← Chapters

ဆရာတူညီမလေး

Vol. 82 Ch. 4.742

ဆရာတူညီမလေး

Vol. 82 Ch. 4.742

လူဆိတ်ညံနေပြီ။

ဤသည်မှာ ကျွန်းငယ်လေး တစ်ကျွန်းဖြစ်ပြီး လူတစ်ရာကျော်လောက်က ကျောက်ဆောင်ပေါ်တွင် လဲလျောင်းနေ​ကြသည်။ တချို့လူများသည် အကာအကွယ် တစ်စုံတစ်ရာမရှိဘဲ အိပ်ငိုက်နေကြသလို လူတချို့ကလည်း ကောင်းကင်ကြီးကို ဗလာကျင်းနေသော မျက်လုံးကျယ်ကျယ်နဲ့ ကြည့်နေကြပြီး အားကိုးရာမဲ့ ဖြစ်နေကြသည်။

တစ်ခါတရံ ထိုမျက်လုံးတွေက တုန်တုန်ယင်ယင်နှင့် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်ထွက်လာတတ်သည်။

ကျန့်ဝူဝေါ်နဲ့ လော့ချောင်ဖုန်းတို့သည် စကားတစ်ခွန်းမှ မပြောဘဲ ငြိမ်သက်စွာ ရပ်နေသော ထိုကျင့်ကြံသူများကို စောင့်ကြပ်ပေး​​နေသည်။

"ဘာလို့လဲ"

ခပ်ကြမ်းကြမ်း ​အော်သံကြီး ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပြီး သူတို့ နှစ်ယောက်ဆီသို့ လျှောက်လာ၏။ ၎င်းရဲ့မျက်လုံးတွေမှာ သွေးတွေနဲ့ မျက်ရည်တွေ ပြည့်နေကာ သူတို့နှစ်ယောက်ကို ကျယ်လောင်သော အသံဖြင့် စွပ်စွဲလိုက်​လေသည်။

ထိုသူသည် နတ်မီးနယ်ပယ်က ကျင့်ကြံသူဖြစ်ကာ နတ်မီးလေးလုံးကို ထွန်းညှိထားပြီ ဖြစ်တာကြောင့် ကျင့်ကြံမှုက အလွန်အဆင့်မြင့်သည်။ သာမန်သေးငယ်သော သို့မဟုတ် အလတ်စားဂိုဏ်းမှ တစ်စုံတစ်ဦး သို့မဟုတ် ထိုဂိုဏ်း၏ ဂိုဏ်းချုပ်လည်း ဖြစ်နိုင်သည်။

မောပန်း နွမ်းနယ်မှုကြောင့် အိပ်ငိုက်နေသူတွေ တစ်ယောက်ပြီး တစ်ယောက် ထထိုင်လာကြသည်။ ကောင်းကင်ကို မျှော်ကြည့်နေတဲ့ လူတွေကလည်း ထိုလူရဲ့ စကားကိုကြားတော့ လှုပ်နှိုးခံလိုက်ရသလို ဖြစ်သွားသည်။

"ဘယ်သူက ငါတို့ကို သစ္စာဖောက်တာလဲ"

အခုချိန်ထိ သူတို့ဘာကြောင့် အသည်းအသန် တိုက်ခိုက်ပြီး စိတ်ရှုပ်နေရမှန်း မသိ​ကြသေးပါဘူး။

"နဂါးရေငွေ့တောင်ရဲ့ ဂိုဏ်းချုပ် လုံထန်းရှောက်က ငါတို့ကို သစ္စာဖောက်သွားပြီ... သူက ဂိုဏ်းချုပ် ဖုန့်ချောင်မင်ကို တိုက်ခိုက်တယ် သူမအပေါ် အပြစ်ပုံချ​ပြီး ငါတို့ရဲ့ ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးကို စိတ်ပူစေတဲ့ သတင်းတစ်ခုကို ပေါက်ကြား​​အောင် လုပ်ခဲ့တာ"

လော့ချောင်ဖုန်း ကျင့်ကြံသူတွေကို ကြည့်လျက် ဆိုလိုက်သည်။ အခုအချိန်မှာတော့ သူ့နှလုံးထဲကလည်း သွေးယိုစီးနေပါပြီ။ အစောတုန်းက ကျန့်ချောင်ယန်ရဲ့ ရုပ်သွင်ကို မမြင်ခဲ့ရသလို သူ့ညီမ လော့ချင်းယီးရဲ့ ရုပ်ပုံကိုလည်း မတွေ့ခဲ့ရပေ။

သူတို့ရဲ့သမီး၊ သူ့ရဲ့တူမအရင်းကလည်း ပင်လယ်သားရဲတွေရဲ့ လက်ထဲမှာ ပိတ်မိနေတုန်းပင်။

"ဘာသတင်းလဲ!"

ဒီအချိန်မှာ ဖုံးကွယ်ထားစရာ မလိုတော့သလို ပြောလိုက်ရင်လည်း အနှေးနဲ့အမြန် ဆိုသလို ကမ္ဘာတစ်ခုလုံးကို ပျံ့နှံ့သွားလိမ့်မယ်။

"ငါတို့ ကောင်းကင်အောင်ခြင်း ဂိုဏ်းရဲ့ တပည့် လုရွှမ်က ဝမ့်ရှန်းကမ္ဘာကို ကယ်တင်ပြီး ဒီပင်လယ်ရေတွေကို ပြန်လည် ထိန်းချုပ်နိုင်စေနိုင်တဲ့ လျှို့ဝှက်ရတနာတစ်ခု ရရှိထားတယ်... ဝမ့်ရှန်းကမ္ဘာက 90% ရေဖုံးလွှမ်းထားတဲ့ ဧရိယာအစား တကယ့် ဝမ့်ရှန်းကမ္ဘာ ဖြစ်လာနိုင်တယ်"

လူတွေက ဘယ်လိုလုပ် ယုံနိုင်ပါ့မလဲ။ ထိုအရာသည် စိတ်ကူးတစ်ခု ဖြစ်လုနီးပါး ဖြစ်နေပြီလေ။ ဝမ့်ရှန်းကမ္ဘာကို နဂိုအခြေအနေသို့ ရောက်အောင် မည်သို့ပြန်လည် တည်ဆောက်နိုင်မည်နည်း။

"ဒါအမှန်ပဲ!"

ကျန့်ဝူဝေါ်က မတ်တပ်ရပ်ပြီး လူတိုင်းကို ရှင်းပြလိုက်သည်။

"အဲဒါက နတ်တောင်တန်း တစ်ခုပဲ... ကမ္ဘာ့ရတနာရဲ့ အစိတ်အပိုင်း တစ်ခုလို့ မှတ်ယူလို့ရတယ်... ငါတို့ဝမ့်ရှန်းကမ္ဘာမှာ ကမ္ဘာ့ရတနာ မရှိဘူးဆိုတာ လူတိုင်း သိကြပါတယ် ဟိုးအရင်က ပေါ်ထွက်ခဲ့တဲ့ အရာတွေက များ​သောအားဖြင့် ကောလဟာလတွေပဲ... ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ရတနာဆိုတာ လုံးဝမရှိခဲ့လို့"

"လုရွှမ်က အခက်အခဲတွေ အများကြီး ဖြတ်ကျော်ပြီး နောက်ဆုံးမှ နတ်တောင်တန်းကို ရခဲ့တယ်... သူ နောက်ထပ် ရတနာနှစ်ခုကို ရလာသရွေ့ နတ်တောင်ကို ငါတို့ ဝမ့်ရှန်းကမ္ဘာမှာ စိုက်ထားနိုင်ပြီ.... ပြီးရင် ဝမ့်ရှန်းကမ္ဘာမှာ ရှိတဲ့ အရာအားလုံးဟာ အရင်အတိုင်း ပြန်ဖြစ်သွားလိမ့်မယ်...."

ကျန့်ဝူဝေါ်က သက်ပြင်းချရင်း ဆက်ပြော၏။

"ဒါပေမဲ့ အဲဒီရတနာနှစ်ပါးက ဝမ့်ရှန်းကမ္ဘာမှာ မရှိဘူး...အချိန်ကလည်း နည်းနည်းပဲ ရှိတယ်.. ဒါကို နဂါးရေငွေ့တောင်ရဲ့ ဂိုဏ်းချုပ် လုံထန်းရှောက်က ငါတို့လူသားမျိုးနွယ်အပေါ် သစ္စာဖောက်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး... သူက ပင်လယ်သားရဲတွေရဲ့ တန်ခိုးကို အားကိုးပြီး သူတို့ရဲ့ လက်ပါးစေဖြစ်သွားပြီ"

"ဒါကြောင့် ပင်လယ်သားရဲတွေက ငါတို့ကျွန်းကို အရူးလို တိုက်ခိုက်နေကြတာ... ငါတို့ကုန်းမြေ ပြန်ကောင်းသွားမှာကို ကြောက်နေကြတာ"

လော့ချောင်ဖုန်းသည် လုရွှမ်၏ဂိုဏ်းချုပ် ဖြစ်သည်။ သူသည် သူ့ဂိုဏ်းက တပည့်အကြောင်း ပြောသောအခါတွင် တခြားသူများ မယုံကြည်နိုင်သော်လည်း ကျန့်ဝူဝေါ် ဝင်ပြောတဲ့ စကားများကတော့ အလွန်ယုံကြည် စိတ်ချရသည်။

သူပြောပြီးနောက် တစ်ယောက်ပြီး တစ်ယောက် ဖြည်းဖြည်းချင်း လက်ခံလာကြ၏။

"ဒါသာမှန်ရင် ဒီပင်လယ်သားရဲတွေ အရမ်းရူးနေကြတာ မဆန်းပါဘူး!"

"ငါတို့ အောင်မြင်နိုင်ရင် ငါတို့ နွေဦးပေါက်​တွေ ရောက်လာလိမ့်မယ်"

သေခြင်းတရားမှ ကျဉ်းမြောင်းစွာ လွတ်မြောက်လာသူတိုင်းသည် တစ်ယောက်ပြီး တစ်ယောက် မတ်တတ်ရပ် စကားပြောလာကြပြီ။ သူတို့ရဲ့ စကားလုံးတွေကလည်း ယေဘူယျအားဖြင့် အကောင်းဘက်ကို ရောက်လာကြသည်။

လုရွှမ် ဘယ်လောက် တန်ခိုးကြီးလဲ သူတို့မြင်ပြီးပြီ။ သူတို့၏ဂိုဏ်းချုပ်များကို ခေါင်းကိုက်စေသော မရေမတွက်နိုင်သော လှောင်အိမ်လူသားအား လုရွှမ်မှ လျှို့ဝှက်ကြံစည် နိုင်ခဲ့သည်။

ကောင်းကင်ဘုံ၌ ကျင်လည်သော ပါရမီရှင် ကျင့်ကြံသူ တစ်ပါးသည် နတ်မီးနယ်ပယ်က ထိပ်တန်း ပါရမီရှင်များနှင့် ယှဉ်နိုင်ကာ လူငယ်အားလုံးနီးပါး ကိုးကွယ်ဆည်းကပ်ချင်သော ရုပ်တုတစ်ခု ဖြစ်​လေသည်။

သူကိုယ်တိုင် တည်ရှိနေတာက အံ့ဖွယ်တစ်ခုပါပဲ။ တစ်ယောက်ယောက်က တခြားအံ့ဖွယ်တစ်ခုကို ဖန်တီးပြီး ဝမ့်ရှန်းကမ္ဘာကို တကယ် ပြန်တည်​ဆောက်မယ်ဆိုရင် အဲဒီလူက လုရွှမ်ပဲ ဖြစ်နိုင်ကာ သူတို့လက်ခံနိုင်ဖို့လည်း ပိုလွယ်ပါလိမ့်မယ်။

"ဟမ့် ဟာသပဲ! အဲဒီအချိန်အထိ ငါတို့ အသပ်ရှင်နိုင်ပါ့မလား ဘယ်သူက သိမှာလဲ"

လူတစ်ယောက်ရဲ့ နှုတ်ထွက်စကားက လူတိုင်းကို စိတ်ကူးယဉ်ခြင်းမှ နိုးထသွားစေခဲ့သည်။ အမှန်တော့ အဲဒီအချိန်အထိ အသက်မရှင်နိုင်ရင် အရာအားလုံးဟာ အချည်းနှီး ဖြစ်သွားပြီ မဟုတ်ပါလား။

လော့ချောင်ဖုန်းမှာ သူ့ညီမနဲ့ ယောက်ဖတို့ အသတ်ခံခဲ့ရတဲ့အတွက် အဲဒီလူတွေရဲ့ နာကျင်မှုကို ကိုယ်ချင်းစာပါသည်။ သူတို့ရဲ့ဂိုဏ်းချုပ်၊ ဆရာသခင်၊ ဇနီး၊ ညီအစ်ကို မောင်နှမတွေဟာ ခေါင်းဖြတ်ခံရလို့ အားလုံး စိတ်မကောင်း ဖြစ်နေကြတာ သဘာဝပါပဲ။ သူ ဒီလူတွေကို မကူညီနိုင်ဘူး။

သို့သော် လော့ချောင်ဖုန်း သူ့မျက်နှာထားကို အေးစက်စက်ထားလျက် အော်လိုက်သည်။

"ဘာလဲ အခုကတည်းက အသက်မရှင်ချင်တော့ဘူးလား? ငါပြောမယ် မင်းတို့ အဲဒီအချိန်ထိ အသက်ရှင်နိုင်မလား ဆိုတာ မင်းကိုယ်တိုင်ပဲ လုပ်ယူရမှာ... တခြားသူတွေအပေါ်မှာပဲ မှီခိုပြီး အပြစ်မတင်နဲ့... မင်းတို့ လုရွှမ်လို စိတ်ဓာတ်ထားရမယ်... သူက ဆိုးရွားတဲ့ အခြေအနေ​တွေကို ထပ်ခါထပ်ခါ တိုက်ခိုက်နေခဲ့တာ... နဂါးလှောင်အိမ်ထဲ အကျဉ်းသားသခင်ကို လုပ်ကြံတာ ဝမ့်ရှန်းကမ္ဘာ ပြန်လည် တည်ဆောက်ဖို့ အခွင့်အလမ်းကို သူ့ကိုယ်ပိုင်ဉာဏ်နဲ့ ခွန်အား အရည်အချင်းတွေကို အားကိုးခဲ့တာ... မင်းတို့ တခြားသူကို အပြစ်တင်ချင်ရင် ကိုယ့်အားကို အရင်ကိုးကြ!! အရည်အချင်းရှိရင် အပြစ်တင်ပိုင်ခွင့် ရှိတယ် မင်းတို့မှာငါ့ကို ပြောစရာစကား ရှိလား? မရှိရင် အေးအေးဆေးဆေး အနားယူပြီး မင်းတို့ရဲ့ ခွန်အားကို မြှင့်တင်ဖို့ ဂိုဏ်းထဲကို အမြန်ဆုံး ပြန်သွားကြ! နားလည်လား?"

ဘယ်သူကမှ စကား ထပ်မပြောရဲကြတော့ပါဘူး။ သူတို့စိတ်ထဲမှာ ဘယ်လောက်ပဲ ဆဲရေးနေပါစေ ပါးစပ်ကို ပိတ်ထားလိုက်ရုံပဲ တတ်နိုင်တော့သည်။ လုရွှမ်က သူတို့ကိုသတ်ပစ်ရင်တောင်မှ သူတို့က​တော့ ပြန်မလုပ်နိုင်ဘူး ဆိုတာကို တွေးကြည့်လို့ရသည်။

ခေတ္တ အနားယူပြီးနောက် လူတိုင်း ဆက်လက် ထွက်ခွာသွားကြသည်။ တကယ်တော့ သူတို့စိတ်ထဲမှာ အရမ်းစိုးရိမ်နေကြတုန်းပါပဲ။ ပင်လယ်သားရဲ​တွေ နောက်တစ်ကြိမ် တိုက်ခိုက်လာဦးမလား ဘုရားပဲ သိလိမ့်မည်။ ဒါကြောင့် သူတို့အားလုံး အမြန်ဆုံး ထွက်ခွာသွားရမည် ဖြစ်သည်။

ဖြတ်သွားသူတွေ အများအပြား ရှိပေမယ့် လော့ချောင်ဖုန်းရဲ့ နံဘေးက အရေအတွက်ကတော့ နည်းသွားပြီ။ ကျန်နေတဲ့လူတွေကတော့ ပင်လယ်သားရဲတွေရဲ့ ပိုက်ကွန်ကို ဖြတ်ပြီး လွတ်မြောက်လာတဲ့ ငါး​တွေပဲ ဖြစ်လေသည်။

ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် အန္တရာယ်မရှိ​​တော့ဘဲ ကောင်းကင်အောင်ခြင်း ဂိုဏ်းသို့ ပြန်သွားနိုင်ခဲ့သည်။

လော့ချောင်ဖုန်းသည် ချင်းချန်နဲ့ ရှင်းချန်တို့ ပြန်ရောက်လာကြောင်း ဓားပျံငယ်ထဲမှ သတင်းရထားခဲ့သော်လည်း ဒါက သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံတာဖြစ်ကာ ကြည်နူးစရာများ ဖလှယ်ကြသည်။ ဓားနတ်ဆိုးကလည်း သူ့ဆရာသခင်နဲ့ တွေ့ပြီး အကြောင်းအရာကို မေးမြန်းလိုက်သည်။

"ဘာ? ဆရာနဲ့ ဆရာကတော်တို့ ..."

ကျန့်ကျောက် မယုံကြည်နိုင်စွာ အော်လိုက်သည်။ ကျန့်ချောင်ယန်နှင့် လော့ချင်းယီးတို့သည် သူ့ဆရာသခင်နှင့် ဆရာကတော်တို့ ဖြစ်ကြသော်လည်း တကယ်တော့ သူတို့သည် သူ့မိဘများနှင့် မခြားပေ။

ကျန့်ချောင်ယန်သည် သူ့မျိုးရိုးအမည်အတိုင်း ကျန့်ကျောက်ကို အမည်ပေးခဲ့သည်။

"ဆရာတူညီမလေး ချိုးချန်ကရော ဘယ်လိုလဲ?"

လော့ချောင်ဖုန်း ခေါင်းယမ်းလိုက်သည်။ ကျန့်ဝူဝေါ်လည်း သက်ပြင်းချလိုက်ပြီး။

"အဲဒီပင်လယ်သားရဲတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတုန်းပဲ"

ကျန့်ကျောက် စကားရပ်လိုက်ပြီး မျက်ရည်တွေကို သုတ်ကာ ဘေးနားတွင် ထိုင်ချလိုက်သည်။ ခဏအကြာတွင် သူက ရုတ်တရက် ထရပ်လိုက်ပြီး ဆို၏။

"ဂိုဏ်းချုပ်... ကျွန်တော် ညီမငယ်​လေးကို သွားကယ်မယ်... ဆရာနဲ့ ဆရာကတော်က လောကကြီးထဲက ထွက်သွားကြပြီ ဒီသွေးသားလေးပဲ ကျန်တော့တယ်... ထျန်းရှူးတောင်ထွတ်ရဲဲ့ ဆရာတူ အစ်ကို​ကြီး တစ်ယောက်အနေနဲ့ ကျွန်တော် ညီမလေးကို ကယ်တင်ဖို့ တာဝန်ရှိတယ်!"

"မိုက်မဲလိုက်တာ! မင်းဒီကိုသွားတော့ရော ဘာအကျိုးရှိမှာလဲ? အခု မင်းရဲ့အစွမ်းသတ္တိက နတ်မီးနယ်ပယ်ကို ဖြတ်ကျော်သွားပြီလို့ မင်းထင်နေလား? မင်းအခု အသုံးမဝင်​သေးဘူး ဒီမှာနေနေ ချိုးချန်က ငါ့တူမအရင်းပဲ... သူမကို ငါသွားကယ်မယ်"

"ဂိုဏ်းချုပ် သွားလို့မဖြစ်ဘူး... ကျွန်တော် သွားမယ်!"

ထိုစဥ် လုရွှမ်က ဝင်ဆိုလိုက်လေ၏။

All Chapters