နောက်အလုပ်တစ်ခု
Vol. 82 Ch. 4.743
"ဘာ? မင်းသွားလို့ မဖြစ်ဘူး လုရွှမ်... မင်းမှာ ပိုအရေးကြီးတဲ့ အလုပ်တွေ လုပ်စရာရှိတယ်!"
လော့ချောင်ဖုန်း ခပ်မြန်မြန် အော်လိုက်သည်။ ကျန့်ဝူဝေါ်ကလည်း လုရွှမ်ကို ဝင်ဖြောင့်ဖျလာပါသည်။ လုရွှမ်က အခုအချိန်မှာ အရေးကြီးလွန်းနေပြီ။
သို့သော် လုရွှမ်ကတော့ ပြုံးပြီးပြောလေ၏။
"ဂိုဏ်းချုပ်နှစ်ယောက်ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်မိပါတယ် ဒါပေမဲ့ ဒီကိစ္စက ကျွန်တော်တို့အငယ်တန်းတွေ အတွက်တော့ တကယ်ကို အသင့်တော်ဆုံးပါပဲ... ဂိုဏ်းချုပ်တို့ကိုယ်တိုင် လှုပ်ရှားဖို့က မလိုပါဘူး ကျွန်တော် ထျန်းရှား၊ ဓားနတ်ဆိုးနဲ့ ကျွန်တော့်ညီမလေး... ဒီလူဆိုးလေးယောက်နဲ့ဆို လုံလောက်ပါပြီ”
ရှောင်ပိုင်သည် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ရပြီး လုရွှမ် သူမကို ခေါ်လိုက်တဲ့အခါမှာတော့ သူမ ချက်ချင်း ထွက်ပြေးသွားကာ လုရွှမ်လက်မောင်းကို ညင်သာစွာ ကိုက်ပစ်လိုက်ပါ၏။
"ဟမ့်... ပတ်ပြေးခိုင်းဖို့ပဲ သိတယ်! တိမ်ပင်လယ်နယ်မြေ ပြန်ရောက်လို့ကတော့ ဖေဖေ့ကိုခေါ်ပြီး ရိုက်ခိုင်းပစ်မယ်"
လုရွှမ် သူမဆံပင်တွေကို ပွတ်သပ်ပြီး ပြုံးလိုက်လေသည်။
ကောင်းကင်အောင်ခြင်း ဂိုဏ်းမှ လူများသည် ဤညီမငယ်လေးက လုရွှမ်ရဲ့ ညီမဖြစ်ကြောင်း အစောကတည်းက သိခဲ့ကြသော်လည်း အမှန်တကယ်တွင်တော့ သူမက ကျားဖြူဖြစ်သည်။ သူမခန္ဓာကိုယ်ထဲမှာ ကျားဖြူသားရဲရဲ့ ပြင်းထန်တဲ့ သွေးအရည်အသွေး ရှိပြီး သူမရဲ့ အရည်အချင်းကလည်း သာမန်လူတွေ ထင်ထားတာထက် အများကြီး မြင့်မားပါ၏။
ဘိုဘေးချင်းချန်သည် တစ်ချိန်က သူမအား တပည့်အဖြစ် လက်ခံချင်ခဲ့သော်လည်း သူမသည် အလွန်ဒုက္ခများကြောင်း ပြောကာ ငြင်းဆိုခဲ့သည်။ မဟုတ်ရင် ကောင်းကင်အောင်ခြင်း ဂိုဏ်းတစ်ခုလုံးရဲ့ တပည့်တွေကို စိတ်ဓာတ်ကျစေလိမ့်မယ်။ ဘိုးဘေးနှစ်ယောက်က တပည့်တွေကို ၂ယောက်ထက်ပိုပြီး လက်မခံဘူးလေ။
လုရှောင်ပိုင်ရဲ့ ကျင့်ကြံမှုအဆင့်က မမြင့်မားပေ။ လုရွှမ် ကဲ့သို့ပင် သူမသည် ကောင်းကင်ဘုံသခင် ပထမအဆင့် ဖြစ်သည်။ တခြားသူတွေရဲ့ အမြင်မှာတော့ အမြင့်ကြီး မဟုတ်ပေမယ့် လုရွှမ်ရဲ့အမြင်မှာတော့ အတော်လေးကို ထူးထူးခြားခြား ဖြစ်နေပါပြီ။ ဒီကောင်မလေးရဲ့ ကျင့်ကြံမှုအဆင့်က အရမ်းမြန်လွန်းပြီး သူနဲ့တူတဲ့ အရှိန်အဟုန်နဲ့ လုံးလုံးလျားလျား တိုးတက်လာလေသည်။
စစ်မှန်သော တိုက်ခိုက်ရေး စွမ်းအားအရ ကျားဖြူမျိုးနွယ်၏ အရည်အချင်းကို အားကိုးလိုက်လျှင် ဓားနတ်ဆိုးနှင့် ယှဉ်နိုင်ကာ ထျန်းရှားထက် ခြေတစ်လှမ်းသာ နောက်ကျကျန်ခဲ့သည်။
လော့ချောင်ဖုန်း ချီတုံချတုံ ဖြစ်နေတုန်း လုရွှမ်ကပြုံးပြီး ဆက်ပြောလေသည်။
"ဂိုဏ်းချုပ်... ဆရာတူညီမလေးကို ကယ်တင်ဖို့က ကိစ္စတစ်ခုပဲ... ဒါပေမဲ့ နောက်တစ်ခုလည်း ရှိသေးတယ်.. အဲဒါက ဝိညာဥ်သလင်းကျောက်တွေကို ကျွန်တော်ရဖို့ လိုတယ်"
"အခုဆို ဝိညာဥ်သလင်းကျောက်တွေက ပျောက်ကွယ်သွားပြီ.. တခြားဂိုဏ်းတွေကလည်း မကယ်နိုင်တော့ဘူး အဲဒါတွေကို ကျွန်တော်တို့ကိုယ်တိုင် ရှာဖွေရမယ် စွမ်းအင်အရှိဆုံး ဝိညာဥ်သလင်းကျောက်တွေ ရှိတဲ့နေရာက သဘာဝအတိုင်း ပင်လယ်ကမ္ဘာပဲ ဖြစ်လိမ့်မယ်"
"ကျွန်တော့်အတွက် စိတ်မပူပါနဲ့ ဒါ ငါ့ရဲ့ကျင့်ကြံမှုလမ်းစဉ်ပဲ မဟုတ်ရင် ကျွန်တော် အခုလို သန်မာနေမှာ မဟုတ်ဘူး"
ထိုအခိုက် ကျန့်ဝူဝေါ်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ဟုတ်တယ်... ဖန်လုံအိမ်ထဲက ပန်းတွေက အရမ်းနူးညံ့ပြီး လေနဲ့မိုးတွေ တိုက်ခတ်လာရင် မရှင်သန်နိုင်ဘူး... မိတ်ဆွေလေးလုရွှမ်က ငယ်ငယ်တုန်းကတဘ်းက ဒီလိုမျိုး အန္တရာယ်ကြားကနေ အောင်မြင်ပြီးသားပါ။ ထပ်ခါတလဲလဲ အတွေ့အကြုံတွေကြောင့် သူ့ခွန်အားတွေလည်း သန်မာလာပြီ... ချောင်ဖုန်း သူတို့ကို လွှတ်လိုက်ပါ!"
လော့ချောင်ဖုန်းလည်း ခေါင်းသာ ညိတ်ပြနိုင်တော့သည်။
"ကောင်းပြီ ဒီကိစ္စမှာ မင်းသတိထားရမယ်... ဆရာတူဦးလေး!"
ရုတ်တရက် အော်လိုက်သည်နှင့် အကြီးတန်း အကြီးအကဲကြီး တစ်ယောက်က နိယာမစွမ်းအင် အနည်းငယ်ကို ထုတ်ပစ်လိုက်လေသည်။ ထိုစွမ်းအင်တွေ သူတို့ကိုယ်ပေါ်ကို ပုံစံတွေရှုပ်ထွေးစွာဖြင့် ဖုံးအုပ်သွာ၏။ ၎င်းတို့က သေနိုင်သော အရာများမဟုတ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သည်။
"ဒါက မင်းတို့ရဲ့သေခြင်းကို အစားထိုးနိုင်တဲ့ မရဏနိယာမ လေးပါးပဲ ဂရုစိုက်ကြပါ..."
နောက်တစ်လ အကြာတွင် အသက်မရှိသော ပင်လယ်သေကြီး တစ်ခုထဲ၌ လူလေးယောက်၏ ရုပ်ပုံများ တိတ်တဆိတ် ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့မှာ လုရွှမ်တို့ အဖွဲ့ပဲ ဖြစ်ပေသည်။
“အမှန်ပဲ... ဖမ်းမိထားတဲ့ ကျင့်ကြံသူတွေကို ကမ္ဘာပင်လယ်ပြင်ရဲ့ မိုင်ငါးသန်းလောက်ဝေးတဲ့ နန်းတော်မှာ အကျဉ်းချထားတာ... ယောက်ျားလေးနဲ့ မိန်းကလေးတွေကို သီးခြားစီ ချုပ်နှောင်ခံထားရပုံပဲ... ကြောက်စရာ အကောင်းဆုံးကတော့ အဲဒီမှာ လှောင်အိမ်လူသားတွေ အများကြီး စုဝေးနေကြတာပဲ”
ပြောလာသူက ထျန်းရှားပဲ ဖြစ်သည်။ သူမသည် ယခင်က ဆက်သွယ်မှု တချို့ကို ရခဲ့တာကြောင့် ဤသတင်းကို သိရှိခဲ့သည်။
"နောက်ထပ် ဘာရှိသေးလဲ? ဝိညာဥ်သလင်းကျောက်တွေ ရှိလား?"
လုရွှမ် ထပ်မေးလိုက်၏။ ထျန်းရှားက ပြုံးပြီး သဘောကျတဲ့ မျက်လုံးတွေကို မှိတ်ပြလိုက်သည်။
"ရှင်ထင်တာ မှန်တယ်... နန်းတော်ထဲမှာ တခြားဟာတွေ နည်းနည်းပဲ ရှိတယ် ဒါပေမဲ့ ဝိညာဥ်သလင်းကျောက်တွေတော့ အများကြီးပဲ အမှန်တော့ ဒီလှောင်အိမ်လူသားတွေ မြန်မြန်ဆန်ဆန်နဲ့ ခွန်အားတွေ ပြန်ရလာရတဲ့ အကြောင်းရင်းက အဲဒါကြောင့်ပဲ... ပင်လယ်မျိုးနွယ်စုက သူတို့ကို စွမ်းအင်အမြောက်အမြား ပေးတယ်ဆိုတဲ့ အချက်နဲ့လည်း ဆက်စပ်နေတယ်”
ထျန်းရှားမှာ ဤအချက်ကို အနည်းငယ် မယုံနိုင်သလို ခံစားနေရတာကြောင့် ခေါင်းကို အနည်းငယ် ခါလိုက်သည်။
ဤလှောင်အိမ်လူသားများသည် ၎င်းတို့ခေါင်းများကို ဖိနှိပ်ထားသော သခင်များသာ ဖြစ်ကြောင်း ပင်လယ်သားရဲများ မသိကြပေဘူးလား။ ယခုအခါ ၎င်းတို့အား ထောက်ပံ့ရန် ဝိညာဥ်သလင်း ကျောက်တုံးများစွာကိုပင် အသုံးပြုခွင့် ပေးထားသေးသည်။ ထိုလူများသာ ၎င်းတို့၏ ခွန်အားကို အပြည့်အဝ ပြန်လည်ရရှိလာပါက မျှော်စင်နယ်ပယ်က သခင်တွေကတင် အနည်းဆုံး အယောက် ၃၄၀၀ ဖြစ်လာလိမ့်မည်။
ထိုအချိန်ရောက်ရင် ပင်လယ်သားရဲတွေကရော အသက်ရှင်ဖို့ နည်းလမ်း ရှိပါဦးမလား။ ပင်လယ်ဧရိယာက ကျယ်ဝန်းပြီး နေရာအလုံအလောက်ရှိလျှင်ပင် ဤလူများဆီက ဖိနှိပ်ခံရဦးမည်။
တူညီသော မေးခွန်းများကို တွေးနေကြသော ပင်လယ်သားရဲ များစွာလည်း ရှိပါသည်။ ထို့ကြောင့် ထျန်းရှား သတင်းတွေကို လွတ်လပ်စွာ ရယူနိုင်ခြင်းပဲ ဖြစ်သည်။ ထျန်းရှားသည် ပင်လယ်သားရဲများ၏ အမြင်တွင် သူမက သစ္စာဖောက် ဖြစ်လာလိမ့်မည်ဟု တွေးထားသော်လည်း သူတို့တွေက သူမအား သူရဲကောင်းတစ်ဦး အဖြစ် သတ်မှတ်ထားသောကြောင့် အနည်းငယ် ရှက်ရွံ့သွားစေခဲ့သည်။
"ကောင်းပြီလေ အခုအားလုံး ခွန်အားတွေ ပြန်ရပြီးရင် ငါတို့ ထွက်ခွာကြမယ်"
ပင်လယ်နန်းတော်ဧရိယာသည် အလွန်ကျယ်ပြောသော ဧရိယာတစ်ခုကို သိမ်းပိုက်ထားပြီး ပင်လယ်အောက်တွင် နက်ရှိုင်းစွာ တည်ရှိနေသော နန်းတော်ဖြစ်သည်။ နန်းတော် တစ်ခုလုံးကို သန္တာကျောက်မျိုးစုံဖြင့် ပြုလုပ်ထားသောကြောင့် အလွန် လှပသည်။
ထျန်းရှားသည် အစောင့်အကြပ် ရှိမရှိကို စုံစမ်းမေးမြန်းခဲ့ပြီးသား ဖြစ်သည်။ ဤနေရာ၌ အစောင့်များ မလိုအပ်ရုံသာမက ထိုနေရာတွင် နေထိုင်ကြသော လူများသည် နတ်မီးနယ်ပယ် သို့မဟုတ် မျှော်စင်နယ်ပယ် အထက်က အထွတ်အထိပ်တွင် သခင်များ ဖြစ်သောကြောင့် ဘယ်သူကမှ ထိုနေရာကို ပြေးဝင်၍ ကိုယ့်ကိုကိုယ် မသတ်သေချင်ပေ။
ဒုတိယအချက်မှာ ဤလှောင်အိမ် လူသားများ၏ စိတ်များသည် နှစ်ထောင်ပေါင်းများစွာ အကျဉ်းချ ခံခဲ့ရခြင်းကြောင့် အနည်းငယ် ပုံမှန်မဟုတ်သော အခြေအနေဘက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ တစ်လအတွင်း အစောင့်ဆယ့်သုံးပါး သေဆုံးသွားကြ၏။
သူတို့အားလုံးက သာမန်သေဆုံးမှုမျိုးဖြင့် သေသွားကြတာ မဟုတ်ကြပေ။ တချို့က ညှဉ်းပန်းနှိပ်စက်ခံရကာ တချို့ကလည်း ရိုက်နှက်သတ်ဖြတ်ခံရသည်။ တချို့ဆိုလျှင် အသက်ရှင်လျက်ပင် စားသောက်ခံခဲ့ကြရသည်။
ထို့ကြောင့် ဒီနေရာကို စောင့်ရှောက်ဖို့ ပင်လယ်သားရဲတွေက သူတို့လူတွေကို စေလွှတ်ခြင်း မရှိတော့ပေ။ ပို့လိုက်လျှင် အထဲက လှောင်အိမ်ရှင် လူသားအတွက်တော့ ဒီလူတွေကို အရှင်လတ်လတ် စားခိုင်းလိုက်ရုံသလိုပဲ ဖြစ်နေသည်။
အပြင်ကနေပင် ရယ်မောသံတွေနဲ့ အော်သံတွေကို ကြားနေရသည်။ ရယ်မောနေသူများ၏ အသက်ရှူသံများက ပြင်းထန်ပြီး သူတို့သည် ထူးကဲသော အစွမ်းသတ္တိရှိကြောင်း အသံကြားရုံဖြင့် ပြောနိုင်သည်။
အော်ဟစ်နေသော အသံများသည် တုန်လှုပ်ခြင်း အပြည့်ဖြင့်။ ၎င်းတို့က အဖမ်းခံထားသူများ ဖြစ်နေတာ သိသာ ထင်ရှားလှသည်။
"မင်းတို့ဒီမှာ အရင်စောင့်နေ... ငါအရင် ဝင်ကြည့်လိုက်မယ်"
လုရွှမ်က ဆို၏။ ဆိုးရွားတဲ့အရာ တစ်ခုခုဖြစ်နေပြီ ဆိုတာကို သူ မှန်းဆမိသည်။ ဒီလူယုတ်မာတွေက ဒီအကျဉ်းသားတွေကို ကချေသည်တွေအဖြစ် မတွေးသင့်သလို သူတို့အတွက် ဖျော်ဖြေဖို့ အတင်းအကြပ် မလုပ်သင့်ပါဘူး။
လုရွှမ် ဒီလိုမြင်ကွင်းမျိုးကို အရင်က မြင်ဖူးပါ၏။ ချောမောလှပတဲ့ အမျိုးသမီးတချို့ကို အဓမ္မကျင့်ဖို့ အတင်းအကြပ် ကပြခိုင်းကြသည်။ သူတို့မပျော်ရင် အဲဒီအမျိုးသမီးတွေကို ခေါင်းဖြတ် သတ်ပစ်သလို အရှင်လတ်လတ် စားတာတောင် လုပ်ကြလိမ့်မည်။
ထျန်းရှားနဲ့ ရှောင်ပိုင်တို့အား အဲဒီလို မြင်ကွင်းမျိုးကို မမြင်စေချင်ပါဘူး။
"ကောင်းပြီ သတိထားပါ..."
လုရွှမ် ရွှေကျီးကန်းကို ဆက်သွယ်၍ သူ့ရုပ်သွင်ကို ဖျောက်ထားလိုက်သည်။ ဒီလို မမြင်နိုင်တဲ့ ကိုယ်ဖျောက်စွမ်းရည်က မျှော်စင်နယ်ပယ်က သခင်တွေဆီကနေ ဖုံးကွယ်ထားလို့ မရပေမယ့် ဒါက ကံဆိုးမှုလည်း မဟုတ်ပါဘူး။
ကံကောင်း ထောက်မစွာဖြင့် လုရွှမ်သည် သူတို့နှစ်ဦးရှိရာ ခန်းမထဲသို့ လျှောက်သွားလိုက်စဥ် ရူးသွပ်သော မြင်ကွင်းကို တွေ့လိုက်ရလေသည်။ ခဏအတွင်း လုရွှမ် သူ့ရဲ့ မျက်လုံးတွေ ပေါက်ကွဲလုမတတ် ဖြစ်သွားသည်။
ဒီလိုဖြစ်နိုင်ခြေရှိမယ်လို့ တွေးထားခဲ့ပေမယ့် တကယ် မြင်လိုက်ရတဲ့ အခါမှာတော့ ဒီမြင်ကွင်းဟာ အလွန်စက်ဆုပ် ရွံရှာစရာကောင်းမှန်း သိလိုက်ရသည်။ ခန်းမကြီးက ကျယ်ပြီး အရမ်းပွင့်လင်း မြင်သာသည်။
ဧည့်ခံပွဲတစ်ခုက ဧည့်သည်များကဲ့သို့ပင် လှောင်အိမ်လူသားများနှင့် ပင်လယ်သားရဲများအပါအဝင် စားပွဲ၏ တစ်ဖက်တစ်ချက်စီတွင် ထိုင်နေသော လူများက တန်းစီနေကြသည်။ သူတို့က သေရည်ခွက်များကို တွန်းတိုက်သောက်စားနေကြကာ အဝေးမှာ ရပ်နေသော လုရွှမ်ပင် သေရည်ရနံ့ကို ခံစားရသည်။
ခန်းမအလယ်တွင် အဝတ်အနည်းငယ်သာ ဝတ်ဆင်ထားသော လူသားကျင့်ကြံသူ သုံးဆယ်ကျော်သည် ထိုလူများအတွက် ကပြဖျော်ဖြေ နေကြရသည်။ သူမတို့၏ မျက်နှာများပေါ်တွင့ ဘယ်ကိုမှ အားလုံးက ချစ်ခြင်းမေတ္တာများနှင့် ပြည့်နှက်နေကြသည်။
ဒီလူတွေ ဆေးခတ်ခံထားရတာ ထင်ရှားပေ၏။