← Chapters

လူစုကွဲသွားခြင်း

Vol. 83 Ch. 4.752

လူစုကွဲသွားခြင်း

Vol. 83 Ch. 4.752

လုရွှမ်၊ ထျန်းရှားနှင့် ဓားနတ်ဆိုးတို့သည် ပို့ဆောင်ခြင်းအစီအရင်ထဲတွင် ရပ်လျက် လူတိုင်းအား လက်ဝှေ့ယမ်းပြနေကြသည်။ ထိုအခိုက် ပြင်းထန်သော အလင်းတန်းတစ်ခု ထွန်းတောက်ပြီးနောက် ၎င်းတို့သုံးဦးလုံး ပျောက်ကွယ်သွားခဲ့သည်။

ဟိုးအဝေး တစ်နေရာမှာတော့ ဟွမ်ရီးနှင့် ကောင်းလျှိုတို့ဟာ လှိုဏ်ဂူထဲမှာ ပုန်းအောင်းနေပြီး သူတို့ရဲ့ဒဏ်ရာတွေကို ပြန်ကောင်းလာနိုင်ဖို့ ကြိုးစား ကုသနေကြပါသည်။

ထိုလှောင်အိမ်လူသားများ ဘယ်နေရာကို ရောက်သွားမှန်း သူတို့မသိကြပေ။ အချို့မှာ အသက်ရှင် နေသေးသော်လည်း အများစုမှာ သေဆုံးသွားဖွယ် ရှိသည်။ အဲဒီပင်လယ်သားရဲတွေ အတွက်တော့ အသက်ရှင်ဖို့ လမ်းမရှိဘူးဆိုတာ သိသာပါသည်။

သူတို့ဟာ အဝေးမှာ ပုန်းရှောင်ပြီး အခွင့်အရေးကို မြင်တဲ့အခါ မြန်မြန်ဆန်ဆန် ထွက်ပြေးခဲ့ကြပေမယ့် အခုထိ ဒဏ်ရာတွေ ကျန်ရစ်နေဆဲ ဖြစ်သည်။

"လုရွှမ် အဲဒီကောင်လေး တကယ်သေသွားပြီလို့ ထင်လား?"

ကောင်းလျှို ဒေါသအပြည့်နဲ့ မေးလိုက်သည်။ ထိုအခါ ဟွမ်ရီးက သူ့ခေါင်းကို ခါလိုက်ပြီး။

"ငါတော့ မထင်ပါဘူး"

စကားမဆုံးမီတွင် ကောင်းကင်နဲ့ မြေကြီးက တုန်ခါသွားပြီးနောက် ပြင်းထန်သောအလင်းရောင်တစ်ခု လင်းလက်သွား​လေသည်။

"ကောင်းကင်ကြီး ပြောင်းလဲသွား​ပြန်ပြီလား"

"မဟုတ်ဘူး တစ်ယောက်ယောက်က အာကာသထဲကို ရောက်ဖို့ ပို့ဆောင်ခြင်း အစီအရင် သုံးနေတာ!"

ကောင်းလျှိုဟာ သူသည် ဤကမ္ဘာ၏ အခြေအနေကို ကောင်းစွာ နားလည်ထားဆဲဟု ပေါ့ပေါ့တန်တန် ပြောခဲ့ဖူးသည်။ ဒါပေမဲ့ စကားတွေ ထွက်လာပြီးတာနဲ့ နှစ်ယောက်လုံး အံ့အားသင့်သွားကြ၏။

လောလောဆယ်မှာတော့ ဒီအစီအရင်ရဲ စွမ်းအားက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သူတို့ကောင်းကောင်း သိပါသည်။ ၎င်း၏ အတိုင်းအတာနှင့် တုန်လှုပ် ချောက်ချားမှုများကို ကြည့်ရုံဖြင့် သာမန် မဟုတ်တာ သေချာ​လေသည်။

ဒါဆို ဘယ်သူက နယ်စပ်ဖြတ်ကျော် အစီအရင်ကို သုံးလိုက်တာလဲ။ ဧကန္တ တခြား ရတနာနှစ်ပါးကို ရှာဖွေလိုတဲ့ လူတွေလား။

"အဲဒီကောင်လုရွှမ် တကယ် အသက်ရှင်နေသေးတာပဲ!"

ကောင်းလျှို ကျိန်ဆဲလိုက်သည်။

"ကောင်းပြီ ကောင်းပြီ"

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသော်လည်း ဖုံးကွယ်ရခက်သော တစ်ဖက်သား၏ မျက်လုံးများထဲတွင် စိတ်ပျက်သွားသည့် အရိပ်အမြွက်များကို အချင်းချင်း ပြန်မြင်လိုက်ရသည်။ သူတို့ ရှုံးပြန်ပြီ ဆိုတာ သူတို့ဘာသာ သိပြီးသား ဖြစ်သော်လည်း အခုထိ အရှုံးနဲ့ ထိပ်တိုက်ရင်ဆိုင် နေကြဆဲပင်။

သူတို့ဘက်က ကြီးမားတဲ့ အားသာချက် တစ်ခု ရှိခဲ့သောိလည်း အခုလို အခြေအနေမျိုးမှာ သူတို့က မိန်းကလေးတွေကို တကယ် ကယ်ဆယ် နိုင်ခဲ့ပြီး ဝိညာဥ်သလင်းကျောက်တွေကိုပါ အကုန်လုံး သယ်သွားလေသည်။

"ဟူး...."

နှစ်ယောက်သား တစ်ချိန်တည်း သက်ပြင်းချလိုက်ကာ ကောင်းကင်ကို မော့ကြည့်လိုက်လေသည်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။

အရင်တုန်းကတော့ သူတို့နှစ်ယောက်ကို ယှဉ်နိုင်တဲ့ ထျန်းရှားကလွဲလို့ မျိုးဆက်သစ် လူငယ်တွေကြားမှာ သို့မဟုတ် ဒီပင်လယ်ဧရိယာ တစ်ခုလုံးမှာ ပေါ်မလာခဲ့ပေ။ အခုချိန်မှာတော့ တစ်ယောက်ယောက်က ပေါ်လာပြီး သူတို့ကို သေတဲ့အထိ နှိမ်နင်းလိုက်တဲ့အတွက် ကွာဟချက်က အရမ်းကြီးနေကြောင်း ထင်ရှားနေလေသည်။

မိုးခြိမ်းသံတွေက ကောင်းကင်တစ်ခွင်လုံး တဟုန်ထိုး တုန်ခါနေပြီး မိုးသည်းထန်စွာ ရွာသွန်း​နေချိန်တွင် လျှပ်စီးတစ်ချက် လက်သွားကာ လူတစ်ယောက်ရဲ့ ပုံရိပ်သည် ကောင်းကင်မှ ပြုတ်ကျလာခဲ့၏။ ထိုလူသည် ထူထပ်သော ရွှံ့ဗွက်လမ်းပေါ်သို့ ဗုန်းကနဲ ထိုးကျသွားသည်။

ထိုလူက မလှုပ်ပေ။ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် တိမ်မည်းများ လွင့်စင်သွားကာ အရှေ့ဘက်တွင် အနီရောင် နေထွက်ကာ နေ့သစ်တစ်နေ့ အစပြုလာခဲ့သည်။

နောက်ဆုံးတွင် ရွှံ့ဗွက်အိုင်ထဲက လူကို လှုပ်နှိုးနေသော အသံတစ်ခုထွက်လာသည်။ နက်မှောင်သော ပါးပြင်တစ်ခု ဦးစွာ ထွက်ပေါ်လာသည်။ သို့သော် တောက်ပသော မျက်လုံးတစ်စုံမှလွဲ၍ ဘယ်အရာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရပေ။

"လုရွှမ် လုရွှမ်... မင်းသေသွားပြီလား?"

ငှက်တစ်ကောင်က ရုတ်တရက် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကနေ ခုန်ထွက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထိုလူသည် ပါးစပ်ထဲမှ သွေးများ ထွက်ကျလာပြီး နောက်ဆုံးတွင် ဖြည်းညှင်းစွာ ထထိုင်လိုက်သည်။

"မသေသေးပါဘူး... ကျွန်တော်က အသက်မရှည်သေးပေမယ့် လူတွေကို နှစ်ထောင်ပေါင်းများစွာ ဒုက္ခပေးမယ့် လူတစ်ယောက်လေ... ကောင်းကင်က ကျွန်တော့်ကို သေစေချင်ရင်တောင် မလွယ်ဘူး"

သူက ဆိုပြီးနောက် သွေးတစ်ပွတ် ထပ်အန်လာပြန်၏။ အဂ္ဂိရတ်ဆေးတစ်လုံး ထုတ်၍ မျိုချလိုက်သောအခါ ခဏကြာပြီးနောက် အသက်ရှုသံများ ငြိမ်သက်လာပြီး သူ့ပါးပြင်များလည်း မူလအရောင်အတိုင်း ပြန်ဖြစ်လာသည်။

သူ၏မူလ အသွင်အပြင်ကို ပြန်ရလာသော်လည်း ယခုအချိန်တွင် မောပန်း​နေကာ အနည်းငယ် စိုးရိမ်နေပုံရသည်။ သူက ကောင်းကင်ကို မော့ကြည့်ပြီး။

"ဓားနတ်ဆိုးနဲ့ ထျန်းရှားတို့ရော အဆင်ပြေပါ့မလား?"

ရွှေကျီးကန်းက ဘာမှပြန်မပြောဘဲ ကျောက်စိမ်း​ပြားထဲကို ပြန်ဝင်သွားလေသည်။ ယခင်က ပို့ဆောင်ခြင်းအစီအရင်သည် အစပိုင်းတွင် အရာအားလုံးသည် ပုံမှန်ဖြစ်သော်လည်း လမ်းတစ်ဝက်တွင် လုရွှမ် အာကာသကျောက်စိမ်းပြားကဲ့ တည်ရှိမှုကို ရုတ်တရက် မခံစားရ​တော့ပေ။

ဒီလိုမျိုး ကြုံလာတိုင်း ပြဿနာ​ကြီး လာပြီဆိုတာ သိသာထင်ရှားလေသည်။

ဓားနတ်ဆိုးသည် ဓားပညာကို စွဲလမ်းနေသူမို့ အန္တရာယ်ကို အလွန်လျင်မြန်စွာ သိရှိနိုင်သည်။ သူ၏ နတ်မျှော်စင်မီးလုံးသည် မိုင်ခုနစ်သန်းအကွာ အထိ တောက်လောင်နိုင်ကာ သေရေးရှင်ရေးကိ ခံစားသိရှိနိုင်စွမ်းမှာ ပို၍ပင် အံ့ဖွယ်ကောင်းလှသည်။

"ဝမ့်ရှန်းကမ္ဘာက အရမ်းပြောင်းလဲသွားလို့ ပို့ဆောင်ခြင်းအစီအရင်ရဲ့ လုပ်နိုင်စွမ်းတွေလည်း ပြောင်းသွားတာ ဖြစ်နိုင်တယ်.... ဒီနေရာက ပို့ဆောင်ခြင်းအစီအရင်ကို ထိခိုက်စေတယ်

.. ဆက်ပို့နေရင် ကျိန်းသေ သေသွားလိမ့်မယ်"

လုရွှမ် တစ်ယောက်တည်း ဆိုလိုက်သည်။ ပို့ဆောင်ခြင်း အစီအရင်တွေအကြောင်း သူသိပါ၏။ အထူးသဖြင့် ရားရားကို အများကြီး မေးပြီးနောက်ပိုင်း အခင်းအကျင်း ဖွဲ့စည်းမှုတွေကို ထိန်းချုပ်နိုင်မှုမှာ သူမဟာ တခြားသူတွေထက် အများကြီး သာလွန်နေပါသေးသည်။

အခုအစီအရင် ဖွဲ့စည်းပုံ ပြောင်းလဲမှုတွေကို ကြည့်ရင် စွမ်းအင် မလုံလောက်တာကြောင့် ဆိုတာ သိသာပါသည်။ အရင်ကတည်းက စွမ်းအင် မလုံလောက်တော့မှာကို စိုးရိမ်တဲ့အတွက် အနီးဆုံး ကမ္ဘာငယ်လေးကို ရွေးချယ်ခဲ့သည်။ မမျှော်လင့်ဘဲ ပြဿနာတစ်ခုက ရှိလာခဲ့သည်။

"ငါတို့ထဲက တစ်ယောက်ယောက်က ဆက်ပြီး လည်ပတ်နိုင်အောင် ခုန်ထွက်ရမယ်... မဟုတ်ရင် ငါတို့သုံးယောက်လုံး ဒီမှာ သေသွားလိမ့်မယ်... ငါ့မှာ ကျောက်စိမ်းပြား နေရာရှိတယ် ငါတို့ ဒီကနေ ထွက်သွားပြီးတာနဲ့ ငါတို့ အသက်ကို ကယ်နိုင်တယ် စိတ်မပူပါနဲ့ ကိုယ့်ကိုကိုယ် ဂရုစိုက်ကြ"

လုရွှမ် အော်ဟစ်ပြီး လူနှစ်ယောက်ကို ပုခုံးပေါ်တင်ကာ အမြန် ခုန်ဆင်းလိုက်သည်။ ဒီနေရာက ဘယ်နေရာလဲတော့ သူမသိပေ။ ပတ်ပတ်လည်ကို ကြည့်ကာ အာကာသအတွင်းက ဝိညာဉ်စွမ်းအင်များ၏ ကြွယ်ဝမှုကိုတော့ ခံစားလိုက်ရသည်။

အသက်ရှုသွင်းပြီးနောက် ဝိညာဉ်စွမ်းအင်၏ သိပ်သည်းဆသည် ဝမ့်ရှန်းကမ္ဘာထက် အဆများစွာ ပိုမိုပြင်းထန်လာ​​နေသည်။ လုရွှမ်မှာ ဝမ့်ကမ္ဘာ တစ်ခုကို ရောက်လာတာလားဟုပင် အံ့ဩသွားခဲ့သည်။

ဒါပေါ့။ ရှေးဟောင်းကမ္ဘာတွေတော့ မဖြစ်ရဘူး။ မဟုတ်ဘဲ ရှေးဟောင်း ကမ္ဘာတွေထဲက တစ်ခုကို ပြန်သွားမယ်ဆိုရင် ကြိုးစားအားထုတ်မှု​တွေဟာ အလဟသ ဖြစ်သွားလိမ့်မယ်။ ဝမ့်ရှန်းကမ္ဘာကို ကယ်တင်နိုင်သော ကမ္ဘာ့ရတနာသည် ရှေးဟောင်း ကမ္ဘာတွေက မထုတ်လုပ်နိုင်တာ သေချာသည်လေ။

လမ်းက နည်းနည်း ရွှံ့များနေပေမယ့် လမ်းမကြီးတစ်ခုပေါ်မှာ ဆိုတာတော့ သိသာသလို အနားယူရန် နေရာကောင်း မဟုတ်တာလည်း ထင်ရှားပါသည်။ နတ်တောင်တန်းက အလိုအလျောက် ကာကွယ်ထားလို့သာ မဟုတ်ပါက သူအစောကတည်းက သေသွားလောက်ပြီ။

လုရွှမ်သည် ဒီနေရာက အလွန်အန္တရာယ် များကြောင်း သိသောကြောင့် သူ လုံခြုံတဲ့ နေရာကို ရောက်နိုင်မှသာ သူတို့နှစ်ဦး၏ အသက်ကို ကယ်တင်နိုင်မှာ ဖြစ်ကြောင်း အတိအကျ သိပါသည်။

လှိုဏ်ဂူတစ်ခုကို ရှာတွေ့ပြီးနောက် တားမြစ်ပိတ်ပင်ထားနိုင်တဲ့ အစီအရင်ကို ဂူဝတွင် ချထားလိုက်သည်။ ထို့နောက်တွင် လုရွှမ်သည် သူ့ခွန်အားများကို ပြန်လည်ရရှိရန် ကြိုးစားကုသခဲ့သည်။

ကံကောင်းထောက်မစွာနဲ့ ပစ္စည်းမျိုးစုံမှာ အလုံအလောက် ရှိပြီး သဘာဝပစ္စည်းများနှင့် ရတနာများစွာလည်း ရှိသည်။ ဆေးဝါး မလုံလောက်ပါက လုရွှမ် သူ့ဘာသာသူ အဂ္ဂိရတ်ဆေးများကို သန့်စင်နိုင်သောကြောင့် သူ့ဒဏ်ရာအတွက် စိတ်ပူစရာမလိုပေ။

တစ်ခုတည်းသော စိတ်ပူစရာက စိတ်အနှောင့်အယှက် ဖြစ်နိုင်ခြေ ရှိတာပဲ။ လုရွှမ် ဂူထဲတွင် ဆယ်ရက်ကြာအောင် နေခဲ့ပြီးနောက် သူ့ဒဏ်ရာများ ပျောက်ကင်းလုနီးပါး ဖြစ်လာခဲ့သည်။

ဝူး!

ဧရာမသားရဲကြီးရဲ့ ဟောက်သံကြောင့် လုရွှမ်ရဲ့ နှလုံးက ကွဲအက်လုနီးပါး ဖြစ်သွားသော်လည်း သူ့စိတ်ကို အမြန်ထိန်းထားနိုင်ခဲ့သည်။ ကံကောင်း ထောက်မစွာပင် သူ့ဝိညာဉ်က သန်မာနေခဲ့သည်။ မဟုတ်ပါဘဲ သာမန်လူတစ်ဦးလိုသာ ဆိုလျှင် သေသည်အထိ တုန်လှုပ်သွားနိုင်သည်။

ထိုအခိုက် ကောင်းကင်နှင့် မြေကြီးကြားတွင် လျင်မြန်စွာ ပျံသန်းနေသော လူတစ်ယောက်၏ တုန်လှုပ် ခြောက်ခြားနေသော အသံတစ်ခုလည်း ထွက်ပေါ်လာသည်။

အပြင်မှာ ဘာသံမှ မကြားရတော့တဲ့အထိ စောင့်ဆိုင်းပြီးနောက် လုရွှမ် ဂူထဲက ထွက်လာခဲ့သည်။ မျှော်လင့်ထားတဲ့အတိုင်း လူသားခြေရာများကို တွေ့လိုက်ရသည်။ အတိုချုံး ခွဲခြမ်း စိတ်ဖြာပြီးနောက် လုရွှမ် ခန့်မှန်းလိုက်တာက ထိုလူတွေဟာ အမဲလိုက်နေကြတာ ဖြစ်မည်ဟုပင်။

အနည်းဆုံး ဒဏ်ရာရပြီး ခေါင်းဖြတ်ခံရသော နတ်ဝိညာဥ်နယ်ပယ်က နတ်ဆိုးသားရဲ များစွာသည် မြေပြင်ပေါ်တွင် လဲလျောင်းနေကြ၏။ ထိုးနှက်ချက် တစ်ခုစီတိုင်းက အလွန်ပြင်းထန်ပြီး ရက်စက်​ပေသည်။

ဘာသာပြန် - ဝမ့်ရှန်းကမ္ဘာ (တောင်တစ်သောင်းကမ္ဘာ)

ဝမ့်ရှင်းကမ္ဘာ (ကြယ်တစ်သောင်းကမ္ဘာ)

All Chapters