← Chapters

အထွေထွေပတ်ဝန်းကျင် အပြောင်းအလဲများ

Vol. 82 Ch. 4.737

အထွေထွေပတ်ဝန်းကျင် အပြောင်းအလဲများ

Vol. 82 Ch. 4.737

"မင်းပြောတာတွေက အမှန်ပဲလား?"

ချင်းချန် ထိတ်လန့်စွာ မေးလိုက်သည်။ ထိုသတင်းသည် သူမကို ထိတ်လန့်စေသည့် သတင်းလား သို့မဟုတ် လုရွှမ် သူမကို ပိုတုန်လှုပ်စေသည့် အဖြစ်အပျက်ကို လုပ်နေခဲ့တာကို သူမ မသိခဲ့လို့လား မပြောတတ်တော့ပေ။

လုရွှမ်လည်း ခေါင်းညိတ်လိုက်ပြီး မေးလိုက်၏။

"ဒီအကြောင်းကို လိမ်ညာမပြောရဲပါဘူး"

ချင်းချန်သည် မျှော်စင်နယ်ပယ်က အကြီးအကဲ နှစ်ဦးကို ကြည့်ပြီး ခေါင်းညိတ် အချက်ပြလိုက်သည်။

"အားလုံးကို ငါ့လက်ထဲ အပ်ထားလိုက်ပါ"

ချင်းချန်၏ လုပ်ရည်ကိုင်ရည်မှာ မြင့်မားလွန်းလှသည်။ သူမ၏ ကျင့်ကြံမှု အဆင့်သည် ၎င်းတို့လောက် မကောင်းမွန်သော်လည်း သူတို့ နှစ်ဦးသည် လုံးဝ မလေးစားမလုပ်ဝံ့ကြပေ။

"လုရွှမ်ကို ငါယုံတယ်... ကောင်းပြီ ငါ ထျန်းယင်ကို ဂိုဏ်းချုပ်နဲ့ ဂိုဏ်းချုပ်ကျန့်တို့ဆီကို အခုပဲ ဆက်သွယ်ခိုင်းလိုက်မယ်... ဂိုဏ်းရဲ့ ခွန်အားရှိသမျှကိုလည်း လွှတ်လိုက်မယ်"

လုရွှမ် အံ့အားသင့်သွားပြီး။

"ဘိုးဘေး.. ဂိုဏ်းတစ်ခုလုံးလား?"

ချင်းချန်က ခါးသက်စွာ ပြုံးလိုက်၏။

"ဟုတ်တယ် ဒါနဲ့တောင် မလုံလောက်တော့မှာကို စိုးရိမ်ရတယ်....အရင်းအမြစ် အတွက်ဆို ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးတောင် လိုအပ်လာနိုင်တယ်"

“အခု ငါတို့ရဲ့ ကောင်းကင်အောင်ခြင်း ဂိုဏ်းရဲ့နယ်မြေ အများစုက ပင်လယ်ထဲမှာ နစ်မြုပ်နေပြီ... ငါတို့ပတ်ဝန်းကျင်မှာလည်း ပင်လယ်သားရဲနဲ့ လှောင်အိမ်လူသားတွေက အချိန်မရွေး တိုက်ခိုက်လာနိုင်တဲ့ အနေအထားမှာ ရှိနေတယ်.... တောင်ကို အကာအကွယ်ပေးတဲ့ အစီအရင်ကို ထိန်းသိမ်းရတာက စွမ်းအင်တွေ အများကြီး သုံးစွဲရတယ်... ဒါပေမဲ့ အခုငါတို့ ပတ်ဝန်းကျင်က သက်ရောက်မှုကို နှိုင်းယှဉ်ကြည့်ရင် တောင်တန်း သေးသေးလေးသာသာပဲ ရှိတယ်"

"အခု ဝမ့်ရှန်းကမ္ဘာရဲ့ ဒြပ်စင်ငါးပါးက အစီအရင်တွေကို ပြောင်းလဲ ဖွဲ့စည်းစေဖို့ ပိုခက်ခဲလာစေတယ်...အခုဆို ပို့ဆောင်ခြင်းအစီအရင် အတွက် လိုအပ်တဲ့ စွမ်းအင်က အရင်ကထက် အနည်းဆုံး အဆတစ်ရာပိုနေပြီလို့ ငါ တွက်ဆထားတယ်"

ရှင်းချန်က ဝင်ပြောလာသည်။ သူက အခင်းအကျင်း၊ အစီအရင်တွေရဲ့ ပညာရှင် သခင်ဖြစ်သည်။ ဤကိစ္စနှင့် စပ်လျဉ်း၍ သူပြောတာတွေက လုံးဝ မှန်သည်။ ဓားနတ်ဆိုးသည် အေးစက်သော လေများကို ရှုရှိုက်ရင်း မကူညီနိုင်ဘဲ ဝင်ဆိုလာ၏။

“အစကတုန်းကတော့ ကျွန်တော်တို့တွေ ဝမ့်ရှန်းကမ္ဘာကနေ ထွက်ပြီး တခြားကမ္ဘာငယ်လေးတွေဆီကို ပို့ဆောင်ခြင်း အစီအရင်နဲ့ သွားမလိုပဲ... ဒါပေမဲ့ စွမ်းအင်သလင်းကျောက်တွေ အများကြီး သုံးရမှာဆိုတော့ ကျွန်တော်တို့လို ဂိုဏ်းကြီးတစ်ခုတောင် မလုပ်ဆောင်နိုင်ဘူး... ဒါကြောင့် ဝမ့်ရှန်းကမ္ဘာကလူတွေ လက်လွှတ်စပယ်နဲ့ တခြားကမ္ဘာငယ်လေးတွေဆီ မသွားရဲကြတာ...”

"အခု သုံးစွဲနေရမယ့် စွမ်းအင်က အဆတစ်ရာ တိုးလာတယ် ဆိုရင်တော့ ကျွန်တော်တို့ဂိုဏ်းနှစ်ခုနဲ့တင် မလုပ်နိုင်မှာကို စိုးရိမ်ရတယ်"

"အဲဒါ...."

"ငါလည်း မပြောနိုင်ဘူး ငါတို့ဂိုဏ်းကြီး ရှစ်ခုကို အကြောင်းကြားဖို့ လိုတယ်လို့ ထင်တယ်!"

ချင်းချန်သည် လုရွှမ်ကို စိုးရိမ်ပူပန်စွာ ကြည့်ရင်း ဆိုလိုက်သည်။ လုရွှမ်ရဲ့ နှလုံးသားထဲမှာ နာကြည်းမှုတွေရှိနေမှန်း သူမ သိပါ၏။

လုရွှမ် လှောင်အိမ်ထဲတွင် ဘယ်လောက် ပေးဆပ်ခဲ့တယ်၊ အကျပ်အတည်းကို တစ်စချင်း ဘယ်လို ရုန်းထွက်နိုင်ခဲ့တယ် ဆိုတာကိုသာ သူတို့ သိခဲ့ကြခဲ့သည်။

သို့သော် လုရွှမ်သည် နှလုံးစားပိတ်ပင်မှု ထိန်းချုပ်နည်းကို ထုတ်ပြန်ပြီးနောက် လုရွှမ်သည် သူ၏ ကြိုးပမ်းမှု အားလုံးမှအပြင် များစွာလုပ်ဆောင်ခဲ့ကြောင်း သူတို့ သိရှိလိုက်ကြသည်။ ထိုအချိန်က သူသည် မဟာသူတော်စင် နယ်ပယ်သာ ရှိသေးသည်။ သို့သော် နတ်မီးနယ်ပယ် အထွတ်အထိပ်နှင့် မျှော်စင်နယ်ပယ်က လူတွေကိုပင် ကြံစည်ခဲ့လေသည်။

ဘယ်လောက်ပေးဆပ်ပြီး ဘယ်လောက် စတေးခဲ့ရလဲ။ ထိုကဲ့သို့သော ကြိုးပမ်းအားထုတ်မှုနှင့် အနစ်နာခံမှုတို့ကနေ သူဘယ်လို အကျိုးဆက်တွေကို ရခဲ့လဲ။

လုရွှမ်ဟာ နှလုံးစားပိတ်ပင်မှု ထိန်းချုပ်နည်းတွေကို သင်ပေးလို့ မရပါဘူးလို့ ထပ်ခါတလဲလဲ ပြောပေမယ့် အဲဒီဂိုဏ်းတွေကတော့ သူ့ကို ထိန်းချုပ်ချင်ပြီး နှလုံးစားပိတ်ပင်မှု နည်းလမ်းကို ထုတ်ပြောဖို့ အတင်းအကျပ် တွန်းအားပေးချင်ကြသည်။

အဲဒီလူတွေက သူတို့တောင်းတာကို မရတဲ့အတွက် အစွယ်တွေပြပြီး အတင်းလုယူဖို့ပါ ကြိုးစားကြသလို လုရွှမ် ဂိုဏ်းကထွက်ပြီး ပြေးလွှားခဲ့ရသည်။

လုရွှမ် အဲဒီလူတွေကို အခုအကြောင်းအရာကို မပြော​ပြချင်ပါဘူး။ အကြောင်းပြချက်ကို ချင်းချန်လည်း သဘာဝအတိုင်း သိပါသည်။ ဒီဆယ်နှစ်အတွင်း သူတို့သေပြီး တိုက်ပွဲဝင်ဂပါစေ၊ အပိုင်းပိုင်း ပြတ်သွားရပါစေ ကောင်းကင်အောင်ခြင်းဂိုဏ်းနဲ့ ဓားတစ်သောင်းဂိုဏ်းကတော့ သူတို့ရဲ့ ခွန်အားကို ထိန်းသိမ်းထားကြရမည်။

သဘာဝအတိုင်း နတ်တောင်တန်းကို စိုက်ထူပြီးရင် သူတို့ဟာ တောက်ပပြီး ပြင်းပြင်းထန်ထန် ထွန်းကား တိုးတက်လာပါလိမ့်မည်။

အကြောင်းစုံကို ပြောရင်း ချင်းချန်ကိုယ်တိုင်က ဒါကိုလုပ်ချင်ပေမယ့် ကံမကောင်းစွာဖြင့် ကောင်းကင်က သူမဆန္ဒကို ခွင့်မပြုခဲ့ပါဘူး။ ယခုအချိန်တွင် ဝမ့်ရှန်းကမ္ဘာ လျင်မြန်စွာ ပြောင်းလဲနေပြီး ပတ်ဝန်းကျင်ကလည်း ဆိုးရွားလွန်းလာ​ပြီ။ အလွန်အံ့သြဖွယ် စွမ်းအင်များစွာ လိုအပ်သောကြောင့် တစ်ခုတည်းသော နည်းလမ်းမှာ သတင်းကို ဖြန့်လိုက်ရန်သာ ဖြစ်သည်။

လုရွှမ်က ရယ်ရင်း။

"ဘိုးဘေး... ကျွန်တော့်စိတ်ထဲက မကျေနပ်တာတွေကို စိတ်ပူနေစရာ မလိုပါဘူး... သူတို့ မောက်မာမှုတွေကို ခဏလောက် ပြခွင့်ပေးလိုက်ပါ ကျွန်တော်တို့ဂိုဏ်းတွေ အုံကြွလာပြီဆိုရင် ရှင်း​ပြီးသား ​ဖြစ်သွားလိမ့်မယ်... အခုလောလောဆယ်တော့ ခွန်အားတွေ ပျက်စီးပြီး ငွေကြေးဆုံးရှုံးမှု ကြီးကြီးမားမား ကြုံတွေ့ကြပါစေဦး”

"အဲ့အချိန်ကျမှ ကျွန်​တော်တို့နဲ့ ပေါင်းချင်ရင်တော့ ဟမ့် ဖြုတ်ချဖို့သာ ပြင်ထားလိုက်တော့!"

ချင်းချန်က ပြုံးပြီး "ကောင်းပြီ... စိတ်မပူပါနဲ့ ဂိုဏ်းချုပ်နှစ်ယောက်က သူတို့ဂိုဏ်း​တွေကို အလကားစားခွင့် ပေးမှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်... ဒီတစ်ကြိမ် အသုံးစရိတ်အတွက် သူတို့ တာဝန်ယူရလိမ့်မယ်"

သူမစကားဆုံးတော့ အားလုံးက ရယ်မောလိုက်ကြသည်။

လုရွှမ်နဲ့ တခြားသူတွေ မောပန်းနွမ်းနယ်နေတာကြောင့် ကျန့်ကျောက်နဲ့ ထျန်းယင်တို့ကိုလည်း ခဏလာတွေ့ဆုံပြီး ပြန်ထွက်သွားခဲ့၏။ ယနေ့ခေတ် ကောင်းကင်အောင်ခြင်း ဂိုဏ်း (သို့) အဓိကဂိုဏ်းကြီး ရှစ်ခု၏ နေရာများမှာ ပြည့်ကျပ်နေပြီး အသေးစားနှင့် အလတ်စားဂိုဏ်းများ အများအပြားလည်း ပါဝင်နေပါသည်။

ကောင်းကင်အောင်ခြင်း ဂိုဏ်းက ထိုတောင်တန်းကြီးငါးခုကို ​ပြင်ပတပည့်များနေထိုင်ရန် စွန့်လွှတ်​ပေးခဲ့သည်။ ယခုအချိန်တွင် ကောင်းကင်အောင်ခြင်း ဂိုဏ်းသည် ရောင်ကွမ်းတောင်ထွတ်နှင့် ထျန်းရှူးတောင်ထွတ်တွင်သာ တပ်စွဲထားသည်။ ထုံးစံအတိုင်း လုရွှမ်သည် ယခင်က ခြံဝင်းငယ်လေးသို့ မပြန်နိုင်ခဲ့သဖြင့် ရောင်ကွမ်းတောင်ထွတ်သို့သာ သူနှင့်အတူ ရောက်ရှိလာခဲ့သည်။

လုရွှမ်ဟာ ထျန်းယင်နဲ့ ကျန့်ကျောက်တို့ကို နတ်တောင်တန်း အကြောင်း မပြောခဲ့ပါဘူး။ နောက်ဆုံးတော့ သတင်းက အရမ်းအရေးကြီးတာမို့ သူတို့သိလေ အန္တရာယ်ပိုရှိလာလေပဲ။

အခုအချိန်မှာ လူတွေထက် ပင်လယ်သားရဲတွေက အများကြီးနေသည်။ ဝမ့်ရှန်းကမ္ဘာကို ပြန်လည်ပြုပြင်၍ ပုံဖော်နိုင်သည့် မြင့်မြတ်သော နတ်တောင်တစ်တောင်ရှိကြောင်း သူတို့သိလိုက်သည်နှင့် လူမျိုးတုံး သတ်ဖြတ်မှုတစ်ခု ဖြစ်လာမည်ဟု တွေးကြည့်နိုင်သည်။

၎င်းသည် မလွှဲမရှောင်သာ ပြင်းထန်သော တိုက်ခိုက်မှုကို ဆင်နွှဲရမည် ဖြစ်ပြီး ကောင်းကင်အောင်ခြင်း ဂိုဏ်းကို သုတ်သင်ရှင်းလင်း ရတဲ့အထိ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာလိမ့်မည်။

လုရွှမ်နှင့် အခြားသူများ အနားယူနေချိန်တွင် ကောင်းကင်အောင်ခြင်း ဂိုဏ်း၏ ဂိုဏ်းချုပ် လော့ချောင်ဖုန်းသည် နောက်ဆုံးတွင် ချင်းချန်ဆီမှ စာပို့ဓားပျံတစ်ချောင်းကို ရရှိခဲ့သည်။ သတင်းရရှိပြီးနောက် သူသည် ကျန့်ဝူဝေါ်နှင့် ချက်ချင်းတွေ့ဆုံခဲ့ပြီး အချိန်အတော်ကြာ ဆွေးနွေးပြီးနောက်တွင် နှစ်ဦးသား ပျော်ရွှင်ခဲ့ကြသော်လည်း တစ်ချိန်တည်းမှာ ဝမ်းနည်းစရာတွေလည်း ဖြစ်လာခဲ့သည်။

ဘာကြောင့် လုံလောက်တဲ့ စွမ်းအင်မရှိရတာလဲ။ မဟုတ်ရင် အဲဒီဂိုဏ်းတွေနဲ့ပါ မဆွေးနွေး​နေဘဲ မိမိဘာသာ လုပ်ပစ်လိုက်လို့ရသည်။

ဂိုဏ်းချုပ် ခြောက်ဦးကိုပဲ ဖိတ်ကြားရင်တောင် သတင်းများက ထွက်ပေါ်လာနိုင်သေးသည်။ သတင်းထွက်လာတာနဲ့အမျှ လူခြောက်ယောက်ဟာ သဘာဝအတိုင်း ထိတ်လန့်သွားကြ၏။ သတင်းမှန်ကြောင်း ထပ်ခါတလဲလဲ အတည်ပြုပြီးတဲ့ နောက်မှာတော့ လူခြောက်ဦးရဲ့ မျက်နှာတွေဟာ အလွန်တောက်ပလာခဲ့သည်။

ဖြစ်စဉ်တစ်ခုလုံးမှာ လော့ချောင်ဖုန်းက သူတို့၆ယောက်ကို လှောင်ပြောင်နေပြီး အဓိကဂိုဏ်းခြောက်ခုကလည်း နောင်တအ​ပြည့် ရခဲ့သည်။ လုရွှမ်ကို သေတဲ့အထိ စော်ကားခဲ့ကြောင်း သူတို့ ကောင်းကောင်းသိပါသည်။

"ကောင်းပြီ စွမ်းအင် သလင်းကျောက်တွေကို စုဆောင်းကြရအောင်"

ရှဲ့ယွင်ထျန်းက စတင်လုပ်ဆောင်ရန် ပထမဆုံးသော သတ္တိရှိသူဖြစ်ပြီး လှည့်ထွက်သွားခဲ့သည်။ ဆရာတော်ထန်ယီးကလည်း သူနဲ့အတူ ထွက်သွားပြီး ဂိုဏ်းချုပ်တွေလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားပြီး ပြင်ဆင်ဖို့ ပြန်သွားကြပါ၏။

သူတို့စိတ်မကောင်း ဖြစ်မိသော်လည်း ဝမ့်ရှန်းကမ္ဘာကို မူလအခြေအနေအဖြစ် ပြန်လည် တည်ဆောက်ခြင်းနှင့် နှိုင်းယှဉ်ပါက ဘယ်အရာက ပိုအရေးကြီးမှန်းတော့ သူတို့ သိပါသည်။ အဲဒီအခါကျရင် ကုန်းမြေက ပို၍ပင်ပေါ်လာလိမ့်မည်။

ဂူတစ်ခုထဲတွင်တော့ နဂါးရေငွေ့တောင်နဲ့ ဖီးနစ်အသိုက်က ဂိုဏ်းချုပ်နှစ်ဦးမှာ အလွန်ဒေါသထွက်နေသည်။

"ဟမ့် ဒီကောင်လေးက တကယ်လှည့်စားဖို့ မမျှော်လင့်ထားဘူး... သူ့မှာ ဒီလို လျှို့ဝှက်ချက်အကြီးကြီး ရှိတာတောင် ထုတ်မပြနိုင်အောင် ထိန်းထားနိုင်တယ်... ဒီကောင်က အနာဂတ်မှာ ကြောက်စရာကောင်းတဲ့ ရန်သူဖြစ်လာမှာ သေချာတယ်... ငါတို့ အနာဂတ်မှာ သေချာပေါက် ဒုက္ခ​ရောက်လိမ့်မယ်"

ဖုန့်ချောင်မင်က သူ့ကို​ကြည့်ပြီး

"ဒါပေမဲ့ အခုက ဖြစ်သွားပြီ... ဒီလို လျှို့ဝှက်တဲ့ အကာအကွယ်နဲ့ဆို ကျွန်မတို့က ဘာလုပ်နိုင်ဦးမှာလဲ"

"ဒါ့အပြင် သူ့မှာ ကာကွယ်နိုင်တဲ့ ဖီးနစ်အနှစ်သာရနဲ့ သွေးတစ်စက်လည်း ရှိတယ်... သူ့ကို ရိုက်နှက်လို့လည်း မရဘူး ရိုက်မယ်ဆိုတာနဲ့ ပြေးတော့တာ... တကယ်ကို စိတ်ပျက်စရာပဲ!"

လုံထန်းရှောက်က "ဒါတွေပြောနေလို့ အသုံးမဝင်ဘူး ဒီကလေး သေရမယ်"

ဖုန့်ချောင်မင်က သူ့လုပ်ဖော်ကိုင်ဖက် စိတ်အားထက်သန်နေချိန်တွင် ဘာမဆို လုပ်လိုကြောင်း ကောင်းကောင်း သိသည်။

"ရှင် ဒီလျှို့ဝှက်ချက်ကို ပင်လယ်သားရဲတွေဆီ ပေါက်ကြား​စေချင်​နေတာလား?"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? မင်း အတွေး လွန်နေပြီ!"

All Chapters