← Chapters

လီရှို့

Vol. 83 Ch. 4.753

လီရှို့

Vol. 83 Ch. 4.753

ဒီနေရာက ဘယ်နေရာလဲ?

သားရဲထိန်းချုပ်သူ အဖြစ်လည်း လုရွှမ်သည် သားရဲ၏ခန္ဓာကိုယ်ကို စစ်ဆေးရန် ရှေ့တိုးလာခဲ့သည်။ သားရဲအဆင့်သည် အလွန်မြင့်မားနေပြီ ဖြစ်သော်လည်း သားရဲဆိုးတစ်ကောင် အနေဖြင့် ၎င်း၏မူလ သဘာဝကို မပြောင်းလဲနိုင်သည့်အပြင် အလောင်းအထိ အဆိုပါ ဝိသေသလက္ခဏာများကို ပြောင်းလဲ၍မရပေ။

ဒါက မြေသားရဲပဲ!

လုရွှမ် သက်ပြင်းတစ်ချက် ချလိုက်သည်။ တကယ်တော့ ပင်လယ်သားရဲနဲ့ မြေသားရဲကြားမှာ ကွာခြားချက် သိပ်မရှိလှပါဘူး။ ဒါပေမဲ့ သူသည် မကြာခင်လေးကမှ ဝမ့်ရှန်းကမ္ဘာက ထွက်လာခဲ့တာကြောင့် ပင်လယ်သားရဲတွေနဲ့ ထပ်ပြီး မကြုံချင်တော့ချေ။

သားရဲ၏ ခြေသည်းများ သန်မာပြီး အလွန်ထက်မြက်သော ခြေသည်းများဖြစ်သည်။ လုရွှမ် လက်နက်တစ်ခုထုတ်၍ ခြေသည်းများကို မြှောက်ကာ ပေါ့ပေါ့ပါးပါး ​ဖြတ်ထုတ်လိုက်သည်။

"အိုး... တစ်ယောက်ယောက် ဒီဘက် လာနေပြီ"

လုရွှမ် ရုတ်တရက် သူ့စိတ်က သတိပေးလာတာကို ခံစားလိုက်ရပြီး အမြန်မော့၍ အဝေးကို လှမ်းကြည့်လိုက်သည်။

ကျင့်ကြံသူ လူငယ်တစ်ယောက် သူ့ဘက်သို့ လျင်မြန်စွာ ပျံတက်လာနေတာ မြင်လိုက်ရ၏။ လူငယ်သည် အရှိန်အပြည့်ဖြင့် ပျံသန်းနေပြီ ဖြစ်သော်လည်း သူ့​အရှိန်မှာ များစွာ နှေးကွေးနေသေးသည်။

အနည်းဆုံးတော့ အစောတုန်းက လူတွေရဲ့ လှိုင်းလုံးတွေထက် ပိုညံ့နေသည်။

"ဘယ်သူလဲ? အဲဒီမှာဘယ်သူလဲ?"

လူငယ်က လှမ်းအော်လိုက်သည်။ သူ့ရဲ့အာရုံတွေက အရမ်းထိခိုက်လွယ်၏။

လုရွှမ် ထွက်လာတော့ လူငယ်လေးက သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် သူ့ရှေ့မှာ အစီအရင်တစ်ခုကို အမြန်ဖွဲ့စည်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ထိုလူငယ်သည် သူ့လက်ဝါးထဲတွင် အပိုပစ္စည်း တစ်စုံတစ်ခု ရှိနေပြီး ၎င်းကို လက်ဖဝါးထဲ၌ တိတ်တဆိတ် ဝှက်ထားသည်။

"မင်းကဘယ်သူလဲ?"

လူငယ်က ထပ်မေးပြန်သည်။ လုရွှမ်ရဲ့ ကျင့်ကြံမှုအဆင့်ကို ရှင်းရှင်းလင်းလင်း မြင်ပြီးနောက်မှသာ သူ့ခမျာ သက်ပြင်းချလိုက်သည်။ သို့သော် လုရွှမ်သည် လူငယ်ရှေ့က အကာအကွယ်ဟာ မပျောက်ကွယ်သေးကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။ ၎င်းက သူ့ကို သတိထားတာထက် ကြောက်ရွံ့နေခြင်း ဖြစ်သည်။

လုရွှမ်ဟာ သူ့ကိုယ်သူ မိတ်ဆက်ပြီး ဒီနေရာကို ရှင်းရှင်းလင်းလင်း မေးချင်ပေမယ့် သူ့နှလုံးသားက နားမလည်နိုင်အောင် လှုပ်ရှားနေသည်။

နှလုံးခုန်သံနဲ့အတူ ဒီနေရာနဲ့ တစ်ဖက်က ကျင့်ကြံသူကို လျင်မြန်စွာ အကဲဖြတ်လိုက်သည်။ ဒီနေရာနဲ့ ပတ်သတ်ပြီး ထူးဆန်းတဲ့ အရာတစ်ခု ရှိနေသယောင်ပင်။ အကြောင်းအရင်းကတော့ လုရွှမ်လည်း မပြောနိုင်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ကိုယ်ပိုင် လက္ခဏာကို မဖော်ပြတာ အကောင်းဆုံးလို့ပဲ ယူဆမိသည်။

လူငယ်လေးက တကယ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်လုံးက အစိမ်းရောင်သမ်းသည်။ လူတွေက ဘယ်နေရာမှာမဆို လှည့်စားနိုင်ပေမယ့် မျက်စိကတော့ လှည့်စားလို့ မရပါဘူး။

သူ့မျက်လုံးတွေက သူ့ထက် နယ်ပယ်နိမ့်ကျတဲ့ သူတစ်ယောက်နဲ့ ရင်ဆိုင်နေရချိန်မှာတောင် သူ့မျက်လုံးတွေက ထိတ်လန့်မှုတွေ အပြည့်နဲ့ ဖြစ်နေသည်။ ဒါက လုရွှမ်အတွက် အင်မတန် သတိထားစရာ မဟုတ်ပေမယ့် လူငယ်အတွက်ကတော့ အလိုလို စိတ်အားထက်သန်မှုနဲ့ ကြောက်ရွံ့မှုပါပဲ။

လူငယ်ကဘာကို ကြောက်နေတာလဲ။ သူ့ကို​ကြောက်​နေတာလား? ဒီမှော်ကမ္ဘာကို ကြောက်နေတာလား ဒါမှမဟုတ် သူ ရုတ်တရက် ပေါ်လာတာကို ကြောက်နေတာလား။

"ဟေး ငါပြောတာကို မင်းနားလည်ရဲ့လား?"

လုရွှမ် စကားမပြောတာကို မြင်တော့ လူငယ်က ထပ်မေးပြန်သည်။ တစ်ဆက်တည်း သူ့ရှေ့မှာ နောက်ထပ် ကန့်သတ်ချက် အစီအရင်တစ်ခုကို ချလိုက်သည်။

လုရွှမ် စကားမပြောသေးဘဲ လူငယ်ကို တစ်ချက် ကြည့်လိုက်သည်။

"ဒါက စမ်းသပ်မှုတွေထဲက တစ်ခုများလား?"

လူငယ်က တစ်ခုခုကို တွေးနေသလိုမျိုး သူ့ရှေ့က ကန့်သတ်ချက်တွေကို ဖျက်သိမ်းပစ်လိုက်သည်။ ထို့နောက် သူ့အသက်ရှုသံကို ဝေ့ဝဲရင်း နတ်မီးနယ်ပယ်က အငွေ့အသက်တွေကို လုရွှမ် ခန္ဓာကိုယ်ပေါ်သို့ ဝေ့ယမ်းလိုက်၏။ လုရွှမ်ကတော့ မလှုပ်မယှက်ပင်။

"ဟမ့် ငါက နတ်မီးနယ်ပယ် မင်းက ကောင်းကင်ဘုံသခင် နယ်ပယ်မှာပဲ ရှိသေးတယ်... မင်းက စမ်းသပ်မှု ဟုတ်ဟုတ် မဟုတ်ဟုတ် မင်းဘာသာ ထူးဆန်းနေလည်း ငါဂရုမစိုက်ဘူး မင်းကို ငါလုံးဝ မကြောက်ဘူး"

လူငယ်သည် လှမ်းအော်ကာ လုရွှမ်ရှေ့က ငါးမီတာမှာ ရပ်လိုက်သည်။ သူသည် ဓားရှည်တစ်ချောင်းကို ထုတ်လိုက်ပြီး လုရွှမ်အား ဦးညွှတ်လိုက်သည်။

"ကြယ်တစ်သောင်းကမ္ဘာ... ထန်းယွမ်ကြယ်က တပည့်လီရှို့ ခင်ဗျားကို စိန်ခေါ်ပါတယ်"

လုရွှမ် အနည်းငယ် အံသြသွားပြီး ရယ်ချမိလုနီးပါး ဖြစ်သွားသည်။ တစ်ဖက်လူက မသိလိုက်ဘဲ သူ့ကိုယ်ပိုင် အချက်အလက်ကို ထုတ်ဖော်ခဲ့​လေသည်။

ကြယ်တစ်သောင်းကမ္ဘာ ဆိုတာက နားထောင်ကြည့်ရသလောက်ဆို အနည်းငယ် အဆင့်မြင့်ပုံပင်။ ထန်းယွမ်ကြယ်သည် ပထမနယ်ပယ်ရှိ ဂြိုလ်တစ်ခု ဖြစ်နိုင်သည်။ တစ်ချိန်တည်းမှာပင် သူတို့လက်ရှိ ရောက်ရှိနေသည့် နေရာကို အနည်းဆုံး ကြယ်တစ်သောင်းကမ္ဘာဟု ခေါ်သင့်ကြောင်းလည်း ပြသနေပါ​ပြီ။

လီရှို့က ဂါဝရပြုပြီးနောက် ဓားဖြင့် လွှဲခုတ်လိုက်သည်။ သူက တကယ်ပဲ လုရွှမ်ကို စမ်းသပ်မှု တစ်ခုအနေနဲ့ ခံယူနေတာလား မပြောတတ်ပေ။

လုရွှမ်သည် သူ့စိတ်ထဲတွင် ကြည်နူးနေ၏။ သူ့လက်ဖဝါးကို လှည့်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်အဆင့် လက်နက်တစ်ခု ပေါ်ထွက်လာသည်။ လုရွှမ် ထုတ်ယူလိုက်သော ဆန်းကြယ်အဆင့် လက်နက်အတွက် မထီမဲ့မြင်အရိပ်အမြွက် ပြနေသည့် အနေဖြင့် လီရှို့ မျက်မှောင်ကြုတ်သွားတာကို သူရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ ဤဆန်းကြယ်အဆင့် လက်နက်ကို လူငယ် မကြိုက်တာ ထင်ရှား​ပေသည်။

"တကယ် ရယ်စရာကောင်းတယ်... သူ့လက်ထဲမှာ ဆန်းကြယ်အဆင့် လက်နက်ကို ကိုင်ထားတယ်တဲ့!"

လီရှို့သည် ဓားဖြင့် ထိုးသတ်တိုက်ခိုက်လာသည်။ သူ့ရဲ့ ဓားလှုပ်ရှားမှာ တရားမျှတပြီး အေးချမ်းလှသည်။ ဓားသိုင်းက ရိုးရှင်းသော်လည်း ဓားသိုင်းထဲမှ ကြီးကျယ်ခမ်းနားသော ဖြောင့်မတ်မှုကို နားမလည်နိုင်စွာ ခံစားရစေသည်။

စိတ်ဝင်စားဖို့ ကောင်းပေ၏။ လုရွှမ် လျှို့ဝှက်စွာ ခေါင်းညိတ်လိုက်ပြီး သူ့ဓားနဲ့ ပေါ့ပေါ့တန်တန် လွှဲ၍ တန်ပြန် တိုက်ခိုက်ပေးလိုက်သည်။

လုရွှမ်သည် တိုက်ခိုက်ရန် အစပြုခြင်း မရှိဘဲ လီရှို့ရဲ့ တိုက်ခိုက်မှုများကို တစ်ကြိမ်ပြီးတစ်ကြိမ် ပိတ်ဆို့ကာ သတိပေးချက်အဖြစ် အသုံးပြုခဲ့သည်။

ပြောရမယ်ဆိုရင် ဒီလီရှို့က တကယ်ကို အရည်အချင်း ရှိသူပင်။ လုရွှမ်၏ အမြင်ထဲက ဓားလမ်းစဥ်ကို နားလည်သူသည် ဓားနတ်ဆိုးသာ ရှိသည်။ လူငယ်သည် ဖန်လုံအိမ် အတွင်းက ပန်းတစ်ပွင့်လိုဖြစ်ပြီး အနည်းငယ် သိမ်မွေ့နေသေးကာ ဓားနတ်ဆိုး၏ မခံချင်စိတ်နဲ့ မတူချေ။

သို့သော်ငြားလည်း သူ၏ဓားသိုင်း တိုးတက်မှု အရှိန်သည် အလွန်ထူးခြားနေပြီး ထျန်းရှားနဲ့ နှိုင်းယှဉ်နိုင်လောက်သည်။ သူ့​ဓားသိုင်းပညာသည် ငယ်စဉ်ကတည်းက သူ့​ဂိုဏ်း သို့မဟုတ် မိသားစုမှ သင်ယူခဲ့သော ဓားသိုင်းပညာ ဖြစ်လိမ့်မည်။

လုရွှမ်သည် ၎င်းကို အချိန်အတော်ကြာ အတုယူချင်ခဲ့သော်လည်း ဘယ်လိုပဲဖြစ်ဖြစ် ဓားသွားရဲ့ ငြိမ်သက်ခြင်း ခံစားချက်ကို မရနိုင်ခဲ့ပေ။

လုရွှမ်သည် လီရှို့ကို အနိုင်ယူရန်မဟုတ်ဘဲ ဤနေရာ၏ တည်နေရာကို ရှာဖွေရန် ရည်ရွယ်ထားခဲ့သည်။ သူသည် တစ်ဖက်လူကို အနိုင်ယူပြီးရင် မေးမြန်းကြည့်လို့ ရသော်လည်း ဓားသိုင်းများကို ကြည့်ခြင်းသည် လူများကို ကြည့်ရသလိုပင်။

ဤလီရှို့သည် အနည်းငယ် ကြောက်စရာ ကောင်းသည်ဟုပင် ခံစားမိလာသည်။ ထိုသူသည် အပြင်ဘက်တွင် ပျော့ပျောင်းပြီး အတွင်းပိုင်းတွင် သန်မာသည်ဟု ခံစားမိ၏။ သူ့ရဲ့ဓားသိုင်းပညာလိုပဲ ဒီလူကို အတင်းအကြပ် လုပ်လို့မရပေ။

ဒါကြောင့် ဓားသိုင်းကို တစ်ကြိမ်ပြီး တစ်ကြိမ် ရွေ့လျားကျွေးမွေးခြင်းဖြင့် မျှော်လင့်မထားသော အချက်အလက်အချို့ကို ရရှိနိုင်သည်။ လီရှို့၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး တဖြည်းဖြည်း ပျော်ရွှင်လေဖြစ်သည်။

လုရွှမ်ရဲ့ ဓားလှုပ်ရှားမှုများသည် လူသတ်ချင်သည့် မရှိကြောင့် သူခံစားရသည်။ သို့မဟုတ်ပါက သူသည် ရှုံးသွားတာ သို့မဟုတ် အကြိမ်ပေါင်းများစွာ အသတ်ခံလိုက်ရတာမျိုး ဖြစ်နိုင်တယ်လို့ ခံစားမိသော်လည်း လုရွှမ်ရဲ့ ဓားလှုပ်ရှားမှုကို စောင့်မျှော်နေခဲ့သည်။

ဤအစမ်းလှုပ်ရှားမှု ကာလမှစပြီး သူ့ရဲ့ ဓားသွားလှုပ်ရှားမှု အပေါ် နားလည်မှုမှာ အဆင့်တစ်ခုထက်ပို၍ တိုးတက်လာတယ်လို့ ခံစားရလေသည်။

လီရှို့တွင် ဓားသိုင်းကွက် အသွားအလာ များစွာမရှိတာ ထင်ရှားပါသည်။ သူသည် တူညီသော ဓားသိုင်းများကို ထပ်ခါထပ်ခါ ဆက်လက်အသုံးပြုနေသည်။ ဤဓားသိုင်းကို အစမှအဆုံး လှုပ်ရှားပြီးနောက် လီရှို့သည် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ တင်ပျဉ်ခွေထိုင်၍ မျက်လုံးများကို မှိတ်လိုက်သည်။

လုရွှမ် အံ့အားသင့်သွားသည်။ ဒီကလေးက ဘယ်လိုများ ဒီလောက်ထိ ခေါင်းမာလာရတာလဲ။

ဒေါသထွက်လွယ်ပြီး ရယ်စရာကောင်းတယ်လို့ ထင်မိပေမယ့် လုရွှမ် သူ့ကို ဆက်မတိုက်ခိုက်ခဲ့ပါဘူး။ လူငယ်ဟာ ဓားကို လက်နှစ်ဘက်နဲ့ ကိုင်ထားပြီး ငြိမ်သက်စွာ ရပ်နေကာ သူ့စိတ်ဝိညာဉ်ကတော့ လှုပ်လှုပ်ရွရွ ဖြစ်နေ၏။

ခဏအကြာတွင် လီရှို့သည် ပြန်လည် ခုန်တက်လာပြီး လုရွှမ်ကို ထပ်မံတိုက်ခိုက်ရန် သူ့ဓားသိုင်းကို ထပ်သုံးပြန်သည်။

လုရွှမ် သူ့စိတ်ထဲတွင် အနည်းငယ် မကျေမနပ်ဖြစ်လာသည်။ သူ့ကို ဓားလေ့ကျင့်ဖော် အဖြစ် ဆက်ဆံရန် အချိန်တန်နေပြီ ဖြစ်သည်။ ယခုတစ်ကြိမ်တွင် လီရှို့သည် နောက်ဆုံးအကြိမ်လိုပဲ သုံးကြိမ်၊ ငါးကြိမ် ဆက်တိုက် ရှုံးသွားခဲ့သည်။ လီရှို့ စိတ်ဓာတ်ကျကာ ထပ်မံစိန်ခေါ်ခဲ့သော်လည်း ထပ်မံရှုံးနိမ့်ခဲ့​ပြန်သည်။

"ဟူး.... တကယ် မအောင်တော့ဘူးပဲ... ငါဘာလို့ ဒီလောက်ညံ့နေလဲ မသိဘူး!"

လီရှို့က သက်ပြင်းချပြီး လုရွှမ်ကို ထပ်မံ ဂါဝရပြုကာ နောက်ပြန် လှည့်ထွက်သွားလေသည်။

လုရွှမ် သက်ပြင်းချရင်း မိမိဘာသာ တွေးလိုက်မိ၏။ သူ အစောကတည်းက ထွက်သွားရင် ပြီးသွားမှာပဲ မဟုတ်ဘူးလား။

"ကောင်းပြီ... အစ်ကိုဓား မင်း ငါ့နောက်ကို လိုက်ချင်လား"

All Chapters