မြင်းခြေထောက်တွေ ပေါ်လာပြီ
Vol. 82 Ch. 4.739
သူ့စကားကြောင့် လုရွှမ်သည် အနာဂတ်တွင် သူ့ကို လက်တုံ့ပြန်လိုသည့်တိုင် ကရုဏာပြပေလိမ့်မည်။ မဟုတ်ပါက သူသည် တခြားသူများလိုပင် ပြောစရာတစ်ခုအဖြစ် ချန်ထားခံရပေလိမ့်မည်။
ဒီလူယုတ်မာကို ဦးနှောက်မရှိတဲ့လူ၊ ကြမ်းတမ်းပြီး အသေးအမွှား တွက်ချက်မှုတွေကို ပါးပါးနပ်နပ် မလုပ်တတ်သူဟု ဘယ်သူ ပြောနိုင်မှာလဲ။ ဒီလို အောက်ကျတဲ့ နည်းလမ်းမျိုးကို တစ်စုံတစ်ဦးကတော့ သေချာပေါက် လုပ်နိုင်သည်။ တခြားသူများမှာ ၎င်းတို့ရဲ့ အရှက်ကို စိုးရိမ်နေကြဆဲ ဖြစ်သောကြောင့် လုပ်လိမ့်မည် မဟုတ်ချေ။
သူတို့မှာ လော့ချောင်ဖုန်းနဲ့ ကျန့်ဝူဝေါ်တို့ ဝိညာဥ် အဆိုပြုထားသော သလင်းကျောက် အမြောက်အမြားကို ပြုပြင်ပြောင်းလဲရန် ကိုယ်ပိုင်နည်းလမ်းများ ရှိကြသည်။
သူတို့သည် လူမိုက် မဟုတ်ကြသောကြောင့် ဤစကားတွေက ချဲ့ကားနေကြောင်း သဘာဝကျကျ သိကြသည်။ စိတ်ကောင်း စေတနာကောင်းကို ပြသဖို့ထက် သူတို့က ပျော်ရွှင်စွာ စားသောက်ရတာကို ပိုကြိုက်ကြမည့်သူပင်။
"မဟုတ်ဘူး...ချောင်မင်က အဲလိုလူမျိုး မဟုတ်ဘူး"
လုံထန်းရှောက်က ရှင်းပြချင်နေသေးပေမယ့် သူ့ကို ဘယ်သူမှ ဂရုမစိုက်ပါဘူး။ ဒါမျိုးကို ဖုန့်ချောင်မင် မဟုတ်ရင် ဘယ်သူက လုပ်မှာလဲ ဆိုသည့်အချက်ဖြင့် ဘယ်သူမှ နားမထောင်ချင်တော့ပေ။
အရင်ကတော့ လူတိုင်းက ဖုန့်ချောင်မင်ကို နည်းနည်းလောက် တုံ့ပြန်ဖူးခဲ့ကြပေမယ့် အခုချိန်မှာတော့ သူတို့ဟာ သစ္စာဖောက်က သူမ ဖြစ်နိုင်ကြောင်း သေချာသလောက် ဖြစ်သွားပြီ။
နားမလည်နိုင်သော ကန့်သတ်ထားသည့် နေရာများတွင်တော့ ဖုန့်ချောင်မင်သည် အပြင်မှ အသံများကို အမှန်တကယ် ကြားနေရလေ၏။ လုံထန်းရှောက်၏ လျှို့ဝှက်သော စွမ်းဆောင်နိုင်မှုနဲ့ သရုပ်ဆောင် စွမ်းရည်ကို နားထောင်ရင်း သူမ အလွန်ကို မုန်းတီးလာခဲ့သည်။
"မေ့လိုက်ပါတော့.... သူမကို ဂရုစိုက်မနေနဲ့တော့ အကာအကွယ်စည်း တစ်ခုလုံးကို အရင်စောင့်ရှောက် ရအောင်"
ရှဲ့ယွင်ထျန်းက ဝင်ဆိုလိုက်သည်။ လုံထန်းရှောက်ကလည်း ရုတ်တရက်။
"ကျုပ်တို့ အရင်ဆုံးဒီကျွန်းကို ကယ်ထုတ်သင့်တယ်လို့ ထင်တယ် ဒီကျွန်းက အခု ဒါကို မခံနိုင်တော့ဘူး... လွန်ခဲ့တဲ့ တစ်လလောက်ကသာ ထွက်သွားခဲ့ရင် ကျုပ်တို့ အခုလို ဒုက္ခရောက်မှာ မဟုတ်ဘူး"
"ဟားဟား... ဖုန့်ချောင်မင်က ထွက်မသွားဖို့ အကြံပေးတာ မဟုတ်ဘူးလား? ဒီနေရာကို ရှေ့တန်းနေရာအဖြစ် ထားဖို့လေ!"
ရှုံထျန်းပါ့က ရုတ်တရက် ဝင်အော်လိုက်၏။ ရှဲ့ယွင်ထျန်းရဲ့ မျက်နှာသည်လည်း မည်းမှောင်လာကာ အော်ဟစ်လာပြန်သည်။
"ပထမအချက် ဖီးနစ်အသိုက်က အတွင်းစည်းတပည့်တွေကို ဖမ်းဆီးချုပ်နှောင်ထား... သူတို့ကို သေချာစုံစမ်း!"
“ဟုတ်ကဲ့!”
တပည့်တစ်ယောက်က ချက်ချင်း ပြန်ဖြေပြီး ထွက်သွားသည်။
တခြားဂိုဏ်းချုပ် အများအပြားလည်း ထိုအခါမှ သက်ပြင်းချကာ နောက်ထပ် တိုက်ပွဲတစ်ခု စတင်ရန် ရှေ့သို့ ပြေးထွက်သွားကြသည်။ အခုဆို တိုက်ပွဲက ပိုမိုပြင်းထန်လာပြီ။ ပင်လယ်ရေကို အနီရောင်ဆိုးထားပြီး နေရာတိုင်းတွင်လည်း အလောင်းများ ပြည့်နေသည်။
နေလုံးကြီး အနောက်ဘက်သို့ ငုပ်လျှိုးသွားပြီး လရဲ့ အလင်းရောင်တွေ ပေါ်ထွက်လာခါမှ တိုက်ပွဲများ ရပ်တန့်သွားကာ နှစ်ဖက်စလုံးလည်း ဒဏ်ရာများဖြင့် ပြန်ဆုတ်သွားကြသည်။
လုရွှမ်သည် ဝမ့်ရှန်းကမ္ဘာကို ပြန်လည်ပုံဖော်နိုင်သည့် စွမ်းအားရှိလာကြောင်း သတင်းထွက်လာသော အခါတွင် ပင်လယ်သားရဲများသည် လူသားကျင့်ကြံသူများနှင့် ပူးပေါင်းဆောင်ရွက်ချင်သည့် စိတ်ဆန္ဒ မရှိတော့ပေ။ ဒါကြောင့် ဤနေ့တွင် ပင်လယ်သားရဲများ၏ တိုက်ခိုက်မှုသည် နဂါးအကျဉ်းထောင်ထဲက သခင်ထက်ပင် ပိုများနေပါသည်။
လေတိုက်ခတ်လိုက်သည်နှင့် ပင်လယ်မြူခိုး လှိုင်းလုံးများက ဒဏ္ဍာရီနယ်မြေထဲသို့ တိုးဝင်သွားသလို လေထုကို ရှုပ်ထွေးသွားစေသည်။
"ငါတို့ တားလို့မရဘူး... ငါတို့ လုံးဝ တားလို့မရတော့ဘူး... အောက်ကလူတွေကို ဆုတ်ခိုင်းလိုက်တော့"
ရှုံထျန်းပါ့က အော်ပြောလိုက်သည်။ ဂိုဏ်းထဲက ကျင့်ကြံသူတွေ တစ်ယောက်ပြီး တစ်ယောက် ကြေကွဲစရာ ကောင်းလောက်အောင် သေသွားတာကို ကြည့်ပြီး သူ့မျက်လုံးတွေလည်း နီရဲနေခဲ့၏။
တခြားဂိုဏ်းချုပ်များ အားလုံး၏ မျက်နှာပေါ်တွင်လည်း လေးနက်သော အမူအရာများ ရှိနေကြပြီး တားဆီးရန် မျှော်လင့်ချက် မရှိတော့ကြောင်း သူတို့ သိလာခဲ့ကြသည်။ ဖုန့်ချောင်မင်ရဲ့ သတင်း ပေါက်ကြားမှုက သူတို့ကို လုံးဝ အာရုံ မစူးစိုက်နိုင်စေခဲ့ပါဘူး။ အခုတော့ စွမ်းအင်သလင်းကျောက်တွေကို ရှာဖွေနေနေသာသာ ဒီကျွန်းငယ်ကို ကာကွယ်ဖို့တောင် မတတ်နိုင်တော့ပေ။
"ကျုပ်တို့ပတ်ဝန်းကျင်မှာ ပင်လယ်သားရဲတွေက ပိုပိုပြီးများလာပြီ... သူတို့က ကျုပ်တို့ကို ထွက်ခွာဖို့ အခွင့်အရေး ပေးမှာ မဟုတ်ဘူး ပို့ဆောင်ခြင်းအစီအရင်ကလည်း အသုံးမဝင်ဘူး... အခုသူတို့က ပင်လယ်ဧရိယာကြီးကို ထိန်းချုပ်ပြီး အလောင်းတွေကို ပို့ဆောင်ခြင်းအစီအရင် အနားကို စုပုံချနေကြတာ... ကျုပ်တို့တွေ သူတို့ရဲ့ ထောင်ချောက်တွေထဲ ကျသွားပြီ... ပို့ဆောင်ခြင်းအစီအရင်ရဲ့ ကျန်ရစ်ခဲ့တဲ့ စွမ်းအင်တွေက လူနည်းနည်းလောက်ကိုပဲ ပို့ဆောင်နိုင်တော့မယ်"
ရှဲ့ယွင်ထျန်းက လက်ရှိ အခြေအနေကို ပြန်ပြောင်း ပြောပြပြလိုက်သည်။
ဤအချိန်တွင် ရှေ့တန်း စစ်မျက်နှာဖြစ်သည့် ကျွန်းငယ်လေးထဲတွင် အနည်းဆုံး မျှော်စင်နယ်ပယ်က လူသုံးဆယ်နှင့် နတ်မီးနယ်ပယ် ထောင်သောင်းချီသော ရှိသည်။ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားပြီးနောက်တွင် လူအရေအတွက်သည် သိသိသာသာ ကျဆင်းနေပြီ ဖြစ်သည်။
ဒီနေ့လည်း တိုက်ပွဲတွေ ပြင်းထန်လာလို့ လူသိပ်မကျန်တော့ဘူး။ ဒါ့ပြင် လူတိုင်းက ဒဏ်ရာရပြီး ပိုပင်ပန်းလာကြပြီ။ ဒီအတိုင်း ဆက်တိုက်နေရင် ရှုံးဖို့ပဲ ရှိတော့သည်။
"ဒါဆို ကျုပ်တို့ ကိုယ့်အစွမ်းအစကို အားကိုးပြီး နောက်တစ်ကြိမ် ဖောက်ထွက်မှပဲ ရတော့မှာပေါ့!"
ကျန့်ဝူဝေါ်ကလည်း အော်လိုက်သည်။
"ဒီနေရာက သေချာပေါက် အရေးကြီးပေမယ့် လုရွှမ်ဘက်ကလည်း ပိုအရေးကြီးတယ်။ သူ ရတနာကို ရှာတွေ့ပြီး ဘေးကင်းစွာ ပြန်လာနိုင်သရွေ့ ငါတို့မှာ မျှော်လင့်ချက်ရှိတယ်"
တခြားလူများစွာက ခေါင်းညိတ်ပြသည်။ ယခုတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။ မနိုင်ဘဲ သေမယ်ဆိုရင်တောင် အနည်းဆုံးတော့ အသက်နည်းနည်း ကျန်သေးတယ်လေ။
"ဟမ့် အဲဒီကောင်လေးသာ ကျုပ်တို့ကို နှလုံးစားပိတ်ပင်မှု ထိန်းချုပ်နည်းကို ပေးချင်ခဲ့တယ် ဆိုရင် ဒီလှောင်အိမ်လူသားတွေကို ဘယ်လိုလုပ်ပြီး မနှိမ်နှင်းနိုင်ဘဲ နေမှာလဲ?"
လုံထန်းရှောက်ရဲ့ အသံ ရုတ်တရက် ထွက်ပေါ်လာပြီးနောက် တစ်ဆက်တည်း ရှဲ့ယွင်ထျန်းရဲ့ မျက်မှောင်ကြုတ်ကာ ဆူပူကြိမ်းမောင်းသံကလည်း ထွက်ပေါ်လာလေ၏။
"ကျုပ် ရှင်းပြပြီးပြီ... သူက အဲဒါကို ကျုပ်တို့လက်မအပ်ချင်တာ မဟုတ်ဘူး.. လွှဲဖို့ နည်းလမ်းမရှိတာ... ဒါဆို ဘယ်လိုလုပ်မလို့လဲ? သူ့ကိုဖမ်းပြီး အတင်းအကြပ် လက်လွှဲခိုင်းဦးမလို့လား?!"
ယခုလို အခိုက်အတန့်မျိုးတွင် ယခင်အချိန်က လုပ်ခဲ့မိတာတွေက အမှန်ပင် သူ့ကို ရွံရှာစရာ ကောင်းလှသည်။
"အားလုံးပဲ ပြန်သွားပြီး ပစ္စည်းတွေကို စုဆောင်းပြီးတော့ ခွဲထွက်ဖို့ ပြင်ဆင်ကြတော့..."
အားလုံးက ကတိအတိုင်း ထွက်ခွာသွားကြသော်လည်း လူနှစ်ယောက် ကျန်ရစ်ခဲ့သည်။
"ဂိုဏ်းချုပ်လော့နဲ့ ဂိုဏ်းချုပ်ကျန့် ခင်ဗျားတို့မှာ ကိစ္စတစ်ခုခု ရှိလို့လား?"
လော့ချောင်ဖုန်းက ကျန့်ဝူဝေါ်ကို ကြည့်တော့ တစ်ဖက်လူက အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ လော့ချောင်ဖုန်းက ဆိုလေ၏။
"ဂိုဏ်းချုပ်ရှဲ့... ပြဿနာတစ်ခုခု ရှိနေတယ်လို့ မထင်ဘူးလား"
"ဘာပြောချင်တာလဲ?"
"ဖုန့်ချောင်မင်ရဲ့ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ပြောချင်တာပါ... ဒီနေ့တိုက်ပွဲမှာ သူမကို ကျုပ်တို့ မတွေ့ရဘူးနော်... ဒီတိုက်ပွဲမှာ သူမရဲ့ တပည့်တွေကလည်း အထူးသတ္တိရှိနေကြတယ် ရန်သူအများစုကို သတ်ပစ်ကြတယ် နောက်ပြီး ပင်လယ်သားရဲတွေကလည်း ဖီးနစ်စွမ်းအင်အပေါ် သြဇာလွှမ်းမိုးမှု ပြင်းထန်တယ်... ဖုန့်ချောင်မင်ရဲ့ တပည့်တွေက သူတို့အပေါ် သက်ညှာတဲ့ အနေအထားတောင် မပြဘူး"
“ဆန့်ကျင်ဘက် အနေနဲ့ ဒီနေ့တိုက်ပွဲမှာ နဂါးရေငွေ့တောင်က ကျင့်ကြံသူတွေ အများကြီး ဒဏ်ရာရခဲ့ပေမယ့် ဒဏ်ရာရသူတွေနဲ့ ယှဉ်ရင် သေဆုံးတဲ့လူက နည်းနည်းပဲ ရှိတယ်... သေတဲ့လူ တစ်ယောက် နှစ်ယောက်ပဲ ရှိနေတာက ပြဿနာတစ်ခုခု ရှိနေတယ်လို့ မထင်ရဘူးလား?”
ရှဲ့ယွင်ထျန်းရဲ့ မျက်လုံးများ တောက်ပလာသည်။
"အိုး ခင်ဗျားတို့နှစ်ယောက် ပြောချင်တာက.. "
လော့ချောင်ဖုန်းက "အဲဒီအမျိုးသမီး ဖုန့်ချောင်မင်က နဂါးရေငွေ့တောင်ရဲ့ နောက်လိုက်တစ်ယောက်ပဲလို့ ပြောလို့ရပါတယ် ဒါနဲ့ပဲ ပင်လယ်သားရဲ တစ်ယောက်ကို အရှုံးပေးရဲတဲ့ သတ္တိရှိပါ့မလား? ဒီအမျိုးသမီးရဲ့ နာမည်က မကောင်းပေမယ့် သူ့ဂိုဏ်းနဲ့ တပည့်တွေကို ချန်ထားခဲ့နိုင်တဲ့အထိ လုပ်ပါ့မလား? အဲဒါက ပြဿနာတစ်ခု ရှိနေတာ... ဆိုလိုတာက ချို့ယွင်းချက်တွေ ရှိနေတယ်!"
ရှဲ့ယွင်ထျန်းလည်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... အဲဒီအမျိုးသမီးက သူ့ရဲ့ ချို့ယွင်းချက်တွေကို တော်တော်လေး ကာကွယ်ပေးတတိတယ်!"
“ဒါဆို ဒီလိုမိန်းမမျိုးက လူသားတွေကို သစ္စာဖောက်၊ သူချစ်လှစွာတဲ့ တပည့်တွေကို စွန့်ပစ်ပြီး ပင်လယ်သားရဲတွေ လက်ထဲ အပ်နှံရဲတဲ့ သတ္တိရှိမှာလား?"
ကျန့်ဝူဝေါ်က "သူမက သူ့အသွေးရဲ့ မြင့်မြတ်မှုကို အမြဲဂုဏ်တင်နေတတ်တယ်... ပင်လယ်သားရဲတွေရဲ့ သွေးက ဖီးနစ်သွေးလောက် လုံးဝကို မြင့်မြတ်နေတာ မဟုတ်ဘူး!"
ပြီးနောက် လော့ချောင်ဖုန်းက နောက်ဆုံး ဆုံးဖြတ်ချက်ကို ချပေးလိုက်သည်။
"နဂါးရေငွေ့တောင်က သတင်းပေါက်ကြားအောင် လုပ်တော့မယ်ဆိုတာ ဖုန့်ချောင်မင်က ရှာတွေ့သွားခဲ့တယ်လို့ ကျုပ်တို့ သံသယရှိတယ်... နဂါးရေငွေ့တောင်က ဖုန့်ချောင်မင်ကို ဖျောင်းဖျခဲ့ပေမယ့် နောက်တော့ အငြင်းခံလိုက်ရလို့ လုပ်ကြံခံလိုက်ရတာ..."
ရှဲ့ယွင်ထျန်း အနည်းငယ် ချီတုံချတုံ ဖြစ်နေခဲ့သည်။ ဤသည်မှာ လေးနက်သော စွပ်စွဲချက် ဖြစ်သည်။ လုံထန်းရှောက်သာ ဒီအကြောင်းကို သိလိုက်သည်နှင့် သူသည် နောက်ဆုံးတွင် လုံးဝ စိတ်ဆိုးသွားလိမ့်မည်။
"ခင်ဗျားတို့ သေချာလား?"
ကျန့်ဝူဝေါ်ရဲ့ မျက်နှာကလည်း လေးနက်လာသည်။
"ကျုပ် 80% သေချာတယ်လို့ အာမခံပါတယ်... ယွင်ထျန်း... လုံထန်းရှောက် တစ်ခါတုန်းက လျှို့ဝှက်ဆန်းကြယ်တဲ့ အိတ်တစ်လုံး ရခဲ့တာကို မှတ်မိသေးလား? ကျုပ်တို့ငယ်ငယ်တုန်းကတော့ ဒီအိတ်ကို အမှားတွေ အများကြီးလုပ်ပြီး သုံးခဲ့ကြတယ်... အဲဒီလူက အိတ်ကို ဆယ်စုနှစ်နဲ့ချီပြီး မသုံးတာကို သတိထားမိတယ်မလား ဒါပေမဲ့ အခုတော့ သူ့ခါးမှာ ကြိုးနဲ့ ပြန်ချည်ထားပြီ"