ရှာတွေ့သွားပြီ
Vol. 82 Ch. 4.746
ကျောက်တုံး ခန်းမကြီးထဲမှာ လူတွေလည်း နိုးလာပြီး လုရွှမ်က လူတွေကို လိုက်ကယ်တင်နေတာကို တွေ့လိုက်ရတာကြောင့် သူတို့အားလုံးကိုပါ ကယ်တင်နိုင်မယ်လို့ မျှော်လင့်ရင်း အော်ဟစ်လိုက်ကြလေသည်။
ဆူညံသံတွေ အများကြီး ထွက်ပေါ်လာတာကြောင့် ကျောက်တုံးခန်းမ အပြင်ဘက်က လူတွေပါ သတိထားမိသွားသည်။
"တစ်ယောက်ယောက် လူကယ်နေတယ် မြန်မြန်ဝင်ကြ!"
လူအုပ်ကြီးသည် သူတို့ဆီသို့ အပြေးအလွှား ပြေးလာကြ၏။ သူတို့ဆီက ရောင်ဝါများဟာလည်း တဟုန်ထိုး တက်လာကြလေသည်။ ပြေးဝင်လာသူများထဲတွင် မျှော်စင်နယ်ပယ်က သခင်များစွာလည်း ရှိနေသည်။ ရင်းနှီးနေသော အသံနှစ်သံကတော့ ဟွမ်ရီးနဲ့ ကောင်းလျှိုတို့ပဲ ဖြစ်ပြီး ဒေါသအမျက် ထွက်နေကြလေသည်။
ပင်မခန်းမဆောင်တွင် ပိတ်မိနေသော ကျင့်ကြံသူများသည် ဝမ်းနည်းကြေကွဲဖွယ် အော်ဟစ်သံများဖြင့် ထုတ်အော်နေကြကာ ကြားရသူတိုင်းကို ငိုကြွေးချင်စိတ် ပေါက်သွားစေနိုင်သည်။
ဤလူများ၏ ကံကြမ္မာကို မြင်ပြီးနောက် လုရွှမ်မှာ သူ့နှလုံးသားထဲတွင် သနားစိတ်များ ဝင်လာတာကို ခံစားလိုက်ရသည်။ ထိုလူများကို ချန်ထားခဲ့မည်ဆိုလျှင် သူတို့၏ ကံကြမ္မာသည် မပြောင်းလဲနိုင်တော့ပေ။ ဆိုလိုသည်မှာ ၎င်းတို့သည် တခြားသူတွေ စုပ်ယူတော့မယ့် ဝိညာဉ်အစာများ ဖြစ်သွားလိမ့်မည်။
သို့သော် ထိုမတိုင်မီတွင် သူတို့သည် ပို၍ပင် ရက်စက်ကြမ်းကြုတ်စွာ စော်ကားမှုများနှင့် ရိုက်နှက်ခြင်းကို ခံရပေမည်။ ဟွမ်ရီးနဲ့ ကောင်းလျှိုတို့က လှောင်အိမ်လူသားတွေ သဘောကျလာစေဖို့ သူတို့တွေကို သုံးနေကြလေသည်။
နောက်ဆို ဤနေရာတွင် ပိတ်မိနေသော အမျိုးသမီး ကျင့်ကြံသူများ ပို၍ပင် များလာနိုင်ဖွယ် ရှိသည်။ လုရွှမ် တွေးရင်း ဒေါသထွက်လာရာ ကျောက်စိမ်းပြားထဲက ရွှေကျီးကန်းကို လှမ်းဆက်သွယ်လိုက်သည်။
"ကျီးဖိုးဖိုး... ရားရားကို ခေါ်ပြီး ဒီသံကြိုးတွေကို အမြန်ဖျက်သိမ်းခိုင်းလို့ ရမလား"
"ကောင်လေး မင်း ဘာလုပ်ချင်နေလဲ"
"ဒီလူအားလုံးကို အဝေးကို ပို့ဆောင်ပစ်ဖို့ ကျောက်စိမ်းပြားကို သုံးမယ်!"
"မင်းက အရူးပဲ သေမင်းကို ရှာနေတဲ့ကောင်... ကျောက်စိမ်းပြားကို ဖော်ထုတ်ပြီးတာနဲ့ မင်းသေချာပေါက် သေသွားလိမ့်မယ်... တစ်ကမ္ဘာလုံးက မင်းကို လိုက်ရှာလိမ့်မယ်ကွ!"
"ကျွန်တော် သိပါတယ် ဒါပေမဲ့ ကျွန်တော် ဖော်ထုတ်မိမှာ မဟုတ်ဘူးဆိုတာ သေချာတယ်... အများဆုံး သူတို့ကို သံသယ ဝင်မိစေရုံလောက်ပဲ ဖြစ်မှာ"
"မဟုတ်ဘူး မင်းသေလမ်ကိုရှာနေတာ သေမင်းကိုရှာနေတာကွ!"
လုရွှမ် ခါးသက်သက် ပြုံးလိုက်ပြီး။
"ဒါဆို ကျွန်တော်အခု သေမင်းကို ရှာနေတာ မဟုတ်ဘူးလို့ ထင်နေတယ်ပေါ့? ဒီလူတွေကို ကျွန်တော် ကယ်ခဲ့မယ် ဆိုရင်တောင် ဝမ့်ရှန်းကမ္ဘာမှာ ဆက်နေနိုင်ဦးမယ်လို့ ထင်လို့လား?"
"ဘာကိုဆိုလိုတာလဲ? အိုး ငါ နားလည်ပြီ"
ရွှေကျီးကန်းသည် လုရွှမ်ထက် လူသားလောကအကြောင်း ပိုမိုနက်ရှိုင်းစွာ နားလည်သည်။ ဒါကြောင့် လုရွှမ်ကို ဒီကမ္ဘာထဲကနေ စောစောစီးစီး ထွက်ခွာသွားဖို့ နှစ်သိမ့်ရန် ကြိုးစားချင်ခဲ့သည်။
အမှန်တော့ လူတစ်ယောက်က အရပ်မြင့်ပေမယ့် သူ့နယ်ပယ်က မမြင့်တဲ့အခါ လူတွေက သူ့ကို တောက်ပတဲ့ဘက်ခြမ်းမှာ ပိုပိုပြီး လေးစားလာကြပေမယ့် အမှောင်ထဲမှာတော့ သူ့အတွက် ပိုပိုပြီး အန္တရာယ်များလာလိမ့်မယ်။ ဒါက သူ့ပတ်ဝန်းကျင်က လူများ၊ သူငယ်ချင်းများ၊ ဆွေမျိုးများနှင့် ဂိုဏ်းများကိုပင် အန္တရာယ် ဖြစ်စေလာနိုင်သည်။
လုရွှမ်မှာ လျှို့ဝှက်ချက်တွေ အများကြီးရှိနေပြီ။ လုရွှမ်ရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်သူက မသိချင်ကြလို့လဲ။ သူဟာ မဟာသူတော်စင် ဖြစ်တုန်းက ကောင်းကင်ဘုံသခင်နဲ့ တိုက်နိုင်ခဲ့တယ်။ အခု ကောင်းကင်ဘုံသခင် ဖြစ်လာတော့လည်း နတ်မီးနယ်ပယ်က လူကို ထိပ်တိုက်ရင်ဆိုင်ရဲနေပြန်ပြီ။
ဒီအရည်အချင်းက တကယ်ကို ထိတ်လန့်စရာ ကောင်းပေမယ့် သူ့ရဲ့ကိုယ်ပိုင် အရည်အချင်းကို အခြေခံထားတာမို့ ဘယ်သူမဆို လုရွှမ်မှာ လျှို့ဝှက်ချက်ရှိကြောင်း ရိပ်မိကြသည်။
ထို့အပြင် လုရွှမ်၏ ဘဝအတွေ့အကြုံသည် အလွန်ရှင်းလင်းပါသည်။ ထို့အပြင် သူသည် ကောင်းကင်အောင်ခြင်းဂိုဏ်း၏ သိုင်းပညာများကို မလေ့ကျင့်ဘဲ တပည့်အဖြစ်ပင် မဖြစ်ခဲ့ပေ။ ယခု သူအောင်မြင်ခဲ့သမျှသည် သူ့ဘာသာသူ အောင်မြင်ခဲ့ခြင်း ဖြစ်ပေ၏။
အဲဒါက ပြဿနာတစ်ခုကို သရုပ်ဖော်နေတာနဲ့ အတူတူပင်။ သူ့မှာရှိတဲ့ လျှို့ဝှက်ချက်တွေက အရမ်း အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့အတွက် လုရွှမ်ကို သတ်ချင်ခဲ့တာ ကြာပြီလေ။
ဒီလောက်ကြီးကျယ်တဲ့ လျှို့ဝှက်ချက်ကို ဘယ်သူက မသိချင်ဘဲနေမှာလဲ။ ဘယ်သူက မယူချင်ဘဲ နေမှာလဲ။ သူတို့သာရခဲ့ရင် လုရွှမ်လို အရည်အချင်းတွေ မရှိလာနိုင်ပေမယ့် အနာဂတ်မှာ သာယာဝပြောတဲ့ လမ်းကို ဖန်တီးဖို့ လုံလောက်ပါလိမ့်မယ်။
"ကျွန်တော်သိပါတယ် ကျွန်တော့်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ်ဆိုတာ လူတိုင်းလည်း သိတယ်... ဒါဆို ဘာများ ဖုံးကွယ်ရဦးမှာလဲ? ဘာပဲဖြစ်ဖြစ် ကျွန်တော်က အချိန်ကျရင် ဝမ့်ရှန်းကမ္ဘာက ထွက်သွားမှာပဲလေ... အများစုကတော့ ကျွန်တော့်မှာ လျှို့ဝှက်ချက်တွေ ပိုရှိနေတယ်လို့ပဲ ထင်ကြရုံပေါ့ မဟုတ်ဘူးလား?”
လုရွှမ်ရဲ့ ရှင်းပြချက်ကို ရင်ဆိုင်ရင်း ရွှေကျီးကန်းမှာ ပြောစရာစကားမဲ့ပြီး ရွေးချယ်စရာလည်း မရှိတော့ပေ။
"အဘိုးရွှေကျီးကန်း... ကိုကိုပြောတာ မှန်တယ်... ရားရားလည်း အဲဒီအစ်မတွေကို ကယ်ချင်တယ်"
ရွှေကျီးကန်းမှာ ရားရားကို လက်ပြဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပြန်ချေ။
"ရားရား... အဆင်ပြေလား ညီမအရမ်း ပင်ပန်းနေပြီလို့ ကိုကို မြင်တယ်"
လုရွှမ် အနည်းငယ် စိုးရိမ်သွားပြီး အပြစ်ရှိစိတ်နည်းနည်းဖြင့် ပြောမိသည်။ ရားရားရဲ့ မျက်လုံးတွေကတော့ မိန်းကလေးတွေအပေါ် သနားစရာစိတ်တွေ အပြည့်နဲ့ မျက်ရည်တွေဝိုင်းနေကာ။
"ကိုကို စိတ်မပူပါနဲ့... ညီမ ပြဿနာမရှိဘူး ဒီအစ်မတွေက သိပ်သနားဖို့ကောင်းတာပဲ"
ရားရား၏ ခန္ဓာကိုယ်သည် ကလေးတစ်ယောက်လိုပင် ဖြစ်သော်လည်း သူမ၏ လေ့ကျင့်မှုသည် ကောင်းကင်ဘုံသခင် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ကျင့်ကြံမှု အရှိန်အရ သူမသည် လုရွှမ်ထက်ပင် သာလွန်နေ၏။
သူမ လက်ဖဝါးကို ဝှေ့ယမ်းလိုက်သည်နှင့် ကျောက်နန်းတော် တစ်ခုလုံးကို နိယာမစွမ်းအင်လိုင်းမျာက ဖုံးလွှမ်းသွားလေသည်။
တုန်လှုပ်သော အသံတစ်ခု ထွက်ပေါ်လာပြီး မိန်းကလေးတို့ကို ထိန်းချုပ်ထားသော သံကြိုးများသည် ယခုအခါ သာမန်သံကြိုး တစ်ခုကဲ့သို့ ဖြစ်သွားသည်။ ချည်နှောင်နိုင်တဲ့ သက်ရောက်မှု မရှိတော့ကြောင်း တွေ့လိုက်ရတဲ့အတွက် လူတိုင်း ထိတ်လန့်သွားကြသည်။
အနည်းငယ် ကျိုးသွားရုံမျှဖြင့် သံကြိုးများ ပြုတ်ကျသွာကာ သူမတို့တွေလည်း မြေပြင်ပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားကြသည်။
ရားရား ပေါ့ပေါ့ပါးပါး ရယ်လိုက်ပေမယ့် သူမရဲ့ ခန္ဓာကိုယ်သေးသေးလေးက မြေပြင်ပေါ်ကို ပြုတ်ကျသွားလေ၏။ လုရွှမ် သူမကို ကျောက်စိမ်းပြားထဲသို့ အမြန်ခေါ်သွင်း၍ ရွှေကျီးကန်းအား သူမ ဒဏ်ရာရသွားလား မေးလိုက်သည်။
ရွှေကျီးကန်းသည် ခဏလောက်အထိ ညည်းညူခဲ့သော်လည်း ရားရား သူမ၏ ခွန်အားများ ဆုံးရှုံးသွားခဲ့ရုံသာ ဖြစ်ကာ ပြင်းထန်မှု မရှိခဲ့ကြောင်း ပြောမှသာ လုရွှမ်လည်း အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။
လုရွှမ် သူ့အတွက် စိတ်ပူစရာများကို နည်းနည်းတော့ လျှော့ချနိုင်သွားပြီ။ သူ့လက်ကို ဝှေ့ယမ်းလိုက်တော့ လူတိုင်း မျက်ခွံတွေ လှိမ့်ကာ သတိလစ်သွားကြသည်။ လုရွှမ် သူမတို့ကို ကျောက်စိမ်းပြားထဲသို့ ခေါ်သွင်းထားလိုက်သည်။
ရွှေကျီးကန်းကလည်း လူတိုင်းအတွက် နေရာထိုင်ခင်းကို ကျောက်စိမ်းပြားထဲ၌ တမင်တကာ တိုးချဲ့ခဲ့သည်။ လုရွှမ်ရဲ့ ခန္ဓာကိုယ်က ဖျတ်ခနဲ လင်းလတ်သွားကာ ကျောက်ခန်းမထဲမှ ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် ပင်လယ်သားရဲများ အပြင်ဘက်မှ ပြေးဝင်လာကြသည်။ ဗလာဖြစ်နေသော ပင်မခန်းမကို မြင်သောအခါ သူတို့အားလုံး တိတ်ဆိတ်သွားရ၏။ သံကြိုးများသည် မြေပြင်ပေါ်သို့ ပြုတ်ကျကာ အချို့မှာ အမှန်တကယ်ပင် ကျိုးသွားခဲ့ပြီ။ ကောင်းလျှို ကမန်းကတမ်း ပြေးချလာကာ သံကြိုးကို ဆွဲယူ၍ အမှုန့်ဖြစ်တဲ့အထိ လိမ်ပစ်လိုက်သည်။
"သူတို့ ဘယ်မှာလဲ?!!"
သူ့လက်အောက်ငယ်သားက “အရင်က ဒီမှာ ဘယ်သူမှ မရှိဘူး.... ဒါပေမဲ့ ငါတို့ အမြန်ပြေးလာလိုက်တာနဲ့ အဲဒီမိန်းကလေးတွေလည်း ဘယ်သူမှ မရှိတော့ဘူး”
ဖြောင်း!
ကောင်းလျှို ထိုလက်အောင်ငယ်သားရဲ့ ပါးကို ခပ်ပြင်းပြင်း ရိုက်ချပစ်လိုက်သည်။
"အားလုံး သတိထားကြ!! အဲဒီလူက အထဲမှာရှိနေရမယ်....သူက သူ့ကိုယ်သူ ဖုံးကွယ်ထားတာ!"
ကောင်းလျှို အော်ပြောပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ သူ့ခန္ဓာကိုယ်မှ ကောင်းကင်ဘုံသခင် နယ်ပယ်ရှိ ပင်လယ်သားရဲတစ်ကောင်၏ အစွမ်းထက်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။
မျက်လုံးတွေက တောက်ပလာပြီး လွတ်နေတဲ့ ပတ်ဝန်းကျင်ဆီသို့ လျင်မြန်စွာ ရှာဖွေနေသည်။ လုရွှမ် သူ့နှလုံးသားထဲက လှောင်ရယ်လိုက်မိ၏။ ကောင်းလျှိုက နတ်မီးနယ်ပယ်နဲ့ အတူတူနီးပါး ဖြစ်နေပြီ။ နတ်မီးနယ်ပယ်က လူသေးသေးလေး တစ်ယောက်က သူ့ကို အပြင်ထွက်စေချင်ရင်တော့ အိပ်မက်မက်နေတာပဲ။
"ကောင်းလျှို... တစ်ယောက်မှ မရှိဘူး အဲဒီလူက ထွက်ပြေးသွားတာများလား?"
ကောင်းလျှို ဟောက်ပြောပြီး မျက်ခုံးကို တွန်းချိုးလိုက်တဲ့အခိုက် နတ်မီးလုံးတစ်လုံး ပေါ်ထွက်လာသည်။ လုရွှမ်လည်း ကောင်းလျှိုဆီကနေ တခြားသော နတ်မီးများနှင့် အနည်းငယ် ကွဲပြားသည့် အလင်းရောင်ကို မြင်လိုက်ရသည်။
"မင်းပဲကိုး!"
ကောင်းလျှို ရုတ်တရက် အော်လိုက်ပြီး သူ့မျက်ခုံးကြားက နတ်မျှော်စင်မီးလုံးရဲ့ အလင်းတန်းကြီးက လုရွှမ်ဆီကို ပြေးထွက်သွားလေသည်။
လုရွှမ် အနည်းငယ် ထိတ်လန့်သွား၏။ ကောင်းလျှိုက တကယ်ကို အစွမ်းထက်လာတာပဲ။ သူက မှော်စွမ်းအားကို မြန်မြန်ဆန်ဆန် သန့်စင်ဖို့ နတ်မီးကိုတောင် သုံးနိုင်တယ်။
နတ်မီးနယ်ပယ်က လူအများစု၏ နတ်မီးလုံးများသည် ခိုင်ခံ့မှု မရှိတတ်တဲ့အပြင် ၎င်းတို့၏ နေ့စဉ်အလေ့အကျင့်မှာ နတ်မီးလုံးကို အားကောင်းစေရန်သာ ဖြစ်သည်။ ကောင်းလျှိုက နတ်မီးကို လက်နက်အဖြစ် ဘယ်လိုလုပ် ပစ်ရဲတာလဲ။
လုရွှမ် အလင်းတန်း ပြေးဝင်လာသော လမ်းမှ အမြန်ထွက်သွားပြီး လူလုံး ထွက်ပြလိုက်ရသည်။
"ကောင်းလျှို ဟွမ်ရီး... မတွေ့ရတာကြာပြီနော် ဒီလိုအခြေအနေမျိုးမှာ ငါတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ထပ်တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး။ ပင်လယ်သားရဲတွေအစား မင်းတို့က သူတို့ဆီမှာ ခွေးတွေလို ပြုမူနေတာကို မြင်ရတာတော့ သနားစရာပဲ!"