← Chapters

နတ်တောင်တန်းရဲ့ စွမ်းအား

Vol. 82 Ch. 4.748

နတ်တောင်တန်းရဲ့ စွမ်းအား

Vol. 82 Ch. 4.748

သူတို့သည် ပထမတော့ မယုံကြည်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ၎င်းတို့သည် အမှန်တကယ်ပင် တားမြစ်ချက်အောက်တွင် ရှိနေကြောင်း သိရှိလာခဲ့သည်။ ဤတားမြစ်ချက်ကို တွန်းကန်ချင်နေသူ၏ ကြေကွဲဖွယ် အခြေအနေကို မြင်ခဲ့ရသည်။

ဒီထိန်းချုပ်နိုင်တဲ့ နည်းလမ်းက သူတို့နှလုံးနဲ့ ဝိညာဥ်ကို ပိတ်ပင်ထားနိုင်တဲ့ အတွက် အလွန်ခံပြင်းခဲ့ကြသည်။ လုရွှမ်ကို အသက်ရှင်လျက် မျိုချပစ်ဖို့ပင် မစောင့်နိုင်တော့ပေ။ အရင်ကတော့ သူက ဘယ်သူလဲဆိုတာ မမြင်ခဲ့ပေမယ့် လုရွှမ် ဆိုတာ တွေ့လိုက်ရတော့ ထိတ်လန့်သွားခဲ့သည်။

ထိုအချိန်တွင် လုရွှမ်က သူ့စိတ်ဝိညာဉ်ကို ထိန်းချုပ်ဖို့ အစပျိုးခဲ့တာကို တွေ့လိုက်ရသော်လည်း ၎င်းက သူ့အပေါ် အသုံးမဝင်ခဲ့ပေ။ ကျွန်းပေါ်ရောက်တုန်းက အားလုံးကို ရှင်းရှင်းလင်းလင်း ကြားခဲ့ပြီးသား ဖြစ်သည်။

ဤတားမြစ်ချက်သည် တချို့လူများအတွက် အလွန်အန္တရာယ် များသော်လည်း အချို့လူများအတွက်မူ ၎င်းသည် အလွန်အန္တရာယ် မရှိသည့်အပြင် အကျိုးသက်ရောက်မှုပင် မရှိပေ။ ဤလှောင်အိမ်လူသားသည် သူ့ကိုယ်သူ ကံကောင်းသူတစ်ယောက် ဖြစ်လာရန် မမျှော်လင့်ထားပေ။

"မြန်မြန် သူ့ကို ဖမ်းလိုက်စမ်း! မသေ​စေနဲ့ ငါ အရှင် လိုချင်တယ်!"

တခဏချင်းမှာပဲ သူ့စိတ်ထဲမှာ အကြံတစ်ခု ရလာခဲ့သည်။ သူသည် နှလုံးစားပိတ်ပင်မှုကို ခုခံနိုင်သောကြောင့် လုရွှမ်က သူ့အတွက် သဘာဝအတိုင်း အန္တရာယ်မရှိပေ။ ၎င်းသည် အန္တရာယ်မရှိရုံ သာမက အကျိုးကျေးဇူးများစွာလည်း ရှိလာ​ပြီ။

ဒီကောင်ကို ဖြုတ်ချပြီး နှလုံးစားပိတ်ပင်မှု နည်းလမ်းကို ယူရမည်။ ပြီးရင် တခြားသူတွေကို ပြန်ထိန်းချုပ်လို့ ရပြီလေ။ လုရွှမ်မှာလည်း သူ့ကံက အရမ်းဆိုး​နေမယ်လို့ မမျှော်လင့်ထားပါဘူး။

သူ့ခမျာ ခုခံအားရှိသော လူတစ်ဦးကို သွားတွေ့ခဲ့သည်။ သူဒီမှာ ဆက်နေဖို့ ဘယ်လိုလုပ် သတ္တိရှိနိုင်​တော့မလဲ။ ဓားစွမ်းအင်ကို အဆက်မပြတ် တိုက်တွန်းပြီး လမ်းပေါ်က ထွက်ပြေးချင်လာသည်။

ကောင်းလျှိုနဲ့ ဟွမ်ရီးတို့သည်လည်း သူ့နောက်က လိုက်နေကြ၏။ လုရွှမ်ရဲ့ ပြကွက်ကို ယခင်က မြင်ခဲ့ကြသော်လည်း လှောင်အိမ်လူသားက လုံးဝ မတုံ့ပြန်လာခဲ့ပေ။ ဒါကြောင့် နှစ်ယောက်သား လျင်မြန်စွာ တုံ့ပြန်လိုက်ကြပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ရာ နှစ်ယောက်သား၏ မျက်လုံးထဲတွင် မျှော်လင့်ချက် အရိပ်အယောင်ကို ကိုယ်စီ မြင်လိုက်ရသည်။

သူတို့က လုရွှမ်ကို အပြင်းအထန် တိုက်ခိုက်ပြီး ပြန်လည် ထိန်းချုပ်ချင်စိတ်တွေ ပေါ်လာသည်။ သူတို့က ဒီလှောင်အိမ်လူသားနဲ့ အရမ်းရင်းနှီးပါ၏။ လွန်ခဲ့သည့် လအနည်းငယ် အတွင်းက ၎င်းတို့ကို ပြုစုစောင့်ရှောက်ရန် ကူညီပေးခဲ့ဖူးသည်။

အဘိုးအိုကို ချောင်ရှိုးဟု ခေါ်သည်။ ချောင်ရှိုးသည် လုရွှမ်ကို အသက်ရှင်လျက် ဖမ်းဆီးရန် စီစဉ်ထားပြီးသား ဖြစ်သည်။ လုရွှမ်ကို ဖမ်းနိုင်သရွေ့ ချောင်ရှိုးသည် သူ့ကိုယ်ပိုင် လျှို့ဝှက်ချက်များကို မဖော်ထုတ်ဘဲ ထားလို့ရပြီ။

သူသည် တခြားအကျဉ်းသားများကို ကြောက်သောကြောင့် သူ့ခုခံနိုင်ကြောင်း ပေါ်သွားပါက ၎င်းတို့အား အကျိုးခံစားခွင့်အချို့ ပေးရမည်ဖြစ်သည်။ အဲဒဖိအချိန်တွင် ဝိညာဉ်ကို စုပ်ယူသည့် နည်းလမ်းအကြောင်း မေးမြန်းသောအခါ ချောင်ရှိုးသည် ဟွမ်ရီးတို့နှစ်ဦး ပါးစပ်ပိတ်သွားစေရန် ၎င်းတို့ထံ လွှဲပြောင်းပေးမည် ဖြစ်သည်။

လုရွှမ်သည် ရုတ်တရက် ပြေးဝင်လာသော ထိုလူနှစ်ယောက်ကို ကြည့်လိုက်ပေမယ့် သူတို့နှစ်ယောက်၏ အစီအစဉ်ကို မသိသေးပေ။ ဒါပေမဲ့ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အရေးမကြီး​တော့ပါဘူး။ အခု အရေးတကြီးဆုံး အလုပ်က အရင်လွတ်မြောက်ဖို့ပဲ။

ဒီနေရာမှာ ဆက်လက် ကြာနေပါက နောက်ထပ် လှောင်အိမ်လူသား ကျွမ်းကျင်သူများပါ အလျင်စလို ရောက်လာလိမ့်မည်။ လုရွှမ်၏ မျက်လုံးများက အရပ်လေးမျက်နှာကို ကြည့်နေကာ နားကလည်း အရပ်၈မျက်နှာကို နားစွင့်ထားသည်။

တစ်ဖက်ကလည်း ထိုနှစ်ယောက်ရဲ့ တိုက်ခိုက်မှုကို တွန်းလှန်ကာ ထွက်လမ်းကို အာရုံစိုက်နေသည်။ အပြင်ဘက်က ဆူညံသံက တဖြည်းဖြည်း လျော့လာပြီး ရလဒ်က နှစ်ခုရှိလာပြီ။ တစ်ခုမှာ ထျန်းရှားတို့သုံးယောက်သည် သည်းမခံနိုင်ဘဲ ထွက်ပြေးသွားကြပြီ ဖြစ်မည်။ နောက်တစ်ချက်မှာ အပြင်မှာ ဝိုင်းထားသူက များလွန်းသဖြင့် မတားနိုင်လုနီးပါး ဖြစ်နေသည်။ ဘယ်ဟာပဲဖြစ်ဖြစ် သူ့ရဲ့ အကူအညီကို လိုအပ်နေပြီ။

"သတိထား... သူဖြတ်တော့မယ်!"

ဟွမ်ရီးက အော်လိုက်ပြီး သူ့မျက်လုံးတွေက အေးစက်တဲ့ အလင်းရောင်နဲ့အတူ တောက်ပလာတော့သည်။ သူက လုရွှမ်ရဲ့ အစီအစဉ်ကို ပါးစပ်တစ်ဖက်တည်းနဲ့ ချိုးဖျက်လိုက်၏။ ပင်လယ်သားရဲများသည် တစ်ယောက်ပြီး တစ်ယောက် ရှေ့သို့ အရူးအမူး ပြေးပိတ်လိုက်​တော့သည်။

လှောင်အိမ်လူသား ချောင်ရှိုးသည် ထွက်ပေါက်တွင် ပိတ်ဆို့ထားပြီး သူ့ကို အချိန်မရွေး ဖမ်းရန် အသင့်ရှိထားသည်။ လုရွှမ် မတွန့်ဆုတ်ဝံ့တော့ဘဲ ဖီးနစ်သားရဲ၏ အနှစ်သာရ စွမ်းအင်နှင့် သွေးများကို ထုတ်ယူကာ တစ်ကိုက်တည်း မျိုချလိုက်သည်။

ဖီးနစ်အနှစ်သာရနှင့် သွေး၏ စွမ်းအင်ဟာ ယခင်က အသုံးပြုခဲ့တဲ့ ပုံစံနဲ့ မတူဘဲ ရေထဲစီးဝင်သွားသော မီးလုံး​လေးကဲ့သို့ပင် လုရွှမ် ပါးစပ်ထဲသို့ ဝင်ရောက်သွား၏။ မီးလုံးသည် အလွန်ပူပြင်းသော်လည်း ရေသည် လျင်မြန်စွာ ငုပ်လျှိုးသွားခဲ့သည်။

လုရွှမ်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ မနေနိုင်တော့ဘဲ သူ့တစ်ကိုယ်လုံးတွင် သွေးများ တဟုန်းဟုန်း တောက်လာကာ ကျောရိုးကို တစ်စုံတစ်ယောက်က သူ့ခန္ဓာကိုယ်မှ ဆွဲထုတ်​နေသလိုမျိုး နာကျင်နေရသည်။

စိမ်းပြာနဂါးသွေးသည် ဖီးနစ်အနှစ်သာရနှင့် သွေးနှင့် ထိတွေ့သွားတာကြောင့် မတူကွဲပြားသော စွမ်းအင်နှစ်ခုက ပေါင်းစပ်သွားသည်။ သို့နှင့် လုရွှမ်ခန္ဓာကိုယ်မှ ရက်စက်ကြမ်းကြုတ်သော စွမ်းအားတစ်ခု ပြေးထွက်လာသည်။

နဂါးသွေးနှင့် ဖီးနစ်သွေးတို့ကို တစ်ခုတည်း ပေါင်းစပ်ပစ်လိုက်သည်။

လုရွှမ်သည် နဂါးသွေးနှင့် ဖီးနစ်သွေးများကို ပေါင်းစည်းလိုက်သောအခါ မည်သို့ အကျိုးသက်ရောက်မလဲ ဆိုတာကို မသိပေမယ့် ၎င်းသည် အစွမ်းထက်သော စွမ်းအင်ကို ကျိန်းသေပေါက် ထုတ်လွှတ်နိုင်မှာကိုတော့ သူကောင်းကောင်း သိသည်။

စွမ်းအင်က ပြင်းထန်လွန်းလို့ သူ့အသက်ကိုတောင် ပေါက်ကွဲသွားစေလိမ့်မည်။ နတ်တောင်တန်း မရှိလျှင် လုရွှမ် ထိုသို့သော သတ်သေနည်းကို ဘယ်သောအခါမှ မတွေးရဲလောက်ချေ။ နတ်တောင်တန်းရဲ့ အကျိုးသက်ရောက်မှုကတော့ သဘာဝအားဖြင့် လုံးဝ ကွဲပြားပါသည်။

လုရွှမ်သည် နတ်တောင်တန်းကို တိုက်ခိုက်ရန် သူ့စွမ်းအားဖြင့် အမိန့်ပေးလိုက်သော် နတ်တောင်တန်းသည် ရုတ်တရက် သူ့ခေါင်းထက်တွင် ပေါ်လာပြီး ရွှေဝါရောင် အလင်းများဖြင့် သူ့ကို ဖုံးအုပ်ထားလိုက်သည်။

"ဒါက ကမ္ဘာ့ရတနာလား?"

နောက်ဆုံးတော့ ချောင်ရှိုးသည် မျှော်စင်နယ်ပယ်က ကျင့်ကြံသူဖြစ်လို့ ဒါက ကမ္ဘာ့ရတနာ ဖြစ်ကြောင်း ကောင်းကောင်းသိသည်။

"မဟုတ်ဘူး ဒီရောင်ဝါက ဒီကမ္ဘာနဲ့ အရမ်းလိုက်ဖက်လွန်းတယ်... ဒါ ဝမ့်ရှန်းကမ္ဘာရဲ့ ကမ္ဘာ့ရတနာလား?"

ချောင်ရှိူး မယုံကြည်နိုင်စွာ ထပ်အော်လိုက်ပြန်သည်။ အားလုံး သိကြတဲ့အတိုင်း ဝမ့်ရှန်းကမ္ဘာမှာ နယ်နိမိတ် ရတနာတွေ မရှိပါဘူး။ ဒါက သူတို့ ငယ်စဉ်ကတည်းက လက်ခံထားတဲ့ အမှန်တရားပဲ။

ထို့ကြောင့် လုရွှမ်သည် ဝမ့်ရှန်းကမ္ဘာထဲက ကမ္ဘာ့ရတနာ တစ်ခုဖြစ်သည့် ကမ္ဘာ့ရတနာကို အမှန်တကယ် အသုံးပြုနေတာကို တွေ့လိုက်ရသောအခါတွင် အလွန် တုန်လှုပ်သွားခဲ့သည်။ အနောက်မှာတော့ ဟွမ်ရီးနဲ့ ကောင်းလျှိုတို့ရဲ့ မျက်လုံးတွေက လုံးဝကို ပြူးကျယ်သွားသည်။

ဘာလဲ? အဲဒါက ကမ္ဘာ့ရတနာလား?

အံ့သြစရာ မရှိတော့ပါဘူး။ လုရွှမ်မှာ အမှန်တကယ် ရတနာတစ်ခု ရှိနေတာပဲ။ သူ့ရဲ့ ရက်စက် ကြမ်းကြုတ်သော အရည်အချင်းများ အတွက် အဖြေရှိနေပြီးသားကိုး။ အဲဒါက ဒီကမ္ဘာ့ရတနာပဲ။

သူတို့နှစ်ဦးသည် လုရွှမ် အစွမ်းထက်နေကြတဲ့ အကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ခံစားလိုက်ရပြီး လုရွှမ် ဦးခေါင်းထက်က ကမ္ဘာ့ရတနာကို ပို၍ပင် မက်မောလာခဲ့ကြသည်။

လုရွှမ်သည် သူ့ခန္ဓာကိုယ်ထဲတွင် များပြားလှသော စွမ်းအင်များကို ခံစားလိုက်ရသော်လည်း ဤစွမ်းအင်ပမာဏက မလုံလောက်တော့တာကို တွေ့ရတော့ တုန်လှုပ်သွားမိသည်။

စိမ်း​ပြာနဂါးကြီးသည် အလွန်အစွမ်းထက်သော်လည်း ဖီးနစ်အနှစ်သာရနှင့် သွေးသည် မလုံလောက်သဖြင့် အချိန်များစွာ မရှိပေ။ သူသည် ဤနေရာတွင် ပုန်းအောင်းရန် သတ္တိမရှိတော့သဖြင့် လျင်မြန်စွာ ပြေးထွက်လာခဲ့သည်။

သူ့ကို ပိတ်ဆို့ထားတဲ့ လူတွေ အတွက်ကတော့ ဒီအချိန်မှာ လုရွှမ်ဟာ လုံးဝကြောက်ရွံ့ခြင်း မရှိ​တော့ဘဲ ပြေးလွှားသောင်းကျန်းနေ၏။

"ဘယ်သွားမလို့လဲ ကောင်လေး!"

ချောင်ရှိုးက လှမ်းအော်ပြီး အမြန်ထတားလိုက်သည်။ လုရွှမ်လည်း ဒေါသတကြီးနဲ့ ထိုသူ့ကို ဝင်တိုက်ပစ်သည်။

ချောင်ရှိုး ရယ်လိုက်ပြီး လုရွှမ်ကို လက်ဖဝါးတည်းဖြင့် ရိုက်ချလိုက်သည်။ ဒါက ကမ္ဘာ့ရတနာ ဖြစ်နေတယ်ဆိုရင် ကောင်းကင်ဘုံသခင် တစ်ယောက်က ၎င်းကို ထိန်းချုပ်ဖို့ ဘယ်လိုလုပ် တန်ခိုးရှိပါ့မလဲ။

သူက ကမ္ဘာ့ရတနာရဲ့ ရာခိုင်နှုန်း အနည်းငယ်ကိုသာ အသုံးချနိုင်လိမ့်မည်။

သူသည် လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို ခြေတစ်လှမ်းအကွာကို ရောက်တာနဲ့ ရိုက်ချလိုက်ပေသည်။ သူ့လက်ထဲက ရက်စက် ကြမ်းကြုတ်သော စွမ်းအင်က ပြေးထွက်သွားပေမယ့် တခဏချင်းမှာပဲ သူ့ခန္ဓာကိုယ်က တစ်စုံတစ်ယောက် ပစ်ချလိုက်တဲ့ ကျောက်တုံးလို အနောက်ကို လွင့်ပျံသွားပြီး ပင်လယ်နန်းတော်ရဲ့ ကျောက်နံရံကို ထိသွားလေသည်။

ကျောက်နံရံမှာ အပေါက်ကြီး တစ်ခုပင် ရိုက်ချိုးခံလိုက်ရသည်။

ကောင်းလျှိုနဲ့ ဟွမ်ရီးတို့ အားလုံးလည်း ထိတ်လန့်သွားကြသည်။ မျှော်စင်နယ်ပယ်မှ အဆင့်မြင့် လူပင်လျှင် ယခုလို အရိုက်ခံရတယ် ဆိုတော့ သူတို့တက်သွားလျှင် ကောင်းကောင်းကြီး အရိုက်ခံရတော့မှာ သေချာသည်။

သူတို့နှစ်​​ယောက်​ လိုက်​မ​လျှောက်​ရဲ​တော့ဘဲ လုရွှမ်ရဲ့ဆန္ဒကို ဖြည့်​ဆည်း​ပေးသည့် အနေဖြင့် အလျင်​အမြန်​ ထွက်​​ပြေးသွား​တော့သည်​။ သူတို့လည်း လုရွှမ်လမ်းကို ကြာကြာပိတ်ထားနိုင်မလား တကယ်​မသိ​ပေ။

"ဟမ့် ကမ္ဘာ့ရတနာ... မင်းကငါ့ကို ရိုက်တယ်ပေါ့လေ!!"

"ဘယ်ပြေးမလို့လဲ?"

လမ်းတစ်လျှောက်တွင် လုရွှမ်သည် လူများနှင့် သားရဲများကို ခုတ်ထစ်ပြီး သူ့အား တားဆီးရန် ရောက်လာသူတိုင်းကို အပိုင်းပိုင်း ဖြတ်ပစ်လိုက်သည်။ လုရွှမ်လည်း ထိုအခွင့်အရေးကို ယူပြီး အမြန် ထွက်ပြေးသွားခဲ့သည်။

All Chapters