ပြန်လာပြီ
Vol. 83 Ch. 4.751
ထျန်းရှားနဲ့ ဓားနတ်ဆိုးတို့လည်း ခုန်ထွက်လာခဲ့သည်။ ဓားနတ်ဆိုးက ဟိုဟိုဒီဒီ လှည့်ကြည့်လိုက်ပြီး ပြောလာ၏။
"ဒီပင်လယ်ဧရိယာကို ငါသိတယ်... ငါတို့ ဓားတစ်သောင်းဂိုဏ်းကို ရောက်ခါနီးပြီ"
ဦးတည်ရမယ့် လမ်းကြောင်းကို သိသွားတဲ့အတွက် အရမ်းကောင်းတယ်လို့ ဆိုရမည်။ လုရွှမ် လက်ကိုဝှေ့ယမ်းကာ လှေငယ်တစ်စင်းကို လွှတ်ထုတ်လိုက်သည်။ လက်ဖဝါးကို ထပ်မံဝှေ့ယမ်းလိုက်တော့ အနက်ရောင် ရုပ်ပုံများ ထွက်လာပြီး လှေကုန်းပတ်ပေါ်သို့ ပြိုလဲကျသွားခဲ့သည်။
ထျန်းရှားနဲ့ ဓားနတ်ဆိုးတို့၏ မျက်လုံးများ ပြူးကျယ်သွားကာ အလွန်အမင်း အံ့သြသွားသော်လည်း ခဏအတွင်း သူတို့စိတ်ထဲ နားလည်လိုက်ကြသည်။
အမှန်မှာ လုရွှမ်သည် ၎င်းတို့အား ထိုလျှို့ဝှက် ဆန်းကြယ်သော အာကာသထဲသို့ သွင်းနိုင်ခဲ့သောကြောင့် သူသည် ဤဖမ်းထားသော လူအားလုံးကိုလည်း သဘာဝအတိုင်း ကယ်တင်နိုင်ခဲ့သည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ရင်း သဘောကျနေတဲ့ မျက်လုံးတွေက လုရွှမ်ဆီသို့ တစ်ပြိုင်တည်း ရွှေ့သွားကြသည်။
သူ့မှာ ဒီလိုကြီးမားတဲ့ လျှို့ဝှက်ချက်ကြီး ရှိနေတာက သေရေးရှင်ရေး အခြေအနေ မဟုတ်ရင် ထုတ်ဖော်ပြမှာ မဟုတ်ဘူးလို့ မဆိုလိုပေဘူးလား။
ငွေသည် လူ့စိတ်နှလုံးကို ဆွဲဆောင်နိုင်ကြောင်း လူတိုင်း သိကြသော်လည်း သာမန်လူဆီမှာ ကျောက်စိမ်း ရှိခြင်းကလည်း ပြစ်မှုမြောက်ပေသည်။ ထိုလျှို့ဝှက်ချက်ကို အနည်းငယ်မျှပင် ပေါက်ကြားခဲ့ပါက လုရွှမ် အတွက် ဆိုးရွားသော ဘေးအန္တရာယ်တစ်ခု ဖြစ်လာနိုင်ပြီး သူ့တစ်သက်တာလုံး လိုက်ရှာခံရနိုင်သည်။
သို့သော် လုရွှမ်သည် သူနှင့်ဘာမှမဆိုင်သော ဤလူများကို ကယ်တင်ရန် ကြီးမားသော စွန့်စားခန်းများကိုလည်း လုပ်ခဲ့သည်။ ဤဂုဏ်အသရေနှင့် ပတ်သတ်လျှင် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိခဲ့သော သူတို့နှစ်ဦးသည် မိမိတို့ကိုယ်ကို ပြန်ကြည့်၍ ရှက်သွားကြ၏။
"ကောင်းပြီ ညီလေးလု... ငါ မင်းနဲ့ညီအစ်ကို ဖြစ်ခွင့်ရတာ ငါ့ဘဝရဲ့ အကြီးကျယ်ဆုံး ဂုဏ်ယူစရာပဲ"
လုရွှမ်လည်း ပြုံး၍။
"မင်းရဲ့စရိုက်ကို ငါမသိဘူး မင်းကိုလည်း အသိအမှတ်မပြုရင် မင်းရဲ့မျက်လုံးတွေရှေ့မှာ ဒီလျှို့ဝှက်ချက်ကို ငါဘယ်လိုလုပ် ပြမှာလဲ? အနည်းဆုံးတော့ ဒီလူတွေကို ငါထုတ်မပြခဲ့ဘူးလေ"
လှေငယ်လေးဖြင့် လူများကို သယ်ဆောင်လာကာ သုံးယောက်လုံး ရယ်မောလိုက်ကြသည်။ ခဏကြာတော့ ကုန်းပတ်ပေါ်၌ ကျင့်ကြံသူတစ်စုလည်း တရိပ်ရိပ် နိုးလာသည်။
အာကာသကျောက်စိမ်းပြားထဲက ရောင်ဝါသည် အလွန်အံ့သြဖွယ် ကောင်းပြီး ဝိညာဥ်သလင်းကျောက် များစွာလည်း ရှိသည်။ သူတို့ကို ထိုနေရာထဲသို့ ထည့်သွင်းထားပြီး ခွန်အားပြန်လည်ရရှိရန် ရွှေကျီးကန်းကလည်း စွမ်းအင်အချို့ပေးရန် စီစဉ်ပေးထားသည်။ သို့မဟုတ်ပါက သူတို့သည် အလွယ်တကူ နိုးထလာဦးမည် မဟုတ်ပေ။
မျက်လုံး ဖွင့်ကြည့်လိုက်တော့ ပင်လယ်နဲ့ ကောင်းကင်ပြာပြာကြီးကို တွေ့လိုက်ကြသော် ကျင့်ကြံသူ အမျိုးသမီး အသီးသီးမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြလေ၏။ သူမတို့ခန္ဓာကိုယ်ပေါ်က နိယာမစွမ်းအင် သံကြိုးတွေကို မခံစားရတော့သလို သူတို့ရဲ့ စွမ်းအင်တွေလည်း ပြန်ကောင်းလာပြီ။ သူတို့ရဲ့ စွမ်းအင်တွေက ချောမွေ့စွာ လည်ပတ်နေပြီး သူတို့ ကယ်တင်ခံလိုက်ရပြီ ဆိုတာ သိလိုက်ကြသည်။
“အကိုကြီး!"
"ဝူး...ဝူး... အစ်ကို ညီမတို့ကို ကယ်တင်ဖို့ ပြန်လာမယ်ဆိုတာ ညီမ သိနေတယ်"
ကောင်မလေးတစ်ယောက်က အော်ဟစ် ငိုယိုရင်း ဓားနတ်ဆိုး ရင်ခွင်ထဲ ပြေးဝင်သွားလေသည်။ လုရွှမ် ထိုကောင်မလေးကို မှတ်မိပါ၏။ သူမက ဂိုဏ်းချုပ်ကျန့်ဝူဝေါ်ရဲ့ မြေးမလေးပင်။
ဓားနတ်ဆိုးလည်း ကောင်မလေးကို စိတ်လှုပ်ရှားစွာ ပွေ့ဖက်လိုက်ပြီး သူ့တစ်ကိုယ်လုံးလည်း တုန်လှုပ်သွားသည်။
တကယ်တော့ သူနဲ့ ဓားတစ်သောင်းဂိုဏ်းမှာရှိတဲ့ လူတိုင်းက သူတို့ရဲ့ နှလုံးသားထဲမှာ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ပြီးသား ဖြစ်လေသည်။ ပင်လယ်သားရဲတွေ လက်ထဲ ဖမ်းမိသွားတဲ့သူတွေက သေသွားနိုင်ပြီဖြစ်ပြီး အဆိုးဆုံးအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေလည်း ပြုလုပ်ထားကြ၏။
သူ့ရဲ့ ဆရာတူညီမလေးက အသက်ရှင်နေဦးမယ်လို့ သူ မမျှော်လင့်ခဲ့ပါဘူး။
ဓားနတ်ဆိုး လုရွှမ်ကို ကျေးဇူးတင်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။ သူ့ညီမလေးကို ပြန်ခေါ်နိုင်ခဲ့ရင် ဆရာဂိုဏ်းချုပ်လည်း အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေလိမ့်မယ်။ အဲ့အဘိုးကြီးက ဘာမှ မပြောလို့ အဘိုးကြီးရဲ့ စိုးရိမ်ပူပန်မှုတွေကို လူတိုင်းက မသိကြပေမယ့် သူ့ခံစားချက်တွေကို အတင်းအကြပ် ဖိနှိပ်ထားမှန်း ဓားနတ်ဆိုးကတော့ သိပါသည်။
သူ့အငယ်တန်းတွေကို ကယ်တင်ဖို့ သူ့တပည့်တွေကို အသက်စွန့်ခိုင်းရမယ့် ကိစ္စမျိုးကို ကျန့်ဝူဝေါ် မလုပ်နိုင်ပေ။
"အစ်ကိုကြီးထျန်းချိုင်"
ကျန့်ချိုးချန်လည်း ပြေးလာပြီး ငိုပြန်လေ၏။ လုရွှမ်လည်း သူမကို ပြန်လည် ပွေ့ဖက်ပေးထားလိုက်သည်။ သူ့အမြင်မှာ ဒီကောင်မလေးက သူ့ရဲ့ ဆရာတူညီမလေး ဖြစ်သလို သူမကိုလည်း စာနာစိတ်နှင့် သနားမိသည်။
ဤအခိုက်အတန့်တွင် အခြားလူများကလည်း ကျယ်လောင်စွာ အော်ဟစ်နေကြ၏။ ပြန်လည်မွေးဖွားလာကာ နေ့၏အလင်းရောင်ကို ထပ်မံမြင်တွေ့ခွင့်ရတဲ့ အတွက် အလွန်ပင် စိတ်လှုပ်ရှားကာ ကျေးဇူးတင်စကားများ တဖွဲဖွဲ ဆိုနေကြသည်။
လုရွှမ်တို့ သုံးယောက်တို့သည်လည်း သူတို့ဆီက ကျေးဇူးတင်စကားတွေကို လက်ခံရင်း ဤတပည့်များနှင့် ခဏတာ စကားစမြည် ပြောခဲ့ကြသည်။
ဤနေရာတွင် အကျဉ်းချခံထားရသူများသည် ဂိုဏ်းပေါင်းစုံ၏ အဓိက တပည့်များ သို့မဟုတ် အမာခံပုဂ္ဂိုလ်များ၏ အငယ်တန်းများ ဖြစ်ကြတယကို တွေ့ရသည်။
လှေငယ်သည် ပေါ့ပေါ့ပါးပါဖြင့် ဓားတစ်သောင်းဂိုဏ်းသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ဒီသတင်းကို အရင် ပို့လိုက်တာကြောင့် ဓားတစ်သောင်းဂိုဏ်းက လူတွေအားလုံး သူတို့ကို ကြိုဆိုဖို့ အင်အားအပြည့်နဲ့ ထွက်လာကြလေသည်။
အဖမ်းခံခဲ့ရတဲ့ ဓားတစ်သောင်းဂိုဏ်းက လူတွေဟာ အခြေအနေ သိပ်မကောင်းသေးပေမယ့် တောင်တံခါးဆီကို ပြန်လာရတာကြောင့် အားလုံးက အရမ်းစိတ်လှုပ်ရှားနေကြသည်။ အခြားဂိုဏ်းများမှ လူများသည်လည်း အလွန်စိတ်လှုပ်ရှားနေကြ၏။ နောက်ဆုံးတော့ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ခဲ့ပြီ။
ကျန့်ဝူဝေါ်က ပြန်မရောက်လာသေးပေမယ့် သူနဲ့ လော့ချောင်ဖုန်းက ဒီဘက်ကိုလာနေပြီဟု ဆိုလေသည်။ သုံးရက်အကြာတွင် ကျန့်ဝူဝေါ်တို့ ရောက်လာခဲ့သည်။
အချိန်အတော်ကြာ ပျောက်ဆုံးသွားခဲ့သော သူ၏မြေးမလေးကို ပြန်မြင်ရတော့ ကျန့်ဝူဝေါ်မှာ မျက်ရည်များ ဝဲတက်လာကာ မထိန်းနိုင်တော့ပေ။ သူက လုရွှမ်တို့ကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ဆိုနေလေသည်။
ဤကာလအတွင်း ၎င်းတို့သည် အဓိကဂိုဏ်းခွဲများအနှံ့ လည်ပတ်ခဲ့ရုံသာမက စွမ်းအင်သလင်းကျောက်များ အားလုံးကိုလည်း စုဆောင်းရန် ကြိုးစားခဲ့ကြသည်။ သူတို့သည် နဂါးရေငွေ့တောင်အား စာရင်းတစ်ခုလုံးမှ ရှင်းထုတ်ရန်ပြီး ဝိညာဥ်သလင်းကျောက်များကိုလည်း စုဆောင်းနိုင်ခဲ့သည်။
အရင်က သူတို့တွေးခဲ့တဲ့အတိုင်း ဒီဂိုဏ်းဟာ တခြားလူတွေကို သွေးထွက်အောင် လုပ်ချင်တဲ့ အစီအစဥ်ဟာ လုံးဝ ပျက်လုနီးပါး ဖြစ်သွားတာကြောင့် ကျန်နေတဲ့ လူတွေမှာလည်း ဝိညာဥ်သလင်းကျောက်များကို မပေးချေလို့ မရတော့ပေ။
"ဟူး... ဒီလိုလူအတွက်ကျတော့လည်း မလွယ်ပါလား!"
"ဂိုဏ်းချုပ်နှစ်ယောက် စိတ်မပူပါနဲ့... ပင်လယ်သားရဲတွေဆီက ဝိညာဥ် သလင်းကျောက်တွေကို စုဆောင်းပြီးပြီလို့ လုရွှမ် ပြောတယ်... သူက သိုလှောင်လက်စွပ်တွေလည်း ပေးလိုက်တယ် အနည်းဆုံး ကွင်းရာဂဏန်းလောက်တော့ ရှိမယ်"
ကျန့်ဝူဝေါ်နဲ့ လော့ချောင်ဖုန်းတို့ အံ့အားသင့်စွာ ကောက်ကိုင်လိုက်ကြသည်။ ထို သိုလှောင်လက်စွပ်များသည် ဝိညာဥ်စွမ်းအင် သလင်းကျောက်များဖြင် ပြည့်လျှံနေ၏။
ရာနှင့်ချီသော သိုလှောင်လက်စွပ်များကို ကြည့်ရင်း နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ခါးခါးသီးသီး ပြုံးပြလိုက်လေသည်။
"ကမ္ဘာကြီးကို လူငယ်တွေက လုံးဝ လွှမ်းမိုးထားပြီ... ငါတို့ကတော့ အသက်ကြီးနေပြီပဲ"
"ဒီသလင်းကျောက်တွေကို ဓားတစ်သောင်းဂိုဏ်းနဲ့ ကောင်းကင်အောင်ခြင်းဂိုဏ်းက တောင်းပန်မှုအနေနဲ့ သုံးသင့်တယ်...ဒီဝိညာဥ် သလင်းကျောက်တွေနဲ့တင် ကျွန်တော် ဓားနတ်ဆိုးနဲ့ ထျန်းရှားအတွက်က လုံလောက်ပါတယ်"
လုရွှမ် ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောပြလိုက်သည်။ လှောင်အိမ်လူသားများက အမှန်တကယ် ဝိညာဉ်များကို စုပ်ယူနေကြောင်း ကြားသိရသောအခါတွင် ၎င်းတို့အားလုံး ဒေါသတွေ ထွက်လာခဲ့သည်။ သို့သော် လုရွှမ်သည် နောက်ပိုင်းတွင် သူ့ကိုယ်သူ ပေါက်ကွဲရန် မှော်လက်နက်ကို အသုံးပြု၍ လွတ်မြောက်ရန် နည်းလမ်းရှာနေခဲ့ရကြောင်း ကြားသိရသောအခါတွင် ၎င်းတို့အားလုံး ဒေါသ ထပ်ထွက်ရပြန်သည်။
အာကာသကျောက်စိမ်းပြားရဲ့ လျှို့ဝှက်ချက်ကို ပေါ့ပေါ့ဆဆ မပြောနိုင်သောကြောင့် လုရွှမ်သည် ရတနာကို ဖောက်ခွဲကာ လွတ်မြောက်လာခဲ့ကြောင်း ပြောပြလိုက်သည်။
"မင်းတို့ ဒီတစ်ခါတော့ ပေးဆပ်ခဲ့တာတွေ အရမ်းများသွားပြီ.... ချောင်ဖုန်းနဲ့ငါက မင်းတို့အတွက် လက်ဆောင်တွေ အများကြီး ပြင်ဆင်ပေးထားတယ်.... စိတ်မပူပါနဲ့အားလုံးက တခြားဂိုဏ်းတွေရဲ့ နှုတ်ဆက်လက်ဆောင်တွေ စိတ်ချချနဲ့ လက်ခံလိုက်ကြပါ"
စကားပြောနေစဉ် အတွင်း သူတို့ရှေ့မှာ မှော်လက်နက်တွေ ပေါ်လာခဲ့သည်။
သလင်းကျောက်များနှင့် မတူဘဲ ဤလက်နက်များသည် အမှန်တကယ်ပင် ရှားပါးရတနာများ ဖြစ်ပေ၏။ ဤအခိုက်အတန့်တွင် အဓိကဂိုဏ်းခြောက်ခု၏ မည်းမှောင်နေသော မျက်နှာထားများကိုပင် စိတ်ကူးထဲကနေ ပုံဖော်ကြည့်နိုင်သည်။
ထုံးစံအတိုင်း စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးလည်း မရှိတဲ့ သူတို့သုံးယောက်ဟာ အသုံးဝင်တာ မှန်သမျှကို ရွေးချယ်လိုက်လေသည်။
လုရွှမ်သည် ဝမ့်ရှန်းကမ္ဘာက ထွက်ခွာသွားရမယ့် ကိစ္စ လွန်စွာ မခံစားခဲ့ရပေ။ သူ့အတွက်က ကျင့်ကြံခြင်းလောကထဲ လျှောက်သွားနေရတာ ကျင့်သားရနေပြီ။ ဒါပေမဲ့ ဓားနတ်ဆိုးနဲ့ ထျန်းရှားတို့ အတွက်ကတော့ မလွှဲမရှောင်သာ အဆင်မပြေမှု အနည်းငယ် ရှိနေပါသေးသည်။
ခေတ္တ အနားယူပြီးနောက် သုံးရက်အကြာ ဓားတစ်သောင်းဂိုဏ်းရဲ့ ပို့ဆောင်ခြင်းအစီအရင် ရှေ့တွင် အလင်းရောင်ကြီး တစ်ခုသည် ကီလိုမီတာ သန်းပေါင်း များစွာအထိ တောက်ပနေပါသည်။
ဝမ့်ရှန်းကမ္ဘာရဲ့ လက်ရှိ ပတ်ဝန်းကျင်တွင် ပြောင်းလဲမှုများကြောင့် အာကာသအတွင်းသို့ ပို့ဆောင်ရတာက အလွန်ကို ခက်ခဲစေသည်။ အထူးသဖြင့် အာကာသကို ဖြတ်ကျော်သည့် ပို့ဆောင်ခြင်းအစီအရင်မှာ မျိုးဆက်တစ်ခုမှ မျိုးဆက်တစ်ခုသို့ လွှဲပြောင်းပေးခဲ့သည့် မဟာဂိုဏ်းကြီး ရှစ်ခုကဲ့သို့သော ဂိုဏ်းများပင်လျှင် ၎င်းတို့ကိုယ်တိုင် ပို့ဆောင်ခြင်း မပြုနိုင်ပေ။
ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ အနာဂတ်တွင် အာကာသထဲသို့ ပို့ဆောင်ရမယ့် အစီအရင်က ပို၍ပို၍ ခက်ခဲလာတော့မယ် ဆိုတာကို သူတို့တဖြည်းဖြည်း ခံစားလာကြရသည်။