ပြောင်းပြန်
Vol. 81 Ch. 4.728
ထျန်းရှားသည် စိတ်တို ဒေါသထွက်လွယ်ကာ သူမ၏ စိတ်နေစိတ်ထားမှာ မကြောက်မရွံ့ဘူးဟု ဆိုနိုင်တဲ့အထိ ငယ်စဉ်ကတည်းက ရိုင်းစိုင်းခဲ့သည်။
ဒါပေမဲ့ ဒီဦးလေးအတွက်တော့ ငယ်ငယ်လေးကတည်းက သူ့ကို အရမ်းလေးစားသည်။ အရင်းနှီးဆုံး လူအဖြစ် သတ်မှတ်ခဲ့ပြီး လုံးလုံးယုံကြည် အားကိုးရသည့် တစ်ဦးတည်းသောလူအဖြစ် သတ်မှတ်ခဲ့သည်။ ယခုအချိန်တွင် သူမ အယုံကြည်ရဆုံးသူ၏ သံသယဝင်နေမှုကို မြင်တွေ့ရတော့ စိတ်မသက်မသာ ဖြစ်လာသည်။
"ဆရာဦးလေး သူတို့စကားကို နားမထောင်နဲ့... ဟွမ်ရီးနဲ့ ကောင်းလျှိုက လှောင်အိမ်ထဲမှာ အကျဉ်းသားတွေဆီက အဖမ်းခံရပြီး သူတို့ကျွန်တွေ ဖြစ်သွားပြီ"
"ပေါက်ကရ စကားတွေ ပြောပြီး သူများတွေကို အပြစ်မတင်နဲ့... သူတို့က အခု ငါတို့ ပင်လယ်သားရဲရဲ့ ဧည့်သည်တွေပဲ"
လိပ်အိုသည် ထျန်းရှားကို ရှင်းပြရန် အခွင့်မပေးဘဲ တိုက်ရိုက် ဝင်အနှောင့်အယှက် ပေးလိုက်သည်။
"အခုမေးမယ်... မင်းပြန်လာချင်လား ဒါမှမဟုတ် အဲဒီလူသားမျိုးနွယ်နဲ့ ဆက်နေချင်လား"
"သမီး...."
ထျန်းရှားမှာ တကယ်ဘယ်လိုတွေ ဖြစ်သွားတာလဲ ဆိုတာကို နားမလည်နိုင်တော့ပေ။ လူသားမျိုးနွယ်ရဲ့ နယ်မြေထဲမှာလည်း သူတို့ ဒီလိုအဖြစ်မျိုး ကြုံခဲ့ရတာပဲ မဟုတ်ဘူးလား။
ဘာဖြစ်သွားတာလဲ။
လုရွှမ် တိုးတိုးလေး ပြောလိုက်၏။
"ထျန်းရှား... စိတ်မဆိုးပါနဲ့ ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ရင် ဒါက လှောင်အိမ်ထဲမှာ အကျဉ်းချခံထားရသူတွေကြောင့် ဖြစ်လာတာ ဖြစ်မယ်"
လုရွှမ် အေးစက်တဲ့ မျက်လုံးတွေနဲ့ သူ့အရှေ့က လူတွေအားလုံးကို ကြည့်နေခဲ့သည်။ ဒီအချိန်မှာ လူသားနဲ့ ပင်လယ်သားရဲတွေကြား ကွာခြားမှု မရှိတောင်ဘူးလို့တောင် ထင်လာသည်။။
ပင်လယ်သားရဲများနှင့် လူသားတို့သည် ပင်လယ်နက်ထဲက တားမြစ်နယ်မြေကို ရှာဖွေတွေ့ရှိပြီး လှောင်အိမ်အတွင်းက အကြောင်းကို သိရှိလာသောအခါ ပါတီနှစ်ရပ်သည် အကျဉ်းချ ခံထားရသူများကို အတူတကွ နေထိုင်ပြီး ဆွေးနွေးရန် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။
ဒါပေမဲ့ ဒီအချိန်မှာတော့ ရေတွေတက်လာပြီး အရာအားလုံး ပြောင်းလဲသွားပြီ။ ဒါကြောင့် ပင်လယ်သားရဲတွေက အကျဉ်းချခံထားရတဲ့လူတွေနဲ့ ပေါင်းစည်းသွားကြလေ၏။
အခုအချိန်မှာတော့ လုရွှမ်သည် သူတို့ဟာ မိမိတို့နဲ့ ပူးပေါင်း ဆောင်ရွက်ချင်စိတ် လုံးဝ မရှိတာကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပါပြီ။ သူတို့က လိုအပ်တဲ့ အရာတိုင်းကို ရယူလိုခြင်းသာ ဖြစ်သည်။ တွေးကြည့်ရင် ပင်လယ်သားရဲတွေ အဖြစ်က အလွန်ဝမ်းနည်းဖို့ ကောင်းပါ၏။ အသာစီးရမှုနဲ့ စကားလုံးတွေကို ချုပ်ကိုင်ထားသူက လှောင်အိမ်ထဲက လူတွေပဲ မဟုတ်လား။
ဒါကလည်း ပုံမှန်ပါပဲ။ လှောင်အိမ်ထဲမှာ အကျဉ်းချခံထားရသူ ဘယ်နှစ်ယောက် ရှိလဲ။ အနည်းဆုံး တစ်ထောင် ရှိတယ်လေ။ မျှော်စင် နယ်ပယ်မှာရှိတဲ့ သခင်အရေအတွက်က အနည်းဆုံး 30% က ၃၀၀ ကျော် ဒါမှမဟုတ် ၄၀၀ ကျော်လောက် ရှိနေသည်။
သို့သော် မျှော်စင်နယ်ပယ်ထက် မြင့်တဲ့ ကျင့်ကြံသူဆိုတာ ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးတွင် ဘယ်သူမှ မရှိပေ။
အဓိက ဂိုဏ်းကြီးရှစ်ခု၊ အလယ်အလတ် ဂိုဏ်းတစ်ခု သို့မဟုတ် နှစ်ခု၊ စင်မြင့်ပေါ်ရှိ သက်ကြီးရွယ်အိုများ၊ မိသားစုတစ်စုတွင် မျှော်စင်နယ်ပယ်ကလည်း အများဆုံး နှစ်ယောက် သို့မဟုတ် ၃ယောက်သာ ဖြစ်နိုင်သည်။ တခြားဂိုဏ်းများတွင် သက်ကြီးရွယ်အို တချို့ရှိနိုင်သော်လည်း အများစုမှာ လူငါးဆယ်ကျော်သာ ရှိသည်။
ပင်လယ်သားရဲ အမျိုးအစားက များစွာ ရှိပြီး ၎င်းတို့၏ ခွန်အားမှာလည်း ပိုမိုအားကောင်းသည်။ သို့သော်လည်း သူတို့ကို အပြည့်အဝ တွက်ချက်လိုက်ပါက၊ ထောက်ပံ့ပေးလိုက်ပါက အရေအတွက်မှာ ရာဂဏန်းအထိ ရှိနိုင်သည်။
၎င်းတို့ နှစ်ဖွဲ့သည် အဆင့်မြင့် ကျင့်ကြံသူပေါင်း၁၅၀၀ ကျော်အထိ ရှိသည်။ ၃၀၀ သို့မဟုတ် ၄၀၀ သည် မျှော်စင်နယ်ပယ်က သခင်များကို ရင်ဆိုင်ရင်း ၎င်းတို့သည် သဘာဝအတိုင်း အလွဲသုံးစားလုပ်ဖို့ အခွင့်အရေးကို ရှာဖွေနေကြသည်။
ပင်လယ်သားရဲတွင် မျှော်စင်နယ်ပယ် ၁၀၀ ကျော်လောက်သာ ရှိတာကြောင့် လှောင်အိမ်ထဲက မျှော်စင်နယ်ပယ် ၄၀၀ကို ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်ပါ့မလဲ။
လှောင်အိမ်ထဲက လူများနှင့် ပူးပေါင်းဆက်ဆံရေး ထူထောင်ပြီးနောက် ပင်လယ်သားရဲများသည် လူတိုင်းကို အကျဉ်းချခံရသူများ၏ ကျေးကျွန်များ ဖြစ်လာရန် ရည်မှန်းထားကြသည်။
ယခု လိပ်အိုကြီး၏ အသွင်အပြင်ကို ကြည့်လိုက်လျှင် အခက်အခဲများ ရှိကောင်းရှိနိုင်သော်လည်း ၎င်းပုံစံက ကျားစီးနေကြောင်း သိသာပါသည်။
လုရွှမ်ရဲ့ နှလုံးသားထဲမှာတော့ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။ ဤလူများ၊ ဤပင်လယ်သားရဲများတွင် ကိုယ်ပိုင် အကြံအစည် သေးသေးလေးတွေ ရှိနေကြတာကို လုရွှမ် ရိပ်မိပါသည်။ လူသားတွေဟာ ရိုးသားမှုမရှိသလို ပင်လယ်သားရဲတွေလည်း အကျင့်စာရိတ္တကောင်းတွေ မရှိကြပါဘူး။
မဟုတ်ရင် ပြည်တွင်းတိုက်ပွဲတွေ ဆက်ဖြစ်နေရင်တောင် စည်းလုံးညီညွတ်ရင် လက်ရှိ အခြေအနေအထိ ဆိုးရွားမှာ မဟုတ်ဘူးလေ။
ယခုအခါ လူသားမျိုးနွယ်သည် ဖျက်ဆီးခံရတော့မည် ဖြစ်သော်လည်း ပင်လယ်သားရဲများအတွက်မူ လူသားမျိုးနွယ်ကို သုတ်သင်ရှင်းလင်းလို့ ပြီးသွားသောအခါတွင် ပင်လယ်သားရဲများဟာလည်း အကျဉ်းချထားသူများ၏ ကျွန်များအဖြစ် ထာဝရ ဖြစ်လာဦးမှာ ဖြစ်သည်။
"ခဏလေး... ဟားဟား ဒါ ငါတို့ရဲ့မိတ်ဆွေလေး လုရွှမ် မဟုတ်ဘူးလာ?"
အဲဒီအချိန်မှာ လူတစ်ယောက် ရုတ်တရက် ပျံတက်လာပြီး လုရွှမ်ကို ကြည့်လိုက်ရင်း ရယ်မောလိုက်သည်။ ထွက်လာသူသည် ငယ်ရွယ်သော်လည်း သူ့မျက်လုံးများက ထူးထူးခြားခြား အိုမင်းနေ၏။
"ဒီညီလေးက နေကောင်းပါတယ်... ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ? ကျင့်ကြံမှုတွေက အချိန်တိုအတွင်း ပြန်ကောင်းလာပုံပဲနော်?"
လုရွှမ်လည်း ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်သည်။ အဲဒီ့နောက်တော့ သူသည် တစ်ဖက်လူရဲ့ အရိပ်အယောင်က နည်းနည်းတော့ ရင်းနှီးသွားလေ၏။ ထိုသူက လက်နက်ထဲမှာ စိတ်ဝိညာဥ်တွေ ဖိနှိပ်ခံထားခဲ့ရတဲ့ လူတွေထဲက တစ်ယောက် ဖြစ်လေသည်။
တစ်ဖက်လူက ကျယ်လောင်စွာ ရယ်မောရင်း လုရွှမ်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
“ကောင်လေး... မင်းက ငါ့နာမည်ကို သိဖို့ မထိုက်တန်ဘူး မင်း ငါတို့လက်ထဲကနေ ရှားပါးပစ္စည်းတွေကို အကြိမ်ကြိမ် ပြန်ပေးဆွဲသွားတာ ငါမှတ်မိတယ်... နောက်ဆုံးတော့ ထွက်သွားတဲ့ အခါတုန်းကလည်း ငါတို့ကို လုပ်ကြံခဲ့သေးတယ် အဟဲ ကောင်လေး... မင်းငါ့လက်ထဲကို အခုလိုရောက်လာမယ်လို့ မမျှော်လင့်ထားဘူးမလား"
လုရွှမ် ပခုံးတွန့်ပြပြီး ပါးနပ်သော အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"ဟုတ်လား? ကျုပ်က ခင်ဗျားလက်ထဲမှာ ရှိတယ်ပေါ့... အဘိုးကြီး အရမ်းမောက်မာ မနေပါနဲ့ ဘယ်သူက ဘယ်သူ့လက်ထဲမှာ ရှိတယ်ဆိုတာ မသေချာဘူးနော်"
အဘိုးအိုသည် ခဏတာ အံ့အားသင့်သွားပြီး လှောင်အိမ်၏ လျှို့ဝှက်နယ်မြေထဲ၌ ဖြစ်ပျက်ခဲ့သည်များကို ပြန်လည် မတွေးတောဘဲ မနေနိုင်လိုက်ချေ။ ဒီကောင်လေးက အရမ်းထူးဆန်းတာကြောင့် သူ့မှာ အကြံအစည်တွေ တကယ်မရှိဘူးလား ဆိုတာက ပြောရခက်သည်။
ဒါပေမဲ့ ခဏလောက်တော့ စဥ်းစားပြီးနောက် သူသဘောပေါက်သွားသည်။ လုရွှမ်က ကြွားလုံးထုတ်နေတာ ဖြစ်လိမ့်မယ်။
အကယ်၍ ဒီကလေးသာ အဲ့လောက် ထက်မြတ်ပါက လူသားတွေနောက်က လိုက်လို့ ပင်လယ်သားရဲတွေဆီက ကြားဖြတ် အဖမ်းခံရမှာ မဟုတ်ဘူးလေ။
"ကောင်လေး မင်းက ဒီအဘိုးကြီးကို လှောင်ပြောင်ပြီး သေဖို့ရှာနေတုန်းပဲကိုး!!"
သူသည် သူ့ခန္ဓာကိုယ်ကို ချက်ချင်း လှုပ်ရှားလိုက်ပြီး လက်ဖဝါးတစ်ဖက်ကို ဆန့်ထုတ်ကာ လုရွှမ်ကို ဖမ်းဆုပ်လိုက်သည်။
လက်ဖဝါးသည် လေထဲတွင် အသွင်ပြောင်းကာ ကြီးမားသော အမွေးတွေဖြင့် ခြေသည်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းဖြစ်ပေါ်လာတာက သူ့ခန္ဓာကိုယ်ကြောင့်လား သို့မဟုတ် သူ၏ မှော်အစွမ်းကြောင့်လား မသိနိုင်ပေ။
ဒါပေမဲ့ အရှိန်အဟုန်က အရမ်းပြင်းထန်တာကြောင့် လက်ရှိမှာ ဘယ်သူမှ မကြောက်ဘဲ မနေနိုင်ကြပါဘူး။ ဒီအရှိန်အဟုန်နဲ့ဆို ဤလူကို အနိုင်ယူနိုင်မယ်လို့ ခန့်မှန်းနိုင်သူ သုံးဦးသာ ရှိတော့မည်။
လော့ချောင်ဖုန်းရဲ့ အမူအရာက ပြောင်းလဲသွားပြီး သူက လှုပ်ရှားဖို့ ပြင်လိုက်သည်။
လုရွှမ် ဂိုဏ်းမှ နုတ်ထွက်ကြောင်း ကြေငြာသောအခါ ကောင်းကင်အောင်ခြင်း ဂိုဏ်းသည် ဤဘေးဆိုးမှ လွတ်မြောက်နိုင်ခဲ့ပါက လုရွှမ်နဲ်ဆို အနာဂတ်တွင် ကောင်းကင်အောင်ခြင်း ဂိုဏ်းဟာ ရှေ့ဆက်သွားနိုင်မည်ဟု အခိုင်အမာ ယုံကြည်သွားခဲ့သည်။
ဒီလို ပါရမီရှင်တစ်ယောက်ဟာ ဒီနေရာမှာ လုံးဝ သေသွားလို့ မဖြစ်ချေ။ သူ့အသက်ကို ဆုံးရှုံးရရင်တောင် လုရွှမ် ကယ်တင်ရမှာပဲ။ ထိုအချိန်မှာပဲ လက်တစ်ဖက်က သူ့ကိုတားလာ၏။
လော့ချောင်ဖုန်း အနည်းငယ် စိတ်ဆိုးသွားပြီး။
"ဝူဝေါ်... မင်း ငါ့ကို ဘာလို့တားတာလဲ?"
ကျန့်ဝူဝေါ်က ပြုံး၍။
"စိတ်မပူပါနဲ့ သေချာကြည့်လိုက်ဦး... ဒီကောင်လေးက လုံးဝကို မထိတ်လန့်သွားဘူး မထူးဆန်းဘူးလား အဲဒီလူက လုရွှမ်ဆိုရင်တောင်မှ ကောင်းကင်ဘုံသခင်လောက်နဲ့ မျှော်စင်နယ်ပယ်ကို ရန်စဖို့ သတ္တိရှိပါ့မလား? ဒီကလေးမှာ အရန်အစီအစဉ် ရှိရမယ်လို့ ငါ ယုံကြည်တယ်"
လော့ချောင်ဖုန်း အနည်းငယ် သံသယ ရှိနေဆဲ ဖြစ်သော်လည်း လုရွှမ်ကို ကြည့်လိုက်တော့ လုရွှမ်သည် အမှန်တကယ်ပင် မလှုပ်မယှက် ရပ်တန့်နေတာကို မြင်လိုက်ရသည်။ အခြေအနေကို ကြည့်လိုက်လျှင် သူက အရှိန်အဟုန်နဲ့ ဖိနှိပ်ခံထားရသလို မလှုပ်ရှားနိုင်တော့ပုံပါပဲ။
လုရွှမ်နှင့် ထျန်းရှားတို့၏ ဦးခေါင်းပေါ်သို့ သူ့လက်ဖဝါး ကျရောက်ခါနီးတွင် လုရွှမ် နောက်ဆုံးတော့ လှုပ်ရှားသွားသည်။ သူကလက်ညှိုးကို ဆန့်တန်းပြီး နဂါးထောင်ထဲက လွတ်လာသူဆီကို ညွှန်လိုက်သည်။
"အား!!"
အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။
လှောင်အိမ်ထဲက သခင်ဟာ အစောတုန်းက အလွန်အမင်း မာနကြီးနေခဲ့ပုံပေါက်တာကို မြင်ခဲ့ရပေမယ့် နောက်အခိုက်အတန့်မှာတော့ သူ့ခေါင်းကို သူ့လက်ထဲမှာ ဆုပ်ကိုင်ထားပြီး ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ တစ္ဆေတစ်ကောင်လို လှည့်ပတ်ပြီး အော်ဟစ်နေတော့သည်။
အားလုံး တုန်လှုပ်သွားကြသည်။
ဘာတွေဖြစ်နေတာလဲ?
လှောင်အိမ်လူသားမှာ တစ်ခုခု မှားနေတာလား။ လုရွှမ်က သူ့လက်ညှိုးကို ဆန့်တန်းကာ လှောင်အိမ်လူသားကို နှိပ်လိုက်တာကိုသာ လူတိုင်း တွေ့လိုက်ရသည်။ ယခုဆို လူတိုင်းက လုရွှမ်နဲ့ လှောင်အိမ်လူသားတို့ အကြားက လှုပ်ရှားမှုများကို သေသေချာချာ အာရုံစိုက်နေကြရ၏။
ဘာမှ မမြင်ရချေ။ ဘာယွမ်စွမ်းအင်၊ ဘာခွန်အားမှ မပါဘဲ ပေါ့ပေါ့ပါးပါး လက်ညှိုးလေး ထိုးလိုက်ရုံပါပဲ။