ဂိုဏ်းမှနှုတ်ထွက်ခြင်း
Vol. 81 Ch. 4.726
ဖုန့်ချောင်မင်သည် သူမမျက်နှာပေါ်တွင် အနည်းငယ် ရှက်ရွံ့သော အကြည့်တချို့ ရှိသော်လည်း လျင်မြန်စွာ ကွယ်ပျောက်သွားသည်။
"ကောင်းပြီ မင်းဘာလိုချင်လို့လဲ"
"ကျွန်တော် လိုချင်တာကို ခင်ဗျားတို့ မပေးနိုင်ဘူး"
ဖုန့်ချောင်မင်သည် ရောင်ဝါအပြည့် ထုတ်လွှတ်လိုက်ပြီး။
"အငယ်တန်းလေး... မင်းက ငါတို့ရဲ့ အဓိကဂိုဏ်းကြီးရှစ်ခုထဲက တပည့်ဖြစ်နေလို့ မင်းကိုငါ မဖျက်ဆီးတာ... ဟမ့် မင်း အရင်နားလည်ထားရမှာက ဂိုဏ်းအားလုံးရဲ့ရှေ့မှာ မင်းက ပင်လယ်သားရဲတွေနဲ့ သူငယ်ချင်း လုပ်ရဲတယ်ပေါ့လေ... ဒီတစ်ချက်တည်းနဲ့ မင်းက လူသားမျိုးနွယ်ရဲ့ တားမြစ်ချက်ကို ချိုးဖောက်ပြီးပြီ... မင်းလိုလူတွေက အဓိက ဂိုဏ်းကြီးရှစ်ခုမှာ နေဖို့ မထိုက်တန်တော့ဘူး!"
"ဂိုဏ်းချုပ်ရှဲ့ လူသားမျိုးနွယ်ရဲ့ တရားမျှတမှုကို နားမလည်တဲ့ သစ္စာဖောက်ဆိုတာ ကျွန်မတို့ရဲ့ အဓိကဂိုဏ်းကြီး ရှစ်ခုမှာနေဖို့ ထိုက်တန်တဲ့သူလို့ ထင်ရဲ့လား? ဖီးနစ်သိုက်မှာရှိတဲ့ ကျွန်မတပည့်တစ်သိန်းထဲက တစ်ယောက်တောင်မှ ဒီအချက်ကို လက်ခံမှာ မဟုတ်ဘူး"
"ဟုတ်တယ် ငါတို့ရဲ့ နဂါးရေငွေ့တောင်လည်း အဲ့လိုပဲ... ဒီလိုလူတွေကို ငါတို့ရဲ့ အဓိကဂိုဏ်းကြီး ရှစ်ခုမှာ ဆက်နေခွင့်ပေးလိုက်တာက ငါတို့လူသားမျိုးနွယ်ကို စော်ကားလိုက်တာပဲ.. ဂိုဏ်းချုပ် ရှုံထျန်းပါ့ မင်းရော ဘယ်လိုထင်လဲ?"
ရှုံထျန်းပါ့က လှောင်ပြောင် ရယ်မောရင်း။
"ဂိုဏ်းချုပ် နှစ်ယောက်ပြောတာ မှန်တယ်လို့ ထင်ပါတယ်... ဒီလိုကောင်လေးက မိန်းမတစ်ယောက်အတွက် ဂိုဏ်းခွဲရှစ်ခုကိုတောင် သတ်ပစ်လိမ့်မယ်... ဟေး ဒီကောင်လေးကို ငါအရမ်းကို အကောင်းမြင်ခဲ့တာ ဒါပေမဲ့ အလှတရားက ဘေးဥပဒ်ဖြစ်စေတာတော့ သနားစရာပဲ... ဟူး!"
လုရွှမ်နှင့် ထျန်းရှားထံမှ အရင်းအမြစ်များကို သူတို့လက်ထဲသို့ ဘယ်လို ရယူရမလဲ စိတ်လှုပ်ရှားနေကြသော ဂိုဏ်းချုပ်ပေါင်းများစွာက အသံထုတ်လွှင့်မှုများအား အပြန်ပြန် အလှန်လှန် ဖြတ်သန်းနေကြသည်။
"မင်းတို့ အရမ်း လွန်းနေပြီ... ငါတို့ ကောင်းကင်အောင်ခြင်း ဂိုဏ်းကို အလေးအနက် ထားသေးရဲ့လား"
လော့ချောင်ဖုန်းက အော်ပြောလိုက်သည်။ ဒီလူတွေရဲ့ အပြုအမူတွေကို သူ ဘယ်လိုမှ သည်းမခံနိုင်တော့ဘဲ သူ့စိတ်ထဲ အရမ်းဒေါသ ထွက်လာခဲ့၏။
"မင်းတို့လိုလူတွေနဲ့ ပေါင်းသင်းရတာ ရှက်စရာကောင်းလိုက်တာ!"
ကျန့်ဝူဝေါ်ကလည်း ဝင်အော်သည်။ သူသည် ဓားရေးပညာကို အဓိက သင်ယူခဲ့တာကြောင့် သူ့ဓားစွမ်းအင်သည် လေးနက်ပြီး ဓားနှလုံးသားသည်လည်း ကြည်လင် ပြတ်သားသည်။ ယခုလိုပရိယာယ်များနှင့် ပူးပေါင်း ကြံစည်မှုများကို အလွန်တရာ မုန်းတီးလေသည်။
လုရွှမ် သူ့ရင်ထဲမှ တုန်လှုပ်သွား၏။ ဒီလူတွေရဲ့ အကျည်းတန်တဲ့ မျက်နှာတွေကို မြင်ချင်တာကြောင့် သူ့မှာ အရန်နည်းလမ်းတစ်ခု ထားရှိခဲ့ပါသည်။ သို့သော် သူ့ဂိုဏ်းချုပ်သည် ထုံးစံအတိုင်း သူ့ဘေးနားတွင် ရပ်နေခဲ့သည်။
"ဒါလို ပြောချင်ရင် ကောင်းပြီလေ... မဟာမိတ်ဖွဲ့ဖို့ ပြဿနာမရှိဘူးလို့ ထင်ပါတယ် ငါတို့ ကောင်းကင်အောင်ခြင်း ဂိုဏ်းက ဒီအဖွဲ့ထဲက နှုတ်ထွက်မယ်!"
လော့ချောင်ဖုန်းက ဟစ်အော်လိုက်သည်။
ဤစကားများ ထွက်လာသည်နှင့် တပြိုင်နက် လူတိုင်းက ထိတ်လန့်သွားပြီး လော့ချောင်ဖုန်းကို တအံ့တသြ ကြည့်နေကြသည်။ လော့ချောင်ဖုန်း သူ့အတွက် ဒီလိုလုပ်ပေးမယ်လို့ လုရွှမ်တောင် မတွေးထားပါဘူး။
ကျန့်ဝူဝေါ်လည်း လော့ချောင်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်သည်။
"ချောင်ဖုန်း... ရိုးရိုးသားသား ပြောရရင် မင်းဒီလို ပြတ်ပြတ်သားသား လုပ်တာမျိုးက တွေးရခဲတယ် ဒါပေမဲ့ အခုမင်းက တကယ့် ပြတ်ပြတ်သားသား အဆုံးအဖြတ် ပေးနိုင်တဲ့သူဆိုတာ ငါရှာတွေ့သွားပြီ... ဟုတ်တယ် တပည့်တွေကိုတောင် မကာကွယ်နိုင်ရင် ဘာကိစ္စ ဂိုဏ်းချုပ် လုပ်နေမှာလဲ? ဘာလို့ မဟာမိတ်ဖွဲ့ရမှာလဲ? ဂိုဏ်းချုပ်ဆိုတာ ဂိုဏ်းကို ကာကွယ်ဖို့ ဆရာဆိုတာ တခြားသူတွေ ကိုယ့်တပည့်ကို အနိုင်ကျင့်နေတာတွေကို ရပ်ကြည့်နေဖို့ မဟုတ်ဘူး... အစ်ကိုချောင် ငါအဖော်လိုက်ခဲ့မယ်!"
ရှဲ့ယွင်ထျန်းမှာ အစောတုန်းက နှုတ်ဆိတ်နေခဲ့သော်လည်း ယခုအခါ သူ မထိုင်နိုင်တော့ပေ။
"ဂိုဏ်းချုပ်လော့နဲ့ ဂိုဏ်းချုပ်ကျန့်တို့ စိတ်မတိုကြပါနဲ့... အခုအခြေအနေက စိုးရိမ်စရာ အခြေအနေပါ မင်းတို့ထွက်သွားရင် ငါတို့ကျွန်းငယ်လေးကပါ ထွက်ခွာခိုင်းရလိမ့်မယ်။ ပြီးတော့ ဂိုဏ်းချုပ်နှစ်ယောက် ထွက်သွားရင် ဘယ်ကိုသွားမှာလဲ? ဂိုဏ်းအောက်က တပည့်တစ်သိန်းကိုရော ဘယ်လိုလုပ်မှာလဲ?"
"အော်မီတော်ဖော်... ဂိုဏ်းချုပ်နှစ်ပါး ကျေးဇူးပြုပြီး သတိထားကြပါဦး!"
ဆရာတော်ထန်ယီးလည်း အရှက်အကြောက်ကြီးတဲ့ မျက်နှာနဲ့ ဝင်ဆိုလိုက်လေသည်။ ဂိုဏ်းဆရာကြီး နှစ်ပါးသည် ထိုအရာအား ကောင်းစွာမြင်နိုင်သော်လည်း ဘုန်းကြီးတစ်ပါး အနေဖြင့် ယခုအခြေအနေတွင် အမှန်တကယ် ပါဝင်ပတ်သက်နေရ၍ ရှက်လည်းရှက်ရပါ၏၊
လုံထန်းရှောက် ရုတ်တရက် ရယ်မောပြီး။
"ဂိုဏ်းချုပ်ရှဲ့ယွင်... သူတို့ မဟာမိတ်အဖွဲ့ထဲကနေ နှုတ်ထွက်ချင်ရင် နုတ်ထွက်ခွင့် ပေးလိုက်ပါ... သူတို့ထွက်သွားပြီးရင် ကောင်းကင်အောင်ခြင်း ဂိုဏ်းက ဘယ်သွားနိုင်မလဲ ဆိုတာ ကြည့်ချင်ပါသေးရဲ့"
"မင်းထွက်သွားပြီး တစ်လလောက် ကြာတာနဲ့ မင်းရဲ့ ကောင်းကင်အောင်ခြင်း ဂိုဏ်းက ပျောက်ကွယ်သွားမှာ သေချာတယ်... ဂိုဏ်းချုပ်လော့... မင်းငါနဲ့ ဒီလို လောင်းကြေးထပ်ဖို့ သတ္တိရှိရဲ့လား?"
ရှုံထျန်းပါ့က ပြုံးပြုံးလေးနဲ့ ဆက်ပြောလေသည်။
"ဒါပေါ့ သူ မလုပ်ရဲပါဘူး... သူက အလျှော့အတင်း လုပ်နေတာ ဒီကောင်လေး လုရွှမ်က အနာဂတ်ဂိုဏ်းချုပ် ဖြစ်ဖို့ အရည်အချင်း ရှိပေမယ့် သူကတော့ တပည့်တစ်ရာလောက်ကို စွန့်လွှတ်ပစ်လိုက်တယ်... သူ့အတွက် တပည့်တွေ ဟားဟား... ကောင်းကင်အောင်ခြင်း ဂိုဏ်းက အခုချက်ချင်း ပြိုကွဲသွားမှာ ကြောက်ရတယ်"
ဟွားဝူချင်းလည်း သက်ပြင်းချပြီး "ဂိုဏ်းချုပ် နှစ်ယောက် ကျေးဇူးပြုပြီး စိတ်မတိုကြပါနဲ့"
"ခင်ဗျားတို့ရဲ့ ချစ်ခြင်းမေတ္တာအတွက် ဂိုဏ်းချုပ်ကြီးနဲ့ အကြီးအကဲကျန့်ကို ကျေးဇူးတင်ပါတယ်... လွန်ခဲ့တဲ့ အနှစ်ငါးဆယ်ကျော်က ကောင်းကင်အောင်ခြင်း ဂိုဏ်းထဲကို ဝင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်... အခု ဂိုဏ်းကို ကျွန်တော့်ကြောင့် မတရားမှုတွေ မကျရောက်စေချင်ဘူး... ဒါကကျွန်တော် မဖြစ်ချင်ဆုံးအရာပဲ... ဒီကိစ္စမှာ ကျွန်တော် ကောင်းကင်အောင်ခြင်း ဂိုဏ်းကနေ ထွက်သွားမှာပါ"
ဂိုဏ်းချုပ်များသည် တစ်ဖန် ဘေးတိုက်ကြည့်ကာ လုရွှမ်အား မယုံနိုင်သော အမူအရာများဖြင့် ကြည့်နေကြသည်။
ဒီကလေးက လူမိုက်လား ငတုံးလား? သူ အခုထိ အသက်ရှင်နေသေးရတဲ့ အကြောင်းရင်းက လော့ချောင်ဖုန်းနဲ့ ကျန့်ဝူဝေါ်တို့ရဲ့ အပြည့်အဝ ကာကွယ်မှုကြောင့် ဆိုတာ မသိဘူးလား။
ကောင်းကင်အောင်ခြင်းဂိုဏ်းက တပည့်တစ်ဦး ဆိုတဲ့ နောက်ခံအထောက်အထား မရှိဘဲ သူ့ကို ကောင်းကင်ဘုံသခင်က ကျင့်ကြံသူ တစ်ယောက်ပါဆိုပြီး ဘယ်သူက မျက်စိထဲ ထည့်မှာလဲ။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ရတနာများစွာကို ဖော်ပြထားခြင်း မရှိ၊ တခြားဘယ်အရာကိုမှ မပြောဘဲ အမဲလိုက်ရာသီတွင် လုရွှမ်သည် နံပါတ်တစ်နေရာရခဲ့ပြီး ကောင်းကင်နှင့်မြေကြီး၏ ဘဏ္ဍာများ ဘယ်လောက်များလဲ လူတွေကို သိစေခဲ့သည်။
ဒါတွေကို ဂိုဏ်းအားလုံးက ရှင်းရှင်းလင်းလင်း မှတ်မိနေတယ်လေ။ အခု သူ ဂိုဏ်းကနေ ထွက်သွားဖို့ သတ္တိရှိတယ်တဲ့လား။
လော့ချောင်ဖုန်း ထိတ်လန့်သွားပြီး “ငါ ခွင့်မပြုဘူး” ဟု ကျယ်လောင်စွာ အော်လိုက်သည်။
ကျန့်ဝူဝေါ်ကလည်း "လူလေး ဒေါသမထွက်နဲ့ မင်းဂိုဏ်းကို မနှိမ့်ချချင်ဘူး ဆိုတာ မင်းရဲ့ ကောင်းတဲ့ ရည်ရွယ်ချက်ပဲ... ဒါပေမဲ့ မင်းအသက်ကို ဆုံးရှုံးရလိမ့်မယ်"
လုရွှမ် ခေါင်းခါလိုက်ပြီး "ဂိုဏ်းချုပ် နှစ်ယောက်... ကျွန်တော် ဂိုဏ်းက ထွက်သွားတာက အကောင်းဆုံး ရွေးချယ်မှုပဲလို့ ကျွန်တော် ရှင်းရှင်းလင်းလင်း တွေးထားပြီးသားပါ... ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာတော့ ကောင်းကင်အောင်ခြင်း ဂိုဏ်းက အမြဲတမ်း ကျွန်တော့်ရဲ့ အိမ်ဖြစ်ပြီး အကြီးအကဲကျန့်ကလည်း ကျွန်တော် အမြဲတမ်း လေးစားရတဲ့လူ ဖြစ်နေဦးမှာပါ"
လုရွှမ် သူတို့နှစ်ယောက်ကို ဦးညွှတ် ဂါဝရပြုပြီး ထျန်းရှားရဲ့လက်ကို သူ့လက်ဖဝါးနဲ့ တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။
တစ်ချိန်တည်းမှာပင် ထျန်းရှား၏ မျက်နှာသည် နီမြန်းလာပြီး စိတ်လှုပ်ရှားကာ ထိတ်လည်း ထိတ်လန့်သွားသည်။ လုရွှမ် သူမကို ကာကွယ်ရန်အတွက် ဂိုဏ်းမှ ထွက်ခွာလိမ့်မည်ဟု သူမဘယ်တုန်းကမှ မမျှော်လင့်ထားပေ။
"ဟမ့် ကြည့်လိုက်... အဲဒါ ပင်လယ်နတ်ဆိုးစုန်းပဲ ကောင်လေး မင်း အခုရောက်နေတဲ့ နေရာကို ခေါ်ဆောင်လာသူပဲ ဒါပေမဲ့ သူက မင်းအတွက် နှစ်သိမ့်စကားတောင် ဝင်မပြောခဲ့ဘူး... ငါသာ သူမနေရာမှာဆို ကိုယ့်ကိုကိုယ် သတ်သေလိုက်ပြီ!"
ဖုန့်ချောင်မင်က သူ့မျက်နှာမှာ မထီမဲ့မြင်ပြုတဲ့ အကြည့်နဲ့ အော်လိုက်သည်။
လုရွှမ်က "သေရမှာလား? ကျွန်တော် အစိတ်စိတ် အမြွှာမြွှာ ဆွဲဖြဲခံရပြီး အပိုင်းပိုင်း ဖြတ်ခံထားရင်တောင် ခင်ဗျားဆီမှာ ဘယ်တော့မှ နှိမ့်ချမှာ မဟုတ်ဘူး... ဘာတွေ လာနောက်နေတာလဲ?"
ထျန်းရှား အကျယ်ကြီး ရယ်မောလိုက်သည်။
"ကောင်လေး... မင်းကသေမင်းကို ရှာနေတာပဲ... ဟမ့် အခု မင်းမှာ ဂိုဏ်းမရှိတော့ဘူး... ဘယ်သူက မင်းကို ကာကွယ်ဖို့ အရည်အချင်း ပြည့်မီလဲဆိုတာ ငါတွေ့ချင်ပါသေးတယ်"
ဖုန့်ချောင်မင်က ဆိုရင်း လုံထန်းရှောက်နဲ့ ရှုံထျန်းပါ့ကို တစ်ချက် ကြည့်လိုက်သည်။ နှစ်ယောက်သားက ရယ်မောကာ ကျန့်ဝူဝေါ်နဲ့ လော့ချောင်ဖုန်းတို့ကို ပိတ်ဆို့လိုက်သည်။
ရှဲ့ယွင်ထျန်း၊ ဆရာတော်ထန်ယီးနဲ့ ဟွားဝူချင်းတို့က မျက်လုံးများကို မှိတ်ထားကြသည်။ မမြင်ချင်သလို မခံစားနိုင်ပေ။
လုရွှမ်ကတော့ ထျန်းရှားရဲ့လက်ကိုဆွဲပြီး ပြုံးပြနေတုန်းပင်။
"ခင်ဗျားတို့က ကျွန်တော်တို့ကို ဖမ်းနိုင်မယ် ထင်လား? မျှော်စင်နယ်ပယ် ဆိုတော့ရော ဘာဖြစ်လဲ? ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးမနေနဲ့... ထျန်းရှား ငါတို့သွားမယ်!"
နှစ်ယောက်သား ဆင်းပြီး ပင်လယ်ဆီသို့ ပြေးထွက်သွားကြသည်။
"ထွက်ပြေးချင်တယ်ပေါ့... အရမ်းနောက်ကျသွားပြီ!"
ဖုန့်ချောင်မင်က အော်လိုက်ပြီး သူမလက်ဖဝါးကို ဆန့်ထုတ်လိုက်ရာ မီးလုံးလေးများက တဝဲလည်လည်နဲ့ လုရွှမ်တို့နှစ်ယောက်ကို ဖမ်းဆုပ်လိုက်ပေသည်။
ထိုမှသာ သူတို့နှစ်ဦး၏ အရှိန်သည် အလွန်မြန်ကြောင်း လူတိုင်း သိလိုက်ကြသည်။