ယှဉ်တွဲတိုက်ခိုက်
Vol. 81 Ch. 4.732
"ဒါဆို ဒီအစီအစဉ်ကို ဘယ်သူ သဘောတူထားလဲ?
ဖုန့်ချောင်မင်က လေသံပြင်းပြင်းနဲ့ လုံထန်းရှောက်ကို မေးလိုက်၏။
"အဲဒီလူမိုက် ရှုံထျန်းပါ့က ပြဿနာမရှိဘူး... ဆရာတော်ထန်ယီးကတော့ အမှားတစ်ခုက ထာဝရမုန်းတီးမှုကို ဖြစ်ပေါ်စေတယ်တဲ့...သူလည်း နောက်ကြောင်း ပြန်လှည့်မှာ မဟုတ်ဘူး ဟွားဝူချင်း အတွက်တော့ နည်းနည်းတော့ ရှင်းရှင်းလေးပါပဲ... ဒါပေမဲ့ သူမပါဘဲနဲ့လည်း ငါတို့မှာ လူအလုံအလောက်ရှိတယ်"
ဖုန့်ချောင်မင်က ခေါင်းညိတ်ပြသည်။ ဒါကတော့ အမှန်ပါပဲ။ လုံထန်းရှောက်နဲ့ ဖုန့်ချောင်မင်တို့ရဲ့ စကားသံတွေက လူတိုင်းဆီကနေ ဖုံးကွယ်ထားလို့ မရပါဘူး။
"ကောင်းပြီ ကျန့်ဝူဝေါ်... ငါ လုံထန်းရှောက်က မင်းနဲ့တိုက်ပေးမယ်... မင်းကို ကြောက်နေမယ်လို့ ထင်လား"
လုံထန်းရှောက်က မတ်တပ်ရပ်လိုက်သော ရှုံထျန်းပါ့ကို တစ်ချက် ကြည့်ကာ လော့ချောင်ဖုန်းဘက်ကိုလည်း ကြည့်လိုက်သည်။
"ဂိုဏ်းချုပ်လော့... ငါတို့အရင်က မအောင်မြင်ခဲ့ဘူး အခုထပ် ကြိုးစားကြည့်ရင်ရော ဘယ်လိုလဲ?"
သူတို့နှစ်ဦးသည် ကျန့်ဝူဝေါ်နဲ့ လော့ချောင်ဖုန်းတို့ကို ပိတ်ဆို့ထားလိုက်သည်။ လုရွှမ်ကို မပြောနဲ့ အခြေအနေတွင် တစ်ခုခုမှားနေပြီ ဆိုတာ တခြားလူတိုင်းကလည်း မြင်ကြပါသည်။
ဓားနတ်ဆိုးသည် သူ့စိတ်တွေ လှုပ်ရှားသွားကာ အော်ပြောလိုက်သည်။
"ညီအစ်ကို မြန်မြန်ထွက်သွားတော့!"
"အခုထွက်သွားချင်ရင်တောင် အရမ်း နောက်ကျသွားပြီ!"
ဖုန့်ချောင်မင်က ပြေးထွက်လာပြီး သူတို့သုံးယောက်ရဲ့ လမ်းကို ပိတ်ဆို့ထားလိုက်သည်။
တစ်ဖက်တွင် လိပ်အိုကြီးက ပြန်လမ်းကို ပိတ်ဆို့ထားခဲ့ပြီး ရှဲ့ယွင်ထျန်းသည် ဘယ်ဘက်ခြမ်းကို ပိတ်ဆို့ထားခဲ့သည်။ ဆရာတော်ထန်ယီးသည် အော်မီတော်ဖော်ဟု ရှက်ရွံ့စွာ ရွတ်ဆိုကာ နောက်ဆုံးတစ်ဖက်ကို ပိတ်ဆို့လိုက်သည်။
ဤတစ်ကြိမ်တွင် လုရွှမ်ကို လုံး၀ ဝိုင်းထားခဲ့ပြီ။
"ဂိုဏ်းချုပ်ရှဲ့... ဒါက ခင်ဗျား တောင်းပန်တာလား?"
လုရွှမ် ရယ်မောလိုက်သည်။ ရှဲ့ယွင်ထျန်းက ခေါင်းယမ်းလိုက်ပြီး။
"ကိစ္စက အရမ်းအရေးကြီးနေပြီ... လှောင်အိမ်ထဲက အကျဉ်းသားတွေက အရမ်းအန္တရာယ်များတယ် မင်းဖြစ်ဖြစ် ငါဖြစ်ဖြစ် သူတို့ကြားမှာပဲ သေသွားရလိမ့်မယ်... လုရွှမ် မင်းမှာ နည်းလမ်းရှိပေမယ့် မင်းက ချေးမပေးချင်ဘူးလေ.... ဒီလိုဆိုမှတော့ ငါတို့ကိုယ်တိုင် လာယူရမှာပေါ့... မင်း စိတ်ထဲကနေ အပြစ်တင်လို့ရတယ် ကမ္ဘာကြီးကတောင် ငါ့ကို အပြစ်တင်လို့ရပေမယ့် ဝမ့်ရှန်းကမ္ဘာမှာရှိတဲ့ ထောင်ပေါင်းများစွာသော ကျင့်ကြံသူတွေ အတွက် ငါ တစ်ခုခုတော့ လုပ်ရလိမ့်မယ်"
"အော်မီတော်ဖော်.... အရမ်းကောင်းပါတယ် ဆရာတော်လည်း ဂိုဏ်းချုပ်ရှဲ့နဲ့ အတူတူပါပဲ... ဒကာလေးလုရွှမ်ကို စော်ကားမိပါပြီ"
"လုရွှမ်က နှလုံးစားပိတ်ပင်မှု နည်းလမ်းကို တကယ် မလွန်ဆန်နိုင်သေးဘူး... ရှင်တို့ ဘာလို့များ မယုံရတာလဲ?"
ထျန်းရှား ဒေါသထွက်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။ သူမ၏ဦးလေးကပါ သူမတို့ကို ဝိုင်းရံထားသောကြောင့် သူမကို အလွန်ဝမ်းနည်းသွားစေခဲ့သည်။
"ထျန်းရှား.... ဒီကို ပြန်လာခဲ့.. သူဘယ်လို လူစားမျိုးလဲဆိုတာ မင်းမြင်ပြီးပြီပဲ... ဒီလိုအခြေအနေမျိုးမှာတောင် သူ့အတွက်သူ တွေးနေတုန်းပဲ။ ဒီလိုလူကို မင်းဘဝတစ်ခုလုံး ဘယ်လိုလုပ် အပ်နှင်းနိုင်မှာလဲ? သူက မင်းနဲ့လုံးဝ မထိုက်တန်ဘူး"
ထျန်းရှားရဲ့ မျက်နှာက အနည်းငယ် အေးစက်သွားသည်။ သူမ အသက်ပြင်းပြင်း ရှူရှိုက်ကာ မျက်ရည်များကို သုတ်လိုက်ပြီး ဆို၏။
"ဦးလေး... ဦးလေး ကျွန်မအပေါ် ကောင်းကောင်း နားလည်တယ်လို့ အမြဲထင်ခဲ့တာ.... ကျွန်မလည်း ဦးလေးအပေါ်ကို ကောင်းကောင်း နားလည်တယ်လို့ အမြဲထင်ခဲ့တယ်... ဒါပေမဲ့ အခုမှ ဦးလေး ကျွန်မကို တစ်ခုမှ နားမလည်ခဲ့ဘူး ဆိုတာ သိသွားပြီ... ကျွန်မလည်း ဦးလေးကို နားမလည်ခဲ့ဘူး"
"မင်း မင်းက ဘာကိုဆိုလိုတာလဲ"
"ဘာကိုဆိုလိုတာလဲ? ဦးလေး... ဦးလေးရဲ့ ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကြင်နာမှုကို သတိရပြီး နောင်ကျရင် သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ်... ဒါပေမဲ့ ဒီနေ့ကစပြီး ကျွန်မက ဦးလေးရဲ့ တူမ မဟုတ်တော့သလို ဦးလေးကလည်း ကျွန်မရဲ့ ဆရာဦးလေး မဟုတ်တော့ဘူး"
လိပ်အိုကြီးသည် ဒေါသတကြီးဖြင့် ခန္ဓာကိုယ်က တုန်လှုပ်ကာ ထျန်းရှားကို လက်ညိုးထိုးလိုက်သည်။
"အတင့်ရဲလိုက်တာ! မင်းက တကယ်တော်လှန် ပုန်ကန်နေတာပဲကွ! မင်းက ပါရမီရှင်မို့လို့ ငါတကယ်ပဲ မင်းကို လုယူခဲ့တာလို့ ထင်နေလား? ဟင့် ဟိုတုန်းက မင်းအပေါ်မှာ ငါ့ရဲ့အရည်အချင်းကို ရင်းနှီးခဲ့တယ်... ဒါတောင် မင်းက ဂိုဏ်းကနေ ထွက်ခွာဖို့ ရွေးချယ်လိုက်သေးတယ်ပေါ့... "
လုရွှမ်လည်း ထျန်းရှားရဲ့ အဆုံးသတ်က ဒီလို ဖြစ်သွားလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။ သူသည်လည်း ဂိုဏ်းက ထွက်ခွာခဲ့သော်လည်း သူ့ဘက်က ထျန်းရှားထက် ပိုမိုနွေးထွေးလေသည်။
မူလက သူမကို ဂိုဏ်းကထွက်ဖို့ ဖြားယောင်းသွေးဆောင်လိုခဲ့သည်။ နောက်ဆုံးတွင် သူမ၏ ဆရာသခင်သည် သူမတူဘဲ ခံစားချက်အမျိုးမျိုးရှိခဲ့သည်။ သို့သော် လိပ်အိုကြီး၏ အသွင်အပြင်ကို ကြည့်ကာ လုရွှမ် ထိုအကြံကို လက်လွှတ်လိုက်သည်။
"ကောင်းတယ် အရမ်းကောင်းတယ်....မင်းကိုယ်တိုင် စီရင်ချက်ချစရာ မလိုပါဘူး... ငါအခုပဲမင်းကို နှင်ထုတ်လိုက်ပြီ အခုကစပြီး မင်းက ငါတို့ရဲ့ ပင်လယ်သားရဲ မျိုးနွယ်စု တစ်ခုလုံးရဲ့ သစ္စာဖောက် ဖြစ်သွားပြီ... ဒီလောကရဲ အဆုံးသက်ကို ရောက်သွားရင်တောင် မင်း အသက်မရှင်စေရဘူး... သေရင်လည်း အလောင်းပဲ ကျန်စေရမယ်!"
ထျန်းရှားရဲ့ မျက်လုံးများက နီရဲနေပြီး သူမတစ်ကိုယ်လုံးကလည်း တုန်ခါနေသည်။ ဒီစကားတွေက သူမကို အမြဲချစ်ခဲ့တဲ့ ဆရာဦးလေးက ပြောလာခဲ့တဲ့ စကားတွေပါ ဆိုတာကို သူမ မယုံနိုင်ပေ။
ဆရာများနှင့် တပည့်ကြားတွင် ခင်မင်ရင်းနှီးမှု တစ်စုံတစ်ရာ ရှိလာပါက ၎င်းသည် ယေဘူယျ လက်နက် ကိရိယာများကိုသာ အသုံးပြု ဝေမျှခြင်းမျှ ဖြစ်သည်။
"စိတ်မထိခိုက်ပါနဲ့... အဲဒီလိုဂိုဏ်းကို ပြန်သွားစရာ မလိုဘူး"
လုရွှမ် သူမကို အမြန် နှစ်သိမ့်လိုက်သည်။
ထျန်းရှားမှာ လုရွှမ်ရဲ့ လက်မောင်းတစ်ဖက်ပေါ် မှောက်လိုက်ရတဲ့အထိ နာကျင်သွားသည်။ သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်သည် တုန်တုန်ယင်ယင် ဖြစ်နေပြီး သူမ၏ ယခင်က သူရဲကောင်းဆန်ခဲ့သော အမူအရာ သဲလွန်စ ရှာမတွေ့ရအောင် ပျောက်ဆုံးသွားကာ ယခုအချိန်တွင် သူမသည် ဒဏ်ရာရနေသော ကလေးမလေး တစ်ယောက်လိုပင်။
"အပိုစကားတွေ ပြောနေတာ ရပ်လိုက်ပါတော့... လုရွှမ် လွှဲပေးမလား မလွှဲပေးဘူးလား ဆိုတာ နောက်ဆုံးအကြိမ် ထပ်မေးမယ့!"
ဖုန့်ချောင်မင်က ဦးစွာ အော်ပြောလိုက်သည်။ လုရွှမ်က ထိုလူတွေကို တစ်ယောက်ချင်းစီ လိုက်ကြည့်ကာ ခေါင်းယမ်းလိုက်
"လိုချင်ရင် ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်ခွန်အားကို အားကိုးရမယ် မဟုတ်လား"
ဓားနတ်ဆိုးက ထွက်မသွားဘူး ဆိုတာ သူသိတဲ့အတွက် ဓားနတ်ဆိုးကို ထွက်မသွားခိုင်းတော့ပေ။ ဓားနတ်ဆိုးက သူ့ကို ဒီလောက်အန္တရာယ်များတဲ့ အခိုက်အတန့်မှာ ထားခဲ့ဖို့ ပြောလိုက်မယ်ဆိုရင် ဓားနတ်ဆိုးကို စော်ကားလိုက်သလို ဖြစ်သွားလိမ့်မယ်။
"ဓားနတ်ဆိုး....ထျန်းရှား ဘေးချင်းယှဉ်တိုက်ကြရအောင်!"
"ကောင်းပြီ!" ဓားနတ်ဆိုးက ကျယ်လောင်စွာ တုံ့ပြန်လိုက်သည်။
ထျန်းရှားလည်း လေးနက်စွာ ခေါင်းညိတ်ပြပြီးနောက် သူမဓားကို ထုတ်ကာ ကြည့်လိုက်သည်။ ထို့နောက် လိပ်အိုဆီသို့ လွှင့်ပစ်လိုက်၏။
"ရှင့်ပစ္စည်း ပြန်ပေးလိုက်မယ်"
သူမ အမူအရာမှာ အလွန်အေးစက်နေလေသည်။ ပြီးတော့ သိုလှောင်ကွင်းထဲမှ လှံရှည်တစ်ချောင်းကို ထုတ်ယူလိုက်သည်။
လှံထိပ်ဖျားတွင် သွေးများ စိမ့်ထွက်နေသကဲ့သို့ အနီရောင် တောက်တောက် အရောင်များ ထွက်ပေါ်နေကာ ၎င်းက လူသတ်ချင်နေသည့် ရောင်ဝါဖြစ်ကြောင်း လူတိုင်း သိနိုင်သည်။
"မင်းတို့ရဲ့ စွမ်းရည်တွေကို တကယ်ကို လွန်ကဲနေတာပဲ.... နတ်မီးနယ်ပယ်ထဲက မရှိသလောက်လေးနဲ့များ... ဂိုဏ်းချုပ် လေးယောက်လုံး လှုပ်ရှားဖို့ မလိုပါဘူး ဂိုဏ်းချုပ်တို့ ပတ်ဝန်းကျင်ကို ကာကွယ်ထားကြ... ဒီဂိုဏ်းချုပ် တစ်ယောက်တည်းနဲ့တင် လုံလောက်ပြီ... ဒါကတင် သူတို့ကို မျက်နှာသာ အများကြီး ပေးနေစရာ မလိုဘူး"
ဖုန့်ချောင်မင် အော်ဟစ်ပြီး လူငယ် သုံးယောက်ဆီသို့ လျှောက်သွားလိုက်သည်။ နတ်မီးနယ်ပယ်က မျှော်စင်နယ်ပယ်ကို အနိုင်ယူဖို့ဆိုတာ အခွင့်အလမ်း လုံးဝ မရှိပေ။
ဖုန့်ချောင်မင် သူမလက်ဖဝါးကို ထုတ်လိုက်သည်နှင့် စူးရှထက်မြက်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ တခဏချင်းမှာပဲ နေရာလွတ် တစ်ခုလုံးကို သော့ခတ် ချိတ်ပိတ်ခံလုနီးပါး ဖြစ်သွားခဲ့သည်။ သူတို့သုံးယောက်ခမျာ ခန္ဓာကိုယ်အနှံ့ ထောင်သွင်းအကျဉ်းချ ခံနေရသလို မလှုပ်မရှားနိုင် ဖြစ်သွားကြသည်။
လုရွှမ်၏ မျက်လုံးများသည် အလင်းရောင်များဖြင့် တောက်ပနေပြီး သူတို့ခန္ဓာကိုယ် တစ်ဝိုက်တွင် မီးတောက်နိယာမ စွမ်းအင်များ ရှိနေတာကို တွေ့လိုက်ရသည်။ အပူဒဏ်ကို လုံးဝ မခံစားခဲ့ရတာကတော့ စဥ်းစားစရာပင်။
မီးတောက်နိယာမရဲ့ လိုင်းများက အလွန်ထူးဆန်းလှသည်။ ၎င်းတို့သည် အပူကို ထုတ်လွှတ်ပေးခြင်း မရှိသော်လည်း တွဲစပ်လျက် ရှိနေကြသည်။ ဖုန့်ချောင်မင် နိယာမစွမ်းအင်များကို နားလည်မှု အပေါ် အခြေခံထားပုံက မျှော်စင်နယ်ပယ်မှ ထိပ်တန်းသခင်ဖြစ်ရန် ထိုက်တန်သည်ဟု ဆိုရပေမည်။
သို့သော် လုရွှမ်ကို ဝင်မနှောက်ယှက်နိုင်ခဲ့ပေ။ သူသည် ကောင်းကင်စာအုပ်၏ အစိတ်အပိုင်း ရှစ်ခုထဲက အခင်းအကျင်း ကောင်းကင်ဘုံစာအုပ်ကို ဖတ်ရှုပြီးနောက် နိယာမလိုင်းတွေ အကြောင်း နားလည်မှုက အနည်းငယ် ထက်မြတ်လာခဲ့၏။ အထူးသဖြင့် လှောင်အိမ်ထဲက ကျောက်ပြားများအပေါ် ဖွဲ့စည်းထားသည့် နိယာမလိုင်းတွေကို တွေ့ရပြီးနောက် လုရွှမ်မှာ နယ်ပယ်တစ်ခုထဲ ၀င်သွားခဲ့ပြီလေ။
လေပြင်းနိယာမများ လွင့်မျောသွားကာ သူ့ခန္ဓာကိုယ်က တစ်ချက် ယိမ်းယိုင်သွားပြီးနောက် သူ့ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
ထျန်းရှားသည် လုရွှမ်လို နိယာမလိုင်းတွေအပေါ် အောင်မြင်မှုများကို မတွေ့ဖူးသော်လည်း ထိုသို့သော အခြေအနေမျိုးကို သူမ ကြုံတွေ့ရတာ ပထမဆုံးအကြိမ် မဟုတ်ပေ။ လက်ဖဝါးကို ရွှေ့လိုက်သောအခါ သူမလက်ထဲက လှံရှည်ဟာ အသက်ရှင်နေသလို လှုပ်ရှားသွားသည်။
လှောင်အိမ်ထဲ မ၀င်ခင်မှာ ထျန်းရှားဟာ သူမကလှံသိုင်းကို လက်တည့်စမ်းဖို့ အရည်အချင်း ရှိတယ်ဆိုတာ ဘယ်တုန်းကမှ မသိခဲ့ပါဘူး။ ကျောက်နံရံမှ လေနဂါးလှံသိုင်းကို သင်ယူပြီးနောက် သူမ လှံသိုင်းကို လုံးဝ သဘောကျသွားခဲ့သည်။ လှံ၏ လွှမ်းမိုးနိုင်မှု စွမ်းအားဟာ သူမ၏ ကိုယ်ရည်ကိုယ်သွေးနှင့် အလွန် သင့်လျော်သည်။
ဒါပေမဲ့ သူမဟာ လှံသိုင်းကို ဘယ်တော့မှ ထုတ်မသုံးခဲ့ပါဘူး။ အကြောင်းပြချက်ကတော့ ရှင်းရှင်းပြောရရင် သူမရဲ့ ဆရာဦးလေးဟာ သူမအတွက် ဓားကို ကိုယ်တိုင်ကိုယ်ကျ သန့်စင်ပေးထားလို့ပါပဲ။ ယခုမူ ဓားက သူ့သခင်ဆီ ပြန်ရောက်သွားပြီမလို အရာအားလုံးကလည်း တညီတညွတ်တည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။