အမုန်းတရားနဲ့ ကျေးဇူးဆပ်မယ်
Vol. 81 Ch. 4.730
လုရွှမ်သည် ဧရာမနဂါးကြီး တစ်ကောင် သူ့မျက်လုံးများကို ဖွင့်လိုက်သလို ရုတ်တရက် မျက်လုံးပွင့်လာသည်။ နဂါးကြီး၏ အလင်းရောင်များ အရပ်ရပ်သို့ လင်းလက်သွားသကဲ့သို့ သူ့မျက်လုံးများကို ဖွင့်လိုက်သည်။
"ဓား!"
လုရွှမ် အော်လိုက်စဥ် ကောင်းကင်နှင့် မြေကြီးတို့ လှိုင်းထန်သွားကာ နေရာအရပ်ရပ်မှ ဓားများ တုန်လှုပ်သွားသည်။ သခင်များသည် တစ်ယောက်ပြီး တစ်ယောက် ကမန်းကတန်း အော်ဟစ်ကြသည်။ မဟုတ်ပါက သူတို့ရဲ့ဓားရှည်များကို လုရွှမ် ယခုလို ဆွဲထုတ်နိုင်လိုက်လျှင် အလွန်ရှက်စရာ ကောင်းပေလိမ့်မည်။
အော်သံနှင့်အတူ အရှေ့အရပ်မှ ဓားရှည်တစ်စင်းသည် လုရွှမ်ဆီသို့ ပြေးဝင်လာခဲ့သည်။ ထို့နောက် ဓားဆီက ရှည်လျားသော ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
"ဟာဟားဟား... ငါက ဘယ်သူများလဲလို့ ညီလေးလုရွှမ် ဖြစ်နေတာကိုး... ငါဓားနတ်ဆိုး လာပြီကွ!"
ဓားရှည်သည် ဓားနတ်ဆိုး၏ လက်ထဲတွင် အမှန်တကယ် ရှိခဲ့သော ဓားတစ်လက် ဖြစ်သော်လည်း ၎င်းသည် ယခုအချိန်တွင် လုရွှမ်လက်ထဲသို့ ပျံသန်းသွားခဲ့သည်။
လုရွှမ် ဓားကို လှမ်းယူရင်း ရယ်မောလိုက်သည်။
"အစ်ကိုဓားနတ်ဆိုး... မတွေ့ရတာကြာပြီနော်... ဒီအချိန်မှာက စကားပြောဖို့ အဆင်မပြေသေးဘူး ဒီပင်လယ်သားရဲကို သတ်ပြီးရင် ငါတို့ သောက်ရင်း စကားပြောကြတာပေါ့"
လုရွှမ် သူ့လက်ထဲတွင် ဓားရှည်ဖြင့် စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို အသုံးပြုလိုက်သည်။
ပထမဓား! ဒုတိယဓား!။
ဓားမီးပန်းတွေ တဖျပ်ဖျပ် ခတ်နေကာ လူတွေကလည်း စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြတာ။ လုရွှမ်ရဲ့ ဓားရှည်ဟာ လျင်မြန်စွာ လွင့်ထွက်နေတာကြောင့် သဲသဲကွဲကွဲ မမြင်နိုင်ပေမယ့် ထူးခြားတဲ့ ဓားသိုင်းပညာပဲ ဆိုတာကိုတော့ ယောင်ဝါးဝါး ခံစားနိုင်ကြပါ၏။
"ချောင်ဖုန်း... ဒီဓားသိုင်းက?"
ကျန့်ဝူဝေါ် ဓားရေးပညာတွင် အလွန်ကျွမ်းကျင်သည်။ လုရွှမ်နဲ့ လော့ချောင်ဖုန်းတို့ရဲ့ သိုင်းကွက်တွေက မတူညီသော်လည်း ဆွဲဆောင်နိုင်မှုမှာ တူညီနေကြောင်း သဘာဝအတိုင်း မြင်တွေ့နိုင်သည်။
လော့ချောင်ဖုန်း သူ့ခေါင်းကို ခါယမ်းလိုက်ပြီး။
"ငါ သူ့ကို သင်ပေးခဲ့တာ မဟုတ်ဘူး ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ရင် အဲဒီလှောင်အိမ်ထဲကနေ သူ သင်ယူခဲ့တာ ဖြစ်မယ်... ဓားကိုးချောင်းပဲ ရှိပေမယ့် သူသုံးနေတာက ငါနားလည်ထားတာထက် အများကြီး ပိုပြည့်စုံတယ်...သူ့ရဲ့ ဓားသိုင်း အယူအဆတွေက ပိုလေးနက်တယ် ဆိုတာ သိသာတယ်”
တခြားဂိုဏ်းချုပ် များစွာကလည်း လော့ချောင်ဖုန်းကို ယခုအချိန်တွင် ကြည့်နေကြပါသည်။ သူတို့၏ အမြင်အရ ဤဓားသိုင်းပညာကို လော့ချောင်ဖုန်းက သင်ကြားပေးခဲ့တာ ဖြစ်နိုင်သည်။
လုရွှမ်သည် ဓားကိုးချောင်းကို ဆက်တိုက်ခုတ်ထစ်လိုက်ကာ ဓားကိုးချောင်းလုံးကို စုစည်းကာ တစ်ချက် ဝေ့ယမ်းလိုက်၏။
အတွေးတစ်ခုတည်းဖြင့် ဓားစွမ်းအင်တွေကို သုံးသွားကာ နှလုံးစားပိတ်ပင်မှု ကန့်သတ်ချက်ကိုလည်း ပြန်လည် အသက်သွင်းခဲ့ရာ လှောင်အိမ်လူသား နှစ်ဦးသည် ချက်ချင်းကို နာကျင်သွားခဲ့သည်။ အထူးသဖြင့် သွေးသုံးလုတ်ကို ဆက်တိုက် အန်နေသော အမျိုးသမီးပင်။
လုရွှမ်သည် ယခုအချိန်၌ မျှော်စင်နယ်ပယ်က သခင်များကို သတ်ရန် ခွန်အားမရှိမှန်း သိသော်လည်း ၎င်းတို့ကို ပြင်းထန်စွာ ဒဏ်ရာရစေရန်တော့ လုံလောက်ပါသည်။
သဘာဝအတိုင်း အကြီးကျယ်ဆုံး ဓားအကျိုးသက်ရောက်မှုကို ထုတ်နိုင်ရန် ရွှေဒြပ်စင်နတ်ပုတီးစေ့ရဲ့ စွမ်းအင်ကိုပါ ယူဆောင်လာခဲ့သည်။ ရွှေရောင်စွမ်းအင်များ စုစည်းလာကာ ဓားရှည်တစ်လျှောက် ပျံ့နှံ့သွားရာ ဓားသိုင်းပညာ၏ စွမ်းအားကို များစွာ တိုးမြင့်စေသည်။
ဓားသံထွက်လာစဥ် လူနှစ်ယောက် ဒဏ်ရာတွေရသွားပြီး သူတို့ကိုယ်သူတို့ ကာကွယ်ရင် အလျင်စလို ဟန့်တားဖို့ပဲ ကြိုးစားကြသည်။
ဝုန်း!
နှစ်ယောက်သား ရှက်စိတ်ဖြင့် နောက်ပြန်ဆုတ်သွားကာ ပါးစပ်မှ သွေးများ တပြိုင်နက်တည်း ထွက်လာကြသည်။ လုရွှမ်သည် သူ့ခန္ဓာကိုယ်ကို နောက်ပြန်ရွှေ့ကာ လေထုအလယ်တွင် တည်ငြိမ်စွာ လွင့်မျောနေသည်။
သူသည် ဓားရှည်ကို ဓားနတ်ဆိုးထံသို့ တိတ်တဆိတ် ပစ်ပေးလိုက်ပြီး ထိုလူနှစ်ဦးရှေ့သို့ ရောက်သွားခဲ့သည်။
"အခု ယုံပြီလား"
သူတို့နှစ်ဦးသည် သဘာဝအတိုင်း မကျေမနပ် ဖြစ်နေကြသော်လည်း နှလုံးစားပိတ်ပင်မှုကို နားလည်မှု မရှိခြင်းကြောင့် ခေါင်းသာ ငုံ့ထားခဲ့ရသည်။
"ငါတို့ယုံပါပြီ"
လုရွှမ်လည်း သူဒီ့ထက်ပိုပြီး မတွန်းလှန်နိုင်ဘူး ဆိုတာ သိပါ၏။ မဟုတ်ရင် သူတို့နှစ်ယောက်အား အကြိမ်အနည်းငယ် ပြသလိုက်မယ် ဆိုရင် နှလုံးစားပိတ်ပင်မှုရဲ့ ထိန်းနိုင်မှုဟာ သူတို့ ကြောက်ရွံ့သလောက် အစွမ်းထက်တော့မှာ မဟုတ်ဘူးဆိုတာ သိလာနိုင်ပါသည်။
"ခင်ဗျားတို့ရဲ့ မကျေနပ်ချက်တွေကို ကျွန်တော်သိပါတယ်... လှောင်အိမ်ထဲမှာ နှစ်ထောင်ပေါင်းများစွာ အကျဉ်းချခံခဲ့ရပြီး ထွက်လာပြီးရင် ခင်ဗျားတို့ လိုချင်တာက ကလဲ့စားချေတာပဲ... ဒါပေမဲ့ ဒါက ကျွန်တော်အရမ်းကြိုက်တဲ့ ဝမ့်ရှန်းကမ္ဘာကို လုံးဝ ပျက်စီးသွားစေတာမျိုးတော့ လက်မခံနိုင်ဘူး... ခင်ဗျားတို့ ဒီကမ္ဘာကြီးကို စွန့်ပြီး ခင်ဗျားတို့ ခွန်အားကိုပြန်ယူ.. ကိုယ်ပိုင်ဘဝကို ရှင်သန်ကြပါ... ဝမ့်ရှန်းကမ္ဘာကို ပြန်မလာကြတော့နဲ့.... အဲ့လိုဆို ကျွန်တော်လည်း အလိုအလျောက် တားမြစ်ထားတဲ့ နှလုံးစားပိတ်ပင်မှုကို အသက်မသွင်းတော့ဘူး... နှစ်ပေါင်းတစ်ရာကျော်ပြီးရင်.. တားမြစ်ထားတဲ့ နှလုံးစားပိတ်ပင်မှုက သဘာဝအတိုင်း ကွယ်ပျောက်သွားလိမ့်မယ်... နားလည်လား?"
လူနှစ်ယောက်၏ မျက်လုံးများ တောက်ပလာကာ ညီညီညာညာ အော်ဟစ်ခဲ့ကြသည်။
"ဒီနှလုံးစားပိတ်ပင်မှုက အနှစ်တစ်ရာအတွင်း အလိုလို ပျောက်ကွယ်သွားမှာလား?"
လုရွှမ် ခေါင်းညိတ်သည်။
"မှန်တယ်... ခင်ဗျားတို့ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ခင်ဗျားတို့ အပေါ်မှာပဲ မူတည်တယ်.... ဒါပေမဲ့ ကံအကြောင်းတော့ မတွေးနဲ့ပေါ့... ခင်ဗျားတို့ လောလောဆယ် ကျွန်တော့်ရဲ့ ကိုယ်ပိုင်ထိန်းချုပ်မှု အောက်မှာ ရှိတယ်... အတိုင်းအတာ တစ်ခုအတွင်းမှာ ခင်ဗျားတို့ ရှိနေတာကို ကျွန်တော် ခံစားနိုင်တယ်"
ဒါကိုပြောပြီးတာနဲ့ လုရွှမ်က ခေတ္တရပ်လိုက်ပြီး
"အခု ပင်လယ်ထဲမှာ ပုန်းနေတဲ့သူ ရှိသေးတယ်မလား?"
"ထွက်လာခဲ့!" လုရွှမ် အော်လိုက်၏။
ငြိမ်သက်နေသော ရေမျက်နှာပြင်သည် ရုတ်တရက် လှိုင်းထန်လာလေသည်။ ထို့နောက်တွင် နဂါးတစ်ကောင်သည် လေထုထဲမှ ထွက်ပေါ်လာပြီး လေထဲသို့ ဟောက်လိုက်သည်။
လူတွေလည်း အထိတ်တလန့် ဖြစ်သွား၏။ မျှော်စင်နယ်ပယ် သခင်တွေတောင် ထိတ်လန့်သွားကြသည်။
ထိုနေရာတွင် ပုန်းအောင်းနေသူ တစ်ဦးကို ဘယ်သူမှ သတိမထားမိကြပေ။ သို့မဟုတ်ပါဘဲ ဤလူဆီက ခိုးဝင်တိုက်ခိုက်တာကို ခံရပါက သေဒဏ်ကျသလို ဖြစ်သွားလိမ့်မည်။
နောက်တော့ ပင်လယ်ထဲကနေ အဘိုးကြီးတစ်ယောက် ထွက်လာပြီး တဟားဟား အော်ရယ်လေ၏။
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းပြပြီး။
"ထူးဆန်းတဲ့အဘိုးကြီး မတွေ့ရတာ ကြာပြီနော်... ခင်ဗျားကို ဒီလိုပုံစံ ဖြစ်နေဦးမယ်လို့ ကျွန်တော်ဖြင့် မမျှော်လင့်ထားဘူး။ နုပျိုပြီး သန်မာတဲ့ ခန္ဓာကိုယ်ကို ဘာလို့ ရှာမတွေ့တာလဲ?"
ဤလူသည် လှောင်အိမ်ထဲတွင် ရှိနေစဥ်က လုရွှမ်တို့အဖွဲ့နဲ့ တွေ့ခဲ့သည့် ထူးဆန်းသော အဘိုးအိုမှလွဲ၍ အခြားသူ မဟုတ်ပေ။
ထူးဆန်းသော အဘိုးအိုက အလွန် အစွမ်းထက်သည်။ ယခုအချိန်တွင် ဤထူးဆန်းသော အဘိုးအိုသည် အလွန် ကြောက်မက်ဖွယ် ကောင်းသော မျှော်စင်နယ်ပယ် တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်၏ အစွမ်းသတ္တိကို ရရှိထားကြောင်း ရှင်းရှင်းလင်းလင်း မှန်းဆနိုင်သည်။
တခြားသူတွေ အတွက်တော့ လုရွှမ်ဟာ သူ့နှလုံးသားထဲမှာ ကံကောင်းခြင်းတွေ ခံစားလာရပေမယ့် ဒီလူကြီးအတွက်ကတော့ လုရွှမ်က သူ့ရဲ့ကံကောင်းခြင်းတွေကို ဆက်လက် ဆုပ်ကိုင်ထားတာကြောင့် ဆက်တိုးနေရင် သေခြင်းတရားကို ရှာဖွေနေတယ် ဆိုတာ သိသွာတာကြောင့် အနည်းငယ် ငြိမ်သက်နေခဲ့သည်။
အဘိုးအိုက ပျံဝဲလာပြီး ပြုံးလျက် ဆို၏။
"ငါ့သူငယ်ချင်းလေး မင်းက တကယ်် သူရဲကောင်းပဲကွ... အနည်းဆုံး သုံးနှစ်၊ လေးနှစ်လောက်နဲ့ကို မဟာသူတော်စင် ပထမအဆင့်ကနေ ကောင်းကင်ဘုံသခင်အထိ ရောက်သွားတယ် တကယ်ကို အံ့သြစရာပဲ"
ထိတ်လန့်တုန်လှုပ်ဖွယ် အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ လုရွှမ်ရဲ့ အရည်အချင်းက ကြောက်မက်ဖွယ် ကောင်းကြောင်း လူတိုင်း သိကြသော်လည်း ကြီးမားတဲ့ နယ်ပယ်တစ်ခုကို ဖြတ်ကျော်ရန် သုံးနှစ် သို့မဟုတ် လေးနှစ်အတွင်းပဲ အချိန်ယူရတယ် ဆိုတာက သူတို့ထင်ထားတဲ့ စိတ်ကူးကို လုံးဝ ကျော်လွန်သွားခဲ့ပါပြီ။
"ကျွန်တော် အဲဒါကို မပြောဝံ့ပါဘူး... ဒီအငယ်တန်းက ကောင်းကင်ဘုံသခင် နယ်ပယ်မှာ ရှိနေတုန်းပဲလေ... အကြီးအကဲကတော့ မျှော်စင်နယ်ပယ်က ကျွမ်းကျင်သူ ဖြစ်နေပြီ... ကျွန်တော်က အကြီးအကဲလောက် မတော်ပါဘူး"
ထူးဆန်းသော အဘိုးအိုသည် သူ့လက်ကိုဝှေ့ယမ်းပြီး
“မဟုတ်တာ မဟုတ်တာ... ကောင်းကင်က မင်းကိုလက်ခံသရွေ့ မင်းလည်း မျှော်စင်နယ်ပယ်ကို သေချာပေါက် ကျော်လွှားနိုင်မယ်လို့ ငါခန့်မှန်းမိပါတယ်... ဒါ့ထက် စိတ်ကူးမယဉ်နိုင်တဲ့ နယ်ပယ်ကိုတောင် ရောက်သွားနိုင်တယ်"
"ဒါဆို လူကြီးမင်းရဲ့ ကြင်နာတဲ့ စကားအတွက် ကျေးဇူးတင်ပါတယ်"
လုရွှမ်သည် နှိမ့်ချစွာ ပြောဆိုဆက်ဆံနေသော်လည်း မာနကမသေးချေ။ သူသည် အဘိုးအိုက သူ့အား မိုက်မဲစွာ ပြောဆိုခြင်းအတွက် လှည့်ကွက်များကို မြင်တာကြောင့် အလားတူ မိုက်မဲသည့်အတိုင်း ဆက်လက် လုပ်ဆောင်ပေးခဲ့သည်။
"ကောင်းပြီ ကောင်းပြီ"
ထူးဆန်းသော အဘိုးအိုက အော်ပြောကာ နောက်ဆုံးတွင် ငြိမ်သွား၏။
"အနှစ်တစ်ရာ ဟုတ်လား?"
"နှစ်တစ်ရာ!"
“ကောင်းပြီ အနှစ်တစ်ရာပြီးလို့ ငါအသက်ရှင်နေနိုင်ရင် ဒီကသူငယ်ချင်းငယ်လေးနဲ့ ထပ်ပြီးစကားပြောပါဦးမယ်လေ”
ထူးဆန်းသော အဘိုးအိုက စကား ပြောပြီးတဲ့အခါ အစောက နှစ်ယောက်ကို မျက်စိမှိတ်ပြပြီး သူတို့သုံးယောက် အတူ ထွက်ခွာသွားကြ၏။ အရှိန်က အလွန်မြန်ပြီး အချိန်တိုအတွင်းမှာပင် လူတိုင်း၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။
လှောင်အိမ်လူသား သုံးယောက် ပျောက်ကွယ်သွားပြီ။ ၎င်းကို ကောင်းကင်ဘုံသခင် အဆင့်ရှိ အငယ်တန်းတစ်ဦးမှ နှင်ထုတ်လိုက်မယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ပေ။
လုရွှမ် လှည့်၍ ကျန့်ဝူဝေါ်နှင့် လော့ချောင်ဖုန်းတို့ ဆီသို့ ခေါင်းညိတ်ပြပြီးနောက် လုံထန်းရှောက်တို့ဘက်ကို ကြည့်လိုက်သည်။
"ဂိုဏ်းချုပ်တို့ ဘာများပြောစရာရှိလို့လဲ မသိဘူး? ဘာသင်ခန်းစာတွေ သင်ပေးစေချင်လဲ? ”
ဒါက ထေ့ငေါ့ခြင်းသာ ဖြစ်ပြီး လူများစွာ၏ မျက်နှာများမှာ မည်းမှောင်သွားလေသည်။
"မရှိရင်တော့ ကောင်းပြီ"
လုရွှမ် ဟစ်အော်ကာ လှည့်ထွက်သွားသည်။ ဒီအဖြစ်အပျက်ကို ကြည့်ပြီးနောက် ဤလူများသည် သူတို့ကို အရှက်ရအောင်တော့ မလုပ်ရဲလောက်တော့ချေ။
"ခဏ!"
လုရွှမ် ထိတ်လန့်တကြား လှည့်ကြည့်လိုက်တော့ သူ့ကိုခေါ်တဲ့လူက လုံထန်းရှောက် ဖြစ်နေသည်။
"ကောင်လေး... မင်းသွားချင်ရင် သွားလို့ရတယ်... ဒါပေမဲ့ နှလုံးစားပိတ်ပင်မှုရဲ့ ထိန်းချုပ်နည်းကိုတော့ ထားခဲ့ရမယ်... ဒါ သိပ်အများကြီးတော့ မဟုတ်ပါဘူး... ဟုတ်တယ်မလား?"