အတောင်ပံနှစ်ထပ်
Vol. 81 Ch. 4.733
လှံထွက်လာသည်နှင့် တပြိုင်နက် တစ္ဆေသရဲများ၏ အော်ဟစ်ပြီး နတ်ဘုရားများ အူသံကဲ့သို့ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။ ခဏလေးအတွင်းမှာပဲ သူမပတ်ဝန်းကျင်မှာ ရှိနေတဲ့ ပြေးလွှားနေသော နိယာမစွမ်းအင်လိုင်းများ ကျိုးပဲ့သွားလေ၏။
ထျန်းရှားအတွက် ဒီလိုင်းတွေကို ချိုးဖျက်ဖို့က အလွယ်ကူဆုံးမှာ ဖြစ်သည်။
လေနဂါးလှံသိုင်းသည် မြေကြီးဒြပ်စင် ဖြစ်သည်။ ကမ္ဘာမြေသည် အမှန်တကယ်ပင် မီးကို ထိန်းချုပ်ထားနိုင်သည်။ ဒါကြောင့် မီးတောက်နိယာမရဲ့ အချုပ်အနှောင်ကို ချိုးဖျက်ဖို့ သဘာဝအတိုင်း လွယ်ကူလေသည်။
ဓားနတ်ဆိုးကျန့်မော်တွင် လက်နက်များစွာ မပါဝင်ဘဲ သူနှင့်အတူ ဓားတစ်ချောင်းသာ ရှိသည်။ သူ့အမြင်အရတော့ ဓားတစ်ချောင်းရှိရုံနဲ့ လုံလောက်ပေပြီ။ ဓားဆန္ဒကို နှိုးဆော်ခြင်းဖြင့် သူသည် မခံမရပ်နိုင်စွာ ရွေ့လျားနိုင်ပြီး တိုက်ခိုက်မှုတိုင်းတွင် အောင်ပွဲခံခဲ့သည်။
ဓား၏ မြည်သံနှင့်အတူ သူ့အား အကျဉ်းချထားသည့် မီးတောက်နိယာမ လိုင်းများက ဓား၏ဖိအားအောက်တွင် တိုက်ရိုက် ကွဲသွားသည်။
ဖုန့်ချောင်မင်လည်း လူငယ်သုံးယောက်ရဲ့ ချိုးဖျက်နိုင်မှုကို သဘာဝကျကျ အလွန်ရှင်းလင်းစွာ ခံစားလိုက်ရတာကြောင့် သူမနှလုံးသားထဲတွင် အံ့အားသင့်မှု လှိုင်းလုံးများ ထွက်ပေါ်လာသည်။
ဓားနတ်ဆိုးသည် ပါရမီရှင်များကြားက ပါရမီရှင်ကြီး ဖြစ်သည်။ လုရွှမ်သည်လည်း ပါရမီရှင် ဖြစ်ပေမယ့် ထျန်းရှားက သာမန်မျှသာ ဖြစ်သော်လည်း သူမသည် ယခုလို ပါရမီရှင်သုံးယောက်ကို ဘယ်သောအခါမှ မတိုက်ခိုက်ခဲ့ဖူးပေ။
သူမ၏ အထင်အမြင်တွင် ဤလူသုံးယောက်သည် ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ ၎င်းတို့သည် နတ်မီးနယ်ပယ် ပထမအဆင့်တွင်သာ ရှိပြီး ဘယ်လောက်မှ အစွမ်းထက်နိုင်မှာ မဟုတ်ချေ။
ဒီလူငယ်သုံးယောက်ကို ဖြုတ်ချဖို့ ဆိုတာ အလွန်လွယ်ကူသည်။ သို့သော် မထင်မှတ်ပဲ လူသုံးယောက်က သူမမျက်နှာကို ဖြတ်ရိုက်နေကြလေသည်။
"ဂိုဏ်းချုပ်ဖုန့်... လှည့်ပတ် ကစားနေတာကို ရပ်ပြီး တိုက်ရိုက်လှုပ်ရှားလိုက်တော့"
ရှဲ့ယွင်ထျန်းရဲ့ အသံက မကျေနပ်သည့် အရိပ်အယောင်များ ထွက်ပေါ်နေသည်။
ဖုန့်ချောင်မင်ရဲ့ မျက်နှာလည်း အနည်းငယ် မည်းမှောင်သွား၏။ လာနောက်နေတာလား။ ဒီကောင်လေးတို့ သုံးယောက်က ဒီလောက် သန်မာမယ်လို့ သူမလည်း မမျှော်လင့်ထားဘူးလေ။ ထျန်းရှားနဲ့ ဓားနတ်ဆိုးကျန့်မော်က နတ်မီးနယ်ပယ်ကမို့ ဖြစ်နိုင်သော်လည်း ကောင်းကင်ဘုံသခင် ပထမအဆင့်တွင် အရည်အချင်းရှိသော အငယ်တန်း လုရွှမ်က ဒီလောက် အစွမ်းထက်နေတာ ထူးဆန်းလှပေသည်။
ယခု သူမဟာ ရှဲ့ယွင်ထျန်းရဲ့ မထီမဲ့မြင်ပြုခြင်းကို ခံနေရပြီ။ နောက်တစ်ကြိမ်မှာသာ သူတို့ကို အနိုင်မယူနိုင်ခဲ့ရင် နှိမ့်ချခံရတော့မှာ မဟုတ်ဘူးလား။
သူမသည် သူမခန္ဓာကိုယ်အတွင်းက ဝိညာဥ်စွမ်းအင် အတက်အကျများကို ထိန်းထားရန် အစွမ်းကုန် ကြိုးစားရင်း သူမ၏ ယွမ်စွမ်းအင်ကို တတ်နိုင်သမျှ တိတ်တဆိတ် လှုံ့ဆော်ပေးလိုက်သည်။ သူမသည် သူမ၏ လက်ချောင်းများကို သုံးကြိမ်ဆက်တိုက် လက်စည်းတံဆိပ် ဖော်ရင်း အော်လိုက်သည်။
"ဝိညာဥ်လက်ချောင်း!"
အသွင်အပြင်က သိပ်မပြင်းထန်ပေမယ့် ရောင်ဝါကတော့ သူတို့သုံးယောက်ရဲ့ အမူအရာတွေကို ပြောင်းလဲသွားစေ၏။ ဒီလှုပ်ရှားမှုဟာ သူတို့ ခံနိုင်ရည်ရှိတဲ့အရာ မဟုတ်တော့ဘူး။ သူတို့နဲ့ ဖုန့်ချောင်မင်ကြားက ကွာဟချက်က အရမ်းကြီးလှသည်။
ခံနိုင်ရည် မရှိနိုင်တာကြောင့် သဘာဝအတိုင်း ရှောင်တိမ်းလိုက်တာက တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်သည်။ ထျန်းရှားနှင့် ဓားနတ်ဆိုးကျန့်မော်တို့ လျင်မြန်စွာ ထွက်ခွာသွားကြသည်။ ဓားနတ်ဆိုးသည် သူ့ဓားကို လှုပ်ခါလိုက်ပြီး ထျန်းရှားလည်း သူ့လှံကိုကရင်း တွန်းလှန်ရန် ကြိုးစားလိုက်ရာ ဝိညာဥ်လက်ချောင်း၏ အစွမ်းကို တဖြေးဖြေး ဆုတ်ယုတ်သွားစေသည်။
လုရွှမ်သည် မရှောင်သွားဘဲ လက်ညိုးနှင့် လက်ခလယ်ကို ထုတ်ကာ သူ့ကို တိုက်ခိုက်လာနေသော ဝိညာဥ်လက်ချောင်းဆီသို့ ညွှန်လိုက်သည်။
ဒီလှုပ်ရှားမှုက လူတိုင်းရဲ့ မျှော်လင့်ချက်ထက် များစွာကျော်လွန် သွားခဲ့ပြီ။ ဓားနတ်ဆိုးနှင့် ထျန်းရှားတို့တောင် ထွက်သွားခဲ့ကြရာ လုရွှမ်ကတော့ ခုခံနိုင်စွမ်း မရှိလောက်ပေ။
လုရွှမ်၏ လက်ဖဝါးထိပ်တွင် နီရဲနေသော အရာလေးတစ်ခု ရှိနေသည်။ လုရွှမ်လက်ချောင်းများပေါ်ရှိ အလင်းရောင်ကို ကြည့်ပြီး လူတိုင်းမှာ ကိုးကွယ်ချင်လာတဲ့ ခံစားချက်တွေ ပေါက်ထွက်လာတော့သည်။
ဝိညာဥ်လက်ချောင်းနှင့် လုရွှမ်လက်ချောင်းတို့သည် စီးဆင်းနေသော ရေထဲသို့ မီးတောက်တစ်ခုက ဆောင့်မိသွားသလို လှိုင်းငယ်တစ်ခုသာ ဖြစ်ပေါ်စေခဲ့ပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။
ဖုန့်ချောင်မင်သည် သူမနှလုံးသားထဲကနေ လုရွှမ်အပေါ် အလွန်အမင်း မုန်းတီးလာခဲ့သည်။ လုရွှမ် သူ့လူနှစ်ယောက်ကို ပြန်ခေါ်ဖို့ ဝှေ့ယမ်းလိုက်ပြီး ဝိညာဉ်လက်ချောင်း နှစ်ချောင်းကို ချိုးဖျက်ဖို့ သူ့လက်နှစ်ချောင်းကိုသာ အသုံးပြုလိုက်တယ်။
"ခိုးကြောင်ခိုးဝှက် လှည့်စားနေတာပဲ... ကောင်လေး မင်းကိုငါ တကယ်စိတ်ဆိုးလာပြီ!"
ဖုန့်ချောင်မင် ဟောက်ပြီး မီးတောက်နေတဲ့ ဓားတစ်လတ်ကို ထုတ်ပစ်လိုက်သည်။
"သွား!"
မီးဓားသည် လေထုထဲ၌ ရုတ်ချည်း ပျောက်ကွယ်သွားပြီး နောက်အခိုက်အတန့်တွင် လုရွှမ်ရှေ့တွင် ဓားတစ်ချောင်းတည်းဖြင့် ထိုးဖောက်ရန် ကြိုးစားရင်း ပေါ်ထွက်လာသည်။
သို့သော် ချွင်းကနဲ အသံတစ်ခု ထွက်လာပြီး မီးဓားကို တစ်စုံတစ်ခုက ပိတ်ဆို့ထားခဲ့သည်။
၎င်းသည် မီတာဝက်ကျော် အကွာသို့ ပြန်လာ့ပျံသွားကာ ညည်းတွားသံများ ထုတ်လွှတ်လိုက်သည်။ မီးတောက်များသည် အလွန်အားပျော့သွားကာ ဓားရဲ့ဝိညာဉ်မှာလည်း အလွန် ပျက်စီးသွားခဲ့သည်။
ဖုန့်ချောင်မင်က မီးဓားကို အမြန် ပြန်ယူလိုက်ပြီး အော်ပြောလိုက်သည်။
"ကောင်လေး မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဘာဝှက်ထားသေးလဲ? မင်းကိုသတ်ရတာ ဘာလို့ အရမ်းခက်ခဲနေတာလဲ"
လူတိုင်းလည်း အလွန်အမင်း စိတ်ရှုပ်ထွေးသွားကြသည်။ ဤစွမ်းအားသည် ဖုန့်ချောင်မင်ရဲ့ အစွမ်းထက်ဆုံး ဓားနှလုံးသား သိုင်းကွက်ဖြစ်ကာ အလွန်အစွမ်း ထက်သောကြောင့် နှလုံးသားဓားကို ထုတ်ပြီးသည်နှင့် ရှဲ့ယွင်ထျန်းပင် ၎င်းကို ခံနိုင်ရည်ရှိမလား မသေချာပေ။
လုရွှမ်၏ မျက်နှာသည်လည်း ထိတ်လန့်သွားပုံ ပေါက်လေသည်။ သူသည် ယခုတစ်ကြိမ်တော့ ဟန်ဆောင်ခြင်း မဟုတ်ပေ။ ဓားစွမ်းအင်က ဒီလောက် မြန်ဆန်မယ်လို့ မထင်ထားသလို သဲလွန်စလည်း ရှာမရခဲ့ပေ။
သူ သေချာပေါက် မသေနိုင်သလို ဒီလူတွေက သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ နတ်တောင်တန်းကြီးရဲ့ အကာအကွယ်သာ မရှိရင် သူပိုပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေ ရသွားမှာတော့ သေချာလေသည်။
ဓားကို ပိတ်ဆို့ထားတဲ့အရာက လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲက နတ်တောင်တန်းဖြစ်ပြီး သူ့အသက်ကို လုံး၀ ကယ်တင်ခဲ့တယ်လို့ ပြောလို့ရပါ၏။
"လုရွှမ် အဆင်ပြေရဲ့လား?"
ထျန်းရှားက နောက်ဆုံးမှာ တုံ့ပြန်နိုင်ခဲ့ပြီး မြန်မြန်ဆန်ဆန် မေးလိုက်သည်။
ဓားနတ်ဆိုးကလည်း မယုံကြည်နိုင်အောင် ဖြစ်နေသည်။ သူသာဖြစ်လျှင် သူသေသွားမှာ သေချာတယ်လို့ သူ့ကိုယ်သူ ပြောလိုက်မိသည်။
"ဘာမှမဖြစ်ဘူး... တားဆီးထားနိုင်တဲ့ မှော်လက်နက်တစ်ခု ရှိနေတာပါ..."
လုရွှမ် အသက်ဝဝရှူရင်း ပြောလိုက်သည်။ ထို့နောက် ဖုန့်ချောင်မင်အား စူးစူးရဲရဲ စိုက်ကြည့်ကာ။
"ဖုန့်ချောင်မင်... မင်းရဲ့ဓားကို ငါမှတ်ထားမယ်... တစ်နေ့ ကျိန်းသေ ပြန်ပေးဆပ်ရမယ်!"
သတိလက်လွတ် ဖြစ်နေတုန်း ခံလိုက်ရတဲ့ ဓားချက်လိုပါပဲ။ တကယ်တော့ ဒီလူတွေဟာ မျှော်စင်နယ်ပယ်ကက သခင်တွေပင်။ မိမိတို့ရဲ့ အရည်အချင်းတွေ ဘယ်လောက်ပဲ ထူးထူးခြားခြား ရှိပါစေ၊ မှော်လက်နက်တွေ ဘယ်လောက်ပဲ ရှိပါစေ၊ သူတို့မှာ နည်းတွေ ဘယ်လောက်ပဲ ရှိရှိ စွမ်းရည်က မလုံလောက်သေးပါဘူး။
လူတွေကလည်း သူတို့ကို မျက်လုံးထဲ မထည့်ကြဘူး။ ပြင်းထန်လာတဲ့အခါ ကိုယ့်ကိုကိုယ် သတ်သေဖို့ နည်းလမ်းပေါင်း ထောင်ချီရှိ စဥ်းစားရလိမ့်မည်။
ဒီနေရာမှာ ဆက်မနေနိုင်တော့ဘူး။ ကြာကြာနေလေ ဖမ်းဖို့ အခွင့်အလမ်း ပိုများလေပဲ။ အကောင်းဆုံး နည်းဗျူဟာကတော့ ထွက်ပြေးဖို့ပဲ ရှိသည်။ လုရွှမ် သူ့စိတ်ထဲတွင် တွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့သည်။
"မင်းတို့နှစ်ယောက် ငါ့ပခုံးကို ဆွဲကိုင်လိုက်.... ဒီမှာ အန္တရာယ်များလွန်းတယ် ငါတို့ အရင်ထွက်သွားရင် ပိုကောင်းမယ်"
ကျန့်မော်တို့ နှစ်ယောက်လုံး အနည်းငယ် စိတ်ရှုပ်သွားသည်။ သူတို့ထွက်သွားနိုင်ရင် ဟိုးအရင်ကတည်းက ထွက်သွားပြီးပြီ မဟုတ်ဘူးလား?
"သူတို့ ထွက်ပြေးချင်နေပြီ...တားကြ!"
ရှဲ့ယွင်ထျန်း ဟစ်အော်လိုက်သည်။
နောက်ဆုံးတွင် သူသည် ထူးကဲသော လူတစ်ဦးဖြစ်လို့ လူငယ်တွေကြားက အသံထဲက အကြောင်းအရာကို အမှန်တကယ်ပင် တိုက်ရိုက် နားလည်ခဲ့သည်။ သို့သော် ဤစကားများက သူသည် ဤအစီအစဉ်၏ ချုပ်ကိုင်ထားသူဖြစ်ကြောင်း လုံး၀ ထင်ရှားသွားစေသည်။
လုရွှမ် ရယ်မောလိုက်ပြီး သူငယ်ချင်းနှစ်ယောက်နှင့်အတူ သုံးယောက်သား ကောင်းကင်သို့ ထိုးတက်သွားကြသည်။
ထို့နောက် နီရဲသော အခိုးအငွေ့တန်းများက လူသုံးယောက်၏ ခန္ဓာကိုယ်အပေါ် ဖြန့်ကျက်ချလိုက်ကာ ကြီးမားသော အတောင်ပံနှစ်ချောင်း ထွက်ပေါ်လာခဲ့သည်။
"သူတို့ကို မြန်မြန်တား! အဲဒါတွေက ဖီးနစ်ကိုးပါးရဲ့ ပျံသန်းနိုင်တဲ့ အတောင်နှစ်ထပ်ပဲ... သူတို့ လွတ်မြောက်ဖို့ ကြိုးစားနေတာ"
ဖုန့်ချောင်မင်က အော်ဟစ်ပြီး ပထမဆုံး အမီလိုက်နိုင်ခဲ့ပါသည်။ သူမသည် အလွန်မနာလို ဖြစ်လာခဲ့ပြီ။ ဖီးနစ်အသိုက်ထဲက ကျောက်ပြား တစ်ခုပေါ်တွင် ကဗျာတစ်ပုဒ်ရေးထားသည်။
'ငါ့မှာ ရောင်စုံဖီးနစ်အတောင်တွေ မရှိဘူး ဒါပေမဲ့ ငါ့မှာ ပြတ်သားတဲ့စိတ်ရှိတယ်'
၎င်းကဗျာက ဖီးနစ်အသိုက်၏ မှော်အစွမ်းနှစ်ခု ဖြစ်တဲ့ ဝိညာဥ်လက်ချောင်း၊ ဖီးနစ်အတောင်နှစ်ထပ် တို့နှင့် သက်ဆိုင်ပါသည်။ ဝိညာဥ်လက်ချောင်းသည် သင်ယူရန် လွယ်ကူသော်လည်း ပျံသန်းနိုင်သော တောင်ပံနှစ်ထပ်သည် ၎င်းကို အသုံးပြုနိုင်ရန် အတွက် အားကောင်းသော ဖီးနစ်သွေး လိုအပ်သည်။
အခုထိတောင် သူမမှာ ထိထိရောက်ရောက် မသုံးနိုင်သေးဘူး။ ၎င်းကိုအသုံးပြုလျှင်ပင် စွမ်းအားတွေက ကြီးကြီးမားမား ရှိရမှာဖြစ်ပြီး သူမသွေးသားမှာ မခံနိုင်ပေ။
သို့သော် ထိုလူယုတ်မာ လုရွှမ်သည် အလွန်သန့်စင်သော ဖီးနစ်သွေးတစ်စက်ကို ရတဲ့အထိ ကံကောင်းလွန်းနေ၏။ သူသည် ဖီးနစ်ရဲ့မှော်အစွမ်းကို မသိသော်လည်း ပျံသန်းနိုင်သော အတောင်နှစ်ထပ်၏ မှော်အစွမ်းကို ပြသရန် သူ့သွေးကို အမှန်တကယ် အသုံးပြုလာခဲ့သည်။