← Chapters

လိပ်အိုကြီးရဲ့ နှုတ်ဆက်ပွဲ

Vol. 81 Ch. 4.735

လိပ်အိုကြီးရဲ့ နှုတ်ဆက်ပွဲ

Vol. 81 Ch. 4.735

လုရွှမ်သည် ဤတစ်ကြိမ်တွင် သူတို့ကို လွတ်မြောက်စေခဲ့တာက နတ်တောင်တန်း ဖြစ်ကြောင်း ဓားနတ်ဆိုးအား ရှင်းပြတော့မည် ဖြစ်သည်။ သူ့မှာ ယုံကြည်ထိုက်သူတွေ အများကြီး မရှိပေမယ့် ဓားနတ်ဆိုးကတော့ သေချာပေါက် ယုံကြည်ထိုက်သူတွေထဲက တစ်ယောက်ပါပဲ။

လုရွှမ် သူ့လက်ကို မြှောက်လိုက်တော့ လှည့်ပတ်နေတဲ့ တောင်ကုန်းလေးတစ်ခု ထွက်ပေါ်လာ၏။

"ဒါက?"

"ကမ္ဘာ့ရတနာ!"

ဓားနတ်ဆိုး၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်လာပြီး တအံ့တသြဖြင့် အော်လိုက်သည်။

“ဒါက ဘာလဲ?”

"ကမ္ဘာ့ရတနာ!"

"ရှေးဟောင်းလျှပ်စီးကမ္ဘာရဲ့ ကမ္ဘာ့​ရတနာ တစ်ခုလား?"

လုရွှမ် ပင်လယ်ရေနက်ပိုင်းထဲက တားမြစ်နယ်မြေထဲတွင် ပိတ်မိ​နေပြီးနောက် လုရွှမ်နှင့် ပတ်သက်သည့် အချက်အလက် အားလုံးကို စုဆောင်းရန် ကြိုးစားခဲ့သည်။ လုရွှမ်က အမှန်တကယ်ပင် ရှေးဟောင်းလျှပ်စီးကမ္ဘာ ဟုခေါ်သော အောက်ပိုင်း ကမ္ဘာငယ်လေးမှ ဆင်းသက်လာပြီး အလွန်ကျော်ကြားကြောင်း သူသိလာခဲ့သည်။ သူသည် ရှေးဟောင်းလျှပ်စီးကမ္ဘာ၏ ကမ္ဘာ့ရတနာ ဖြစ်သော ဒြပ်စင်ငါးပါး နတ်ပုတီး​စေ့ကိုပင် ရရှိခဲ့သည်။

"ဒါပေမဲ့ ဒါကြီးက...."

လုရွှမ်က ရယ်၍။

"ဒါက ရှေးဟောင်းလျှပ်စီးကမ္ဘာရဲ့ ရတနာမဟုတ်ဘူး ဝမ့်ရှန်းကမ္ဘာရဲ့ ရတနာပဲ!"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဝမ့်ရှန်းကမ္ဘာရဲ့ ကမ္ဘာ့ရတနာတွေက ကမ္ဘာမှာ တစ်ခါမှ မပေါ်ဖူးသေးပါဘူး.... ဝမ့်ရှန်းကမ္ဘာက ကမ္ဘာ့ရတနာတွေကို တကယ် အောင်မြင်အောင် မဖန်တီးနိုင်သေးဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား?"

သူသည် ဓားတစ်သောင်းဂိုဏ်းရဲ့ တပည့်တစ်ဦး ဖြစ်သောကြောင့် အချို့အရာများကို သဘာဝကျကျ သိထားပါသည်။ လုရွှမ် ခေါင်းညိတ်ပြီး ကမ္ဘာ့ရတနာ အကြောင်း ပြောပြလိုက်သည်။

ဓားနတ်ဆိုးသည် ဤစကားကို ကြားပြီးနောက် အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။

ဤကမ္ဘာပေါ်တွင် အမှန်တကယ်ပင် နဂါးများနှင့် ဖီးနစ်များ ရှိနေခဲ့ဖူးပြီး ၎င်းသည် ဝမ့်ရှန်းကမ္ဘာကို ယခုလို ကမ္ဘာအဖြစ်သို့ ဦးတည်စေခဲ့သော အကြောင်းပြချက်များပင် ဖြစ်သည်။

တကယ်တော့ ဝမ့်ရှန်းကမ္ဘာမှာ ပင်လယ်ရေတွေ ဘာကြောင့် ဒီလောက်များ နေရသလဲလို့ ဘယ်သူမဆို မေးခွန်းထုတ်ကြပါလိမ့်မယ်။ ဝမ့်ရှန်းကမ္ဘာကတော့ ၎င်းနာမည်နှင့် မထိုက်တန်တော့ချေ။ တောင်များသည် ဆန်းသစ်ပြီး အန္တရာယ်များသော်လည်း ၎င်းတို့သည် ဧရိယာအနည်းငယ်သာ ရှိသည်။

အခုတော့ ဓားနတ်ဆိုးလည်း အကြောင်းရင်းကို သိသွားရပြီ။ ကမ္ဘာ့ရတနာ အကြောင်း ကြားပြီးနောက် ဓားနတ်ဆိုးလည်း သက်ပြင်းရှည်ကြီး ချလိုက်သည်။

"ဒီလိုဖြစ်ရင် ငါတို့အသက်ကို စွန့်ရရင်တောင် ဒီနတ်တောင်တန်းကို စိုက်ရမယ်ပေါ့?"

"ဟုတ်တယ်"

လုရွှမ် ရုတ်တရက် မျက်မှောင်ကြုတ်ကာ သူ့မျက်နှာ သိသိသာသာ ပြောင်းလဲသွားပြီး ထျန်းရှားကို ကြည့်လိုက်သည်။

"မြန်မြန် သွားကြရအောင်... မျှော်စင်နယ်ပယ်က သခင်တွေ လာနေပြီ!"

သူတို့နှစ်ယောက်လုံးရဲ့ အမူအရာတွေလည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ မျှော်စင် နယ်ပယ်ရဲ့ သခင်တစ်ယောက်က လိုက်လာလေပြီ။ သူတို့ ဒီလောက် အဝေးကြီးကို ပျံသန်းခဲ့ပြီးတာတောင် အမီလိုက်ဖို့ မမောမပန်း အလုပ်လုပ်နေသေးတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ထျန်းရှား အမူအရာပြောင်းသွားပြီး။

"လုရွှမ်... ကျွန်မရဲ့ ဆရာဦးလေးလား?"

လုရွှမ် ခေါင်းညိတ်လိုက်သည်။ သူတို့နောက်ကို လိုက်နေတဲ့ မျှော်စင်နယ်ပယ်က သခင်တွေ ရှိနေတယ်။ ဒါက ကျောက်စိမ်းပြားထဲမှာရှိတဲ့ ရွှေကျီးကန်းဆီက ပေးပို့လာတဲ့ သတင်းစကားပါပဲ။ လိပ်အိုကြီး၏ အသွင်အပြင်ကို ဖော်ညွှန်းပြလာရာ ၎င်းက ထျန်းရှားရဲ့ ဆရာဦးလေး ဖြစ်ကြောင်း ထင်ရှားလေသည်။

"ကျွန်မ...."

လုရွှမ် သူမလက်ကို ဆွဲကာ ခေါင်းခါလိုက်ပြီး။

"မဟုတ်ဘူး... မင်း ပိုနာကျင်ရလိမ့်မယ်!"

ဓားနတ်ဆိုးက ခေါင်းညိတ်ပြီးပြော၏။

"ထျန်းရှား.... ငါမင်းနဲ့မရင်းနှီးဘူး ဒါပေမဲ့ လိပ်အိုကြီးရဲ့ စိတ်ဓာတ်က မူမမှန်ဘူးလို့တော့ ငါပြောနိုင်တယ်... သူ့စိတ်တွေကို အသုံးချခံရပြီး လုံးလုံးလျားလျား သိမ်းပိုက်ခံထားရပြီ... မင်းပြန်သွားရင် ကျားပါးစပ်ထဲက သိုးတစ်ကောင် ဖြစ်သွားနိုင်တယ်"

ထျန်းရှားလည်း ခေါင်းညိတ်လိုက်ကာ သူတို့ သုံးယောက် စကားစဲသွားပြီး အဝေးသို့ အမြန်ပဲ ပြေးသွားခဲ့ကြသည်။

လုရွှမ်သည် သူ့ခန္ဓာကိုယ်ပေါ်တွင် ဆေးလုံးများစွာ ပါလာတာကြောင့် ပျံသန်းနေစဉ်အတွင်း သူ့စွမ်းအင်ကို လျင်မြန်စွာ ပြန်လည် ဖြည့်တင်းနေနသည်။ စိတ်ဝိညာဉ်စွမ်းအားက ပြန်လည်ဖြည့်တင်းရန် အနည်းငယ် ခက်ခဲသောကြောင့် ပြန်လည် ကောင်းမွန်လာဖို့တော့ အချိန်ယူရလိမ့်မည်။

"လုရွှမ်...အနောက်ကလိုက်နေတဲ့ လူတစ်ယောက်ပဲရှိတာ သေချာလား"

ဓားနတ်ဆိုးက ရုတ်တရက် မေးလိုက်သည်။ သူဟာ လုရွှမ်ကို အတိုင်းအတာ တစ်ခုအထိ လျှို့ဝှက်စွာ ချီးကျူး​နေခဲ့သည်။ ကောင်းကင်ဘုံသခင်သည် မျှော်စင်နယ်ပယ်ရဲ့ တည်ရှိမှုကို အမှန်တကယ် ခံစားနိုင်သည်။ ဒါက လုရွှမ်မှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတာ ထင်ရှား​ပေသည်။

သို့သော် သူသည် တ​ခြားမေးခွန်းတွေကို မမေးဘဲ တိုက်ရိုက်ပဲ မေးခဲ့သည်။ လုရွှမ်က ခေါင်းညိတ်လိုက်ပြီး

"ဟုတ်တယ် တစ်ယောက်ပဲ ရှိတယ် မင်းဘာကိုဆိုလိုချင်လို့လဲ?"

လုရွှမ် ထျန်းရှားကို ရုတ်တရက် လှည့်ကြည့်လိုက်စဥ် ဓားနတ်ဆိုးရဲ့ မျက်လုံးတွေကလည်း ထျန်းရှားကို ကြည့်လိုက်သည်။ ထျန်းရှား ခဏမျှ အံ့အားသင့်သွားသော်လည်း လျင်လျင်မြန်မြန် တုံ့ပြန်လိုက်သည်။

လိုက်ဖမ်းနေတဲ့လူက ထျန်းရှားရဲ့ ဦးလေး ဖြစ်နေရင်တောင် သူကလည်း မျှော်စင်နယ်ပယ်တွင် ရှိနေပြီး သူတို့၏ ကျင့်ကြံမှု အဆင့်များမှာ မတူညီပေ။ လုံထန်းရှောက်ကလည်း ပိုအားကောင်းပြီး နတ်နဂါး တန်ခိုးများ ရှိသည်။ သူတို့တွေ သတိမထားမိနိုင်စရာ အကြောင်း မရှိပေ။ ဒါပေမဲ့ ထျန်းရှားရဲ့ ဆရာဦးလေးကတော့ သူတို့ရဲ့ ခြေရာလက်ရာတွေကို ရှာတွေ့သွားခဲ့သည်။

နောက်တစ်ခုက သူတို့နောက်ကို လိုက်လာနိုင်တာက အကြောင်းပြချက် တစ်ခုပဲရှိတယ်။ အဲဒါက ထျန်းရှားကြောင့်ပါပဲ။ ထျန်းရှားသည် သိုလှောင်လက်စွပ်ကို အမြန်ထုတ်လိုက်ပြီး သက်ရှည်သော့ကို ထုတ်ယူလိုက်သည်။

သော့လေးကို ကိုင်ထားရင်း ထျန်းရှားရဲ့ မျက်နှာမှာ တုံ့ဆိုင်းနေတဲ့ အရိပ်အယောင်တွေကို ပြသလာခဲ့၏။ ငယ်ငယ်ကတည်းက ဒီသက်ရှည်သော့က သူမနဲ့အတူ ရှိ​နေခဲ့တာမို့ စွန့်လွှတ်လိုက်ရဖို့ ခက်ခဲနေလေသည်။

တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ထျန်းရှားသည် သွားများကို အံကြိတ်ကာ သက်ရှည်သော့ကို လက်ဝှေ့ယမ်းကာ လွှင့်ပစ်လိုက်သည်။

ထိုအခိုက် လုရွှမ်ရဲ့ လက်ဖဝါးက ရုတ်တရက် ထွက်လာပြီး သက်ရှည်သော့ကို ပြန်ဖမ်းယူလိုက်သည်။ ဓားနတ်ဆိုးမှာ ဘာ့ကြောင့်မှန်း မသိတာကြောင့် ကြောင်အသွားသလို ထျန်းရှားမှာလည်း ပို၍စိတ်ရှုပ် ထွေးသွားသော်လည်း သူမမျက်လုံးများကတော့ တွန့်ဆုတ်နေသည့် ခြေရာများကတော့ သူတို့နှစ်ဦး၏ မျက်လုံးများထဲက မလွတ်မြောက်နိုင်ပေ။

"သည်းမခံနိုင်ရင် မပစ်လိုက်ပါနဲ့... ဒီသက်ရှည်သော့က သူ့ဟာသူ ထူးခြားတဲ့ အရေးပါမှုကို ကိုယ်စားပြုတာ ဖြစ်မယ်.... ဒီလိုအခြေအနေမျိုးမှာ နားလည်မှုနဲ့ အစပြုမှုအသစ် တစ်ခုလို့ မှတ်ယူနိုင်တဲ့ သူရောက်လာတဲ့အထိ ငါတို့ စောင့်ကြည့်ရအောင်...."

ထျန်းရှား၏ မျက်လုံးများသည် အံ့အားသင့်မှုများ ပြည့်နှက်နေသော်လည်း သူမက တုံ့ဆိုင်းသွားသည်။

"ဒါပေမဲ့ သူတကယ် ကျွန်မတို့ကို သတ်လာရင် တားလို့မရဘူး"

"မလိုပါဘူး ဒါပေမဲ့...စောင့်ကြည့်ဖို့ ထိုက်တန်တယ်လို့ ငါထင်တယ် လူတစ်ယောက်ရဲ့ နှလုံးသားကို အမှန်တကယ် မြင်နိုင်ဖို့ဆို ဒီသက်ရှည်သော့ကို သုံးကြည့်နိုင်လောက်တယ်...."

လုရွှမ် ဓားနတ်ဆိုးကို လှည့်ကြည့်လိုက်တော့ ထိုလူကလည်း ခေါင်းညိတ်ပြပြီး ဓားရှည်ကို ပုခုံးပေါ်တင်လိုက်သည်။

"လုရွှမ် ပြောတဲ့အတိုင်းပဲ!"

"ကျေးဇူးတင်ပါတယ်"

ထျန်းရှားမှာ မျက်ရည်များ ထိန်းမနိုင်သိမ်းမရ စီးဆင်းလာခဲ့သည်။

သူတို့ သုံးယောက်က ပြေးတာကို ရပ်လိုက်ပြီး ရပ်စောင့်နေလိုက်ကြသည်။ နာရီဝက်လောက်ကြာတော့ လိပ်အိုကြီးက သူတို့နဲ့ မျက်နှာချင်းဆိုင်သို့ ရောက်လာခဲ့၏။

ထျန်းရှားသည် သူ့လက်ထဲတွင် အသက်ရှည်သောသော့ကို ကိုင်ထားပြီး သူ့မျက်လုံးများက အနည်းငယ်နီနေပြီး ရောင်နေသည်။

"ဦးလေး ဒီသက်ရှည်သော့ကို ပြန်ယူဖို့ လိုက်လာတာမလား?"

လိပ်အိုကြီး၏ မျက်လုံးများ လင်းထိန်သွားသော်လည်း သူပြုံးလိုက်သည်။

"သက်ရှည်သော့ကို ရှာတွေ့နိုင်ခဲ့တယ် ဆိုတော့ မင်း ကြီးပြင်းလာပြီပေါ့... ကျယ်ကျယ်ပြန့်ပြန့် လေးလေးနက်နက် တွေးတောနိုင်ပြီ ဒါကြောင့်လည်း လုရွှမ်နဲ့ ဓားနတ်ဆိုးတို့လို သူငယ်ချင်းတွေကို မင်းရှာတွေ့ခဲ့တာ ဖြစ်မယ်"

"ဆရာဦးလေး ဘာပြောချင်တာလဲ?"

"ငါပြောချင်တာက မင်းကြီးပြင်းလာပြီ မင်း ကိုယ့်လမ်းကိုယ် လျှောက်ရမယ်လေ... မင်းရဲ့ ဆရာသခင်ကလည်း ကောင်းကင်ဘုံကနေ ကြည့်ပြီး ပျော်မယ်လို့ ငါယုံကြည်တယ်"

ထို့နောက် သူ့နောက်ကျောက ဓားရှည်တစ်ချောင်းကို ထုတ်လိုက်သည်။ ၎င်းက ထျန်းရှား ပစ်ပေးခဲ့တဲ့ ဓားရှည်ပါပဲ။

"ဒီဓားကို ပြန်ယူပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ သိမ်းထားလိုက်...ဆရာတူဦးလေးက မင်းသူငယ်ချင်းအစစ်နဲ့ တွေ့သွားတဲ့အတွက် အရမ်းပျော်တယ်... အတူတူနေထိုင်ပြီး အတူသေမယ့် သူငယ်ချင်းတွေက အဲဒီခွေး သူငယ်ချင်းတွေလို မဟုတ်ဘူး... ဦးလေး မင်းသူတို့နဲ့ အတူရှိနေရင် စိတ်ချပါပြီ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ!"

လိပ်အိုသည် စကားပြီးသောအခါတွင် တခြားသိုလှောင်လက်စွပ်ကိုလည်း ချခဲ့ပြီး လက်ကိုဝှေ့ယမ်းကာ အဝေးသို့ ပြေးထွက်သွားလေသည်။

“ဆရာတူဦးလေး!”

ထျန်းရှား ငိုမိအောင် မထိန်းနိုင်တော့သလို သူမစိတ်တွေလည်း လှုပ်ရှားပျော်ရွှင်နေပါသည်။ ဆရာဦးလေးက သူမကို သစ္စာဖောက်တဲ့အပြင် အရင်ကလို သူမကို အမြဲဂရုစိုက်နေတုန်းပဲ။

ဓားနတ်ဆိုးရဲ့ မျက်နှာသည် နီရဲလာပြီး ရှက်ရွံ့သွားခဲ့သည်။ သူ တောင်းပန်ခါနီးတွင် လုရွှမ်ရဲ့ လက်ဖဝါးက သူ့ပုခုံးပေါ် ပုတ်လာခဲ့သည်။

"ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့... သူတို့အားလုံးက လူတိုင်းကို လှည့်စားဖူးတဲ့ လူကြီးတွေလေ.... ဒါပေမဲ့ သူ ငါတို့ကိုတောင် မလှည့်စားနိုင်ရင် အဲဒီလူတွေကို ဘယ်လိုလုပ် လှည့်စားနိုင်​တော့မလဲ?... ထျန်းရှားလည်း နားလည်ပါတယ်"

လုရွှမ် ဓားနတ်ဆိုးရဲ့ ပုခုံးပေါ် ပုတ်ကာ ထျန်းရှားဆီသို့ လျှောက်သွားခဲ့သည်။ ထျန်းရှားသည် လုရွှမ်ရင်ခွင်ထဲတွင် လဲကျသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်​လေသည်။

ထို့နောက် သူတို့သုံးယောက် ခရီးဆက်လာခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ ထျန်းရှားရဲ့ စိတ်အခြေအနေက ပိုကောင်းလာပြီမလို့ သူမမျက်နှာမှာလည်း အပြုံးတစ်ခုရှိနေသည်။ သူမ ရံဖန်ရံခါ ပြုံးလိုက်လျှင်ပင် အလွန်လှပ​နေသည်။

All Chapters