ပိတ်ထားခြင်း
Vol. 81 Ch. 4.727
"သူတို့ဘယ်လိုလုပ် ဒီလောက် မြန်နေတာလဲ?"
ရှုံထျန်းပါ့ တခြားသူတွေကို ကြည့်ရင်း မေးလိုက်၏။ လုံထန်းရှောက်လည်း ထပ်တူထပ်မျှ အံ့သြသွားခဲ့သည်။ ဒါက ထျန်းရှားရဲ့ အစွမ်းအစပဲ ဖြစ်မည်ဟု တွေးလိုက်သည်။ နောက်ဆုံးတော့ သူမဟာ နတ်မီးနယ်ပယ်ကို ရောက်နေပြီလေ။
ဒါပေမဲ့ လုရွှမ်ဟာ ကောင်းကင်ဘုံသခင် နယ်ပယ်ထဲက ကောင်လေးတစ်ယောက် ဖြစ်ပြီး တကယ်တော့ သူအရမ်းမြန်နေတာက စဥ်းစားစရာပင်။
"ဒါက သူတို့ခန္ဓာကိုယ်မှာ လျှို့ဝှက်ရတနာတွေ အများကြီး ရှိတာကို ပြနေတာပဲ"
ဖုန့်ချောင်မင်က အော်လိုက်ပြီး လုရွှမ်တို့နောက်ကို အသည်းအသန် ပြေးလိုက်သွားခဲ့သည်။ လုံထန်းရှောက်နဲ့ ရှုံထျန်းပါ့တို့ နှစ်ယောက်လုံး အံ့အားသင့်သွားပြီးနောက် ၎င်းတို့နောက်မှ အမြန် လိုက်သွားကြသည်။
"ချောင်ဖုန်း ငါတို့လည်း လိုက်သွားကြရအောင်!"
ကျန့်ဝူဝေါ် အော်လိုက်သည်။ ထို့နောက် နှစ်ယောက်သား နောက်သို့ အမြန် လိုက်သွားကြသည်။
လူသုံးယောက်ပဲ ကျန်တော့မှ ဆရာတော်ထန်ယီးက သက်ပြင်းချပြီး
"မှားကုန်ပြီ မှားကုန်ပြီ... အားလုံး လိုက်ကြည့်သင့်ပြီနော်"
ရှဲ့ယွင်ထျန်း နှင့် ဟွားဝူချင်းတို့လည်း ခေါင်းညိတ်လိုက်ပြီး ဂိုဏ်းခေါင်းဆောင် ရှစ်ယောက်စလုံး လုရွှမ်တို့နောက်မှ လိုက်လာခဲ့ကြသည်။
တောင်တန်းပေါ်မှ မရောက်မီ အာရုံစိုက်နေကြသူများမှာ နောက်ဆုံးတော့ သက်ပြင်းချနိုင်လိုက့ကြသည်။ အစောတုန်းက လေထုဟာ ကြောက်စရာကောင်းလွန်းပြီး ဖြစ်ပျက်ခဲ့သမျှကို သူတို့မှာ အံ့ဩနေရပြီ။
မိန်းမဖြစ်ဖြစ် ဘာဖြစ်ဖြစ် ပင်လယ်သားရဲအတွက် ဂိုဏ်းချုပ်တွေနဲ့ ရန်သူဖြစ်အောင် လုပ်ရဲတဲ့လူဆိုတာ တကယ်တော့ အတော်လေး ရှားပေသည်။
ဂိုဏ်းချုပ်တစ်ဦးသည် တပည့်တစ်ဦးကို ကာကွယ်ရန်အတွက် မဟာမိတ်ဂိုဏ်းထဲမှ ထွက်ခွာရန် မတွန့်ဆုတ်ခဲ့သလို ထိုလူအတွက် ပင်လယ်သားရဲကိုလည်း ရန်သူအဖြစ် မသတ်မှတ်ခဲ့ပေ။
လုရွှမ်သည် ဂိုဏ်းနှင့် မပတ်သက်စေရန်ပင် ဂိုဏ်းမှ နုတ်ထွက်ရန် ရွေးချယ်ခဲ့သည်။
အတိတ်က သင်ခန်းစာတွေကို ဘယ်သူကမှ လိုက်မမီဝံ့ပေမယ့် ရှေ့က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကိုတော့ တစ်ယောက်ပြီး တစ်ယောက် ပြောပြကြရာ မြန်မြန်ဆန်ဆန်ပဲ ပျံ့နှံ့သွားတော့သည်။
ကျွန်းက အရမ်းကြီးပေမယ့် နတ်မီးနယ်ပယ်နဲ့ မျှော်စင်နယ်ပယ်က ကျင့်ကြံသူတွေ အတွက်ကတော့ သိပ်မကြီးပါဘူး။
လုရွှမ်နဲ့ ထျန်းရှားတို့မှာ အလွန် လျင်မြန်သည်။ ဂိုဏ်းချုပ်တွေမှာ သူတို့ကို လျှော့တွက်မိသွားလေပြီ။ သူတို့နှစ်ယောက်ကို ဖမ်းဖို့လိုက်သွားတဲ့အခါ သူတို့နှစ်ယောက်မှာ အဝေးကို ပြေးသွားပြီ။
သို့သော် သူတို့သည် မျှော်စင်နယ်ပယ်၏ သခင်ဖြစ်သဖြင့် အချိန်အတော် ကြာပြီးနောက် ဖမ်းမိသွားခဲ့သည်။ သူတို့သည် ကျွန်းမှထွက်၍ ပင်လယ်ထဲသို့ ရောက်လာခဲ့ကြ၏။
လုရွှမ်နဲ့ ထျန်းရှားကို ဂိုဏ်းချုပ်တွေက ဖမ်းမိသွားတယ်လို့ ပြောမယ့်အစား လူတချို့က ပိတ်ဆို့ထားတာလို့ ပြောရမည်။
ဤလူများသည် လှောင်အိမ်မှ လွတ်မြောက်လာသူများမှလွဲ၍ အများစုမှာ မျှော်စင်နယ်ပယ်တွင် ရှိပြီး ကျင့်ကြံမှု အဆင့်နိမ့်သူများသည်ပင် နတ်မီးနယ်ပယ် အထွတ်အထိပ်ကာလသို့ ရောက်နေကြလေပြီ။
သူတို့ပတ်ဝန်းကျင်မှာ ပင်လယ်သားရဲတွေ အများကြီးလည်း ရှိနေသည်။ တချို့က ဒီလူတွေကို ကြောက်ပေမယ့် သူတို့နောက်ကနေ လိုက်လာနေကြတုန်းပါပဲ။
"ဟေး အဲဒါ ထျန်းရှားပဲ!"
ပင်လယ်သားရဲ တစ်ကောင်က ထျန်းရှားရဲ့ အသွင်အပြင်ကို ချက်ချင်း မှတ်မိသည်။ ထျန်းရှားသည် ပင်လယ်ဧရိယာ တစ်ခုလုံးတွင် နာမည်ကြီးသောကြောင့် သဘာဝအတိုင်း သူမကို မှတ်မိနိုင်သော ပင်လယ်သားရဲများ ရှိသည်။
သို့သော် လက်ရှိအခြေအနေတွင် သဘာဝအတိုင်း ဘယ်သူမှ သို့မဟုတ် ပင်လယ်သားရဲ တစ်ကောင်မှ သူမကို အသိအမှတ် ပြုဝံ့မည် မဟုတ်ပေ။
စက်ဝိုင်းတစ်ခုလိုမျိုး လုရွှမ်နဲ့ ထျန်းရှားတို့ဟာ ရှေ့မှာ အကျဉ်းသားတွေ ပိတ်နေကာ သူတို့နောက်မှာတော့ ဂိုဏ်းခေါင်းဆောင် ရှစ်ယောက်တို့က ဝိုင်းနေကြသည်။
အကျဉ်းသားများ ပိုများလာသော်လည်း ၎င်းတို့သည် နှစ်ပေါင်းများစွာ အကျဉ်းချခံခဲ့ရတာကြောင့် သူတို့ရဲ့ ကျင့်ကြံမှုတွေက အထွတ်အထိပ်သို့ ပြန်မရောက်သေးပေ။ တိုက်ခိုက်မှုအတွင်း အဓိကဂိုဏ်းကြီး ရှစ်ခုကို လုံးလုံးလျားလျား နှိမ်နင်းခဲ့ရာ အဓိကဂိုဏ်းကြီးရှစ်ခုလည်း ခုခံရန် ခဲယဉ်းခဲ့သည်။
နှစ်ဖက်စလုံးက အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက်စလုံးက တစ်ဖက်နဲ့ အင်အားအပေါ် နားလည်မှု အခိုင်အမာ ရှိလာကြသည်။ အခုချိန်မှာတော့ အချင်းချင်း မျက်နှာချင်း ဆိုင်နေကြပြီး ဘယ်သူကမှ ဦးဆောင်၍ မတိုက်ခိုက်သေးချေ။
ထျန်းရှားနှင့် လုရွှမ်တို့ကို ကျွန်းထဲက ရိုက်ထုတ်လိုက်လို့ လွတ်မြောက်လာကြောင်း ပင်လယ်သားရဲတွေဘက်က သဘောပေါက်ကြသည်။
ထျန်းရှားရဲ့ နာမည်ကို လှမ်းခေါ်လိုက်တဲ့ လူဟာ လုရွှမ်က ထျန်းရှားရဲ့လက်ကို ကိုင်ထားတာကို တွေ့နေရတာကြောင့် သူရှင်းပြဖို့ပင် မလိုအပ်တော့သလို အားလုံးက ရှင်းသွားပြီ။
အားလုံးက သူတို့ဖက်ကြားက လူနှစ်ယောက်ကို ကြည့်ပြီး လူငယ်နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေကြလေ၏။
"ကောင်လေး နာခံပြီး ပြန်လာခဲ့... မင်း ပင်လယ်သားရဲတွေ ဒါမှမဟုတ် အဲဒီလူတွေလက်ထဲ ရောက်သွားချင်တာလား?"
လုံထန်းရှောက်က အော်လိုက်သည်။
"ကောင်လေး ဟိုကောင်မလေးက မင်း တစ်ဖက်ကို ရောက်သွားရင် မင်းကို ဘယ်လို ဆက်ဆံမလဲ စဥ်းစားဦးနော်... မင်းက ထက်မြက်တဲ့သူပဲ နားလည်သင့်တယ်နော်"
ဖုန့်ချောင်မင်ရဲ့ အသံက ထွက်လာပြန်သည်။ တစ်ဆက်တည်း ရှုံထျန်းပါ့ကလည်း ဂုဏ်ယူစွာဖြင့် ဆိုလိုက်သည်။
"ဟမ်် မင်းက ပင်လယ်သားရဲတွေရဲ့ အတွင်းသူလျှိုဆိုတာ ငါထင်သားပဲ... အခု ငါတို့ ရှာတွေ့သွားပြီ ဆိုတော့ မင်းက ပြန်လှည့်လာချင်ပြီမလား?"
ဒါပေမဲ့ ဒီအရူးတွေကို ဘယ်သူမှ ဂရုမစိုက်ဘူး။
ကျန့်ဝူဝေါ်နဲ့ လော့ချောင်ဖုန်းတို့လည်း ကြောက်ရွံ့ စိုးရိမ်နေပုံရသည်။ လုံထန်းရှောက်နဲ့ ဖုန့်ချောင်မင်တို့သည် စက်ဆုပ်ရွံရှာဖွယ် ကောင်းသော လူများဖြစ်သော်လည်း သူတို့ပြောတာကတော့ အမှန်ပင်။
လုရွှမ် ပင်လယ်သားရဲဘက်သို့ ရောက်သွားပါက သူ အမှန်တကယ် ပျက်စီးသွားမှာ ဖြစ်ပြီး လူသားမျိုးနွယ်အပေါ် သစ္စာဖောက်သူဟု လူတိုင်းက ထင်မြင်ကြလိမ့်မည်။
ဒါ့အပြင် ပင်လယ်သားရဲတွေက သူ့ကို ကြိုဆိုလက်ခံမှာ မဟုတ်ပေ။ ပင်လယ်သားရဲများ၏ ဝေဖန်ခြင်းခံရခြင်း၊ စောင့်ကြည့်ခြင်း၊ အသုံးချခြင်းကို ခံရနိုင်သည်။
ထိုအချိန်တွင် ငြိမ်သက်သော ရောင်ဝါဖြင့် ပင်လယ်ရေပြင်အောက်မှ လိပ်အိုကြီးတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းသည် မျှော်စင်နယ်ပယ်က သခင်တစ်ဦးဖြစ်ကြောင်း ထင်ရှားပေသည်။
"ထျန်းရှား အသက်ရှင်လျက် ပြန်လာတာ အရမ်းကောင်းတယ်.... ငါနဲ့ပြန်လိုက်ခဲ့ ဒီလူသားကောင်လေးက မင်းကြိုက်တဲ့လူလား အတူတူ လာခဲ့လို့ရတယ်... ထျန်းရှားရဲ့ မျက်နှာသာပေးတာ ခံရသူဆိုတာ လူသားတွေကြားမှာ သူရဲကောင်း ဖြစ်ရမယ်။ ပင်လယ်သားရဲတွေမှာ ဂိုဏ်းဂဏတွေလို မလိုဘူး"
ထျန်းရှားမျက်နှာမှာ တောက်ပလာပြီး။
"အဲဒါက ကျွန်မရဲ့ဆရာတူဦးလေး ရွှမ်ဟိုင်ပါ... ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မအပေါ် အရမ်းကောင်းတယ်....လုရွှမ် သွားရအောင်"
လုရွှမ် ခေါင်းယမ်းလိုက်သည်။ သူသည် လူသားများ သို့မဟုတ် ပင်လယ်သားရဲများအပေါ် ရန်လိုခြင်း မရှိသော်လည်း ယခုအချိန်တွင် ပင်လယ်သားရဲ၏ နယ်မြေထဲသို့ မဝင်ရောက်ချင်ပေ။
ထိုအခြေအနေမျိုး ဖြစ်လာပါက သူသည် လူသားမျိုးနွယ်အပေါ် အမှန်တကယ်သစ္စာဖောက်သူ ဖြစ်လာလိမ့်မည်။
လုရွှမ်သည် ထိုကဲ့သို့သော နာမည်ကို ဂရုမစိုက်သော်လည်း သူဂရုစိုက်သော လူများက သူ့ကြောင့် လှောင်ပြောင်သရော် ခံကြရလိမ့်မည်။ အထူးသဖြင့် ကောင်းကင်အောင်ခြင်း ဂိုဏ်းပါပဲ။ ကောင်းကင်အောင်ခြင်း ဂိုဏ်း၏ ဂုဏ်သိက္ခာသည် ပျက်စီးသွားမည်။ ၎င်းတို့သည် လူသား ဖြစ်ချင်သော်လည်း ပင်လယ်သားရဲတွေရဲ့ လက်ပါးစေတစ်ဦး ရှိခြင်းကြောင့် လှောင်ပြောင်ခံရဦးမည် ဖြစ်သည်။
လော့ချောင်ဖုန်း ယခင်က ပြုလုပ်ခဲ့သမျှတွေ အထူးသဖြင့် သူ့အတွက် မတ်တပ်ထရပ်ပြီး သူ့အတွက် အပြစ်အားလုံးကို ခုခံခဲ့တာတွေက အသုံးမဝင်တော့ဘဲ လှောင်ပြောင်မှု၏ အရင်းအမြစ် ဖြစ်လာနိုင်သည်။
ကောင်းကင်အောင်ခြင်း ဂိုဏ်းတွင်လည်း သူ့ရဲ့ ထျန်းရှူးတောင်ထွတ်သည် တခြားတောင်ထွတ်များ အတွက် ရှက်စရာနှင့် ရယ်မောစရာ ဖြစ်လာမည်။ အစ်ကိုကျန့်ကျောက်က သူ့ခေါင်းကို မြင့်မြင့် မထားနိုင်တော့ဘဲ ကျန့်ချောင်ယန်နဲ့ လော့ချင်းယီးလည်း လှောင်ပြောင်ခြင်းနှင့် စော်ကားစရာ ပစ်မှတ်များ ဖြစ်လာလိမ့်မည်။
"ထျန်းရှား... ငါမလုပ်နိုင်ဘူး ငါဂရုမစိုက်ဘူး ဆိုပေမယ့် ဒါက ဂိုဏ်းကို အရှက်ရစေလိမ့်မယ်"
ထျန်းရှားရ သူမရဲ့နားလည်မှုကို ထုတ်ဖော်ပြောဆိုရန် ခေါင်းညိတ်လိုက်ပြီး။
"ဒါဆို ကျွန်မရှင်နဲ့အတူ ရှိပေးမယ်"
သူမက အသံမြှင့်ပြီး အော်လိုက်သည်။
“ဆရာဦးလေး... သမီး အခုပြန်လာဖို့ အဆင်မပြေဘူး... နောက်မှပြန်လာပြီး အပြစ်ခံယူပါ့မယ်...”
လိပ်အိုကြီး၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး အေးစက်လာလေ၏။
"ထျန်းရှား! မင်းဘာပြောလိုက်တာလဲ? အဆင်မပြေဘူး? ဘာများ အဆင်မပြေလို့လဲ? အခုချက်ချင်း ဒီကို ပြန်လာခဲ့!"
ထျန်းရှားရဲ့ အမူအရာလည်း ပြောင်းလဲသွားသည်။ သူမ၏ ချစ်ခင် ကြင်နာတတ်သော ဆရာဦးလေးသည် ယခုလို အော်ဟစ်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။
"ဆရာဦးလေး?"
"ငါ့မှာ မင်းလို တူမ မရှိဘူး မင်းသေဆုံးသွားတဲ့ ဆရာမှာလည်း မင်းလိုတပည့် မရှိတော့ဘူး... မင်းက ကိုယ့်ကိုကိုယ် အရှက်ကွဲနေသေးတာလား? သူကမင်းကို စိတ်ထဲမထည့်ဘူး ဆိုတာ သိသာနေတာတောင် မင်းဘာလို့ ဆက်လုပ်နေသေးတာလဲ?"
ထျန်းရှား စိတ်ရှုပ်သွား၏။
"ဆရာဦးလေး ဘာတွေပြောနေတာလဲ?"
"ငါဘာပြောနေတာလဲ ဟုတ်လား? မင်းအခုထိ နားမလည်သေးဘူးလား... ကောင်းလျှိိုနဲ့ ဟွမ်ရီးတို့ ပြန်လာပြီ လှောင်အိမ်ထဲမှာ မင်းဖြစ်ပျက်ခဲ့သမျှကို ပြောပြတယ်... လူသားမျိုးနွယ်နဲ့ ပင်လယ်သားရဲတွေကို ရန်သူတွေ ဖြစ်သွားပြီ... မင်းကို ငါကိုထပ်ပြောစရာ လိုသေးလား??"