← Chapters

ကျောက်စိမ်းပြား ပေါက်ကွဲသွားပြီ

Vol. 82 Ch. 4.750

ကျောက်စိမ်းပြား ပေါက်ကွဲသွားပြီ

Vol. 82 Ch. 4.750

လုရွှမ် မပြေးတော့ပေ။ တစ်နည်းပြောရရင် သူ့အရှိန်က အရင်ကထက် အများကြီး နှေးသွားသည်။

နဂါးလှောင်အိမ် သခင်များနှင့် ပင်လယ်သားရဲများ အားလုံး၏ အမြင်တွင် လုရွှမ်မှာ စွမ်းအား မရှိတော့ပေ။ ထိုလူသုံးဦးကို ကယ်ဆယ်ရန် ဘယ်လို မှော်အစွမ်းကို အသုံးပြုထားလဲ မသိသော်လည်း ၎င်းသည် စွမ်းအင် အလွန်အကျွံ သုံးစွဲရလောက်သည်။ ကျောက်တုံးခန်းမ အတွင်းက ပျောက်ကွယ်သွားသော အမျိုးသမီးများ ပျောက်သွားတာကလည်း လုရွှမ် လက်ချက်ဖြစ်ကြောင်း သေချာသွားလေပြီ။

ကောင်းကင်ဘုံသခင် နယ်ပယ်ကို အောင်မြင်နိုင်ရင်တောင်မှ လူပေါင်းများစွာကို ဖယ်ထုတ်ချင်တယ် ဆိုရင် ကြီးမားတဲ့ လျှို့ဝှက် အန္တရာယ်တွေကို သေချာပေါက် ချန်ထားခဲ့မှာပဲ။

"ဟာဟား ကောင်လေး မင်းဘာလို့ ဆက်မပြေးသေးတာလဲ?"

လှောင်အိမ်လူသား အုပ်စုတစ်စုက အမြန်ပဲ လိုက်မှီလာကြသည်။

လုရွှမ်အတွက်တော့ ဒီလူအုပ်စုက သူ့ကို အလွန်မုန်းတီးနေသူတွေပဲ ဖြစ်လေသည်။ သေတာထက် ပိုဆိုးတဲ့ဘဝနဲ့ မရှင်သန်ခိုင်းရင် သူတို့ရဲ့ အလှူဒါနအတွက် တကယ်ကို ဝမ်းနည်းမိပါရဲ့။

လုရွှမ်၏ မျက်နှာသည် ဖြူဖျော့လာပြီး သူ့အားတွေ လုံး၀ ကုန်ဆုံးသွားပုံရသည်။ သူသည် ဝိညာဥ်သလင်းကျောက် နှစ်လုံးကို တမင်တကာ ထုတ်ယူပြကာ လျင်မြန်စွာ ခွန်အားပြန်လည် ရရှိလာခဲ့သည်။

ပင်လယ်သားရဲ အုပ်စုတစ်စုသည် သူ့အား အတွင်းဘက် သုံးဆင့်နှင့် အပြင်ဘက် အဆင့်သုံးဆင့်ဖြင့် ထူထပ်စွာ ဝန်းရံထားသည်။

လုရွှမ်သည် ပတ်ဝန်းကျင်ကို လှမ်းကြည့်ကာ ရင်းနှီးသော မျက်နှာများစွာကို တွေ့လိုက်သော်လည်း ကောင်းလျှိုနဲ့ ဟွမ်ရီးကို မတွေ့ရပေ။ သူတို့သည် အဝေးဆုံးက လူအုပ်ထဲကနောက်ဆုံးတွင် ရပ်နေသည်။

"ဟွမ်ရီး မင်းဘာလို့ ငါ့ကို တားနေတာလဲ? အခု အရှုံးကို အောင်ပွဲအဖြစ် ပြောင်းလဲပစ်နိုင်တဲ့ နည်းလမ်း ရှိနေပြီ မဟုတ်ဘူးလား?"

ကောင်းလျှိုမှာ အနည်းငယ် မကျေမနပ် ဖြစ်လာသည်။ တစ်ဖက်လူက သူ့ဘဝတလျှောက်လုံး သူ့အတွက် အရေးအကြီးဆုံး မဟာမိတ် မဟုတ်ခဲ့ဘူးဆိုရင် ဒေါသကို ပျောက်စေဖို့ ရိုက်နှက်မိမှာပင်။

ဟွမ်ရီးက "စိတ်အေးအေးထားပါ... ငါတို့ ဒီလူယုတ်မာနဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးတယ်... သေသေချာချာ ပြန်စဉ်းစားကြည့်စမ်း ဒီကောင် ဘယ်တုန်းက အရှုံးနဲ့ ကြုံခဲ့ရဖူးလဲ? သူ အကြိမ်ပေါင်းများစွာ ဆိုးရွားတဲ့ အခြေအနေတွေ ကြုံလာရတဲ့ အခါမှာတောင်မှ ရှင်သန်နိုင်ခဲ့တယ်... သူ့မှာ အခွင့်ကောင်းတစ်ခု ရှိနေပြီးသားလို့ ပြောလို့ရတယ်"

ကောင်းလျှို ငြိမ်ကျသွားသည်။ ဒါကို ဝန်မခံချင်ပေမယ့် ဟွမ်ရီး ပြောတာ မှန်တယ်ဆိုတာ သူသိပါ၏။ အဲဒီလူယုတ်မာ လုရွှမ်က ကောင်းကင်ဘုံရဲ့ အချစ်တော်​လေးပင်။

"အဲဒါတွေက ခြိမ်းခြောက်မှုတွေပဲ ရှိသေးတယ်... အခုလက်ရှိက အဲဒီခြိမ်းခြောက်မှုက ပိုကြီးနေတယ်လို့ မခံစားရဘူးလား"

လုရွှမ်သည် ယခုအခါ မျှော်စင်နယ်ပယ်က သခင်အုပ်စု၏ ဝိုင်းရံခံထားရပြီး သေခြင်းမှ လွတ်မြောက်လုနီးပါး ဖြစ်​နေသောကြောင့် ကောင်းလျှို တုံ့ဆိုင်းသွားပြန်သည်။ သို့သော် ယခင်အန္တရာယ်များနှင့် နှိုင်းယှဉ်ပါက လုရွှမ်သည် ထိုအချိန်က မဟာသူတော်စင်သာ ရှိသေးသာ ပို၍ပင် အန္တရာယ်များခဲ့သည်။

"ဟုတ်တယ်... လုရွှမ်က လောလောဆယ် သူ့မှာ ဝှက်ဖဲတွေ၊ အရန်နည်းလမ်းတွေ မရှိ​တော့ဘူးလို့ မင်းထင်နေတယ်မလား? တကယ်တော့ သူက သူ့ကိုယ်သူ ဒီမှာပဲ ပိတ်မိနေစေအောင် တမင်တကာ အရှိန်လျှော့နေတာ မင်း သတိမထားမိဘူးလား? အမှန်တော့ သူ့မှာ စွမ်းအားရှိသေးတယ်.. ခန္ဓာကိုယ်က စွမ်းအင်တစ်ခုကို လျင်လျင်မြန်မြန် စားသုံးနေတာ ရိပ်မိလား?"

ကောင်းလျှို၏ မျက်နှာတွင် ထိတ်လန့်တကြား အရိပ်အယောင်များ ပေါ်လာပြီး။

“မင်းဆိုလိုတာက ဒီလူယုတ်မာက တခြားသူတွေကို ထပ်ပြီး ကြံစည်နေတာလား”

"အဲ့လူယုတ်မာက ဒီမျှော်စင်နယ်ပယ်က သခင်တွေကို တစ်ကြိမ် လုပ်ကြံပြီးပြီ မဟုတ်ဘူးလား? ဘယ်လိုလုပ် ဒုတိယအကြိမ် ဆိုတာ မဖြစ်နိုင်ရမှာလဲ?"

ကောင်းလျှို စကားရပ်လိုက်ပြီး ဟွမ်ရီးနဲ့အတူ ရပ်ကာ အဝေးမှနေ၍ လုရွှမ်ကို အေးစက်စွာ ကြည့်နေလိုက်သည်။

လုရွှမ် သူတို့ကို ပြန်စိုက်ကြည့်ရင်း အနည်းငယ် ဝမ်းနည်းသွားသလို ခံစားလိုက်ရသော်လည်း လူများစွာကို ထောင်ချောက် ဆင်နိုင်ခဲ့တာကတင် အတော်လေး အားရစရာ ကောင်းနေပြီဖြစ်သည်။

လုရွှမ် သူ့လက်ကိုဝှေ့ယမ်းပြီး ကျောက်စိမ်းပြားရဲ့ အပိုင်းအစများကို ပစ်ထုတ်လိုက်သည်။ ရွှေကျီးကန်းသည် ဤကျောက်စိမ်းပြားနှင့် သူ့ခန္ဓာကိုယ်ကို ပြုပြင်ရုံသာမက လက်ရှိ ကျောက်စိမ်း​ပြား နေရာကိုလည်း ပြင်ဆင်ရန် ကြိုးစားနေခဲ့သည်။ ဒါကြောင့် ရိုးရှင်းပြီး မှော်ဆန်သည့် လုပ်ဆောင်ချက်တချို့ကို ပြန်လည် ပြုပြင်ထားသည်။

အာကာသကျောက်စိမ်းပြားနှင့် နှိုင်းယှဉ်ပါက ၎င်းသည် အစက်ကလေး တစ်စက်နီးပါးသာ ရှိသော်လည်း အာကာသကျောက်စိမ်းပြားကို တစ်ခါမျှ မမြင်ဖူးသော ဤပင်လယ်သားရဲများနှင့် လှောင်အိမ်လူသားများ အမြင်တွင် ရိုးရိုးရှင်းရှင်းပင် ပစ္စည်းတစ်ခုသာ ဖြစ်သည်။

သူတို့မျက်စိရှေ့တွင် အသက်ရှူသံ အနည်းငယ် ရှိသော မှော်လက်နက် တစ်ခုကို မြင်နေရသလိုပင်။ ကျောက်စိမ်းပြား အပိုင်းအစက ပျက်စီးနေကြောင်း သူတို့ မြင်နိုင်သော်လည်း လုရွှမ် ဒါကို ထုတ်ယူလိုက်ကတည်းက အစစ်အမှန် မှော်လက်နက် တစ်ခုဖြစ်ကြောင်း သူတို့ကို ပိုယုံကြည်လာစေသည်။

လက်ရှိ အရိပ်အာဝါသအရ လုရွှမ်သည် ရတနာ အပြည့်အစုံကို အမှန်တကယ် မရရှိခဲ့​သေး​ပေ။ မဟုတ်ပါက ၎င်းကို လုယူရန် မဖြစ်နိုင်တော့ချေ။

"ဒါပေမဲ့ ငါကမင်းတို့ကို ဒီပစ္စည်းပေးပြီး မိတ်ဖွဲ့မယ်လို့ ထင်နေရင်တော့ မင်းတို့စိတ်တွေ လွတ်သွားပြီလို့ ပြောရလိမ့်မယ်.... ငါအသက်မရှင်နိုင်တော့ဘူး ဆိုမှတော့ အားလုံးအတူတူ သေကြရအောင်!"

လုရွှမ် အော်ပြောပြီး ကျောက်စိမ်းပြားရဲ့ အပိုင်းအစများကို လက်ဖဝါးထဲမှ လွှင့်ထုတ်ပစ်လိုက်​လေသည်။

ပင်လယ်ကြမ်းပြင် တစ်ခုလုံးကို စူးစူးရဲရဲ လင်းလက် တောက်ပသွားသည်။ အလင်းရောင်သည် အလွန်တောက်ပနေသဖြင့် မျှော်စင်နယ်ပယ်က လူများပင် သူတို့မျက်လုံးများကို မှိတ်ထားရသည်။

ထို့နောက် ယွမ်စွမ်းအင်သည် အရှိန်မြှင့်ကာ ကျောက်စိမ်းပြား အပိုင်းအစဆီ အမြန် ပြေးဝင့သွားခဲ့သည်။ ကျောက်စိမ်းပြား အပိုင်းအစဆီမှ ကြောက်မက်ဖွယ် စွမ်းအင် အတက်အကျကို သူတို့ ချက်ချင်း ခံစားလိုက်ရသည်။

"သူ ရူးနေပြီ!"

ဟွမ်ရီးနှင့် ကောင်းလျှိုတို့လည်း ကျိန်ဆဲပြီး ထွက်ပြေးသွားလေသည်။ ဝေးကွာနေသော်လည်း သူတို့အသက်ကို ဆုံးရှုံးစေပြီး အရာအားလုံးကို ပျက်ဆီးစေသည့် ပြင်းထန်သော လှိုင်းလုံးများကို ခံစားနေကြရဆဲ ဖြစ်သည်။

တကယ်ကို ကြောက်စရာ ကောင်းလွန်းသွားပြီ။ မျှော်စင်နယ်ပယ်က သခင်အနည်းငယ်က သူတို့ကိုယ်သူတို့ ဖောက်ခွဲရင်တောင် ဒီလောက် ကြောက်စရာကောင်းနေမှာ မဟုတ်ဘူး။

အလင်းရောင်တွေ ဖြာထွက်သွားစဥ် လုရွှမ်၏ ခန္ဓာကိုယ်သည် တဖျပ်ဖျပ် တောက်ကာ ကျောက်စိမ်း​ပြားထဲသို့ ၀င်သွား​လေသည်။

အပြင်ကို ပြောစရာမလိုပေ။ ကျောက်စိမ်းပြားထဲက ထျန်းရှားနဲ့ ဓားနတ်ဆိုးတို့တောင် ပြင်ပလေထုရဲ့ ထိတ်လန့်စရာ ​ကောင်း​မှုကို ခံစားနိုင်ကြပေသည်။ ကောင်းကင်နှင့်မြေကြီးကို လုံးလုံးလျားလျား ဖျက်ဆီးပစ်တော့မယ့် ရောင်ဝါက လူတိုင်းရဲ့ စိတ်ကို တုန်လှုပ်သွားစေပါသည်။

ကောင်းကင်ရဲ့ တန်ခိုးတော်၊ ထောင်ပေါင်းများစွာသော တောင်များ ပြိုကျနေသလို သို့မဟုတ် ကမ္ဘာလှောင်အိမ်​ကြီး ဆင်းသက်လာကဲ့သို့ပင် ခံစားနေရသော ထိုခံစားချက်ဟာ အနည်းငယ်မျှပင် မသက်သာပါ။

လှောင်အိမ်လူသားများနှင့် အပြင်ဘက်ရှိ ပင်လယ်သားရဲများ ဘယ်လို ခံစားရမလဲ စိတ်ကူးကြည့်နိုင်သည်။

ဓားနတ်ဆိုးနှင့် ထျန်းရှားတို့သည် သူတို့ရှိ​နေတဲ့ နေရာက ဘယ်နေရာလဲ ဆိုတာကို မမေးခဲ့ကြပေ။ သူတို့သည်လည်း ငတုံးများ မဟုတ်ကြပါ။ ယခုလို ကြောက်စရာကောင်းသော ပေါက်ကွဲသံကို ဖန်တီးနိုင်လျှင် ကြီးမားသောအရာကို ပေးဆပ်ရမှာ ထင်ရှား​လေသည်။

"စိတ်မပူပါနဲ့ ငါအဆင်ပြေပါတယ်... အားလုံးလုံခြုံနေသရွေ့ ကျန်တာတွေက အရေးမကြီးတော့ဘူး"

သူပြောပြီးသည်နှင့် အားလုံးက ကမ္ဘာကြီး ဇောက်ထိုး​ဖြစ်သွားသလို ရုတ်ချည်း လှုပ်ရှားသွား​တော့သည်။

“သွားကြစို့!”

ရွှေကျီးကန်း အော်လိုက်သည်နှင့် အားလုံးက သူတို့ခြေထောက်အောက်က မြေကြီးတွေ လျင်မြန်စွာ ရွေ့လျားနေတာကို ခံစားလိုက်ရသည်။ သူတို့အားလုံး အနည်းငယ် မတည်မငြိမ်ဖြစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

"ကျီးဖိုးဖိုး ဘာဖြစ်နေတာလဲ?"

လုရွှမ် လှည့်မေးလိုက်သည်။

"ဒီနေရာက ပေါက်ကွဲတာကို တကယ် ခံနိုင်ရည်ရှိမယ်လို့ ထင်နေလား? ဒီပေါက်ကွဲမှုရဲ့ အလယ်ဗဟိုကနေ တတ်နိုင်သမျှ ဝေးဝေးကို ရောက်နိုင်ဖို့ အထူးစွမ်းအင်တချို့ကို ငါ ခိုးယူထားခဲ့တာကွ!!"

ရွှေကျီးကန်းက ဒေါသတကြီး အော်လိုက်သည်။ ကျောက်စိမ်း​ပြား အပိုင်းအစကို ဆုံးရှုံးလိုက်ရတာကြောင့် သူ့ရင်ထဲမှာ အလွန်တရာ စိတ်မသက်မသာ ဖြစ်သလို ခံစား​နေရသည်။

လုရွှမ်လည်း ရွှေကျီးကန်းရဲ့ ဆုံးရှုံးသွားရတဲ့ ခံစားချက် အကြောင်းကို သိသောကြောင့် ရားရားက ရှေ့သို့လှမ်းကာ ရွှေကျီးကန်းကို ပွေ့ဖက်လိုက်သည်။ သူမက နှစ်သိမ့်စကား အနည်းငယ် ပြောပြီးနောက် လူတစ်ဦးနှင့် ငှက်တစ်ကောင်တို့ ပျောက်ကွယ်သွားခဲ့သည်။

"တောင်းပန်ပါတယ် ဒါ"

"လုရွှမ် မင်းရှင်းပြစရာ မလိုပါဘူး... ငါတို့အားလုံးနားလည်တယ် ဒါက မင်းရဲ့လျှို့ဝှက်ချက်ပဲ မင်း ငါတို့ကိုပြောစရာ မလိုဘူး"

ဓားနတ်ဆိုးက အရင် အော်လိုက်သည်။ ထျန်းရှားကလည်း ခေါင်းညိတ်လိုက်၏။

"အပြင်က ပြဿနာကို ဖြေရှင်းပြီးပြီလား"

တဖြည်းဖြည်းနဲ့ အပြင်က တုန်ခါမှုတွေကို သူတို့ မခံစားရတော့ပေ။ ဒါဟာ ပေါက်ကွဲတဲ့ အလယ်ဗဟိုနဲ့ ဝေးကွာသွားပြီ ဆိုတာ သိသာလှပေသည်။

"ငါ အပြင် ထွက်ကြည့်လိုက်ဦးမယ်"

လုရွှမ် ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာပြီး လေ့လာကြည့်လိုက်တော့ ပတ်၀န်းကျင်က လုံးဝ ဗလာဖြစ်နေသည်။ ပင်လယ်ရေ မျက်နှာပြင်သည်လည်း ယခင်ကနှင့် လုံးဝခြားနားသွားပြီ။

"ထွက်လာခဲ့တော့ ငါတို့ လုံခြုံသွားပြီ"

All Chapters