သိက္ခာမရှိတဲ့ လူ့စိတ်
Vol. 81 Ch. 4.731
တခဏချင်းမှာပဲ အားလုံးရဲ့ မျက်လုံးတွေက ပူလောင်လာတော့သည်။
ဟုတ်တယ်။ နှလုံးစားပိတ်ပင်မှုလို ထိန်းချုပ်တဲ့ နည်းလမ်းကို ရယူနိုင်ခဲ့ရင် ဒီလှောင်အိမ်သခင်တွေရဲ့ ခြိမ်းခြောက်မှုက မရှိနိုင်တော့ဘူ။ သူတို့သည် ထိုလှောင်အိမ် လူသားများကိုပင် ခြိမ်းခြောက်နိုင်ပြီ။
အနည်းဆုံး အနှစ်တစ်ရာပဲ ဆိုရင်တောင် ဒါက ကြီးမားတဲ့ ပိုင်ဆိုင်မှုတစ်ခု ဖြစ်တာကြောင့် ဘယ်သူမှ သည်းမခံနိုင်တော့ဘဲ အလိုလောဘဖြင့် မျက်လုံးတွေက ချက်ချင်း ပူလာတော့သည်။
လုရွှမ် ပြုံးလိုက်ပြီး လုံထန်းရှောက်လည်း ရယ်မောလိုက်သည်။ လုရွှမ်က အလွန်စိတ်ပျက်စွာ ပြုံးလိုက်ကာ လုံထန်းရှောက်ကတော့ အလွန်ပျော်ရွှင်စွာ ရယ်လိုက်လေသည်။
သူ့အမြင်အရတော့ လုရွှမ်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အတွေ့အကြုံ မရှိဘဲ ဒီလို ဝှက်ဖဲကို ထုတ်ပြခဲ့သည်။ သာမန်လူတစ်ဦးသည် ရတနာထက် မနည်းသော လျှို့ဝှက်ချက်များစွာ ရှိနေတာကို ကျောက်စိမ်းကို သိမ်းဆည်းခြင်းလိုပဲ ဖြစ်တာကြောင့် ပစ်မှတ်ထားတာ ခံရနိုင်သည်။
"ခင်ဗျားက နှလုံးစားပိတ်ပင်မှု နည်းလမ်းကို လိုချင်တယ်ပေါ့... ဟားဟား ကျွန်တော် အဲဒီနည်းလမ်း အကြောင်း ဘယ်သူ့ကိုမှ မပြောဖူးဘူး... ဘယ်သူ့ကိုမှလည်း မသင်ပေးခဲ့ဘူး ထျန်းရှားတောင် မသိဘူး"
ထျန်းရှား ခေါင်းခါလိုက်၏။ ဒီကိစ္စကို သူမ တကယ် မသိခဲ့ပါဘူး။
"အကြောင်းပြချက်က အရမ်းရိုးရှင်းပါတယ်... ကျွန်တော်ကသာ အဲဒီ နှလုံးစားပိတ်ပင်မှု နည်းလမ်းကို နားလည်တဲ့သူ တစ်ယောက်မလို့ပဲ... တစ်နည်းဆိုရရင် ကျွန်တော်လည်း အပြည့်အဝ နားမလည်ထားဘူး....ခင်ဗျားကို သင်ပေးချင်ပေမယ့် သင်ပေးလို့ မရဘူး"
"ဟား ဟား ဟား!"
လုံထန်းရှောက်က ကျယ်လောင်စွာ ရယ်မောချလိုက်သည်။
"မပေးချင်ဘူးပေါ့ ဟုတ်လား"
"အရင်က မင်းက မင်းရဲ့ဂိုဏ်းအတွက်ပါလို့ ပြောနေပေမယ့် အခု မင်းရဲ့ဂိုဏ်းကလည်း အဲဒီလှောင်အိမ် လူသားတွေကြောင့် တဖြည်းဖြည်း ဆုတ်ခွာလုနီးပါး ဖြစ်နေပြီ... မင်းရှိတဲ့ ထျန်းရှူးတောင်ထွတ်က တောင်သခင်ရဲ့ သမီးအရင်းတောင်မှ သူတို့က သတ်ပစ်လိုက်တယ်... အခု နည်းလမ်းကို လွှဲမပေးချင်တာ ဂိုဏ်းနဲ့ လူသားမျိုးနွယ်အတွက် လုပ်နေတာလို့ ပြောဦးမလို့လား?"
ထိုအခိုက် ဖုန့်ချောင်မင်ကလည်း မတ်တပ်ထရပ်ပြီး
"လုရွှမ် မင်းရဲ့ငယ်ရွယ်မှုနဲ့ အတွေ့အကြုံ မရှိတာကို ဆင်ခြင်ပြီး မင်းအမှားတွေ အားလုံးကို ခွင့်လွှတ်ပေးနိုင်ပါတယ်... အခု မင်းအမှားတွေကို နာခံမှုရှိရှိ ဝန်ခံပြီး ထိန်းချုပ်နည်းကို လွှဲပေးလိုက်ရင် ကောင်းကင်အောင်ခြင်း ဂိုဏ်းရဲ့ တပည့်ကောင်းတစ်ဦး ဖြစ်လာမှာပါ... ဒီတစ်ခေါက်မှာ ငါတို့ လှောင်အိမ်လူသားတွေကို အနိုင်ယူနိုင်ပြီး မင်းလည်း ပထမနေရာကို ရယူထားနိုင်တယ်"
"အော်မီတော်ဖော်... ဆရာတော် စိတ်ထဲမှာ အပြစ်ရှိတယ်လို့ ခံစားရပေမယ့် ဒီထိန်းချုပ်နည်းကို သင်ပေးဖို့ အလှူရှင်လုရွှမ်ကို တောင်းဆိုပါတယ်"
ဆရာတော်ထန်ယီးက ဆိုပြီးနောက် ရှဲ့ယွင်ထျန်းကလည်း ချောင်းဆိုးလိုက်ကာ။
"လုရွှမ် ငါမင်းကို အမြဲတမ်း အကောင်းမြင်ခဲ့ပါတယ်.... မင်းတကယ် ထူးချွန်တယ် အခုက အရမ်းအရေးကြီးနေပြီ ဒါကြောင့် ထိန်းချုပ်နည်းကို ပြောပြပါ... အရင်က အရာအားလုံးအတွက် ငါက အဓိကဂိုဏ်းရှစ်ခုကိုယ်စား မင်းကို တောင်းပန်ပါတယ်"
ရှဲ့ယွင်ထျန်းက တကယ်ကို ဦးညွှတ်ငုံ့ကာ ပြောလိုက်သည်။ လုရွှမ်က ချက်ချင်း။
"ခဏလေး... ဂိုဏ်းချုပ်ရဲ့ တောင်းပန်ချက်ကို ဒီအငယ်တန်းက လက်မခံနိုင်ပါဘူး... အစောတုန်းကလည်း ပြောခဲ့တယ် ဒါကို သင်ပေးချင်ပေမယ့် သင်ပေးလို့မရဘူး... ဒါက စိတ်ဝိညာဉ်စွမ်းအား အများကြီးလိုတယ် အခင်းအကျင်း ဖွဲ့စည်းမှုတွေအပေါ် နားလည်မှုနဲ့ ဒီကန့်သတ်ချက်ကို ထုတ်နိုင်ဖို့ ခန္ဓာကိုယ်ပေါ်မှာ ကြီးမားတဲ့ တုံ့ပြန်မှု ရှိလာလိမ့်မယ်"
"အကြောင်းပြချက်တွေ အများကြီးပေးပြီး ဒီထိန်းချုပ်နည့းကို မင်းလက်ထဲမှာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားချင်တာ်လား? ဟမ့် ဘာလို့ ဒီလောက် ကြီးကျယ်ခမ်းနားအောင် ပြောနေရတာလဲ? သူ့ကို ဖမ်းပြီး ညှဉ်းပန်းနှိပ်စက်လိုက်ရင် ထုံးစံအတိုင်း အားလုံး ရှင်းသွားပြီလေ”
ရှုံထျန်းပါ့ အော်ဟစ်လိုက်၏။ အခုအချိန်မှာတော့ သူက လုရွှမ်ကို အလွန်အမင်း သတ်ပစ်ချင်နေပြီ ဖြစ်သည်။
ထိုအချိန်တွင် လော့ချောင်ဖုန်းက ရယ်မောလိုက်ပြီး
"ဟားဟား... အရမ်းကြီး ကြီးကျယ်ခမ်းနား လွန်းတယ်နော်... လုရွှမ်က ငါတို့ ကောင်းကင်အောင်ခြင်း ဂိုဏ်းကနေ နုတ်ထွက်လိုက်တာတောင်မှ ဒီကဂိုဏ်းချုပ်တွေက တရားမျှတတယ်လို့ ပြောချင်နေသေးတယ်နော်"
"ဒါက အဓိကဂိုဏ်းကြီး ရှစ်ခုရဲ့ သိက္ခာလား? လုရွှမ်က မျှော်စင်နယ်ပယ်ရဲ့ သခင် သုံးယောက်ကို မောင်းထုတ်ခဲ့တယ်... ဒါနဲ့တင် သူက ကြီးကျယ်ခမ်းနားတဲ့ သူရဲကောင်း တစ်ယောက် ဖြစ်နေပြီ... ဒါပေမဲ့ မင်းရဲ့သူ့ကို ဖမ်းဖို့ပဲ စိတ်ကူးရှိနေတာ... ကျစ် ကျစ် ငါတို့ ကောင်းကင်အောင်ခြင်း ဂိုဏ်းက မင်းနဲ့တွဲလုပ်ခဲ့ရတာ တကယ် သိက္ခာကျလိုက်တာ"
"သိပ်ဟုတ်တယ်! လုရွှမ်ကို ကူညီစေချင်ရင် အရမ်းရိုးရှင်းပါတယ်....တချို့သူတွေ သူ့ကို တောင်းပန်လိုက် ပြီးတော့ သူတို့ကို လေးလေးစားစား ဖိတ်ခေါ်ဖို့အတွက် ဂုဏ်ပြုစကားတွေ အများကြီးသုံးပေးပေါ့... မင်းတို့အားလုံးလည်း အရွယ်ရောက်ပြီသားတွေမလို့ ငါအများကြီး ဘာသင်ပေးစရာ မလိုဘူးထင်တယ်နော်?"
ကျန့်ဝူဝေါ်ကလည်း ရယ်လျက် ဆိုသည်။
"ဂိုဏ်းချုပ်ပြောတာ အမှန်ပဲ"
ထိုအခိုက် ဓားနတ်ဆိုးက ကျယ်လောင်စွာ အော်လိုက်ပြီး လုရွှမ်နံဘေးကို ပြေးထွက်သွားသည်။ ထို့နောက် လုရွှမ်အား တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး။
"လုရွှမ်က ငါ့ညီပဲ... ငါတို့က အသက်ရှင်ခြင်းနဲ့ သေခြင်းကို မျှဝေခံစားကြတယ်... အခု ကျုပ်က ခင်ဗျားတို့ မျက်လုံးထဲမှာတော့ ဘာမှမဟုတ်ပေမယ့် ကျုပိညီကို နာကျင်အောင်လုပ်ရင် ဒီအမျိုးကောင်းသားက ကလဲ့စားချေပြမယ်... ဆယ်နှစ်အတွင်း သိပ်နောက်ကျမှာ မဟုတ်ဘူး!"
ဒါကိုကြားတော့ လူတိုင်း အံ့အားသင့်သွားကြ၏။ ဒါက ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်မှုပဲ။
ဓားနတ်ဆိုး၏ အရည်အချင်းကို လူတိုင်း သိကြသည်။ အနာဂတ်တွင် သူသည် မျှော်စင်နယ်ပယ်ကို ဖြတ်ကျော်နိုင်တဲ့ သခင် ဖြစ်လာနိုင်ကာ ထိုအနာဂတ်လည်း သိပ်မဝေးတော့ပေ။
တစ်စုံတစ်ယောက်က သို့မဟုတ် ဂိုဏ်းတစ်ဂိုဏ်း သူ့ဆီကနေ အမုန်းထား ခံရပါက ထိုဂိုဏ်းရဲ့ အနာဂတ်အတွက် အန္တရာယ်ရှိသော အခြေအနေပါပဲ။ ကျန့်မော်က ရန်သူကို ဒီအတိုင်းထားခဲ့မယ့်လူ မဟုတ်ပေ။
ထို့အပြင် ကျန့်မော်သည် အလွန်အစွမ်းထက်သော ဓားတစ်သောင်းဂိုဏ်းကို ကိုယ်စားပြုလို့ ထိုဂိုဏ်းကလည်း သူ့အနောက်မှာ ရှိနေလိမ့်မည်။
လုရွှမ့သည်လည်း ဓားနတ်ဆိုးကို လက်နှစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။ သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ဘာမှ မပြောဘဲ ခေါင်းသာညိတ်လိုက်သည်။
"အိုး ဒါဆိုလည်း ငါတို့ မင်းတို့ကို အတူတူ ရှင်းပစ်မယ်!"
ရုတ်တရတ် လုံထန်းရှောက်က မာနကြီးတဲ့ သူ့အသံနဲ့ ထပ်ပြောလာပြန်သည်။
လုံထန်းရှောက် ဒီလိုစကားမျိုး ပြောလာလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားပါဘူး။ ဒါက ဓားတစ်သောင်းဂိုဏ်းရဲ့ အနာဂတ်မှာ ထွန်းတောက်လာမယ့် လူငယ် ဂိုဏ်းချုပ်ပဲ ဖြစ်လေသည်။
ကျန့်ဝူဝေါ်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ့နောက်တွင် ဓားစွမ်းအင် အရိပ်တစ်ခု လွှမ်းခြုံလာကာ ပြင်းထန်သော လူသတ်ရောင်ဝါများ ထွက်ပေါ်လာသည်။
"အဖိုးကြီး မင်း ဘာပြောလိုက်တယ်?"
လုံထန်းရှောက်သည်လည်း သူ့ကိုယ်သူ မချုပ်တည်းတော့ဘဲ အရှိန်အဟုန်ဖြင့် ပတ်ဝန်းကျင်ကို ကြီးစိုးလိုက်သည်။
"အိုး ကျန့်ဝူဝေါ်ပဲ... ငါအခုနက ပြောခဲ့တာကို မေးနေတာလား ဟုတ်ပြီလေ ငါပြောပြမယ် မင်းရဲ့တပည့်ကို ငါသတ်ပစ်လိုက်မလို့ပဲ နားလည်လား?"
"ဘယ်လောက် သတ္တိရှိလဲ ကြည့်ရသေးတာပေါ့!"
ကျန့်ဝူဝေါ် သူ့ဓားကို ဓားအိမ်ထဲမှ ခန့်ညားစွာထုတ်၍ လုံထန်းရှောက်ကို ဓားထိပ်ဖြင့် ထိုညွှန်လိုက်သည်။
"လုံထန်းရှောက်... မင်းရရှိထားတဲ့ ရတနာတွေ ဒါမှမဟုတ် ဒီဆယ်စုနှစ်တွေမှာ ဘယ်လို မှော်အစွမ်းတွေ မွေးမြူထားလဲဆိုတာ ငါကြည့်ချင်တယ်..."
ဖုန့်ချောင်မင်ရဲ့ မျက်နှာထားက တင်းမာလာပြီး လုံထန်းရှောက်ကို ညင်သာစွာဆွဲထုတ်လိုက်သည်။ ဒီကောင်ဘာတွေ လုပ်နေလဲ သူမ နားမလည်တော့ဘူး။
ဖီးနစ်အသိုက်နှင့် နဂါးရေငွေ့တောင်တို့သည် တူညီသော စိတ်ဓာတ်ဖြင့် အမြဲချိတ်ဆက် ထားသော်လည်း ကြီးပွားချမ်းသာမှု နှင့်အတူ ပျက်စီးမှုတွေကလည်း ရှိသေးသည်။ လုံထန်းရှောက် အမှန်တကယ် မိုက်မဲမှုတစ်ခုခု လုပ်ခဲ့ပါက သူမဂိုဏ်းကလည်း ဆွဲထည့်ခံရလိမ့်မည်။
ဓားတစ်သောင်းဂိုဏ်းကို တိုက်ခိုက်ခြင်းက သေခြင်းကို အမှန်တကယ် ရှာဖွေနေခြင်းပဲ ဖြစ်သည်။
လုံထန်းရှောက် ရယ်မောလိုက်သည်။ ဖုန့်ချောင်မင် ဘာကို စိုးရိမ်နေလဲ ဆိုတာကို သူသိပါ၏။
"ပင်လယ်သားရဲမျိုးနွယ်နဲ့ ငါ သဘောတူညီမှု တစ်ခုရခဲ့ပြီးပြီ... ဒီလှောင်အိမ်ထဲက အကျဉ်းသားတွေကို အပြီးအပိုင် မောင်းထုတ်လိုက်ကြရအောင်... အခု ငါတို့လမ်းမှာ ရပ်နေတဲ့သူက ငါတို့ရန်သူပဲ"
ဖုန့်ချောင်မင်မှာ စိတ်သက်သာရာ ရသွားသလို ဖြစ်သွားပေမယ့် သူမ အရမ်းလည်း စိတ်လှုပ်ရှားနေခဲ့သည်။ ဒါကြောင့် ဆက်မေးလိုက်သည်။
“ပင်လယ်သားရဲတွေက ကျွန်နတို့ကို သစ္စာဖောက်သွားမှာ မကြောက်ဘူးလား”
"မဖြစ်နိုင်ဘူး... ပင်လယ်သားရဲ မျိုးနွယ်တစ်ခုလုံးက ငါတို့နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်တယ်ဆိုပြီး စိတ်နှလုံးနဲ့ ကျိန်ဆိုဖို့ ဆန္ဒရှိကြတယ်... ရှဲ့ယွင်ထျန်းကလည်း သဘောတူခဲ့တယ်...ဒါကိုလုပ်ဖို့ ငါ့ဆီ စာပို့တဲ့သူက သူပဲလေ... ဟားဟား"
ဖုန့်ချောင်မင်သည် ရှဲ့ယွင်ထျန်းကို တိတ်တဆိတ် စိုက်ကြည့်ကာ ခေါင်းခါယမ်းလိုက်ပေသည်။
"လူကို သိတယ် မျက်နှာကို သိတယ်ဆိုပေမယ့် နှလုံးသားကိုတော့ မသိဘူးပဲ!"
"ပေါက်ကရ! အဲဒါက ရှဲ့ယွင်ထျန်းရဲ့ မြေး... တစ်ဦးတည်းသော မြေး!"