← Chapters

ဝိညာဉ်ကိုစုပ်ယူခြင်း

Vol. 82 Ch. 4.744

ဝိညာဉ်ကိုစုပ်ယူခြင်း

Vol. 82 Ch. 4.744

တချို့ထိုင်ခုံများတွင် တစ်စုံတစ်ယောက်သည် ကျင့်ကြံသူ မိန်းကလေးတစ်ယောက်ရဲ့ လက်ကို တိုက်ရိုက် ဆွဲကိုင်ထားပြီး မြင်ကွင်းကတော့ မကြည့်ရက်စရာပင်။

လုရွှမ် အနည်းငယ် နားလည်ရခက်သွားသည်။ သူ့စိတ်ဆန္ဒတွေက လူ့လောကကို ကျော်လွန်နေသလို ဇာတိပကတိ ဆန္ဒများကို ဘယ်လို စွဲလမ်းရမလဲ မသိတော့ချေ။

လုရွှမ်သည် ယခုကိစ္စက သူတွေးနေသလောက် မရိုးရှင်းကြောင်း နားလည်ရန် အချိန်အနည်းငယ် ယူလိုက်ရသည်။ ဤအမျိုးသမီး ကျင့်ကြံသူများ၏ ဝိညာဉ်များသည် တဖြည်းဖြည်း ပြိုကွဲသွားပြီး လေထဲတွင် လွင့်မျောသွားကာ လှောင်အိမ်လူသားများက တဖြည်းဖြည်း စုပ်ယူသွားကြသည်။

သူတို့သည် အရသာအရှိဆုံး အစားအစာကို နှစ်သက် သဘောကျနေသကဲ့သို့ ၎င်းတို့၏ မျက်နှာများသည် ကျေနပ်မှုအပြည့် ရှိ​နေသည်။ ထိုအမျိုးသမီးတို့၏ ခန္ဓာကိုယ်များ ကာမဂုဏ်ဆန္ဒ၏ လွှမ်းမိုးမှုအောက်တွင် သူတို့စိတ်ဝိညာဉ်များ လျင်မြန်စွာ ဆုတ်ယုတ်သွားတာကို သတိမထားမိဘဲ တစ်ယောက်ပြီး တစ်ယောက် ရူးသွပ်သွားကြသည်။

အလွန်ကြောက်စရာ ကောင်းပြီး ဆိုးရွားလှသည်။ ဒါက တားမြစ်ထားတဲ့ ရှေးခေတ် အလေ့အကျင့်တစ်ခု ဖြစ်ရမည်။

လုရွှမ်သည် လူအုပ်ကြီးထဲတွင် အသိအကျွမ်းများစွာကို တွေ့လိုက်ရသည်။ ကောင်းလျှိုနဲ့ ဟွမ်ရီးတို့ အပါအဝင် တခြားသော ငယ်ရွယ်သူများ အားလုံး ထိုနေရာတွင် ရှိနေကြ၏။ သူတို့အားလုံး ပင်လယ်ထဲတွင် အချင်းချင်း ရန်ဖြစ်ခဲ့ကြသည်။

ယခုအခိုက်အတန့်တွင် ဤပင်လယ်သားရဲ ပါရမီရှင်များ အားလုံးသည် တောက်ပသော မျက်လုံးများနှင့် တောင့်တမှု အပြည့်ရှိသော လူသား အမျိုးသမီးများ၏ ဝိညာဉ်များကို စုပ်ယူနေသော လှောင်အိမ်လူသားများကို စိုက်ကြည့်နေကြသည်။

"ဆရာ ဒီလူတွေက ဘယ်လိုနေလဲ?"

သူ့ဘေးနားက အဘိုးအိုဟာ အရင်က လှောင်အိမ်ထဲမှာ လှောင်ပြောင်ခံထားရတဲ့ ထူးဆန်းတဲ့ အဘိုးအိုပါပဲ။ မမျှော်လင့်ဘဲ ဤအချိန်တွင် သူသည် ဟွမ်ရီးနှင့် သူ့အဖွဲ့၏ သခင်ဖြစ်လာခဲ့သည်။

ထူးဆန်းသော အဘိုးအိုသည် လက်ဝှေ့ယမ်းကာ မေ့မြောနေပြီ ဖြစ်သော အမျိုးသမီးကို စွန့်ပစ်လိုက်သည်။ သူမ မျက်နှာက နီရဲနေပြီး မျက်လုံးတွေက အနည်းငယ် ပြူးကျယ်နေပြီ။ ခန္ဓာကိုယ်က အနည်းငယ် တုန်နေသေးပေမယ့် သူ့ပါးစပ်ထဲက အမြှုပ်တွေကတော့ တဖြေးဖြေး ထွက်ကျလာနေ၏။

သူမ၏ ခန္ဓာကိုယ်ထဲရှိ ကျင့်ကြံမှု စွမ်းအားသည် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ သူမခွန်အားများ အားလုံး ဆုံးရှုံးသွားပုံရသည်။

"သာမန်ပဲ"

ထူးဆန်းသော အဖိုးအိုသည် သူ့လျှာကို ငုံ့ကာ သပ်လိုက်ပုံမှာ ဖော်မပြနိုင်လောက်အောင် အောက်တန်းကျသည်ဟု ခံစားရ​လေသည်။

"သူတို့အားလုံးက အကျင့်ပျက်နေတဲ့ လူတွေလိုပဲ... သူတို့ရဲ့ ဝိညာဉ်တွေက ကြံ့ခိုင်မှု မရှိဘူး... ဒါပေမဲ့ အရမ်းကောင်းနေပါပြီ နောက်ထပ် အစီအစဥ် နည်းနည်း ချလိုက်ရင် ငါတို့ရဲ့ စိတ်ဝိညာဉ် ဒဏ်ရာတွေ လုံးဝ ပျောက်ကင်းသွားလောက်ပြီ"

သူ့မျက်လုံးများ ရုတ်တရက် မှိန်ဖျော့သွားကာ။

"အဲဒီကောင်လေး လုရွှမ် ငါတို့ကို ရန်စဖို့ ကြံစည်နိုင်ခဲ့တာ ရှက်ဖို့ကောင်းလိုက်တာ... ငါတို့ရဲ့ နှလုံးသားနဲ့ စိတ်ဝိညာဉ်တွေကို ကန့်သတ်ချုပ်ချယ်ထားတာ တကယ် ရှိတယ်ဆိုတာ ငါစုံစမ်းပြီးပြီ"

"အဲ့ကောင်လေးကို ဖမ်းမမိစေနဲ့... မဟုတ်ရင်တော့ ငါ သူ့ကို အရှင်လတ်လတ် စားပစ်မယ်!"

လူတိုင်း တိတ်တိတ်ဆိတ်ဆိတ် နေလိုက်ကြသည်။ ဒီစကားလုံးတွေက သူတို့ ရင်းနှီးလွန်းနေပါပြီ။ လုရွှမ်လို့ ပြောလိုက်တိုင်း ဤလူများသည် လုရွှမ်ကို သတ်ချင်ပုံရကြောင်း သိသာပေသည်။ နှလုံးစားပိတ်ပင်မှုကို ထိန်းချုပ်နိုင်သော လုရွှမ်ရဲ့ အစွမ်းအစကိုတော့ နည်းနည်းတော့ မနာလိုဖြစ်မိပါသည်။

ကောင်းကင်ဘုံသခင် နယ်ပယ်က လူတစ်ယောက်သည် မျှော်စင်နယ်ပယ်က ဤသခင်များကို အလွန်စိုးရိမ် ထိတ်လန့်အောင် လုပ်နိုင်တဲ့အတွက် အလွန်ဂုဏ်ယူစရာ ကောင်းလေ၏။

ကောင်းလျှိုလည်း ထိုလူတွေကို နှုတ်ဆက်ပြီး ဖြည်းဖြည်းချင်း ပြန်ဆုတ်လာခဲ့သည်။ အကယ်၍ သူတို့ဒီမှာ ကြာကြာနေရင် စိတ်ဖောက်ပြန်​နေတဲ့ ဒီသခင်တွေက သူတို့ကို အရှင်လတ်လတ် စားသောက်ခဲ့မယ်ဆိုရင် ငိုစရာ နေရာ​တောင် မရှိနိုင်တော့ပါဘူး။

လုရွှမ် ထိုလူမျာနောက် အလျင်အမြန် လိုက်သွားခဲ့သည်။ မျှော်စင်နယ်ပယ်က သခင်တွေဟာ သူတို့နဲ့ ပေါင်းဖို့ အားကောင်းလွန်းပေမယ့် ဒီလူတွေက ဖမ်းထားတဲ့ လူသားတွေ ဘယ်မှာ ဝှက်ထားလဲ ဆိုတာ သိ​နေမှာ သေချာသည်။

ပထမတော့ လုရွှမ်သည် ကျန့်ချိုးချန်ကိုပဲ ကယ်တင်ချင်ခဲ့သည်။ အမှန်မှာ ဤနေရာသည် ပင်လယ်သားရဲများ၏ နယ်မြေဖြစ်ပြီး လှောင်အိမ်လူသား အများအပြားလည်း ရှိ​​နေသည်။

လူတိုင်းကို ကယ်တင်လိုခြင်းက စိတ်ကူးယဉ် တွေးခေါ်မှုလိုပဲ သိပ်မဖြစ်နိုင်ပေ။ လုရွှမ်ဟာ သူ့အစွမ်းအစ သူသိပြီး အစွမ်းကုန် ကြိုးစားသွားမည့်လူပင်။ ဒါဟာ ကြီးကျယ်တဲ့ ကြင်နာမှုတစ်ခုမဟုတ်ပေမယ့် အဖြစ်မှန်ကို အသိအမှတ်ပြုဖို့တော့ လိုအပ်ပေသည်။

လူတစ်ဦးကို ကယ်တင်နိုင်သည်ဖြစ်စေ လူတိုင်းကို ကယ်တင်ချင်သော်လည်း မအောင်မြင်သည်ဖြစ်စေ ရွေးချယ်ရမည့် အရာကို သူသိသည်။ ဒါပေမဲ့ အခုအချိန်မှာတော့ အပြောင်းအလဲအတွက် အခွင့်အလမ်း ရှိလာနိုင်ပါသေး၏။

လုရွှမ်သည် မျှော်စင်နယ်ပယ်က သခင်တွေ သူ့ခြေရာများကို ရှာတွေ့သွားမှာကို စိုးရိမ်နေသော်လည်း နတ်မီးနယ်ပယ်က သခင်များကိုတော့ မျက်စိထဲ မထည့်ထားပေ။

ဤအချက်တွင် ရွှေကျီးကန်းရဲ့ အစွမ်းအစကို ထိရောက်မှု ပိုရှိ​စေချင်သေးသည်။ ကောင်းလျှိုနဲ့ သူ့အဖွဲ့နောက်က လိုက်ရင်း ထိုလူတွေရဲ့ စကားသံကို ဂရုတစိုက် နားထောင်​ကြည့်လိုက်တော့။

“ကောင်းလျှို... အဲဒီကျင့်စဥ်က ဘာ​ကြီးလဲ?”

ပြောလာသူမှာ ထူးထူးခြားခြား အဆင့်အတန်းရှိသူ ဖြစ်မည်။ သူက ကောင်းလျှိုကို အမည်တပ်ခေါ်နိုင်၏။ သူ့မျက်လုံးများသည် ဆန္ဒနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေပါသည်။ လူ့အသက်နဲ့ အတတ်ပညာများကို သာမက စိတ်ဝိညာဉ်များကိုပါ စုပ်ယူနိုင်သော နည်းလမ်း ရှိနေတာ အတော်လေး ဆန်းကြယ်လှသည်။

သာမာန်နတ်ဆိုးများနှင့် သားရဲများပင် လူ့အသက်စွမ်းအင်ကိုပဲ စုပ်ယူနိုင်​ကြသည်။ ထိုနည်းလမ်းသည် အလွန်အစွမ်းထက်သည်ဟု ထင်ရသော်လည်း တကယ်တော့ အလွန်ရိုးရှင်းပြီး အလွန်မိုက်မဲလွန်းလှသည်။

အသက်စွမ်းအင် စုပ်ယူခြင်း စွမ်းရည်သည် အနည်းငယ် အဆင့်မြင့်သော်လည်း စုပ်ယူသည့် စွမ်းရည်၏ သဘောသဘာဝမှာ ကွဲပြားပြီး အဆိုပါ စွမ်းရည်များကို ပြန်လည်စုစည်းရန် အချိန်များစွာ ယူရ၏။ ထိုနည်းလမ်းမျိုးက မိမိကိုယ်တိုင် လေ့ကျင့်ခြင်းကဲ့သို့ မတည်ငြိမ်ပေ။

ထို့အပြင် ကျင့်ကြံသူများအတွက် အရေးကြီးဆုံးမှာ အချိန်ဖြစ်သည်။ အားထုတ်မှု အနည်းငယ်ရှိလျှင် ကိုယ်တိုင်လေ့ကျင့်နိုင်သည်။ တခြားသူများရဲ အရည်အချင်းကို စုပ်ယူခြင်းက တခြားသူများအတွက် လုံးဝအန္တရာယ်ရှိပြီး ကိုယ်တိုင်အတွက်လည်း အကျိုးမရှိစေပေ။

သို့သော် ဝိညာဉ်ကို စုပ်ယူခြင်းကတော့ လုံးဝကွဲပြားသည်။

လှောင်အိမ်လူသားများသည် စိတ်ဝိညာဉ်ကို စုပ်ယူသောအခါတွင် လွတ်မြောက်သွားသော ဝိညာဉ်သည် အလွန်သန့်ရှင်းကြောင်း ထင်ရှားစွာ ခံစားခဲ့ရသည်။ ကန့်သတ်ချက်လည်း မရှိပေ။ ထိရောက်မှုအရ ၎င်းသည် ဝိညာဥ်ရေစင်ကို သောက်လိုက်သလိုပင်။

ပြီးတော့ သူတို့ရဲ့ ဝိညာဉ်တွေဟာ စွမ်းအင်အဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး အဲဒီစုပ်ယူတဲ့လူတွေရဲ့ ကျွမ်းကျင်မှုနဲ့ ကျင့်ကြံမှုတွေအဖြစ် ပြောင်းလဲသွားပါတော့သည်။

ကောင်းလျှိုနှင့် အခြားသူများသည် ထိုကျွမ်းကျင်မှု ရရှိရန် မျှော်လင့်ချက်များ ရှိနေကြသော်လည်း ခဏကြာပြီးနောက် နိုးထလာကြသည်။

ကောင်းလျှို ခါးသက်သက် ပြုံးလိုက်ကာ။

“ပြောစရာတောင် မလိုဘူး... သူတို့တွေမှာ ငါတို့ကို မသင်ပေးချင်တဲ့ စိတ်မျိုး မရှိဘူး”

အမှန်တော့ သူ အကြိမ်ကြိမ် စမ်းကြည့်ဖူးပေမယ့် အမည်ခံ ဆရာသခင်ဖြစ်တဲ့ ထိုထူးဆန်းတဲ့ အဖိုးအိုကတော့ အမြဲပြုံးပြီး ရှောင်ထွက်သွားခဲ့သည်။

အဲဒါက သူ့ကို အရမ်းယားယံလာသလို ခံစားရစေ၏။ ထုံးစံအတိုင်း ထူးဆန်းသော အဘိုးကြီးနှင့် သူ့အခြွေအရံများသည် တစ်လ အတွင်းမှာပင် တိုးတက်လာခဲ့ကြသည်။

"ကောင်းပြီ အဲဒီအမျိုးသမီးတွေရဲ့ အခြေအနေကို အရင်စစ်ဆေး ကြည့်ရအောင်...ကိုယ့်ကိုကိုယ် သတ်သေတာတွေနဲ့ ကိုယ့်ကိုကိုယ့် ဖျက်ဆီးတာတွေ မလုပ်စေနဲ့ အဲဒီလူတွေကို ငါ အထူးဖယ်ချန်ထားတယ်... သူတို့အားလုံးက အဓိကဂိုဏ်းခွဲကြီးတွေရဲ့ အရေးပါတဲ့ လူငယ်တွေပဲ"

ကောင်းလျှိုက ဂုဏ်ယူစွာ ရယ်မောကာ လူတိုင်းနှင့်အတူ ကျောက်ဆောင် တစ်ခုထဲသို့ လျှောက်သွားခဲ့သည်။ လုရွှမ်လည်း အလျင်အမြန် လိုက်သွားခဲ့သည်။

ကျောက်နန်းတော်ထဲသို့ ဝင်သွားပြီးနောက် လုရွှမ်၏ မျက်လုံးများသည် ချက်ချင်း အေးစက်သွားကာ ခဏလောက်ကြာမှ သူ၏ လူသတ်ချင်လာသည့် စိတ်ကို ခဲယဉ်းစွာ တားဆီးနိုင်ခဲ့သည်။

ကျောက်တုံးခန်းမကြီးသည် ကြီးကြီးမားမား မဟုတ်သော်လည်း အမျိုးသမီးများနှင့် ကျင့်ကြံသူ များစွာကို စုစည်းထားသည်။ နယ်ပယ်တွေကတော့ မဟာသူတော်စင်နယ်ပယ်မှ ကောင်းကင်ဘုံသခင် အဆင့်အထိ ရှိကြသည်။

ဝန်းကျင်တစ်ခုလုံး လူပြည့်ကျပ်နေပြီး စုစုပေါင်း လူနှစ်ရာကျော် စုဝေးနေ၏။ ဤလူများ အားလုံးကို အရိုးများ အတွင်းသို့ ထိုးဖောက် ဝင်ရောက်နိုင်သည့် သံကြိုးများဖြင့် တင်းတင်းကြပ်ကြပ် ချည်နှောင်ခံထားရပြီး ၎င်းတို့တွင် ရက်စက် ကြမ်းကြုတ်နိုင်သော ရောင်ဝါများပင် မရှိကြပေ။

လူတိုင်းသည် သတိမေ့မြောနေကြ၏။ တစ်ခါတစ်ရံတွင် နိုးနေသောသူ အနည်းငယ် ရှိသော်လည်း စိတ်ပျက်အားငယ်နေသော မျက်လုံးများဖြင့် တိတ်ဆိတ်နေပါသည်။

လုရွှမ်၏ မျက်လုံးများသည် လူအုပ်ကို လှည့်ကြည့်လိုက်ရာ ကောင်းကင်အောင်ခြင်း ဂိုဏ်း၏ တပည့်များ အားလုံးထဲက အသိမိတ်ဆွေ အနည်းငယ်ကို တွေ့သွာခဲ့သည်။ လော့ချင်းယီးနဲ့ လုံးဝနီးပါးတူတဲ့ ကျန့်ချိုးချန်ကိုလည်း နောက်ဆုံးတော့ တွေ့လိုက်ရသည်။

All Chapters