ကောင်းကင်အောင်ခြင်းဂိုဏ်းကို ပြန်သွားပြီ
Vol. 82 Ch. 4.736
နတ်တောင်တန်ူကို စိုက်ထူခြင်းက လုံးဝရိုးရှင်းသည့် ကိစ္စ မဟုတ်ပေ။ မှန်ကန်သောအချိန်၊ နေရာမှန်၊ မှန်ကန်သော အရင်းအမြစ်များ လိုအပ်ပြီး အရေးကြီးဆုံးအချက်မှာ မှန်ကန် သင့်လျောသော လူကို ရှာဖွေရန်သာ ဖြစ်သည်။
သင့်လျော်သောလူမှာ နတ်တောင်တန်းဆီက အသိအမှတ်ကို ပြုခံထားရသော လုရွှမ်ပဲ ဖြစ်သည်။
အချိန်။ ချူ့ကျောင် သားရဲသည် အရင်းအမြစ်များကို စုဆောင်းရန် အချိန် အလုံအလောက်ပေးသည့် အကောင်းဆုံးအချိန်က ဆယ်နှစ်တိတိအကြာတွင် ဖြစ်မည်ဟု တွက်ချက်ပေးခဲ့သည်။
သင့်လျော်သော နေရာကိုတော့ နတ်တောင်တန်းက သဘာဝအတိုင်း လမ်းညွှန်ပေးမှာ ဖြစ်သောကြောင့် စိတ်ပူစရာ မလိုပေ။ စိုးရိမ်ဖို့ လိုအပ်သည်မှာ သင့်လျော်သော အရင်းအမြစ်များပဲ ဖြစ်သည်။
နတ်တောင်တန်းကို စိုက်ထူရန်မှာ ဒြပ်စင်ငါးပါးတို့က ဟန်ချက်ညီနေရန် လိုအပ်သည်။ ယခုအချိန်တွင် ရေဒြပ်စင်များ ပေါများနေ၏။ နတ်တောင်တန်းသည် သဘာဝအတိုင်း ပြည့်ဝနေသည့် မြေကြီးဒြပ်စင်ကို ကိုယ်စားပြုသည်။ ရှားပါးနေသော အရာများမှာ သစ်သား၊ မီးနှင့် ရွှေတို့ဖြစ်သည်။
လုရွှမ်နှင့် တခြားသူများ ရှာဖွေရမည့် အရာမှာ ထိုဒြပ်စင်သုံးပါးပါသော ရတနာများ ဖြစ်သည်။ သူတို့သည် ဒြပ်စင်ငါးပါးကို ဟန်ချက်ညီညီဆောင်ရွက်နိုင်ပါက နတ်တောင်တန်းကို ဘေးကင်းစွာ စိုက်ပျိုးနိုင်မှာပင်။
ရွှေဒြပ်စင်နတ်ပုတီးစေ့က ရှေးဟောင်းလျှပ်စီးကမ္ဘာရဲ့ ရတနာတစ်ခု ဖြစ်သည်။ ရွှေဒြပ်စင်နတ်ပုတီးစေ့က သဘာဝအတိုင်း လုံလောက်တာထက် ပိုပါ၏။ ဒါကြောင့် ကျန်နှစ်ခုကို ရှာဖွေရန် အချိန်ယူရဦးမည်။
ယခုမူ ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးသည် ပင်လယ်ရေဖြင့် နစ်မြုပ်လုနီးပါး ဖြစ်နေပေပြီ။ မီးနှင့် သစ်သားဒြပ်စင် ရတနာများကို တွေးတောရန်မှာ သဘာဝအားဖြင့် ပိုခက်ခဲလာသည်။
"အခု ဝမ့်ရှန်းကမ္ဘာရဲ့ ပုံစံနဲ့ဆို ရတနာနှစ်ပါးကို ရှာဖွေဖို့က အရမ်းခက်ခဲလိမ့်မယ်... ငါတို့မှာအချိန် ဆယ်နှစ်လောက် ရှိပေမယ့် အဲဒါတွေကို ရှာတွေ့ဖို့ အခွင့်အလမ်းက မမြင့်မားဘူး..."
ဓားနတ်ဆိုးက ဓားပညာကို စွဲလမ်းသူ ဆိုပေမယ့် ငယ်ငယ်လေးကတည်းက ဝမ့်ရှန်းကမ္ဘာ အကြောင်း အများကြီး သိထားသူ ဖြစ်လေသည်။ လုရွှမ် ခဏလောက်စဉ်းစားပြီး မေးကြည့်လိုက်သည်။
"အဓိကဂိုဏ်းအားလုံးမှာ တစ်ခုမှမရှိဘူး ဆိုတာ မဟုတ်သေးဘူးလားလို့?"
နတ်တောင်တန်းကို စိုက်ပျိုးခြင်းက ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးအတွက် အမြတ်အစွန်း ရရှိစေတာကြောင့် ဝမ့်ရှန်းကမ္ဘာတွင် နေထိုင်သူတိုင်းအတွက် အမြတ်အစွန်း ဖြစ်စေမှာလို့လည်း မှတ်ယူနိုင်သည်။ ဒါကြောင့် နတ်တောင်တန်း ကိုယ်တိုင်က ထုံးစံအတိုင်း သစ်သားနဲ့ မီးရတနာတွေကို လုံးလုံးလျားလျား ရှာဖွေဖို့ မိုက်မဲနေမှာ မဟုတ်ပါဘူး။
မူလက သူသည် ကျွန်းပေါ်ရှိ လူအားလုံးကို ပြောပြချင်သော်လည်း အခွင့်အလမ်း လုံးဝမရှိခဲ့ပေ။ ထိုဂိုဏ်းချုပ်များ၏ မျက်နှာများကို မြင်ပြီးနောက် လုရွှမ်သည် သူ့နှလုံးသားထဲတွင် လေးလေးနက်နက် ရွံရှာသွားပြီ။
ဒီတစ်ခါတော့ ထျန်းရှားက ကြားဝင်စွက်ဖက်ပြီး ခေါင်းခါပြလေသည်။
"ဒါက သံသယဖြစ်စရာ မလိုပါဘူး... အကြောင်းပြချက်က အရမ်းရိုးရှင်းတယ်... သစ်သားဒြပ်စင်တွေ ပေါ်ထွက်ဖို့ ခိုင်ခံ့တဲ့ မြေဒြပ်စင် အာဟာရတွေ လိုအပ်တယ်... အခု မြေဧရိယာရဲ့ ၉၀%လောက်ကို ပင်လယ်ရေက ဖုံးလွှမ်းထားပြီ... ရေတွေ ဖုံးအုပ်ထားတာက အခြေခံအနေနဲ့ဆို မလုံလောက်ဘူး... အဲဒီလိုပဲ သစ်သားဒြပ်စင် မလုံလောက်ရင် သစ်သားက မီးထွက်တယ် ဆိုတဲ့အတိုင်း မီးဒြပ်စင်ရတနာကလည်း ဒီကမ္ဘာပေါ်တွင် ပေါ်ထွက်လာဖို့ မဖြစ်နိုင်သလောက်ပဲ”
"မင်းတို့နှစ်ယောက်က ဘာကိုဆိုလိုတာက.."
လုရွှမ်ရဲ့ မျက်လုံးများ အနည်းငယ် တောက်ပလာခဲ့သည်။ ထျန်းရှားတို့နှစ်ယောက်က တစ်ချိန်တည်းမှာ ခေါင်းညိတ်ပြီး။
"ငါတို့ ဝမ့်ရှန်းကမ္ဘာကနေ ထွက်သွားပြီး တခြားကမ္ဘာငယ်လေးမှာ ရတနာနှစ်ပါးကို စုဆောင်းကြမယ်!"
လုရွှမ်သည် ဝမ့်ရှန်းကမ္ဘာ အပြင်ဘက်က ဝမ့်ကမ္ဘာတွေကို သဘာဝအတိုင်း တမ်းတပါသည်။ အထူးသဖြင့် ကောင်းကင်အောင်ခြင်း ဂိုဏ်းနှင့် အခြားသော ဂိုဏ်းများမှပင် သူတို့သည် ကြီးမားသော ကြည်ညိုလေးစားများ၊ မျှော်လင့်ချက်များဖြင့် အပြင်ဘက် ကမ္ဘာငယ်လေး အကြောင်း ယောင်ဝါးဝါး ပြောဆိုနေကြသည်။
လုရွှမ်သည် ဝမ့်ရှန်းကမ္ဘာသည် ဝမ့် စာလုံးဖြင့် ကမ္ဘာတွေထဲတွင် အဆင့်အတန်းက မြင့်မားနေတာ မဟုတ်ကြောင်း နားလည်သဘော ပေါက်ခဲ့ပါသည်။ ဤအတွေးက နောက်ပိုင်းတွင် တဖြည်းဖြည်း အတည်ပြုလာခဲ့သည်။ ဤကမ္ဘာက ရတနာများပင် ပေါက်ဖွားလာခြင်း မရှိပေ။ တခြားသော ဝမ့်ကမ္ဘာများနှင့် နှိုင်းယှဉ်ပါက အနည်းငယ် ပိုဆိုးနိုင်သည်။
"ဝမ့်ရှန်းကမ္ဘာက ထွက်သွားချင်ရင် နည်းလမ်းနှစ်ခု ရှိတယ်... တစ်ခုက ပို့ဆောင်ခြင်းအစီအရင်... ဒါပေမဲ့ အဲဒီအာကာသ ပို့ဆောင်ခြင်းအစီအရင်တွေက အဓိက ဂိုဏ်းကြီး ရှစ်ခုမှာပဲ ရနိုင်တယ်.... ဒါကအဓိက ဂိုဏ်းကြီးရှစ်ခုရဲ့ လွှမ်းမိုးထားတဲ့ အကြောင်းရင်းလည်း ဖြစ်တယ်... ပြင်ပကမ္ဘာငယ်လေးထဲကို ဝင်ရောက်ချင်ရင် သူတို့ခွင့်ပြုမှ အဆင်ပြေလိမ့်မယ်"
"အခြားနည်းလမ်းက နယ်စပ်ဖြတ်ကျော် လှေနဲ့ ဖြတ်တာပဲ... လုရွှမ် အဲဒါက အန္တရာယ်များပြီး အချိန်ဖြုန်းတာပဲ ဆိုတာတော့ မင်း သိထားသင့်တယ်"
ဒါကြောင့် သူတို့သုံးယောက်က ပထမနည်းလမ်းကိုပဲ ရွေးချယ်ခဲ့ကြသည်။
"ကောင်းပြီ ဒါဆို ငါတို့ ကောင်းကင်အောင်ခြင်းဂိုဏ်းကို ပြန်ကြမယ်... နတ်တောင်တန်း အကြောင်း ဂိုဏ်းချုပ်နှစ်ယောက်ကို အကြောင်း ကြားလိုက်မယ်"
ဓားနတ်ဆိုးနဲ့ ထျန်းရှားတို့က သဘာဝအတိုင်း သဘောတူကြလေသည်။
ကောင်းကင်အောင်ခြင်း ဂိုဏ်းကို ရွေးချယ်ရသည့် အကြောင်းရင်းမှာ အလွန်ရိုးရှင်းပါသည်။ သူတို့၏ လက်ရှိတည်နေရာသည် ကောင်းကင်အောင်ခြင်း ဂိုဏ်းနှင့် အတော်လေး နီးနေသောကြောင့်ပင်။
"ထျန်းရှား... နတ်တောင်ကို တကယ်စိုက်ထားရင် ပင်လယ်သားရဲ မျိုးနွယ်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ် မင်းတကယ် ဆန္ဒရှိရဲ့လား?"
ထျန်းရှားက ပြုံးပြီး "ဒီပြဿနာကို ကျွန်မစဉ်းစားနေတာ ကြာပြီ...နတ်တောင်တန်းကို စိုက်ထားရင်တောင် အနည်းဆုံး ပင်လယ်အတွက် နေရာတစ်ဝက်လောက် ကျန်နေလိမ့်မယ်... ဒါက ပင်လယ်သားရဲတွေ အတွက်တော့ လုံလောက်ပါပြီ အခု သူတို့ရဲ့ ထပ်ခါထပ်ခါ ကျူးကျော်မှုတွေရဲ့ အကျိုးဆက် သက်သက်ပဲလို့ ယူဆလို့ရတယ်”
လုရွှမ် တိတ်ဆိတ်သွားခဲ့သည်။ ထျန်းရှား ပြောတာမှန်ပါ၏။ သူလည်း ပင်လယ်ထဲမှာ နှစ်အတော်ကြာအောင် နေခဲ့ပြီးမှ မြင်ဖူးတာပင်။ ပင်လယ်ဧရိယာသည် ကျယ်ဝန်းပြီး နေရာများစွာသည် လုံးဝ လစ်လပ်နေပါသည်။ ၎င်းကို ထက်ဝက် လျှော့ချလိုက်လျှင်ပင် ၎င်းတို့၏ ရှင်သန်မှုအတွက် အလွန်ဇိမ်ရှိနေဆဲ ဖြစ်သည်။
သူတို့ သုံးယောက်သည် အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်လာကြသည်။ ရွှေကျီးကန်း၏ သတိပေးချက်ဖြင့် မျှော်စင်နယ်ပယ်က သခင်များကိုလည်း ဂရုတစိုက် ရှောင်ရှားခဲ့ကြသည်။ တစ်လအကြာတွင် သူတို့ ကောင်းကင်အောင်ခြင်းဂိုဏ်းသို့ ရောက်ရှိခဲ့ကြသည်။
အဝေးမှ လှမ်းကြည့်လျှင် ဂိုဏ်းသည် လုရွှမ်၏ မှတ်ဉာဏ်ထဲရှိ ဂိုဏ်းနှင့် လုံးဝကွဲပြားသွားပြီ။ အနည်းဆုံး နေရာတစ်ဝက်သည် ရေအောက်တွင် နစ်မြုပ်နေပြီး လှောင်အိမ်လူသားများ၏ တိုက်ခိုက်ခြင်းကို ကာကွယ်ရန်အတွက် တောင်ပေါ်ရှိ ကာကွယ်ရေး အစီအရင်ကို အချိန်မရွေး စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။
နောက်ဆုံးတွင် ဂိုဏ်းကသခင်များစွာ၊ ဂိုဏ်းချုပ်ပင်လျှင် ရှေ့တန်း၌ရပ်လျက် လှောင်အိမ်လူသားများနှင့် ပင်လယ်သားရဲများကို တိုက်ခိုက်နေကြပါပြီ။ နောက်တန်းတွင် နေသူများသည် အသက်ကြီးသူများ၊ အားနည်းသူများ၊ နာမကျန်းသူများနှင့် မသန်စွမ်းသူများဖြစ်သည်။
လုရွှမ် အစီအရင်အနား ရောက်တော့ အထဲသို့ အသံတစ်သံ ပို့လိုက်သည်။ ခဏကြာတော့ အစီအရင်ထဲက တံခါးပေါက်လေးကို ဖွင့်လိုက်ပြီး လူသုံးယောက်ကို ထွက်လာ၍ ကြိုဆိုလေသည်။
ခေါင်းဆောင်လာသူတွေက ချင်းချန်၊ ကျန့်ကျောက်နဲ့ ထျန်းယင်တို့ပဲ ဖြစ်သည်။ ရယ်မောသံများကြားတွင် ကျန့်ကျောက် ပြေးချလာကာ လုရွှမ်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။
"ညီလေး မင်းတစ်ခုခု ဖြစ်သွားမယ်ဆိုတာ ငါသိနေတယ်လေ!"
သူက ပြုံးပြီး ထျန်းရှားကိုလည်း ခေါင်းညိတ်ပြလိုက်သည်။
"ရှေ့တန်းက ဂိုဏ်းကြီးခြောက်ခုနဲ့ မင်းလုပ်ခဲ့တာတွေကို ငါတို့အားလုံးကြားပြီးပြီ... မင်းအရမ်းတော်တယ်.. ဒါပေမဲ့ မင်းဆန္ဒနဲ့ ဂိုဏ်းကနေ မထွက်သွားသင့်ဘူး... မင်းကို ငါတို့က လက်လျှော့လိုက်မှာ ကြောက်နေတာလား?"
ချင်းချန်သည် မှုန်ကုပ်ကုပ် အရိပ်အမြွက်ဖြင့် အော်နေသော်လည်း သူမမျက်လုံးများက လေးမြတ်မှု အပြည့်ရှိနေသည်။ သူမ၏ ကျင့်ကြံမှု အဆင့်သည် များစွာပြန်လည် ကောင်းမွန်လာခဲ့ပြီး ရောင်ဝါကလည်း သူမ ထွက်ခွာသွားချိန်ကထက် ပိုမိုအားကောင်းလာပြီ။
လုရွှမ် ချင်းချန်ကို ဦးညွတ် တောင်းပန်လိုက်သည်။
"ဘိုးဘေးပြောတာ မှန်ပါတယ်... ကျွန်တော်က အမြဲတမ်း ကောင်းကင်အောင်ခြင်း ဂိုဏ်းရဲ့ တပည့်ဖြစ်နေမှာပါ.."
"ကောင်းပြီ အထဲဝင်ပြောရအောင်"
ထျန်းရှူးခန်းမသို့ ရောက်သောအခါ စင်မြင့်ပေါ်ရှိ သက်ကြီးရွယ်အို အကြီးအကဲ အများအပြားသည် ထိုနေရာ၌ စောင့်ဆိုင်းနေပြီ ဖြစ်သည်။ သူတို့၏ရောင်ဝါကလည်း အားကောင်းကာ မျှော်စင်နယ်ပယ်က သခင်များ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနဲ့ သိနိုင်သည်။
အနီးနားတွင် တပည့်တစ်ဦးသည် ပေကျီဓားဖြစ်သည့် ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ဓားဝိညာဉ်က သဘာဝအားဖြင့် ရှင်းချန်ပင်။
"မင်းရဲ့အကျင့်အတိုင်းဆို မင်းအန္တရာယ် ကြုံလာရင်တောင် ဂိုဏ်းဆီကနေ အကူအညီတောင်းဖို့ သေချာပေါက် ပြန်လာမှာ မဟုတ်ဘူး... ပြဿနာကို မင်းကိုယ်တိုင် သယ်သွားလိမ့်မယ်... ဒီတစ်ခေါက် ပြန်လာတယ် ဆိုတော့ မင်းအတွက် တစ်ခုခု အပြောင်းအလဲ ဖြစ်လို့လား?"
လုရွှမ် ရယ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း သူ့ကိုအခင်ဆုံး သူငယ်ချင်းကသာ သူ့အကြောင်း သိကြလေ၏။
"တကယ်တော့ ဒီကိစ္စက အရမ်းအရေးကြီးတယ်... ဒီနေရာက အငယ်တန်းညီလေးတွေ ကျေးဇူးပြုပြီး အပြင်ထွက်ပေးကြပါ..."
လုရွှမ်ရ အန္တရာယ်ကို ဘယ်သောအခါမှ ချဲ့ကားပြောလေ့ မရှိသလို လျှော့လည်း မတွက်တတ်ပေ။ ချင်းချန်သည် တပည့်များစွာကို ထွက်ခွာရန် အချက်ပြခဲ့ပြီး သူမကိုယ်တိုင်ပဲ ပေကျီဓားကို ကိုင်ထားလိုက်သည်။
ယခုအချိန်တွင် ခန်းမထဲ၌ အကြီးအကဲနှစ်ဦး၊ ရှင်းချန်၊ ချင်းချန်နဲ့ လုရွှမ်တို့သာ ကျန်တော့သည်။
"ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးကို ကယ်တင်ဖို့ နည်းလမ်းရှာတွေ့ပြီ!"
လုရွှမ် ထိုစကားဖြင့် အစပျိုးလိုက်ကာ အရင်က ဓားနတ်ဆိုးကို ပြောခဲ့ဖူးတာတွေကို ပြန်ပြောပြလိုက်သည်။