ်ဆပိုမို အားကောင်းလိမ့်မည်။

ကံမကောင်းစွာနဲ့ပဲ ယခင်ဂိုဏ်းချုပ်များ မျိုးဆက်သစ်များ အတွက် ချန်ထားခဲ့သော ဓားလှုပ်ရှားမှုများက လက်ရှိအချက်တွေ အထိသာ ကျန်ရှိတော့သည်။

လော့ချောင်ဖုန်းသည် ယခင်က ဂိုဏ်းချုပ်ကြီးများနှင့် ဘိုးဘေးများပင် ဤဓားသိုင်းကို အဘယ်ကြောင့် စာဖြင့် မထိန်းသိမ်းနိုင်ခဲ့သလဲဟု တစ်ချိန်က တွေးမိခဲ့သည်။ ဒါပေမဲ့ သူစမ်းကြည့်ပြီးတဲ့ နောက်မှာတော့ ဒီဓားသိုင်းပညာဟာ စာရွက်ပေါ်မှာ လုံးဝ မချပြနိုင်ဘူးဆိုတာ တွေ့ရှိခဲ့ရသည်။

ဒါကို သင်ပေးချင်ရင် နောင်လာနောက်သားတွေကို သူတို့ဘာသာသူတို့ နားလည်လာအောင် သင်ပေးရမယ်။ နားလည်ပြီးမှသာ ထိန်းချုပ်နိုင်မယ်။ မဟုတ်ရင် ဓားကို ဘယ်လိုယမ်းရမလဲ ဆိုတာတောင် မှတ်မိနိုင်မှာ မဟုတ်ဘူး။

လော့ချောင်ဖုန်းရဲ့ မျက်နှာပေါ်ရှိ ဝမ်းနည်းမှုသည် လုံထန်းရှောက်၏ မျက်လုံးများထဲက မလွတ်ကင်းနိုင်ခဲ့ပေ။ သူက ဆိုးသွမ်းစွာ ရယ်မောလိုက်ပြီး သူ့လက်များ ရုတ်တရက် ပြောင်းလဲသွားကာ သူ့လက်နှစ်ဖက်သည် နဂါးခြေသည်းနှစ်ချောင်း ဖြစ်သွားသည်။

နဂါးလက်သည်းများ ဝှေ့ယမ်းလိုက်သော် နတ်နဂါးနှစ်ကောင်သည် နဂါးခြေသည်းများထဲမှ ပျံထွက်လာကာ လော့ချောင်ဖုန်းဆီသို့ ဟောက်လိုက်သည်။

တစ်ကောင်က တောက်ပပြီး နောက်တစ်ကောင်ကတော့ မည်းမှောင်လှသည်။ သာမန်မျက်စိဖြင့် တောက်ပနေသော နဂါးကြီးကိုသာ မြင်နိုင်ကာ တခြားတစ်ကောင်မှာ အလွန်လျှို့ဝှက် လွန်းလှသည်။ လုရွှမ်နဲ့ ထျန်းရှားတို့သာ နဂါးအသွေး မရှိထားပါက ယင်းကို သတိပြုမိမည် မဟုတ်ပေ။

"ဂိုဏ်းချုပ် သတိထား!! နတ်နဂါးနှစ်ကောင် တိုက်ခိုက်လာပြီ!"

လုရွှမ် လှမ်းအော်လိုက်သည်။

လော့ချောင်ဖုန်း ထိတ်လန့်သွားသည်။ ကောင်းကင်အောင်ခြင်း ဓားဟာ နတ်နဂါးနှစ်ကောင်ကို ခုတ်ထစ်ပစ်လိုက်တာကို သတိမထားမိလိုက်ဘူး။

သေချာပါတယ်။ အလွန်အန္တရာယ်များတဲ့ သူ့လက်မောင်း အောက်မှာ နတ်နဂါး အငွေ့အသက်တစ်ခု ပေါ်ထွက်လာ၏။ နည်းနည်းသာ နောက်ကျသွားရင် လော့ချောင်ဖုန်း ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မည်။

"ကောင်လေး... စစ်မှန်တဲ့ လူကြီးလူကောင်းတစ်ယောက်ရဲ့ အဓိပ္ပာယ် မင်း နားမလည်ဘူးလားကွ!"

လုံထန်းရှောက်က လှမ်းအော်သည်။ လော့ချောင်ဖုန်းကို တိုက်ရိုက် ဖြုတ်ချနိုင်တော့မယ် ဆိုပြီး သူ့စိတ်ထဲတွင် ကျေနပ်နေသော်လည်း လုရွှမ်ကြောင့် ပျက်စီးသွားခဲ့သည်။

လုရွှမ်ကလည်း။

"ဂိုဏ်းချုပ်လုံက ချီးကျူးနေပါပြီ... ကျွန်တော်တို့ ဂိုဏ်းချုပ်က မျှမျှတတ တိုက်ခိုက်ဖို့ ကြိုးစားပေမယ့် ခင်ဗျားကတော့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တယ်လေ... ရှက်စရာကောင်းလိုက်တာ... အစတုန်းက ခင်ဗျားမှာ အောက်ခြေ ရှိသေးတယ်လို့ ထင်ထားခဲ့တာ... အခု ကြည့်ရသလောက်ဆို ခင်ဗျားမှာ အောက်ခြေလိုင်း​​တောင် မရှိတော့ဘူး ထင်တယ်နော်"

"အတင့်ရဲလိုက်တာ!"

လုံထန်းရှောက် အော်လိုက်ပြီး သူ့ရဲ့ရောင်ဝါကလည်း ရုတ်တရက် ပြင်းထန်လာသည်။

“နတ်နဂါးပြောင်းစေ!”

အော်ပြီးသည်နှင့် သူ့ခန္ဓာကိုယ်က ရုတ်တရက် ပြောင်းလဲသွားပါ၏။ နောက်အခိုက်အတန့်မှာ နဂါးဟောက်သံ ထွက်​ပေါ်လာပြီး နတ်နဂါးတစ်ကောင် သူ့ခန္ဓာကိုယ်ထဲက ပြေးထွက်လာကာ သူ့ခန္ဓာကိုယ်သည် အလိုအလျောက် အရိပ်အဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွား​လေသည်။

နတ်နဂါးက သူ့မျက်လုံးများကို ဖွင့်​ကြည့်လိုက်သည်။ စူးရှသော အလင်းရောင်များ ပွင့်ထွက်လာကာ နဂါးအလင်းနဲ့အတူ ခြေသည်းတွေက လော့ချောင်ဖုန်းကို ဖမ်းလိုက်သည်။

လုံထန်းရှောက်ရဲ့ အသွင်ပြောင်းမှုကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။ သူ၏ရောင်ဝါသညိ ယခုအချိန်တွင် ယခင်ကထက်နှစ်ဆ ပိုပြင်းထန်နေပြီ။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံအရောင်ကို ကြည့်လျှင် အကာအကွယ်က အလွန်ခိုင်မာကြောင်း သိသာထင်ရှားလှသည်။

ရုပ်ခန္ဓာပဲဖြစ်ဖြစ်၊ စိတ်ဝိညာဉ်ပဲဖြစ်ဖြစ် လုံထန်းရှောက်ရဲ့ ခွန်အားဟာ သူ့အသွင်ပြောင်းပြီးနောက်မှာ ပိုအားကောင်းလာပါ၏။ လော့ချောင်ဖုန်း၏ အကြည့်တွေလည်း လေးနက်လာကာ ဓားရှည်စွမ်းအင်ကို ထုတ်ပစ်လိုက်သည်။

ဓားစွမ်းအင်က ကောင်းကင်ကို ရိုက်ခတ်ပြီး ဓားစွမ်းအင်အကွေ့တွေ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာ၏။ စွမ်းအင်တွေက ပတ်ပတ်လည်မှာ တောက်ပနေပြီး အာကာသပင် ကွဲထွက်လုမတတ် အနက်ရောင်လေတွေ ရိုက်ခတ်သွားသည်။

လေချွန်သံများကြားတွင် နဂါး၏ခြေသည်းများ ပေါက်ကွဲထွက်လာသည်။

"အသေးစား လှည့်ကွက်လေး!"

လုံထန်းရှောက်က မထီမဲ့မြင်ပြုကာ အော်လိုက်သည်။

သူ့လက်ဖဝါးကို စက်ဝိုင်းပုံစံလှည့်ကာ နောက်တစ်ကြိမ် ထပ်ရိုက်လိုက်သည်။ အားပြင်းသောလေက ပေါက်ကွဲထွက်သွား၏။ ခွန်အားအရဆိုလျှင် လော့ချောင်ဖုန်းထက် အာကာသ လေတိုက်ခတ်မှုထက် မသာလွန်ပေမယ့် အားလည်း မနည်းချေ။

နဂါးလက်သည်းများသည် ထက်မြက်သော်လည်း သူသည် ကောင်းကင်အောင်ခြင်း ဓားကိုတော့ တိုက်ရိုက် မထိဝံ့သေးပေ။

သို့သော် နဂါးခြေသည်းများ တစ်ခုပြီးတစ်ခု ပျံထွက်သွားသည်။ ၎င်းတို့သည် အစပိုင်းတွင် မှော်ဆန်နေသေးသော်လည်း လေထဲက ဝိညာဉ်စွမ်းအင်များဖြင့် လျင်မြန်စွာ ပေါင်းစပ်ကာ ၎င်းတို့၏ အသွင်အပြင်သည် သိသိသာသာ ပေါ်ထွက်လာရင်း ကောင်းကင်အောင်ခြင်း ဓားကို ထိမှန်သွားကြသည်။

ဝုန်း!

ရာနှင့်ချီသော နဂါးခြေသည်းများ အဆက်မပြတ် ပေါ်ထွက်လာပြီး လော့ချောင်ဖုန်းရဲ့ ဓားကို လုံးလုံးလျားလျား ပိတ်ဆို့ပစ်လိုက်ကြသည်။

"လော့ချောင်ဖုန်း မင်းရှုံးတာကို ဝန်မခံသေးဘူးလား... မင်းက ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူးကွ ထွက်သွား!"

လုံထန်းရှောက် ကျယ်လောင်စွာ ရယ်မောကာ အော်ဟစ်လိုက်သည်။

လော့ချောင်ဖုန်းရဲ့ ကောင်းကင်အောင်ခြင်း ဓားကို ကိုင်ထားတဲ့ သွေးကြောတွေက သူ့လက်ဖဝါးထဲမှာ ပေါက်ထွက်ပြီး ရှေ့ကို ထပ်ပြီး တိုက်ခိုက်တော့မည်။

သို့သော် ကျန့်ဝူဝေါ်က သူ့ကို ရပ်ခိုင်းလိုက်သည်။ တကယ်တော့ လော့ချောင်ဖုန်းက လုံထန်းရှောက်နဲ့ မယှဉ်နိုင်ပါဘူး။ ဒီထက်ပိုပြီး တိုက်ခိုက်နေရင် ကိုယ့်အရှက်ကို ခွဲမိလိမ့်မည်။

"ဟုတ်တယ် ဂိုဏ်းချုပ်လော့... ရှင် လက်လျှော့သင့်ပြီ... ရှင်ကလက်နက် သန့်စင်ရေးမှာ ဆရာကြီးမှန်း လူတိုင်းသိတယ်။ ဓားသွားတိုက်ရာမှာ တခြားသူတွေနဲ့ မယှဉ်နိုင်တာ ရှက်စရာမဟုတ်ဘူး"

ဖုန့်ချောင်မင်က ဝင်ပြောပါ၏။

"အော်မီတော်ဖော်...ဂိုဏ်းချုပ် လုံထန်းရှောက်က ဒီတိုက်ပွဲကို နိုင်သွားပါပြီ"

ဆရာတော်ထန်ယီးက ပြောလေ၏။

လုံထန်းရှောက်သည် နတ်နဂါး တစ်ကောင်လိုပင် ရှိ​နေသေးသည်။ သူ၏ နဂါးလက်သည်းများက လုရွှမ်နှင့် ထျန်းရှားကို လှမ်းဆွဲလိုက်သည်။

"ဒီကိုလာစမ်း!"

သူက ထျန်းရှားကို ဖမ်းဆုပ် ချင်နေပုံရသော်လည်း ထက်ရှသော နဂါးလက်သည်းများက ဒေါသဖြင့် ဖုံးလွှမ်းနေလေရာ လုရွှမ်ဆီကိုပါ လွှမ်းမိုးလာ၏။ ဖမ်းမိသွားလျှင် မသေရင်တောင် ပြင်းထန်စွာ ဒဏ်ရာရသွားလိမ့်မည်။

လုရွှမ် ထျန်းရှားကို သူ့နောက်မှာ ဆွဲဖွက်ထားလိုက်ပေမယ့် လူတိုင်းရဲ့ မျက်လုံးထဲမှာတော့ ထျန်းရှားက ပိုသန်မာလေသည်။

လုရွှမ် သူ့လက်မောင်းမှ သွေးတစ်စက်ကို ထုတ်ယူလိုက်သည်။ သွေးထွက်လာသည်နှင့် တပြိုင်နက် ကောင်းကင်မှ နေရောင်သည်ပင် ရုတ်တရက် အရောင်ပျက်သွားသည်။ ဂိုဏ်းချုပ်ရှစ်ဦး၏ မျက်လုံးများသည် သွေးတစ်စက်ပေါ်မှာ မြဲမြံစွာ ကျရောက်နေ၏။

သွေးသည် မီးလုံးကဲ့သို့ ပွက်ပွက်ဆူနေပြီး မီးလုံးထဲတွင် ဖီးနစ်ငှက်တစ်ကောင်က ပျံဝဲနေ​လေသည်။ ကြွယ်ဝပြီး အစွမ်းထက်သော ရောင်ဝါကို ဖြန့်ကျက်ထားကာ ၎င်းဟာ လုရွှမ် တစ်ချိန်က ရရှိခဲ့သော ဖီးနစ်သားရဲ၏ အနှစ်သာရ သွေးပဲ ဖြစ်​ပေသည်။

"အသန့်စင်ဆုံး ဖီးနစ်သွေးပဲ!"

ဖုန့်ချောင်မင်က အော်ဟစ်ပြီး တွေးတောမနေဘဲ လှမ်း၍ ဆုပ်ကိုင်လိုက်သည်။

သူမလက်ဖဝါးဖြင့် ဆုပ်ကိုင်လိုက်သည့် အခိုက်တွင် သွေးထဲမှ မီးတောက်တစ်ခု ရုတ်တရက် ထ​တောက်လာခဲ့သည်။ ကြွယ်ဝသော ခရမ်းရောင် မီး​တောက်သည် ဖုန့်ချောင်မင် သူမ လက်ဖဝါးကို အမြန် ပြန်ဆုတ်လိုက်ရသည်။

"ဖီးနစ်နတ်မီး?"

ဖီးနစ်အသိုက်၏ ဂိုဏ်းချုပ်အဖြစ် ဖုန့်ချောင်မင်သည် ဖီးနစ်၏ အရာများနှင့်ပတ်သက်၍ ကြည့်လျှင် သဘာဝအတိုင်း အမှားအယွင်း မရှိပေ။ ဤသွေးတစ်စက်သည် ဖီးနစ်၏ အနှစ်သာရသွေးဖြစ်ပြီး မီးတောက်ကလည်း ဖီးနစ်နတ်မီး ဆိုတာ လုံးဝ သေချာသည်။

လူတိုင်းသည် လုရွှမ်ကို တပ်မက်ခြင်းမှ ငြူစူခြင်းအထိ အမျိုးစုံသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

လုရွှမ်သည် လျင်မြန်စွာ ကျုံ့နေသော နဂါးခြေသည်းများကို စိုက်ကြည့်ကာ ရယ်မောလိုက်ပြီး လုံထန်းရှောက်နဲ့ ဖုန့်ချောင်မင်တို့ဘက် လှည့်ပြောလိုက်သည်။

"ခင်ဗျားတို့နှစ်ယောက် ထျန်းရှားကို ဖမ်းချင်သေးလား?"

"လုရွှမ် မင်းဘာကိုဆိုလိုတာလဲ?"

လုံထန်းရှောက် အော်လိုက်သည်။

"မင်းငါ့ကို အဲဒီသွေးအနှစ်သာရ တစ်စက်ကို ပေးရင် ငါတို့ ဖီးနစ်အသိုက်က မင်းကို လွှတ်​ပေးမယ်"

လုရွှမ်သည် ခဏတာမျှ အံ့အားသင့်စွာ ငြိမ်သက်သွားပြီးနောက် ထိန်းမနိုင်သိမ်းမရ ရယ်မောချလိုက်သည်။

"ဂိုဏ်းချုပ်လုံ... ကျွန်တော် မှားသွားပြီ ခင်ဗျားတစ်ယောက်တည်း အရှက်မဲ့တာ မဟုတ်ဘူး... ခင်ဗျားထက် အရှက်မဲ့တဲ့လူလည်း ရှိသေးတာပဲ!"

All Chapters