ကိုယ်ခံစွမ်းအား
Vol. 82 Ch. 4.747
ကောင်းလျှို ဟွမ်ရီးကို တစ်ချက် ကြည့်လိုက်ပြီး နှစ်ယောက်စလုံး မျက်နှာများ နီရဲသွားကြသည်။
သူတို့နှစ်ဦးသည် မိမိတို့ကိုယ်ကို ပင်လယ်သားရဲများအဖြစ် အမြဲမှတ်ယူကြပြီး လူသားမျိုးနွယ်ကို အဝတ်မပါဘဲ လျှောက်သွားနေတဲ့ လူတွေဖြစ်ကြောင်း ရှုံ့ချကြသည်။ ယခုတော့ လုရွှမ်က သူတို့မျက်နှာကို ဖြတ်ရိုက်လိုက်ပြန်တာကြောင့် သဘာဝအတိုင်း အသားများ ပူလောင်လာတော့သည်။
"ဟမ့် ဒီလူတွေ ဘယ်ရောက်သွားတာလဲ? မင်း သူတို့အားလုံးကို ကယ်ခဲ့တာလား"
ကောင်းလျှို မေးလိုက်၏။ လုရွှမ်ကတော့ ပခုံးတွန့်လိုက်ပြီး။
"မသိဘူး ငါလာတုန်းက ဘယ်သူမှ မရှိတော့ဘူး မင်းမယုံဘူးဆိုတာ ငါသိတယ်... ဟုတ်တယ် ငါ သူတို့ကို လာကယ်တာ... ငါ့ကို လာဖမ်းတော့လေ ဟားဟားဟား"
"လုရွှမ် မာနသိပ်ကြီးမနေနဲ့"
ထိုအခိုက် အနောက်မှ လူများစွာလည်း ပြေးလာပြီး အော်ဟစ်လာ၏။
"ကောင်းလျှို ဟွမ်ရီး.... ထျန်းရှား အပြင်မှာ ဒုက္ခရောက်အောင် လုပ်နေတယ်!"
"ဟားဟား... သံဖိနပ်ကို ဖြတ်ပြီး နေရာရှာဖို့ တကယ်ကို အားထုတ်စရာ မလိုတော့ဘူးပဲ... လှောင်အိမ်ထဲမှာ ကြုံတွေ့ခဲ့ရတဲ့ အရှက်တရားတွေကို ဒီတစ်ခါ မင်းတို့ကို ဖမ်းမိလို့ကတော့ နှစ်ဆ ပြန်ပေးဆပ်ရမယ်!"
"ဟွမ်ရီး အတူတူချရအောင်!"
ကောင်းလျှိုမှာ စိတ်ကြီးဝင်နေသော်လည်း ရန်သူကို လျှော့မတွက်ဝံ့ပေ။ သူသည် ထျန်းရှားကို လျှို့ဝှက်တိုက်ခိုက် ရဲသော်လည်း လုရွှမ် ဘယ်လောက် တန်ခိုးကြီးသလဲ သူမသိသောကြောင့် ဟွမ်ရီးအား ပူးပေါင်းရန် ဖိတ်ကြားခဲ့သည်။
ဒါက ဗီလိန်စစ်စစ် ဖြစ်သော်လည်း သူတို့ သတိထားရသော ဗီလိန်တစ်ယောက် ဖြစ်သည်။ လုရွှမ်ရဲ့ အနေအထားကလည်း လေးနက်လာ၏။ သူ့အသက်ရှူသံများက တဟုန်ထိုး ထွက်လာကာ သတိမမူဝံ့ပေ။
လှောင်အိမ်ထဲမှာ သူတို့နှစ်ယောက်က သူ့အတွက် ပြိုင်ဘက်မဟုတ်ပေ။ ယခုမူ ၎င်းတို့နှစ်ဦးစလုံးသည် နတ်မီးနယ်ပယ်သို့ ရောက်ရှိသွားကြပြီး ၎င်းတို့၏ ခွန်အားများသည် ခုန်ပျံကျော်လွှားကာ အရှိန်အဟုန်ဖြင့် တိုးမြင့်လာခဲ့သည်။
သူသည်လည်း ကောင်းကင်ဘုံသခင် နယ်ပယ်သို့ ဝင်ရောက်ထားခဲ့သော်လည်း မဟာသူတော်စင် နယ်ပယ်ကနေ ကောင်းကင်ဘုံသခင် အထိ တိုးတက်လာခြင်းမှာ သဘာဝအားဖြင့် မကောင်းလှပေ။ ကောင်းကင်ဘုံသခင်မှ နတ်မီးနယ်ပယ်သို့ တိုးတက်လာခြင်းက အစွမ်းထက်ပေ၏။
သူတို့ နှစ်ယောက်ဟာ လက်နက် မသုံးကြပေ။ အကြောင်းမှာ သူတို့နှစ်ဦး၏ လက်နက်များသည် သူတို့၏ ခြေသည်းများသာ ဖြစ်လေသည်။ ၎င်းတို့သည် အလွန် ထက်မြက်လှသည်။ အထူးသဖြင့် ထျန်းရှားရဲ့ ရုပ်ပိုင်းဆိုင်ရာ ခုခံကာကွယ်မှုကို ဤခြေသည်းများမှ တစ်ဆင့် ဖြတ်ကျော်နိုင်လေသည်။
လုရွှမ်သည် ဓားတစ်ချောင်းကို ပေါ့ပေါ့ဆဆ ထုတ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"ဒါက ငါတို့လူသားနဲ့ မင်းတို့ ပင်လယ်သားရဲတွေကြားက ခြားနားချက်ပဲ.... ငါတို့က မင်းတို့အရူးနှစ်ကောင်လိုခန္ဓာကိုယ်ကို သုံးမယ့်အစား လက်နက်တွေ သုံးပြီး ဦးနှောက်ကိုလည်း သုံးကြတယ်"
"သေလိုက်တော့!"
သူတို့နှစ်ယောက်က တစ်ချိန်တည်းမှာ တစ်ယောက်က ဘယ်ဘက်ကနေ တစ်ယောက်က ညာဘက်က ပြေးလာကာ လုရွှမ်အား တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြသည်။
ခြေသည်း လှုပ်ရှားမှုများက ပြင်းထန်လာပြီး သူတို့နှစ်ဦး၏ နောက်တွင် အရိပ်တစ်ခုစီက တစ်ချိန်တည်း ပေါ်ထွက်လာခဲ့သည်။ အလင်းရောင်အောက်က အရိပ်တစ်ခုလို ထင်ရပေမယ့် ပုံစံကလုံးဝကို ကွဲပြားပြီး အငွေ့အသက်ကလည်း မတူချေ။
ကောင်းလျှိုရဲ့ အနောက်မှာ ပြထားတဲ့ အရိပ်က နဂါးနဲ့တူပေမယ့် သူ့မှာ ဦးချိုတော့ မပါပေ။ ခန္ဓာကိုယ်က သေးသွယ်ပြီး အနည်းငယ် ကွေးနေကာ ခြေဖဝါးလေးခုသည် ခန္ဓာကိုယ်အနှံ့ ဆံထုံးလို ဖြစ်နေသောကြောင့် အထူး ထူးကဲလှသည်။
ဟွမ်ရီးဘက်မှ အရိပ်ကတော့ ပိုရိုးရှင်းပါသည်။ ၎င်းက ကျားတစ်ကောင်နှင့် တူသော်လည်း ပို၍သန်မာသည်။
ထိုလူနှစ်ယောက်၏ မျက်ခုံးများကြားတွင် နတ်မီးအနည်းငယ် တောက်လောင်နေသဖြင့် လုရွှမ် ထိုလူကို မမြင်နိုင်တော့မှာကို သိသိသာသာ ကြောက်နေမိသည်။
ခြေသည်းနှစ်ချောင်းသည် လုရွှမ်ဆီသို့ လေလှိုင်းနှစ်ခုကဲ့သို့ ဖြတ်ကျော်သွားသည်။ သူတို့နှစ်ယောက်ကို သက်ညှာနေတာက သေခြင်းတရားကို ရှာဖွေခြင်းပင် ဖြစ်သည်။ အောင်နိုင်သည်ဖြစ်စေ မတိုက်နိုင်သည်ဖြစ်စေ မျှော်စင်နယ်ပယ်မှ သခင်တစ်ဦးကတော့ အချိန်မရွေး ဤနေရာတွင် ပေါ်လာနိုင်သည်။ သူပေါ်လာပါက ကံမကောင်းနိုင်တော့ပေ။
လုရွှမ် ၎င်းတို့နှစ်ဦးကို ရပ်တန့်ရန် ဓားစွမ်းအင်နှစ်ချက်ကို ပေါ့ပေါ့တန်တန် အသုံးပြုခဲ့သည်။ တစ်ဆက်တည်း သူ့ခြေဖဝါးအောက်ရှိ လေသည် တဖျပ်ဖျပ်ခတ်သွားကာ ရုတ်တရက် အရှိန်မြှင့်၍ သူတို့နှစ်ဦးကြားမှ အပြေးအလွှား ထွက်သွားရန် ကြိုးစားခဲ့သည်။
ကောင်းလျှိုနဲ့ ဟွမ်ရီးတို့လည်း ဓားစွမ်းအင်များ ထွက်ပေါ်လာတာကို တွေ့လိုက်ပါသည်။
နှစ်ယောက်စလုံး၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အမြွက်များ ပြသနေကြ၏။ ယခုအချိန်တွင် ခုခံရန် လက်နက်များကို မသုံးကြပေ။ သူတို့နယ်ပယ်များ တိုးတက်လာတာနဲ့အမျှ သူတို့အင်အားသည်လည်း အလွန်တိုးတက်လာပြီး ယုံကြည်မှုလည်း အလွန်တိုးလာခဲ့သည်။
"လုရွှမ်... အခု မင်းဘယ်ကို ပြေးဦးမလဲ ကြည့်ရသေးတာပေါ့"
ကောင်းလျှိုက အော်ဟစ်ရင်း လုရွှမ် အပြေးအလွှား ထွက်သွားတော့မယ့် နေရာသို့ မျက်နှာမူရင်း သူ့လက်သည်းတွေကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းဆိုသလို အေးစက်နေတဲ့ အလင်းတန်းတွေကို ဆွဲထုတ်လိုက်က ငါးဖမ်းပိုက်များက လုရွှမ်ကို ဖုံးအုပ်ပစ်လိုက်လေသည်။
ဟွမ်ရီးလည်း ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ပြီး လုရွှမ်ရဲ့လမ်းကို ပိတ်ဆို့ကာ ထွက်ပြေးချင်နေသည့် ရည်ရွယ်ချက်ကို တားဆီးလိုက်သည်။
ဒီလူနှစ်ယောက်လည်း ဒီအချိန်မှာ လုရွှမ် လွတ်သွားလို့ မဖြစ်တဲ့ အခြေအနေကို သိကြပါသည်။
လုရွှမ် အတွေးထဲမှ လှောင်ပြောင်မိလေသည်။ ဒီနှစ်ယောက်က သူ့ကို ဒီလောက် လွယ်လွယ်နဲ့ ဖမ်းမိနိုင်မယ်လို့ ထင်နေတာလား။ ဒီလောက်လွယ်နေရင် သူ့ကို အရင်ကတည်းက ဖမ်းမိသွားပြီ။
လုရွှမ် လက်ဖဝါးပေါ်က အလင်းရောင်တစ်ခု လင်းထိန်သွားသည်။ လုရွှမ်ဟာ ဒီပင်လယ်သားရဲ နှစ်ကောင်နဲ့ အချိန်ဖြုန်းနေဖို့ ရည်ရွယ်ချက် မရှိပေ။ သူသည် စိတ်ဝိညာဉ်ထဲရှိ မန်ဟွမ်နတ်ဘုရားမျှော်စင်ရဲ့ အရိပ်အာဝါသကို တိုက်ရိုက်စုစည်းလိုက်သည်။
ကောင်းကင်ဘုံသခင် နယ်ပယ်ထဲသို့ ဝင်ရောက်ပြီးနောက် သူ့ရဲ့ ယွမ်ယန်ကျင့်စဥ်ဟာလည်း ပဉ္စမအဆင့်သို့ ဝင်ရောက်သွာခဲ့သည်။ ရုပ်ခန္ဓာပဲဖြစ်ဖြစ်၊ စိတ်ဝိညာဉ်ပဲဖြစ်ဖြစ် သူ့ရဲ့ ထိန်းချုပ်မှုနိုင်က အရမ်းတိုးလာပါပြီ။
အရင်တုန်းကတော့ ဒီမန်ဟွမ်ရဲ့ အရိပ်အယောင်ကို စုစည်းဖို့ ရွှေဒြပ်စင် နတ်ပုတီးစေ့ရဲ့ အကူအညီကို ရယူခဲ့ပေမယ့် အခုက အတွေးတစ်ခုနဲ့တင် အရာအားလုံးက လွယ်ကူရိုးရှင်းသွားပြီ။
ယွမ်ယန်ကျင့်စဥ်ရဲ့ အဆင့် မြင့်မားလေ ခန္ဓာကိုယ် အတွင်းရှိ ယွမ်စွမ်းအင်များသည် သဘာဝအတိုင်း ပိုသန့်စင်လာလေ ဖြစ်သည်။ လုရွှမ်ကို အံ့အားသင့်စေသည့် အရာမှာ ရွှေဒြပ်စင်နတ်ပုတီးစေ့ကို အတင်းအကျပ် ပိတ်လိုက်ပြီးနောက်တွင် သူနှင့်အနည်းငယ်ပို၍နီးစပ်လာသလို ခံစားလိုက်ရသည်။ ၎င်းကိုအသုံးပြုသောအခါတွင် ယခင်ကဲ့သို့ လိုက်ဖက်မညီသော ခံစားချက်မျိုး မရှိတော့ပေ။
ဤအခိုက်အတန့်တွင် မန်ဟွမ်နတ်ဘုရားမျှော်စင်၏ ရောင်ဝါနှင့် ရွှေဒြပ်စင်နတ်ပုတီးစေ့တို့ရဲ့ ပေါင်းစပ်မှုအောက်မှာ သူ့ဓားက သာမန် ဆန်းကြယ်အဆင့် လက်နက်တစ်ခုမျှသာ ဖြစ်သော်လည်း ၎င်းသည် မှော်ဆန်သည့်အလင်းရောင်ကို အမှန်တကယ် ထုတ်လွှတ်လိုက်လေသည်။
ရွှေဒြပ်စင်နတ်ပုတီးစေ့ရဲ့ အရှိန်အဝါက ပြင်းထန်လှသည်။ လုရွှမ် စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားဖြင့် လက်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော ဓားရောင်ဝါက ပြေးထွက်သွား၏။ လုရွှမ်မှာ ဓားပျံတစ်စင်း အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဓားနှင့် တစ်ခုတည်းလို ပေါင်းစပ်သွားပြီး ကောင်းလျှိုနဲ့ ဟွမ်ရီးတို့ရဲ့ ဝန်းရံမှုကို လုံးဝ လျစ်လျူရှုကာ အရှေ့သို့ တိုက်ရိုက်ပြေးသွားခဲ့သည်။
သူတို့ နှစ်ယောက်မှာ တုံ့ပြန်ဖို့ အချိန်တောင် မရှိလိုက်ပေ။
"နှုတ်ဆက်ပါတယ်..."
လုရွှမ် လက်ပြနှုတ်ဆက်ကာ လှပစွာ ထွက်ခွာသွားလေသည်။
အပြင်မှာ ဒီလောက်ကြီးကျယ်တဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေတာကို မြင်ရတော့ ဓားနတ်ဆိုးတို့ သုံးယောက်လည်း လုရွှမ် အထဲမှာ ဒုက္ခရောက်နေတယ် ထင်ပြီး ကယ်တင်ဖို့ ဝန်းရံချင်နေလေသည်။
အပြင်မှာ မျှော်စင်နယ်ပယ်က သခင်တွေ ပိုများသည်။ သူတို့ သုံးယောက်မှာ ထူးထူးခြားခြား လေ့ကျင့်မှုတွေ ရှိပေမယ့် မျှော်စင်နယ်ပယ်က သခင်တွေနဲ့ ရန်သူဖြစ်ချင်ရင်တော့ သေမင်းကို လက်နဲ့ သွားပုတ်သလို ဖြစ်နေလိမ့်မည်။
"သူ့ကို တားလိုက်!"
ကောင်းလျှို အော်ဟစ်လိုက်၏။ ပင်လယ် နန်းတော်ရဲ့ အစောင့်တွေဟာ ကျယ်လောင်တဲ့ ညွှန်ကြားချက်တွေနဲ့ အတူ တားဆီးလိုက်လေသည်။
လုရွှမ်၏ ကိုယ်ခန္ဓာသည် ယခုအချိန်တွင် ဓားတစ်လက်ကဲ့သို့ ဖြစ်နေပြီမလို့ သူ့အရှိန်မှာ အလွန် လျင်မြန်နေသည်။ သူသည် ဓားလှုပ်ရှားမှုကို ထိန်းချုပ်ရန် သူ့ဝိညာဉ်ကို လုံးလုံးလျားလျား အသုံးပြုထားသည်။ ထို့ကြောင့် ပင်လယ်သားရဲများ၏ ဝန်းရံမှုကို ရှောင်ရှားရန်လည်း အလွန်လွယ်ကူပါသည်။
“ကောင်လေး...ရပ်စမ်း!”
လူတစ်ယောက်က ပြင်းပြင်းထန်ထန် အသက်ရှုကြပ်စေသည့် အသံဖြင့် ဟစ်အော်လိုက်၏။
လုရွှမ် မစဉ်းစားဘဲ နှလုံးစားပိတ်ပင်မှုကို အသက်သွင်း လိုက်သော်လည်း တစ်ဖက်လူက ထိခိုက်မှုလုံးဝမရှိပေ။ လုရွှမ် မမျှော်လင့်ထားချေ။ တစ်ဖက်လူရဲ့ လက်ဖဝါးမှ ခွန်အားများ လုံးဝ မလျော့သွားပေ။
လုရွှမ် အံ့အားသင့်သွားသည်။ အခုလို အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤလူသည် နှလုံးစားပိတ်ပင်မှုဖြင့် လုံးဝ မထိခိုက်ခဲ့ပေ။ လုရွှမ် လျင်မြန်စွာ လှည့်၍ ထွက်သွားကာ လူဓားရိုး ပေါင်းစပ်မှု အခြေအနေ ပျောက်ကွယ်သွားကာ ကောင်းကင်မှ လဲကျသွားခဲ့သည်။
တစ်ဖက်လူက အံ့သြတကြီး အော်ဟစ်ရယ်မောရင်း။
"မင်းရဲ့ နှလုံးစားပိတ်ပင်မှုက ငါ့အပေါ် သက်ရောက်မှု မရှိဘူး... မင်းရဲ့ နှလုံးစားပိတ်ပင်မှုက ငါ့အပေါ် သက်ရောက်မှု မရှိတော့ဘူးကွ! ဟားဟားဟား!"
သူက ရယ်မောပြီး လုရွှမ်အား စိတ်လှုပ်ရှားစွာ တိုက်ခိုက်တော့သည်။ နှလုံးစားပိတ်ပင်မှုသည် သူတို့ခေါင်းကို အချိန်မရွေး ပြတ်ကျသွားစေနိုင်သည့် ဓားတစ်လတ်လို ရှိနေခဲ့လေသည်။