← Chapters

ကြားဖြတ်စွမ်းအင်

Vol. 82 Ch. 4.745

ကြားဖြတ်စွမ်းအင်

Vol. 82 Ch. 4.745

ကောင်မလေးက နိုးနေပြီ။ သူမမျက်လုံးတွေက ရှုပ်ယှက်ခတ်နေပြီး စိတ်ပျက်အားငယ်မှု အရိပ်အယောင်တွေ ပြည့်နှက်နေကာ မျက်ရည်စီးကြောင်း နှစ်ကြောင်းက သူ့ပါးပြင်ပေါ်ကို စီးကျလာခဲ့သည်။

မျက်နှာပေါ်တွင် အားနည်းမှု အရိပ်အမြွက်များကလည်း ပြနေပြီး သူ့မျက်လုံးများသည် ရံဖန်ရံခါ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကာ သူ့မိဘများကို လွမ်းဆွတ်နေမှန်း သိသာလှသည်။ လုရွှမ် မထိန်းနိုင်ဘဲ သက်ပြင်းချမိ၏။

ကျန့်ချောင်ယန်နဲ့ လော့ချင်းယီးတို့ ပျောက်ကွယ်သွားသော်လည်း အများစုမှာ သေဆုံးသွားပြီ ဖြစ်ကြောင်း လူတိုင်းသိ​ကြသည်။ ၎င်းတို့နှစ်ဦး၏ အထောက်အထားများသည် ထူးထူးခြားခြား ဖြစ်တာကြောင့် တစ်ချိန်တည်းတွင် ရှေ့တန်းတွင် ပေါ်ထွက်ခဲ့​ကြသည်။

ထင်ရှားသည်မှာ သူတို့သည် ၎င်းတို့၏ အငယ်ဆုံးသမီးကို ပြန်ယူလိုသော်လည်း ကံမကောင်းစွာဖြင့် သူတို့သည် ၎င်းတို့၏ကိုယ်ပိုင် အသက်ကိုပါ ပေးခဲ့ရသည်။

"ဒီကလေးမလေးက တကယ်လှတယ်ကွ... ကြားတာတော့ သူမက ဓားတစ်သောင်းဂိုဏ်းက ဂိုဏ်းချုပ် ကျန့်ဝူဝေါ်ရဲ့ မြေးမကြီးဆို... ကျွတ် ကျွတ်...အဲဒီအဘိုးကြီးက တကယ် ခေါင်းမာတာပဲ... ရွေးနုတ်ဖိုးပေးမယ်တောင် မရှိဘူး"

"ဟေး ဒီကလေးမလေးလည်း ခေါင်းမာတယ်... သူမက ကိုယ့်ကိုကိုယ် သတ်သေဖို့ သုံးခါလောက် ကြိုးစားပြီးပြီ.... မင်းမြင်တယ်မလား? သူမဘာသာ ပြန်ကိုက်ထားတာ..."

မိန်းက​လေးတစ်ယောက်မှာ မေ့မြောနေသော်လည်း သူမမျက်ခုံးမွှေးများက တွန့်ချိုးထားကယ သူမပုခုံးများကလည်း ဘေးသို့ စောင်းနေသည်။ သူမသည် မေ့မြောနေလျှင်ပင် စိတ်ဓာတ်မြင့်မားသော သူရဲကောင်း စိတ်ဓာတ်ရှိနေဆဲ ဖြစ်သည်။

မထင်မှတ်ပဲ ဂိုဏ်းချုပ်ကျန့်သည် သူ့မြေးမလေး ပင်လယ်သားရဲများ လက်ထဲသို့ပင် ကျရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် စကားတစ်ခွန်းမှ မပြော​ပြခဲ့ပေ။ လုရွှမ်သည် နိယာမလိုင်းတွေနှင့် အခင်းအကျင်း ဖွဲ့စည်းပုံများ ပြည့်နေသော ကွင်းဆက်များဆီသို့ ရောက်လာသည်။

လုရွှမ် ပေါ့ပေါ့တန်တန် တစ်ချက် ကြည့်လိုက်ရုံနဲ့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူ့ပတ်ဝန်းကျင်ရှိ လူများ၏ အာရုံကို မဆွဲဆောင်မိဘဲ ဘယ်လို ဖြိုခွဲလိုက်ရမလဲ ဆိုတာကို သိပါသည်။

နောက်ဆုံးတွင် ဤလူများက ပင်လယ်သားရဲများ ဖြစ်သည်။ လူသားမျိုးနွယ်နှင့် နှိုင်းယှဉ်ပါက သူတို့၏ အခင်းအကျင်း ဖွဲ့စည်းမှု နည်းလမ်းသည် အရင်းအမြစ်တစ်ခု ဖြစ်စေ အရည်အချင်း တစ်ခုဖြစ်စေ လူသားမျိုးနွယ်ထက် များစွာနိမ့်လှသည်။

လုရွှမ်သည် ကျောက်ခန်းမထဲတွင် စောင့်ဆိုင်းကာ ကောင်းလျှိုတို့ စစ်ဆေးပြီး ထွက်သွားတော့မယ့် အခိုက်ကို စောင့်ဆိုင်းနေ၏။ ပြီးနောက် သူ့ပုံသဏ္ဍာန်ကို ထုတ်​ဖော်ပြသတော့မည့် အချိန်၌ ရွှေကျီးကန်းရဲ့ အသံက ထွက်ပေါ်လာခဲ့သည်။

"စိတ်မပူပါနဲ့ ကောင်လေး... သူ့ဘေးက ကျောက်ခန်းမကို သွားရအောင်!"

ရွှေကျီးကန်း၏ အသံသည် ကြီးမားသော ရတနာ တစ်ခုကို မြင်လိုက်ရသကဲ့သို့ စိတ်လှုပ်ရှားမှု အပြည့်ဖြင့်။ ထို့ကြောင့် လုရွှမ်ရဲ့ နှလုံးသားလည်း လှုပ်ရှားသွားသည်။

"ကျီးဖိုးဖိုး... ခင်ဗျား သူတို့ရဲ့ ဝိညာဥ်သလင်းကျောက်တွေ သိုလှောင်ထားတဲ့ နေရာကို တွေ့သွားပြီမလား?"

ရွှေကျီးကန်းက ဂုဏ်ယူစွာ ရယ်မောလိုက်လေသည်။

"ဒါပေါ့"

လူတစ်ဦးနှင့် ငှက်တစ်ကောင်သည် လျင်မြန်စွာ ချော်ထွက်ကာ ဂရုတစိုက် လျှောချလိုက်သည်။ ရွှေကျီးကန်း၏ လမ်းညွှန်မှုအတိုင်း လိုက်နာရင်း ထွက်လာရာ ပင်မခန်းမဆီသို့ ရောက်လာသည်။ ခန်းမသည် နိယာမစွမ်းအင်များဖြင့် လုံးလုံးလျားလျား ဖုံးအုပ်ထား၏။ လုရွှမ် နေမျက်လုံးကို ဖွင့်ထားသော်လည်း အတွင်းကအရာတွေကို မမြင်နိုင်ပေ။

"ကောင်လေး စိတ်မပူပါနဲ့ မင်းတကယ်ကံကောင်းတာပဲ... ဒီလိုစာအုပ်ကောင်းကို ရထားတာ တော်တော်လေး ကံကောင်းတာနော် ဒီလို အခင်းအကျင်းမျိုးက ချိုးဖျက်ဖို့ မလွယ်ဘူး"

ထိုအခိုက် ရားရား ခုန်ထွက်လာသည်။ သူမက ကလေးတစ်ယောက်၏ အသွင်အပြင်ပဲ ရှိသေးသည်။ အနှစ်ငါးဆယ်ရှိပြီ ဆိုသော်လည်း နည်းနည်းတောင် မကြီးထွားလာပါဘူး။ ဒါက အတော်လေး မှော်ဆန်လှသည်။

နတ်သူငယ် ကလေးများသည် နိယာမစွမ်းအင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်လျှင် ထူးကဲသော စွမ်းရည်ရှိပြီး သူတို့၏ လေ့ကျင့်မှုများက အလွန်လျင်မြန်သော်လည်း ကြီးပြင်းလာမည့် အခွင့်အရေးကိုတော့ ထာဝရ ဆုံးရှုံးခဲ့ရသည်။

လောကီလူသားတို့ ကြားတွင် သူတို့က ဒုက္ခမရှိသော၊ အပြစ်ကင်းသော၊ ဖြူစင်သော ကလေးကဲ့သို့ပင်။ ဒါက ကောင်းလား ဆိုးလား မသိပေမယ့် လူတိုင်းမှာ ကိုယ်ပိုင်အမြင်တွေ ရှိကြပေသည်။

ရားရားသည် လုရွှမ်ရဲ့ ပါးပြင်ကို ညင်သာစွာ နမ်းလိုက်ပြီး လုရွှမ်ရင်ခွင်ထဲတွင် နာခံစွာ ပွေ့ချီခွင့်ပေးထားလေသည်။ သူမက နိယာမစွမ်းအင် ဖွဲ့စည်းမှုကို စတင်ဖြိုခွဲကာ အဝင်အထွက်အတွက် အပေါက်ငယ်တစ်ခုပင် ပြုလုပ်ထားခဲ့သည်။

လုရွှမ်လည်း လျင်မြန်စွာ ပြေးဝင်သွား၏။ သူ့အမြင်အာရုံတွင် မြင်လိုက်ရသမျှ အရာအားလုံးသည် သူ့အား ခဏတာမျှ နှာခေါင်းသွေးများ စီးကျလာတော့မလို ခံစားလိုက်ရသည်။ ဤအခန်းသည် ဝိညာဥ်စွမ်းအင်များ ပြည့်နေပြီး လေထုအားလုံးနီးပါးသည်လည်း စွမ်းအင်ဖြင့် လည်ပတ်နေ၏။ လုရွှမ် မထိန်းနိုင်ဘဲ ဤနေရာတွင် စွမ်းအင်များကို စုပ်ယူပစ်လိုက်သည်။

"ချမ်းသာပြီ!"

လုရွှမ် ရယ်မောပြီး ခုန်ပေါက်လုမတတ် ပျော်ရွှင်သွားလေသည်။

ဤဝိညာဥ်စွမ်းအင် သလင်းကျောက်များသည် သူတို့အား ဝမ့်ရှန်းကမ္ဘာမှ ဝေးရာသို့ပို့ရန် လုံလောက်ပြီ ဖြစ်သလို ကောင်းကင်အောင်ခြင်း ဂိုဏ်းကိုလည်း ကြီးထွားလာစေရန် အကူအညီ ပေးနိုင်၏။

လုရွှမ် ဝိညာဥ်သလင်းကျောက်များကို ကျောက်စိမ်း​ပြားထဲသို့ လျင်မြန်စွာ စုပ်ယူလိုက်သည်။ အခြားသူသာ ဆိုလျှင်တော့ တကယ့်ကို စိတ်ပူစရာပင်။ ဒီလောက်များပြားလှတဲ့ ရတနာတွေကို ကြည့်ပြီး မစုဆောင်းနိုင်ရင်တော့ သေချင်စိတ် ပေါက်သွားမှာကို ကြောက်ရ၏။

အတွင်းမှ ကျောက်တုံးများ အားလုံးကို တစ်ယောက်တည်း လုယက်ပြီးနောက် လုရွှမ် တိတ်တဆိတ်ပဲ ပြန်ထွက်လာခဲ့သည်။

ရားရား နည်းနည်းတော့ တုန်လှုပ်သွားသည်။ ဒီနိယာမစွမ်းအင် ပုံစံကို တိတ်တဆိတ် ဖြိုခွဲဖို့ အများကြီး အားကုန်မယ်ဆိုတာ သိသာထင်ရှားပြီး ရွှေကျီးကန်း ပြောသလောက် မရိုးရှင်းပါဘူး။

လုရွှမ်မှာ ရားရားကို အရမ်းချစ်တာကြောင့် အပြင်မှာ ကြာကြာ မနေစေလိုပေ။ ထို့ကြောင့် ကျောက်စိမ်း​ပြားထဲသို့ အမြန်ပို့လိုက်သည်။ ကျောက်စိမ်းပြားထဲတွင် ရတနာများအားလုံးကို သိမ်းဆည်းထားပြီးသားမို့ ရားရား ၎င်းတို့ကိုသုံး၍ ပြန်ကျင့်ကြံနိုင်သည်။

ပင်မခန်းမကို ပြန်ရောက်တော့ အဲဒီမှာ ဘယ်သူမှ မရှိသေးပေ။

လုရွှမ် ကျန့်ချိုးချန် အနားသို့ အမြန် ပြေးထွက်သွားလိုက်သည်။ တစ်ဖက်က ကလေးမမှာ လုရွှမ်အား အံ့သြတကြီးကြည့်ကာ မျက်ခုံးများပင့်လျက် ကြောက်ရွံ့နေရှာသည်။ သို့သော် ခဏအတွင်း လုရွှမ်ကို မှတ်မိသွားသလို သူမမျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင် ပေါ်လာ၏။

“အစ်ကိုထျန်းချိုင်?”

လုရွှမ် ခေါင်းညိတ်ပြလိုက်သည်။ ကလေးမ၏ နူးညံ့သိမ်မွေ့သော ပါးပြင်များနှင့် ကြောက်ရွံ့နေသော မျက်လုံးများကို ကြည့်ကာ သူ့နှလုံးသားထဲ အနည်းငယ် နေရခက်သွားသည်။

"မကြောက်ပါနဲ့ အစ်ကိုကြီး မင်းတို့ကို ကယ်ဖို့ ရောက်လာတာ"

ကျန့်ချိုးချန် ထိုစကားများကို ကြားလိုက်သောအခါ သူမ မျက်ရည်များက ထိန်းမရအောင် တလိမ့်လိမ့် စီးကျလာ​​တော့သည်။

လုရွှမ်၏ လက်ဖဝါးပေါ်ရှိ စာလုံးများသည် တောက်ပစွာ ထွန်းတောက်လာပြီးနောက် သံကြိုးပေါ် ဆုပ်ကိုင်လိုက်စဥ် သံကြိုးများမှာ နေ​ရောင်နဲ့ ထိတွေ့လိုက်ရတဲ့ နှင်းမှုန်တွေလို လျင်မြန်စွာ အရည်ပျော်သွား၏။

ကျန့်ချိုးချန် ခန္ဓာကိုယ်က ပျော့ခွေနေတာကြောင့် ချက်ချင်း လဲကျသွားရာ လုရွှမ် သူမကို အမြန် ဖမ်းထားလိုက်ရသည်။

"ဆရာတူအစ်ကိုကြီး... သူတို့ရော?"

ကျန့်ချိုးချန် မေးလိုက်သည်။ သူမပါးပြင်များသည် အနည်းငယ်နီနေပြီး သူမရဲ့ တောင်းဆိုမှုမှာ အလွန်များလွန်းသွားကြောင်း သိနေသလိုပင်။ ဆရာတူအစ်ကိုကြီးသည် ဤနေရာကို တစ်ယောက်တည်း အပြေးအလွှား လာ၍ ကျောက်နန်းတော်ထဲသို့ ဝင်နိုင်ခဲ့သည်။

ဒါကသူသည် မရေမတွက်နိုင်သော အန္တရာယ်များကို ရင်ဆိုင်ခဲ့ရပြီးသား ဖြစ်ကြောင်း သက်သေပြနေကာ သူမတစ်ယောက်တည်းကို ကယ်တင်ရန်မှာလည်း အလွန်ခက်ခဲနေပြီ ဖြစ်သည်။ ဒီလူတွေကို ကယ်တင်ဖို့က တကယ်ကို ခက်ခဲပါ၏။

ဒါပေမဲ့ သူမဒီမှာ ကြာကြာနေခဲ့ရလေ ဒီမှာ ထိတ်လန့်စရာတွေ အများကြီး ရှိကြောင်း ပိုသိလာလေပါပဲ။ ကြောက်မက်ဖွယ် ကံကြမ္မာကို မြင်ခဲ့ပြီးတာကြောင့် ဤလူများကို ဤနေရာမှာ ထားရစ်ခဲ့ပါက ရက်စက်လွန်းလှပေလိမ့်မည်။

တခြားသူဆိုရင် ဒီစကားတွေကို ဘယ်တော့မှ မပြောတတ်ပေမယ့် ငယ်ငယ်လေးကတည်းက နာမည်ကောင်းရထားတဲ့ အစ်ကိုကြီးမို့လို့ တစ်ခုခုတော့ လုပ်နိုင်လောက်သည်။

လုရွှမ် ခေါင်းယမ်းပြလိုက်သည်။ နောက်ဆုံးသံကြိုးကို အရည်ပျော်သွား သောအခါတွင် သူကိုယ်တိုင် ကူကယ်ရာမဲ့ ဖြစ်သွား၏။ သံကြိုးတွေက မရိုးရှင်းဘူးဟု ခံစားမိသော်လည်း မျှော်စင်နယ်ပယ်ရဲ့ အရိပ်အမြွက် တစ်ခုရှိနေမယ်လို့တော့ မထင်ထားပေ။

တစ်နည်းဆိုရသော် မျှော်စင်နယ်ပယ်က သခင်များသည် သူလုပ်နေတာကို ယခုအချိန်တွင် သတိပြုမိလောက်ပြီ။

သူဖြေဖို့ မလိုအပ်ပါဘူး။ မျှော်လင့်ထားသည့်အတိုင်း အပြင်မှာ လျင်မြန်တဲ့ ဝီစီသံတစ်ခု ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်က အပြေးအလွှား ရောက်လာသည်။

သူသည် ကျန့်ချိုးချန်ကို သယ်ဆောင်ပြီး ကျန့်ဝူဝေါ်ရဲ့ မြေးမကြီးထံသို့ လျင်မြန်စွာ ရောက်လာကြသည်။ တစ်ဖက်မိန်းကလေးက အသံကြောင့် တုန်လှုပ်သွားကာ လန့်နိုးလာခဲ့သည်။ သူမသည် လုရွှမ်နဲ့ ကျန့်ချိုးချန်ကို အံ့အားသင့်သော အမူအရာဖြင့် ကြည့်လိုက်သည်။

"နင်တို့က ဘယ်သူလဲ?"

လုရွှမ် သံကြိုးကို လက်နှစ်ဘက်ဖြင့် ကိုင်ထားလို​က်ရာ ခြေထောက်များပေါ်က သံကြိုးများကို ဖြတ်တောက်လိုက်သည်။ ထိုအခါမှ တစ်ဖက်မိန်းကလေးကလည်း တုံ့ပြန်လာလေ၏။ ဒီလူတွေက သူတို့ကို ကယ်တင်ဖို့ ရောက်လာကြတာပဲ။

"ကျွန်မနာမည်က ကျန့်ချိုးချန်ပါ... သူက ကျွန်မရဲ့ ဆရာအစ်ကိုကြီး ထျန်းချိုင် သူက ကျွန်မတိူ့ကို ကယ်တင်ဖို့ ဒီကိုရောက်လာတာ!"

ကျန့်ချိုးချန်က ခပ်မြန်မြန် အော်လိုက်သည်။ အပြင်က အသံတွေ ထွက်ပေါ်လာချိန်မှာတော့ လုရွှမ် ထို​မိန်းကလေးကို ကယ်တင်နိုင်ခဲ့ပါပြီ။

All Chapters