ချိုးဖဲ့လိုက်
Vol. 82 Ch. 4.749
"ဟင် ဒီကောင်လေးက ဘာဝတ်ထားတာလဲ?"
"ဒါကမ္ဘာ့ရတနာပဲ!"
"ရောင်ဝါက ဒီကမ္ဘာရဲ့ စွမ်းအင်နဲ့ အရမ်းဆင်တူတယ်လို့ ခံစားရတယ်... ဒီကမ္ဘာက ရတနာတစ်ခု ဖြစ်နိုင်ပါ့မလား"
"ဒီကမ္ဘာမှာ ရတနာတွေ မရှိဘူးလို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား?"
လူတိုင်း သံသယစိတ်တွေ ပြည့်နှက်နေပြီး လုရွှမ်နောက်ကို အမြန်လိုက်လာကြသည်။ ကမ္ဘာ့ရတနာက ဘယ်ကပဲ လာနေပါစေ ကမ္ဘာ့ရတနာ ဖြစ်သရွေ့တော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခု ဖြစ်လာမှာ သေချာပါသည်။
ဒီလို ရတနာမျိုးကို တွေ့ရဖို့က မလွယ်တာကြောင့် အခွင့်အရေးရတုန်း ဖမ်းဆုပ်ထားသင့်သည်။
လုရွှမ် ပင်လယ်ဧရိယာ နန်းတော်မှ ပြေးထွက်လာစဥ် ဓားနတ်ဆိုးတို့ သုံးယောက်ကို ဝန်းရံထားသည့် လူအုပ်ကြီးကို ချက်ချင်း တွေ့လိုက်ရသည်။ ၎င်းတို့ သုံးဦးသည် အချင်းချင်း အားကိုးကာ အလယ်တွင် ကျောချင်းကပ်ထားကြ၏။
တစ်ယောက်ယောက်က သူတို့ သုံးယောက်ရဲ့ အသက်ကို မယူသေးဖို့ အမိန့်ပေးခဲ့တာ ဖြစ်မယ်။ မဟုတ်ရင် သူတို့ သုံးယောက် သေသွားတာကြာပြီ။ သို့သော် ယခု မသေသေးသော်လည်း ဆက်လက် ရပ်နေပါက သေခြင်းတရားနဲ့ ဝေးကွာတော့မည် မဟုတ်ပေ။
ဓားနတ်ဆိုးက သူ့လက်ကို အချိုးခံထားရသည်။ ထျန်းရှား၏ ဝမ်းဗိုက်အောက်ပိုင်းသည် အနီရောင်တောက်တောက် အရည်များ ထွက်နေကာ ကျားဖြူလေးသည်လည်း ယခုအချိန်တွင် ထပ်ခါတလဲလဲ ချောင်းဆိုးနေပြီး အတွင်းဒဏ်ရာများ ပြင်းထန်စွာ ခံစားနေရသည်။
လုရွှမ်မှာ သူတို့သုံးယောက်၏ ဆိုးရွားသော အခြေအနေကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများက ချက်ချင်း နီရဲသွားသည်။
သူတို့သုံးယောက်က အခု သူ့ကြောင့် လိုက်လာခဲ့တာ ဖြစ်ပေမယ့် သူ မထွက်လာသေးတာကြောင့် လုံးဝ မဆုတ်ဘဲ ဒီမှာ တောင့်ခံခဲ့ကြသည်။
“ငါ့လမ်းက ထွက်သွားစမ်း!”
လုရွှမ် ဟစ်အော်လိုက်ပြီး သူ့ခြေထောက်ကြီးတွေကို ရွှေ့ကာ အမြန် ပြေးထွက်လိုက်သည်။ ပင်လယ်သားရဲ တစ်စုသည် တိုက်ခိုက်လာသော မှော်လက်နက်ကို ရင်ဆိုင်လိုက်သော်လည်း လက်နက်များ၏ ပြန်ကန်ထွက်သံများ ထွက်လာသည်။
အမှန်မှာ နတ်တောင်တန်းသည် ခံနိုင်ရည်ရှိပြီး ၎င်း၏ကာကွယ်မှု စွမ်းအားသည်လည်း အံ့သြဖွယ် ကောင်းလှသည်။ ပင်လယ်သားရဲများ၏ ဤတိုက်ခိုက်မှုများသည် နတ်တောင်တန်းကို ထိမှန်သော်လည်း သူ့ကို လှုပ်ပင် မလှုပ်စေနိုင်ချေ။
လုရွှမ် သူ့ခန္ဓာကိုယ်အတွင်းက စွမ်းအင်များ လျင်မြန်စွာ ပျောက်ကွယ်သွားတော့မလို ခံစားလိုက်ရသည်။ နတ်တောင်တန်းရဲ့ စွမ်းအားများ မကြာမီ ကွယ်ပျောက်တော့မည်ကို သိသဖြင့် လုရွှမ်သည် သူတို့ သုံးဦးထံ “ငါ့ကို ယုံလိုက်... တွန်းလှန်မနေနဲ့” ဆိုပြီး ဟစ်အော်ဆိုလိုက်၏။
အာကာသကျောက်စိမ်းပြားထဲကို လူတွေ ထည့်ထားရတာ နည်းနည်းတော့ ခက်ပေသည်။ ၎င်းက ဘယ်လောက်ပဲ မှော်ဆန်နေပါစေ မှော်လက်နက် မဟုတ်သော သိုလှောင်နေရာ တစ်ခုသာဖြစ်သည်။
အာကာသကျောက်စိမ်းပြားထဲ လူများကို ထည့်သွင်းလိုပါက ၎င်းတို့၏ သဘောတူညီချက် လိုအပ်ပါသည်။ လုရွှမ် အခုရှင်းပြဖို့အချိန် မရှိတော့ပေ။ ထျန်းရှားတို့ဟာလည်း သူ့ကို ယုံကြည်တာကြောင့် ပင်လယ်သားရဲတွေရဲ့ ဝန်းရံမှုအောက်မှာ သူတို့ရဲ့ ခံစစ်တွေကို လျှော့ချပစ်လိုက်သည်။
နောက်ကွယ်တွင် နတ်မီးနယ်ပယ်များနှင့် လှောင်အိမ်လူသား များစွာတို့သည် ၎င်းတို့နောက်ကို လိုက်လာကြ၏။ ခေါင်းဆောင်မှာ လုရွှမ်ကြောင့် ကျောက်နံရံကို တိုက်ရိုက် ထိမှန်သွားသော ချောင်ရှိုး ဖြစ်သည်။ တစ်ဖက်လူမှာ မျက်နှာကြီး နီရဲလာပြီး ရှက်ရွံ့စွာ ဒေါသထွက်ကာ လုရွှမ်ကို သတ်ပစ်ချင်လာသည်။
အခွင့်အရေးက တစ်ကြိမ်သာ ရှိသည်။ သူတို့နှစ်ဦး တုံ့ဆိုင်းသွားသည်နှင့် နောက်အခိုက်အတန့်တွင် ဤလှောင်အိမ်သခင်များက ဝိုင်းရံခံသွားပေလိမ့်မည်။
လုရွှမ်ကတော့ တူညီသော လှုပ်ရှားမှုကို နှစ်ကြိမ် အသုံးမပြုတတ်ပေ။
ဘာကြောင့်လဲဆိုတော့ ရန်သူက သူ့အကွက်တွေကို ရင်းနှီးပြီးသားလေ။ အထူးသဖြင့် နတ်မီးနယ်ပယ်နဲ့ မျှော်စင်နယ်ပယ်က ဒီသခင်တွေဟာ ငတုံးတွေ မဟုတ်ကြပေ။
ဒီလူတွေရှေ့မှာ တူညီတဲ့ လှုပ်ရှားမှုကို နှစ်ခါသုံးမလား? ဒါဆိုရင်တော့ သေမင်းကို ရှာနေတာပဲ ဖြစ်သွားလိမ့်မည်။
လုရွှမ် ကျောက်စိမ်းပြားကို လှုပ်ရှားလိုက်သည်နှင့် ထျန်းရှားတို့ ပျောက်ကွယ်သွားပြီး ကျောက်စိမ်းပြားထဲကို ဝင်သွားကြသည်။ ကျားဖြူလေး အတွက်ကတော့ စိတ်ပူစရာ မလိုပေ။ သူအက ကျောက်စိမ်းပြားထဲကို တိုက်ရိုက်ပဲ ဝင်ရောက်သွား၏။
လုရွှမ် သက်ပြင်းတစ်ချက်ချကာ သူ့ရှေ့က ပင်လယ်သားရဲ တစ်ကောင်ကို အလျင်အမြန် ခေါက်ချလိုက်သည်။ သူ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားတွေ တဟုန်ထိုး တက်လာပြီး နှလုံးစားပိတ်ပင်မှုကို ပြင်းပြင်းထန်ထန် အသက်သွင်းပြီး အဝေးကို ပြေးထွက်သွားခဲ့သည်။
"အား...."
ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ လှောင်အိမ်လူသားတွေလည်း အံ့သြတကြီးနဲ့ သိလိုက်ရတာက သူတို့ပြောနေကြတဲ့ နှလုံးစားပိတ်ပင်မှုက တချို့လူတွေအပေါိ သက်ရောက်မှု ရှိသော်လည်း တချို့အတွက်ကတော့ ကြောက်စရာ မရှိပါဘူး။
လုရွှမ်သည် ထိုအချိန်က သူ၏ အကန့်အသတ်ရှိသော ကျင့်ကြံမှု စွမ်းရည်ကြောင့် နှလုံးစားပိတ်ပင်မှုကို သိပ်မသုံးနိုင်သေးကြောင်း သိပါ၏။ ဒါကြောင့် ယခုအခြေအနေက ပုံမှန်ပဲ ဖြစ်သည်။
ဒါပေမဲ့ ဒီအချိန်မှာ သူတို့ကို ရပ်တန့်နိုင်စေဖို့အတွက် သူသိပ်ဂရုမစိုက် နိုင်တော့တဲ့အတွက် သူ့ကိုယ်သူ ဖော်ထုတ်ခဲ့ရသည်။
သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေ ရုတ်တရက် ပျောက်ကွယ်သွားတော့ လုရွှမ် သူ့ခေါင်းထက်က နတ်တောင်တန်းဟာလည်း သူ့ခန္ဓာကိုယ်ထဲကို အလိုအလျောက် ပြန်ဆုတ်သွားကြောင်း ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ်ထဲရှိ ဖီးနစ်သွေးသည် စိမ်းပြာနဂါး၏ သွေးထဲမှ ရုတ်တရက် ကွဲထွက်သွားပြီး ဆိုးရွားစွာ ပျက်စီးသွားပုံရသည်။
လုရွှမ် အနည်းငယ် စိတ်ဆင်းရဲသွားသည်။ ၎င်းသွေးကို ယခုလို သုံးလိုက်ရတာက အမှန်တကယ်ပင် ဖြုန်းတီးလွန်းရာ ကျလှသည်။ သို့သော်လည်း ဤအခြေအနေတွင် ဖီးနစ်သွေးကို သုံးရန်မှတပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
"သူ့ကာကွယ်မှု ပျောက်သွားပြီ... သူ့ကို ဖမ်းကြ!!"
"သူ့ခွန်အားတွေ ကုန်သွားပြီကွ သတ်!!"
ထိုလူတွေက လှိုင်းလုံးကြီးများနှယ် လုရွှမ်နောက်ကို ပြေးလိုက်ကြသည်။ လုရွှမ်ဆီက နတ်တောင်တန်းနဲ့ လူသုံးယောက် ရုတ်တရက် ပျောက်ဆုံးသွားခြင်း နောက်ကွယ်မှ လျှို့ဝှက်ချက်ကို သိချင်လာသည်။
အထူးသဖြင့် ကောင်းလျှိုနှင့် ဟွမ်ရီးတို့သည် ယခုအချိန်တွင် လှောင်အိမ်သခင်များထက် လုရွှမ်ကို ပိုမက်မောနေကြပြီ။ နှိုင်းယှဥ်ကြည့်လျှင် စိတ်ဝိညာဉ်ကို စုပ်ယူသည့် နည်းလမ်းသည် အမှန်တကယ်ပင် မှော်ဆန်သော်လည်း လုရွှမ်ရဲ့ လျှို့ဝှက်ချက်နှင့် နှိုင်းယှဉ်ပါက ၎င်းသည် လုံးဝနှိုင်းယှဉ်၍ပင် မရပေ။
ကျောက်စိမ်းပြားထဲက ဓားနတ်ဆိုးနဲ့ ထျန်းရှားတို့လည်း အလွန် ထိတ်လန့်သွားကြသည်။ နေ၊ လနဲ့ ကြယ်တွေကလွဲရင် အရာအားလုံး ရှိနေ၏။ ထိုအခိုက် ရွှေကျီးကန်းနဲ့ ရားရားတို့ ပေါ်လာပြီး ကျားဖြူလေး က သူတို့ကို အမြန်မိတ်ဆက်ပေးလိုက်သည်။
သူတို့နှစ်ဦးကလည်း မတုံးတာကြောင့် မေးခွန်း ထပ်မမေးတော့ဘဲ ရွှေကျီးကန်းကို ကျေးဇူးတင်စကား ဆိုလိုက်သည်။ ထို့နောက် အချို့သော စွမ်းအင် သလင်းကျောက်များဖြင့် ၎င်းတို့၏ စွမ်းရည်များကို ပြန်လည်ရရှိရန် ကုသကြလေ၏။
ရွှေကျီးကန်းသည် သူ့ကိုယ်သူ ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလေသည်။ လုရွှမ် မိတ်ဖွဲ့ခဲ့သော သူငယ်ချင်း နှစ်ယောက်သည် အလွန်ကောင်းလို့ ကယ်ရကျိုးနပ်ပါသည်။
သူတို့နှစ်ယောက်ရဲ့ စရိုက်က အဆင့်အတန်း မမီဘူးဆိုရင် ဒါကိုမြင်ပြီးနောက် လောဘနည်းနည်း ကြီးလာနိုင်တယ်။ ဒါဆိုရင် ရွှေကျီးကန်းဆိုတဲ့ လူက သူတို့နှစ်ယောက်ကို သတ်ပစ်ရလိမ့်မယ်။ သူတို့ လုရွှမ်ဆီက ကွဲသွားရင် ကျောက်စိမ်းပြားရဲ့ တည်ရှိမှုကို ခြိမ်းခြောက်လာလိမ့်မယ်။
"ကျီးဖိုးဖိုး... အခုကျွန်တော့်နောက်မှာ မျှော်စင် နယ်ပယ် သခင်တွေ အများကြီးရှိတယ်... ဘယ်လိုလုပ်ရမလဲ"
လူနှင့်ဓား ပေါင်းစပ်ခြင်း သို့မဟုတ် အခြားလှုပ်ရှားမှုများ ဖြစ်စေ ဘယ်သိုင်းကွက်ဖြစ်ဖြစ် သူ့နောက်ကွယ်မှ လှောင်အိမ်သခင်များ လက်မှ ဘယ်သောအခါမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သိလိုက်သည်။ ဖီးနစ်အနှစ်သာရနှင့် သွေးသာ မပျက်စီးခဲ့ပါက ဘေးကင်းစွာ ထွက်ခွာသွားနိုင်လိမ့်မည်။
ဒါပေမဲ့ အရင်ကတော့ နတ်တောင်တန်းရဲ့ စွမ်းအားကို မြှင့်တင်ဖို့ ဖီးနစ်သွေးကို အသုံးပြုခဲ့ရပြီး အခုချိန်မှာတော့ ရွှေကျီးကန်းဆီက အကြံဥာဏ်ကောင်းတွေ ရလာမယ်လို့ မျှော်လင့်တာကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ပေ။
"အခုတော့ ပုန်းရုံပဲ ရှိတော့တယ်"
"ပုန်းရမယ်? ဘယ်မှာ ပုန်းရမှာလဲ?"
မျှော်စင်နယ်ပယ်တွေနဲ့ ခွန်အားနဲ့ဆို သူ ကျောက်စိမ်းပြားထဲမှာ ပုန်းနေပါက သူ့ကို သေချာပေါက် ရှာတွေ့သွားလိမ့်မည်။ အဲဒီအချိန်ရောက်ရင် အရာအားလုံး ပြီးသွားမည်ဖြစ်ပြီး ကျောက်စိမ်းပြား နေရာသည်လည်း ထင်ရှားလာပေလိမ့်မည်။
"မှန်တယ်... ငါတို့ နောက်ဆုံးနည်းလမ်းကို သုံးရမှာ အရင်က ကျောက်စိမ်းပြားရဲ့ အပိုင်းအစ တစ်ခုကို တွေ့ခဲ့တယ် မဟုတ်ဘူးလား ဖောက်ခွဲလိုက်!"
ရွှေကျီးကန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။ လုရွှမ်ရဲ့ နှလုံးသားက တုန်လှုပ်သွားသည်။ ရွှေကျီးကန်း၏ မျက်လုံးထဲတွင် ထိုကျောက်စိမ်းပြားရဲ့ တည်ရှိမှုက သူ့အသက်လိုပဲ ဆိုတာ လုရွှမ် သိသည်။
"တောင်းပန်ပါတယ် ကျီးဖိုးဖိုး... ဒီတစ်ခါ ကျွန်တော် တဇွတ်ထိုးဆန်လွန်းသွားတယ်"
"ဘာမှမဖြစ်ဘူး... မင်းသေရင် ငါဘယ်သူ့ကို သွားရှာရတော့မလဲ? မင်းလို အရည်အချင်းရှိတဲ့ လူက နည်းနည်းပဲ ရှိတယ်... ရှာတွေ့ဖို့ မျှော်လင့်ချက် မရှိဘူးလို့ ငါထင်တယ်"
လုရွှမ် သူ့လက်ထဲတွင် ကျောက်စိမ်းပြားရဲ့ အပိုင်းအစ တစ်ခုကို တိတ်တဆိတ် ကိုင်ထား၏။ ဒါက ရွှေကျီးကန်း၏ လက်ရာမှာ သိသိသာသာကြီးကို ပြုပြင်ထားပြီးသား ဖြစ်သည်။
"ကောင်လေး စိတ်ကောက်မနေပါနဲ့ ငါတို့လက်ကနေ လွတ်မြောက်ဖို့ မင်းရဲ့အမြန်နှုန်းကို အားကိုးဦးမလို့လား? ဒါက နေ့ခင်းအိပ်မက်တစ်ခုပဲကွာ...."