← Chapters

ထွက်သွားပြီ

Vol. 81 Ch. 4.734

ထွက်သွားပြီ

Vol. 81 Ch. 4.734

ဖုန့်ချောင်မင်ရဲ့ နှလုံးသားမှာ အဆိပ်မိထားသလို ရူးသွပ်တဲ့ မနာလိုမှုတွေ ဖုံးလွှမ်းနေသလို တခြားဂိုဏ်းချုပ်တွေနဲ့ မျှော်စင်နယ်ပယ်က သခင်တွေရဲ့ အမူအရာတွေ အားလုံးလည်း သိသိသာသာ ပြောင်းလဲသွားပါပြီ။

လုရွှမ်တို့ သုံးယောက်ကို လွတ်မြောက်ခွင့်ပေးလိုက်ရင် အခွင့်အရေးက သွားလေပြီ။

လုရွှမ်တွင် ထိုလှောင်အိမ် လူသားများနှင့် ဆက်ဆံရာတွင် အကောင်းဆုံး နည်းလမ်းတစ်ခု ရှိသည်။ လုရွှမ်ကို ဖမ်းနိုင်ခဲ့သည့်အတွက် ဂုဏ်ယူမိသော်လည်း ယခုတော့ သူက ထွက်ပြေးချင်နေပြီ။

အစကတော့ သူတို့အစီအစဥ်ဟာ ပင်လယ်သားရဲများနှင့် ပူးပေါင်းကာ လှောင်အိမ်လူသားများကို ဝမ့်ရှန်းကမ္ဘာကနေ မောင်းထုတ်ဖို့ပါပဲ။ သူတို့ရဲ့ အင်အားနဲ့ဆို ပင်လယ်သားရဲတွေရဲ့ အနိုင်ကျင့်တာကို ခံရမှာ မဟုတ်ပါဘူး။

ဒါက နည်းဗျူဟာ တစ်ခုပင်။ အခုတော့ သူတို့မှာ အားကိုးစရာ ရှိသွားပြီ။ အဲဒါကတော့ လုရွှမ်ရဲ့ အဲဒီလှောင်အိမ် လူသားတွေအပေါ် ထိန်းချုပ်ထားနိုင်တဲ့ နှလုံးစားပိတ်ပင်မှုပဲ အစီအရင်ပါပဲ။

နောက်ဆုံးမှာတော့ လူတချို့က ငြိမ်သက်သွားပြီး သူတို့ရဲ့ စိတ်တွေကို ပြန်လည်စုစည်းနိုင်ခဲ့သည်။ ယခုအချိန်မှာ လုရွှမ်က အလွန်အရေးကြီးကြောင်း သိလာခဲ့သည်။ လက်ရှိ အကျပ်အတည်းကို ဖြေရှင်းဖို့နဲ့ လှည့်ပတ်ကြည့်စရာ မလိုဘဲ တည်ငြိမ်တဲ့ ဘဝနေထိုင်နိုင်ဖို့က အခြေခံ အရေးကြီးတဲ့ အကြောင်းအရာပါပဲ။

ဂိုဏ်းကြီးရှစ်ခု၏ မျက်နှာနှင့် ဂိုဏ်းချုပ်များရဲ့ ဘုန်းအသရေမှာ ဘယ်ဟာက ပိုအရေးကြီးသလဲ။ သေချာပေါက် လုရွှမ်လောက်တော့ အရေးမကြီးတော့ပေ။

မျက်နှာသာ အနည်းငယ်၊ မနာလိုစိတ် အနည်းငယ်နှင့် အကျိုးစီးပွားတွေက ပြဿနာအားလုံးကို ဖြေရှင်းနိုင်သည့် အဓိကပုဂ္ဂိုလ်ကို အမှန်တကယ်ပင် ဖယ်ထုတ်ပစ်လိုက်​ပြီ။

အထူးသဖြင့် ရှဲ့ယွင်ထျန်းနဲ့ ဆရာတော်ထန်ယီးတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ချိန် နှစ်ယောက်စလုံး၏ မျက်လုံးများထဲတွင် အရှက်တရားနှင့် နောင်တတရားကို အချင်းချင်း ရှာတွေ့လိုက်ရသည်။

သူတို့နှစ်ဦးသည် လုရွှမ်နှင့် တွေ့ဖူးခဲ့သည့် အကြိမ်များစွာကို ပြန်စဥ်းစားခဲ့ရာ လုရွှမ်က သူတို့နှစ်ယောက်လုံးကို အလွန်လေးစားခဲ့သည်။ ဒါပေမဲ့ အခုတော့ လေးစားမှုတွေ မရှိတော့ဘူးဆိုတာ သိသာသွားပြီ။

လော့ချောင်ဖုန်းနဲ့ ကျန့်ဝူဝေါ်တို့ကတော့ သူတို့နောက်ကို မလိုက်လာကြဘဲ ရယ်မောကာ ကျွန်းထဲသို့ ပြန်လှည့်သွားကြသည်။

လုရွှမ်သည် ဖီးနစ်အသိုက်၏ အမိုက်စား အတောင်ပံနှစ်ထပ် မှော်အစွမ်းကိုပင် သင်ယူခဲ့ပြီးသား ဖြစ်သောကြောင့် ထွက်ပြေးရာတွင် ပြဿနာ မရှိသည့်အပြင် စိတ်ပူစရာလည်း မလိုတော့ပေ။

ရှဲ့ယွင်ထျန်းနဲ့ ဆရာတော်ထန်ယီးတို့လည်း အမှီမလိုက်တော့ဘဲ ကျွန်းပေါ်သို့ ပြန်လှည့်လာခဲ့ကြ၏။ ကျွန်းနဲ့ဝေးနေချိန်မှာ ပင်လယ်သားရဲတွေ ဆက်ပြီးတိုက်ခိုက်မှာလား ဆိုတာ ဘယ်သူသိနိုင်မှာလဲ။

လိုက်ဖမ်းသူများမှာ ရှုံထျန်းပါ့၊ လုံထန်းရှောက်နဲ့ ဖုန့်ချောင်မင်တို့ ဖြစ်ကာ ထျန်းရှားရဲ့ ဆရာဦးလေးဟောင်းလည်း ပါဝင်ရာ မျှော်စင်နယ်ပယ်က သခင်လေးယောက် ဖြစ်​လေသည်။

မက်မွန်ပွင့်တောင်ကြားရဲ့ သခင်မ ဟွားဝူချင်းကတော့ ခါးသက်သက် ပြုံးကာ ပို့ဆောင်ခြင်းအစီအရင်ကို ကြီးကြပ်ရန် ကျွန်းသို့ပြန်လာခဲ့သည်။ သူမ ခဏတာ စိတ်ရှုပ်နေခဲ့ပေမယ့် ဒီကောင်လေးက အားလုံးရဲ့ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိလေသည်။

လုရွှမ်မှာလည်း ဖီးနစ်စွမ်းအင်တွေကို အလွန်အကျွံ သုံးစွဲနေရသဖြင့် ထိတ်လန့်သွားကာ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။

ဤမှော်စွမ်းအားမျိုးသည် အနည်းဆုံး မျှော်စင်နယ်ပယ် သို့မဟုတ် ထိုအထက်ရှိ သခင်များသာ ရရှိနိုင်သည်။ ပြင်းထန်သော သွေးစွမ်းအင်ရှိသူ အချို့သည် နတ်မီးနယ်ပယ် အထွတ်အထိပ်သို့ ရောက်လျှင်ပင် အတောင်နှစ်ထပ်၏ မှော်အစွမ်းကို ပြသနိုင်မည် မဟုတ်ပေ။

လုရွှမ်သည် ယခု ကောင်းကင်ဘုံသခင် ကျင့်ကြံသူ ဖြစ်သော်လည်း ယခုလို စွမ်းဆောင်နိုင်နေ ပြီဖြစ်သောကြောင့် သူ၏ စွမ်းအင်မှာ သဘာဝအားဖြင့် မလုံလောက်တော့ပေ။ ယွမ်ယန်ကျင့်စဥ်ကို လေ့ကျင့်ခဲ့သော်ငြားလည်း နယ်ပယ်တူအဆင့်တူ လူမျာထက် အဆများစွာ မြင့်မားသော်လည်း သူ့အဆင့်က မလုံလောက်သေးပေ။

သို့သော်လည်း အတောင်ပံနှစ်ထပ်၏ အရှိန်က အလွန်လျင်မြန်လှသည်။ လျှပ်စီးကြောင်းကြီး ဖြတ်သန်းသွားသလို ကဲ့သို့ပင် နှစ်ဖက်စလုံးရှိ ရေများသည် လျင်မြန်စွာ လှိုင်းထန်သွားဖြင့် သူတို့သုံးယောက်ကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ချေ။

ပင်လယ်ရေသည် အပြာရောင် မျဉ်းကြောင်းကြီးကိုသာ ဖန်ဆင်းထားကာ မြင်ကွင်းထဲရှေ့က လေထုကို ရောင်စုံ အလင်းရောင်တန်းများဖြင့် ဖုံးအုပ်ထားသည်။

ဤမြင်ကွင်းသည် ပို့ဆောင်ခြင်းအစီအရင် တစ်ခုထဲ ပို့ဆောင်နေတာနဲ့ တူသော်လည်း မြန်နှုန်းမှာတော့ များစွာနှေးကွေးသည်။ ပို့​ဆောင်နေစဉ်အတွင်း အရောင်သည် အဖြူရောင် အလင်းများမှိန်ဖျော့​နေ၏။

နံ့သာတိုင်တစ်ချောင်း ကုန်ဆုံးခါနီးခန့် အချိန်တွင် လုရွှမ်သည် သူ့​စွမ်းအားများ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဟု ခံစားလိုက်ရသောကြောင့် သူ၏ပျံသန်းနေသော တောင်ပံနှစ်ထပ်ကို အမြန်ဖယ်ထုတ်လိုက်သည်။ သူဒီလို ဆက်လုပ်နေရင် သူသေတဲ့အထိ ဒဏ်ရာရသွားလိမ့်မည်။

သူ့နောက်ကွယ်က မြင်ကွင်းက မမြင်နိုင်တော့သလို လိုက်လာသူတွေရဲ့ အငွေ့အသက်ကို ခံစားလို့လည်း မရတော့ပေ။

ပျံသန်းနေသော တောင်ပံနှစ်ထပ်၏ အခြေအနေမှ ထွက်သွားပြီးနောက် သူတို့သုံးဦးသည် လှည့်ပတ်နေသော ရေဘောလုံးများကဲ့သို့ လေထဲမှ တိုက်ရိုက် ပြုတ်ကျသွားသည်။

ဟိုးအဝေးက ဖုန့်ချောင်မင်မှာလည်း ဖီးနစ်အတောင်နှစ်ထပ်ရဲ့ ပျံသန်းမှုကြောင့် အချိန်ရဲ့ ဆယ်ပုံတစ်ပုံလောက်တောင် အမှီမလိုက်နိုင်ခဲ့ပါဘူး။

သူမ၏ သွေးကြောများသည် လုံလောက်စွာ မသိပ်သည်းသောကြောင့် သူမပျံသန်းအားကို ထောက်ပံ့ရန် သူမရဲ့ လေးနက်သော ကျွမ်းကျင်မှုကိုသာ အားကိုးနိုင်သည်။ ယွမ်စွမ်းအင် စားသုံးမှုက လုရွှမ်ထက် အဆတစ်သောင်း နီးပါးရှိသည်။

သို့သော် သူမသည် လူလေးယောက်ကြားတွင် အလျင်မြန်ဆုံး ဖြစ်နေဆဲဖြစ်သည်။ ယခုအချိန်တွင် သူမသည် ရှေ့သို့ ပြေးနေဆဲဖြစ်သော်လည်း လုရွှမ်တို့ရဲ့ အသက်ရှုသံများက သူမစိတ်ဝိညာဉ် စွမ်းအားထဲတွင် ကြာရှည်စွာ ရှိနေခဲ့သည်။ ကံကောင်းထောက်မစွာနဲ့ သူတို့ သုံးယောက်ဟာ အဝေးကြီးကို မပြေးနိုင်ဘဲ ရေထဲပြုတ်ကျနေပြီလို့ မျှော်လင့်ရင်းနဲ့ ဆက်လက် ရှာဖွေခဲ့ကြသည်။

ရလဒ်ကတော့ အရှိန်နှေးသွားပြီးတော့ နောက်က လူအို​သုံးယောက်က တဖြည်းဖြည်းနဲ့ သူမကို မှီလာခဲ့သည်။

ဖုန့်ချောင်မင် ရည်ရွယ်ချက်မဲ့ လှည့်ပတ် ရှာဖွေနေတာကို မြင်လိုက်ရတော့ လူငယ်သုံးယောက်ကို ခြေရာခံမိနေပြီဆိုတာ သူတို့သုံးယောက်လုံး သိလိုက်သည်။ လုံထန်းရှောက် ဖုန့်ချောင်မင်အနားသို့ တိတ်တဆိတ် ရောက်ရှိလာပြီး မေးမြန်းကြည့်ရာ ဖုန့်ချောင်မင်က ခါးသီးစွာ ပြုံးရင်း။

"ကျွန်မ သူတို့ကို ခြေရာခံလိုက်မိတာတော့ အမှန်ပဲ... ဒီကောင်လေးက အနည်းဆုံးတော့ အတောင်ပံကို နာရီဝက်ပဲ ထိန်းချုပ်နိုင်တယ်!"

လုံထန်းရှောက်သည် ဖုန့်ချောင်မင်အပေါ် နားလည်မှုတွေအား အခြေခံ၍ စဥ်းစားကြည့်ရင် ဖုန့်ချောင်မင် သူ့အား လိမ်ညာနေတာ မဖြစ်နိုင်ပေ။ သူ့စကားထဲက ပြင်းပြတဲ့ နာကြည်းမှုတွေက အတုအပလို့ မဆိုနိုင်ပါဘူး။

နာရီဝက်ပဲ ဆိုရင်တောင် ဖီးနစ်အနှစ်သာရ၏ သွေးတစ်စက်ကို လိုချင်တပ်မက်မှုက ပြင်းပြနေသေးသည်။

"ပြန်ကြရအောင်!"

ဖုန့်ချောင်မင် ဒေါသတကြီးဟောက်ပြီး ပင်လယ်ရေကို လက်ဖဝါး​​ကြီးဖြင့် ရိုက်ခတ်လိုက်သည်။ ရှုံထျန်းပါ့လည်း သက်ပြင်းချပြီး သူ့ရှေ့က အဆုံးမရှိတဲ့ ပင်လယ်ပြင်ကို ကြည့်ပြီး ပြန်ထွက်သွားခဲ့၏။

လိပ်အိုကြီးက ရယ်မော​နေသော်လည်း နောက်ဆုံးတော့ သက်ပြင်းတစ်ချက် ချကာ ရေထဲသို့ တိုက်ရိုက်ငုပ်သွားသည်။

အချိန်အတော်ကြာ လှည့်ပတ်သွားလာပြီးနောက်တွင် လူသားသုံးယောက် အဝေးကြီး ရောက်သွာပြီ ဖြစ်ကြောင်း စိတ်ချယုံကြည်ရပြီးမှ လိပ်အိုကြီးသည် လုရွှမ်တို့နောက် လိုက်လာခဲ့သည်။

သူသည် ထျန်းရှားရဲ့ ရောင်ဝါကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ အဝေးသို့ ရောက်နေသော်လည်း သူတို့အရှိန်သည် ယခုအချိန်တွင် နှေးကွေးသွားခဲ့​ပြီ။ အရင်ကနဲ့ ယှဉ်ရင် လက်ရှိအရှိန်က ခရုတွေ တွားသွား​နေသလို ဖြစ်နေပြီ။

ဒီလိုအခြေအနေမျိုးမှာ သူတို့သုံးယောက်ကို ဖမ်းဖို့ လွယ်ပါလိမ့်မယ်။

လုံထန်းရှောက်နှင့် အခြားလူ နှစ်ယောက်သည် ဤလိပ်အိုကြီးက အနည်းငယ် ရိုးသားပုံရသည်ဟုသာ ထင်ထားကြ၏။ မမျှော်လင့်ထားဘဲ အတွင်းပိုင်းတွင် အလွန်လိမ္မာပါးနပ်စွာ လုပ်နေခဲ့သည်။ သူတို့ကတော့ သံသယဝင်ရန် မတွေးဘဲ ကျွန်းသို့ ပြန်သွားကြသည်။

လုရွှမ်တို့ မထွက်ရဲကြ​သေးပါဘူး။ အပြင်မှာ ပင်လယ်သားရဲတွေနဲ့ ကျွန်းပေါ်မှာလည်း ကျင့်ကြံသူတွေက သူတို့ကို အမိဖမ်းဖို့ မက်မောနေကြတုန်းပဲ။

လိပ်အိုကြီးကတော့ လုရွှမ်တို့နောက်ကို ဆက်လိုက်နေတယ်။

ပင်လယ်ရေထဲမှာ သူတို့သုံးယောက် ခဏလောက် လှုပ်လှုပ်ရွရွဖြစ်ပြီး နောက်ဆုံးမှာတော့ သူတို့ရဲ့ ခန္ဓာကိုယ်တွေ တည်ငြိမ်သွားခဲ့သည်။

တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အသက်ရှူသံကို ခံစားလိုက်ရတော့ လျင်မြန်စွာ စုရုံးပြီး သုံးယောက်သား ဘေးဥပဒ်မှ လွတ်မြောက်သွားပြီ ဖြစ်ကြောင်း သိလိုက်သည်။

ဓားနတ်ဆိုးမှာ လုရွှမ်ကို တအံ့တသြနဲ့ ကြည့်နေမိသည်။ လုရွှမ်အတွက် သူပျော်နေပေမယ့် အရမ်းလည်း စိတ်ရှုပ်သွားခဲ့သည်။ သူနဲ့ဝေးသွားတာ ဘယ်လောက်ကြာပြီလဲ။ လုရွှမ်က သူ့ထက်တောင် ပိုသန်မာလာသေးသည်။

သူနားလည်မှု လွဲသွားခဲ့ပြီ။ တကယ်တော့ သူ့ရဲ့စစ်မှန်တဲ့ စွမ်းအားကသာ နောက်ကျကျန်နေခဲ့တာပဲ။ ကံကောင်းစွာပဲ လုရွှမ်မှာ မှော်လက်နက်များစွာနဲ့ မှော်စွမ်းအား အမျိုးမျိုးရှိတာကြောင့် စိတ်မပျက်ခဲ့ရပေ။

"လုရွှမ် မင်းအစောတုန်းက ဖုန့်ချောင်မင်ရဲ့ နှလုံးသားဓားနဲ့ တိုက်ခိုက်ခံလိုက်ရတယ်... မင်းတကယ် အဆင်ပြေရဲ့လား"

သူ အရမ်းစိုးရိမ်​​နေ​သေးသည်။

All Chapters