← Chapters

မိန်းက​လေးလား?

Vol. 83 Ch. 4.754

မိန်းက​လေးလား?

Vol. 83 Ch. 4.754

လုရွှမ် စကားမပြောသေးဘဲ လီရှို့နောက်ကို လိုက်သွားခဲ့သည်။ လီရှို့ ခြေလှမ်းပြင်လိုက်စဥ် လုရွှမ် လိုက်လှမ်းကာ လီရှို့ ဆုတ်လျှင် လုရွှမ်လည်း နောက်ပြန်ဆုတ်သွားသည်။ လီရှို့ရပ်နေစဥ် လုရွှမ် ရုပ်သေးရုပ်လို ငြိမ်နေလိုက်သည်။

လီရှို့ ခဏအကြာအထိ အံ့အားသင့်သွားပြီး ရုတ်တရက် ဝမ်းသာအားရ ထခုန်လိုက်သည်။

"ဒါဆို ငါ မင်းရဲ့စာမေးပွဲကို အောင်သွားပြီ ဟုတ်တယ်မလား? အဲ့ဒါကြောင့် မင်း ငါနဲ့အတူ လိုက်ချင်နေတာမလား"

"အိုး မင်း စကားမပြောနိုင်တာကို မေ့သွားတယ် ဒါပေမဲ့ ဒီလိုဖြစ်နေတာ သိသာပါတယ်... အစ်မက ပြောဖူးတယ်..... ရှန့်ရွှီးထဲမှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်ဆို အခွင့်အလမ်းတွေတောင် ရှိလာနိုင်တယ် ရှင်းရှင်းပြောရရင် နင်က ငါ့အခွင့်အရေးပဲ ဟုတ်တယ်မလား?"

လီရှို့က သူ့ကိုယ်သူ ပြန်ပြော​နေပေမယ့် လုရွှမ်ရဲ့ စိတ်ကနေ အနည်းငယ် တုန်လှုပ်နေပြီ။ ရှန့်ရွှီး? ဒီနေရာက ဘယ်နေရာလဲ။ နာမည်မှာ "ရွှီး" ဟူသော စကားလုံး ပါရှိသောကြောင့် စွန့်ပစ်ထားသောနေရာ ဖြစ်ရမည်။

စွန့်ပစ်ထား​​သော နယ်မြေသည် ဝိညာဉ်စွမ်းအင်များ ရှိသလို ဝန်းရံနေသော နတ်ဆိုးသားရဲများလည်း ရှင်သန်နေသည်။ ဒီလိုနေရာက ဘယ်လိုလုပ်ပြီး ပျက်စီးသွားတာလဲ။

သို့သော် အပျက်အစီးများ ဟူသည့် 'ရွှီး' ဆိုသည့် စကားလုံးရှေ့တွင် သန့်ရှင်းသော 'ရှန့်' စကားလုံးတစ်လုံးကို ထည့်ထားသည်။ ဆိုလိုသည်မှာ ဤနေရာသည် ထူးခြားနေလိမ့်မည်။

"ကောင်းပြီ ဒီမိန်းကလေးလည်း ဒီနေ့ အရမ်းပင်ပန်းနေပြီ... ငါတို့ အနားယူကြရအောင်"

လီရှို့က အော်ငေါ့ကာ အခင်းအကျင်း တံဆိပ်ပြားတစ်ခုကို ဝှေ့ယမ်းကာ ပတ်ဝန်းကျင်ကို ဖုံးအုပ်ထား၍ အနားယူလိုက်သည်။

"မိန်းကလေး?"

လုရွှမ်နှလုံး ​ဆောင့်ခုန်သွားသည်။ သူ့စိတ်ဝိညာဉ်သည် တစ်ဖက်လူက ယောက်ျားတစ်ယောက် ဖြစ်ကြောင်း လုံးလုံးလျားလျား ပြသနေပေမယ့် သူပြောခဲ့တာတွေက အဓိပ္ပာယ်မဲ့ ပြောနေတာတွေတော့ မဟုတ်ချေ။ အခုလို ဖုံးကွယ်ထားနိုင်တာက ဒီမိန်းကလေးရဲ့ ထူးခြားတဲ့ မှော်စွမ်းအား ဖြစ်သင့်တယ်ဆိုတာ ထင်ရှားလေ၏။

မျှော်လင့်ထားသည့်အတိုင်း ၎င်းသည် အလွန်အစွမ်းထက်သောကြောင့် တခြားလူတွေကို လုံးဝ သတိမထားမိ​စေဘဲ သူမခန္ဓာကိုယ်၏ ရောင်ဝါကို အမှန်တကယ် ပြောင်းလဲစေသည်။

လုရွှမ်သည် သူ၏ အရိပ်အာဝါသကို ဖုံးကွယ်သည့် နည်းလမ်းအတွက် အလွန်ဂုဏ်ယူခဲ့ဖူးသော်လည်း သူ့ကျင့်ကြံမှုတွေ အဆင့်မြင့်မားလေ သူကိုယ်တိုင်က သူ့နည်းလမ်းများထဲတွင် အပြစ်အနာအဆာများ ရှိကြောင်း ပိုမိုခံစားရလေ ဖြစ်သည်။ ကောင်းကင်ဘုံသခင်မဲ့ အဆင့်နိမ့် နတ်မီးနယ်ပယ်ကို ဖုံးကွယ်ရာတွင် ပြဿနာမရှိပေ။ သို့ပေမယ့် ခွန်အားကြီးတဲ့သူတစ်ယောက်ဆီကနေ အမှန်တရားကို ဖုံးကွယ်ချင်ရင်တော့ လုံးဝ မဖြစ်နိုင်သေးချေ။

မထင်မှတ်ပဲ သူဒီလိုမှော်အစွမ်းတွေ ရှိတဲ့ ကလေးမလေးကို အမှတ်တမဲ့ တွေ့သွားခဲ့သည်။

လီရှို့က သူ့ကို အပြင်လူ တစ်ယောက်အနေနဲ့ တကယ် မမှတ်ယူခဲ့တာ ထင်ရှားပါ၏။ လုရွှမ်မှာလည်း သဘာဝအားဖြင့် လီရှို့ကို ဆန့်ကျင်ရန် ကြံရွယ်ထားခြင်း မရှိပေ။ သူသည် တင်ပျဉ်ခွေထိုင်ကာ တိတ်ဆိတ်စွာ ထိုင်​နေလိုက်သည်။

ဤနေရာက အလွန်မှော်ဆန်သည်။ ဧရိယာတစ်ခုလုံးသည် အဝါရောင် လိမ္မော်ရောင်လို နေရောင်ဖြင့် ဖုံးအုပ်ထားသောကြောင့် ခန္ဓာကိုယ်ကို အလွန်သက်တောင့်သက်သာ ဖြစ်စေသည်။

နာရီပေါင်းများစွာ ထိုင်ပြီးနောက် လီရှို့ နိုးလာသည်။ သူမက အခင်းအကျင်း ချုပ်နှောင်မှုကို ရုပ်သိမ်းပြီးနောက် ဓားကိုဆွဲကာ လုရွှမ်ကို ရုတ်တရက် တိုက်ခိုက်လိုက်သည်။

လုရွှမ်ရဲ့ စိတ်က မပြောင်းလဲသွားဘဲ သူ့မျက်နှာမှာလည်း တိတ်ဆိတ်နေသည်။ သူသည် သူ၏ယခင် ဓားသိုင်းများကို ပေါ့ပေါ့ဆဆ အသုံးပြုခဲ့သည်။ အကြိမ်သုံးဆယ်ကျော်လောက် လှုပ်ရှားပြီးနောက် လီရှို့၏ ဓားရှည်သည် နောက်တစ်ကြိမ် ပြုတ်ကျသွားပြန်သည်။

လီရှို့ သက်ပြင်းချလိုက်ပေမယ့် ဓားကိုယူမယ့်အစား လုရွှမ်အနားကို လျှောက်သွားပြီး လုရွှမ်အား သေချာ ကြည့်လိုက်သည်။

"မင်းက ဘယ်သူလဲ? ဘာလို့ငါ့နောက်ကို လိုက်နေတာလဲ? နင်က မဆိုးဘူးလို့ ထင်ရပေမယ့် ရှန့်ရွှီးမှာ နှစ်ထောင်ချီ အသက်ရှည်လာခဲ့တဲ့ မကောင်းဆိုးဝါး တစ္ဆေမျိုးတော့ မဟုတ်ဘူးမလား...ဒီချုပ်နှောင်မှုကနေ ထွက်သွားချင်လို့ ငါ့အစွမ်းတွေကို အသုံးချချင်တာလား "

လုရွှမ်ရဲ့ မျက်လုံးများက မပြောင်းလဲသွားသော်လည်း သူ့စိတ်ထဲမှာတော့ တုန်လှုပ်သွားပြန်သည်။ အနှစ်တစ်ထောင်ရှိတဲ့ မကောင်းဆိုးဝါး နတ်ဆိုးဆိုတာ ဘာလဲ။ ဒီနေရာက အဲဒီလူ​တွေအပေါ် ချုပ်နှောင်မှု ရှိနေတာလား။

အရမ်းကြီး မတွေးရင် ဘာမှသိမှာမဟုတ်ဘူး။ အရမ်းကြီး မှန်းဆရင်လည်း အသုံးမဝင်ဘူး။ လီရှို့ စတင်ထွက်ခွာလာပြီး လုရွှမ်လည်း လျင်မြန်စွာ နောက်က လိုက်လာခဲ့သည်။

လီရှို့က အလွန်လျင်မြန်သလို လုရွှမ်လည်း သူ့အရှိန်ကို အလွယ်တကူ ထိန်းနိုင်သေးသည်။ လီရှို့ရဲ့ အရည်အချင်းများက အလွန်ကောင်းမွန်တယ် ဆိုတာတော့ ငြင်းလို့မရနိုင်ပေ။ သေချာတာကတော့ သူသည် ထျန်းရှားနဲ့ ဓားနတ်ဆိုးတို့လို ကမ္ဘာတစ်ခုထဲက ထိပ်တန်းပုဂ္ဂိုလ်များ၏ နောက်တွင် ရှိနေလိမ့်မည်။

ဒါပေမဲ့ သူမ တည်ရှိတဲ့ ကမ္ဘာငယ်လေးရဲ့ အလုံးစုံအင်အားဟာ ဝမ့်ရှန်းကမ္ဘာထက်တော့ သာလွန်နိုင်သည်။ တူညီသောအဆင့်၊ တူညီသော ဝိညာဉ်စွမ်းအား၊ ကျင့်စဥ် နားလည်မှုတွေဟာလည်း အတော်လေး ပိုမိုတက်ကြွသည်။

၎င်းကို မြင်သောအခါ လုရွှမ်မှာ အနည်းငယ် နားမလည်နိုင်သလို ခံစားခဲ့ရသည်။ သူတို့နှစ်ယောက် တောအုပ်ကို ဖြတ်လျှောက်ပြီး လျင်မြန်စွာ ခရီးနှင်ခဲ့ကြသည်။ လုရွှမ် သူ့ရှေ့တွင် အားနည်းသော အန္တရာယ် ရှိနေသည်ကို မြင်လိုက်ရသည်။ ဒီကလေးမလေးရော ခံစားရမလား မသိချေ။

တွေးကြည့်ရုံဖြင့် အန္တရာယ်ထဲ ကျရောက်နေပြီ ဖြစ်သည်။

လုရွှမ်၏ အရှိန်သည် ရုတ်တရက် တိုးလာကာ သူ့ခန္ဓာကိုယ်သည် ပို့ဆောင်ခြင်း အစီအရင်ကို သုံးလိုက်သကဲ့သို့ လီရှို့ဘေးတွင် ပေါ်လာခဲ့သည်။ ထို့နောက် လက်ဖဝါးကို ဆန့်ထုတ်ကာ လေထဲ၌ ညှစ်လိုက်သည်။

"အား!"

လီရှို့ လန့်ဖျပ်ပြီး ထအော်လိုက်မိသည်။ သူမပါးပြင်မှ လက်မအနည်းငယ် အကွာတွင် ထူးဆန်းသော မြွေခေါင်းကို တွေ့လိုက်ရသည်။ ၎င်းက သွားစွယ်များကို ပြရန် ရုန်းကန်နေသော်လည်း ဆက်လက် မလှုပ်ရှားနိုင်တော့ပေ။ လုရွှမ်ရဲ့ လက်တစ်ဖက်က ၎င်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား​လေသည်။

လုရွှမ်သည် မိစ္ဆာကောင်ကို ဝှေ့ယမ်းကာ လီရှို့ အနားတွင် ရပ်လိုက်သည်။ သူ့မျက်လုံးများ ငြိမ်သက်စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်နေသည်။

"ကျေးဇူးတင်ပါတယ် မဟုတ်ရင် ကျွန်မတကယ် ဒဏ်ရာရသွားလိမ့်မယ်"

လီရှို့ သူမမျက်နှာမှာ ကံကောင်းသွားတယ် ဆိုတဲ့အကြည့်နဲ့ အော်ဟစ်လိုက်သည်။ လုရွှမ်ကို ကြည့်လိုက်တဲ့အခါ သူ့မျက်လုံးတွေက ကျေးဇူးတင်မှုတွေ အပြည့်နဲ့။

နောက်ဆက်တွဲ ခရီးတွင် လီရှို့ရဲ့အရှိန် အလွန်နှေးကွေးပြီး လုရွှမ်ကိုလည်း အခါအားလျော်စွာ ကြည့်တတ်သည်။ သူ့ဘေးကင်းရေး အကြောင်း သိသာစွာ မေး​ကြည့်သည်။

နားမလည်နိုင်သော ခြိမ်းခြောက်မှုတစ်ခု ရှိနေသကဲ့သို့ သူတို့ရှေ့တွင် မြူခိုးများ ဖုံးလွှမ်းနေသည်။ လုရွှမ်မှာ အာကာသကျောက်စိမ်းပြားရဲ့ တည်ရှိမှုကို မခံစားနိုင်တော့တာကြောင့် သတိကပ်သွားသည်။

"အမ်... နောက်ဆုံးတော့ ဒီကိုရောက်ပြီ.... ဒီနေရာက ငါ့ရဲ့ပစ်မှတ်ပဲ"

လီရှို့ စိတ်လှုပ်ရှားစွာ အော်ပြောရင်း သူ့မျက်လုံးတွေက စကားလုံးနှစ်လုံးပါတဲ့ ကျောက်ပြားပေါ်ကို စိုက်ကြည့်နေသည်။ စာလုံးတွေကတော့ ရှန့်ရွှီးတဲ့။

"အစ်ကိုဓား...ကျွန်မတို့ ဝင်ရအောင်"

လုရွှမ် စကားမဲ့စွာ ခေါင်းယမ်းလိုက်မိသည်။ ဤကလေးမလေးက ဖန်အိမ်ထဲက မွေးကင်းစ ကလေးလား? သူမရဲ့ ကျင့်ကြံမှုမှာ အနည်းငယ် သိမ်ဖျင်းသော်လည်း အရည်အချင်းက ကောင်းမွန်နေဆဲ ဖြစ်သည်။ သူမ ဒီလောက် သတိလက်လွတ် ဖြစ်နေတာ တခြားလူတွေရဲ့ အကြံအစည်ထဲကနေ ရုန်းထွက်နိုင်ပါ့မလား။

ဤနေရာတွင် ခြုံခိုတိုက်ခိုက်နေသူများ အများအပြား ရှိနေတာ ထင်ရှားသော်လည်း ၎င်းတို့သည် ၎င်းတို့၏ တည်ရှိမှုကို ဖုံးကွယ်ထား​ကြသည်။

ဒါဟာ သိပ်ကို လျှို့ဝှက်ဆန်းကြယ်ပေမယ့် ဒီမိန်းကလေးသာ ပိုသတိထားရင် ထိုလူတွေက ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး။

ထို့အပြင် ဤကျောက်စာသည် အမှန်တကယ်ပင် မှန်ကန်သော်လည်း ၎င်းက အရွှေ့ခံထားတာ ထင်ရှား​ပေသည်။

ကျောက်ပြား နောက်ကွယ်ရှိ မှော်ပညာက ဘယ်လိုရှိမှန်း သူ မသိသော်လည်း လုရွှမ်သည် တစ်ခါတစ်ရံ သေးငယ်သော ခြားနားချက်သည် ကြီးမားသော အမှားအယွင်းများကို ဖြစ်စေနိုင်သလို ကြီးမားတဲ့ ကုန်ကျစရိတ်များကိုပင် ဖြစ်ပေါ်စေနိုင်ကြောင့် သူ့နှစ်ပေါင်းများစွာ အတွေ့အကြုံများမှ ကောင်းစွာ သိနေသေးသည်။

လုရွှမ် ရပ်နေတာကြောင့် လီရှို့လည်း ရပ်လိုက်ပြီး။

"ဘာဖြစ်လို့လဲ?"

လုရွှမ်သည် ဓားစွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး သန့်ရှင်းသော အပျက်အစီးများ၏ ကျောက်​ပြားကြီးကို ဖောက်ခွဲပစ်လိုက်သည်။ ကျောက်ပြားသည် တိတ်တဆိတ် ပျောက်ကွယ်သွားပြီးနောက် တခြားတစ်နေရာ၌ ပြန်ပေါ်လာသည်။

"ဟမ့် ကောင်းကင်ဘုံသခင် လူလေးတစ်ယောက်က ရှာတွေ့သွားမယ်လို့ မမျှော်လင့်ထားဘူး"

"ကောင်လေး မင်းဘယ်သူလဲ?"

လူသုံးဦး ခုန်ဆင်းလာ၏။ ၎င်းတို့က လေထုအလယ်ကနေ ဒီအတိုင်း ခုန်ဆင်းသွားသကဲ့သို့ အသွင်အပြင်မှာ အလွန်ထူးဆန်းလှသည်။

"ဪ...."

လီရှို့ ပေါ့ပေါ့ပါးပါး အော်လိုက်သည်။

"နင်တို့ကိုး...ကောင်းကင်တစ္ဆေသုံးကောင်... နင်တို့ဒီမှာ တကယ်ရှိသေးတာပဲ!"

လူသုံးယောက်က ထူးဆန်းတဲ့ပုံစံနဲ့ ထွက်လာကြသလို သူတို့ရဲ့အဝတ်အစားတွေက ပိုလို့တောင် ထူးဆန်းနေ၏။

အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီးတစ်ဦး ​ဖြစ်သည်။ သူမ၏ ပါးပြင်များသည် အဆီများပြည့်နေပြီး သူမစကားပြောသည့်အခါ သို့မဟုတ် လှုပ်ရှားသောအခါတွင် အဆီတွေက လူးလိမ့်နေပြီး ပြောမပြနိုင်လောက်အောင် ရွံရှာဖွယ်ကောင်းနေသည်။

ကျန်လူနှစ်ယောက်မှာ ဝါးလုံးကဲ့သို့ ပိန်လှီပြီး ပါးလွှာသော အသားအရည်နှင့် မျက်လုံးများတွင် အညိုရောင် အစက်အပြောက်များ ရှိနေ၏။ သူတို့ပုံစံတွေက အသက်စွမ်းအင် အနှစ်သာရများကို စုပ်ထုတ်ပစ်ရသကဲ့သို့ ဖြစ်နေသည်။

ဒါက အဆီဖုံးနေတဲ့ မိန်းမလက်ချက် ဟုတ်မဟုတ်ကို အမှန်တကယ်ပင် မတွေးတောဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရသည်။ သို့သော် သူ့စိတ်ထဲက ပုံရိပ်ကို အလျင်အမြန် ပယ်ချလိုက်၏။ အလွန် ရွံရှာဖွယ် ကောင်းလှသည်။

"လီရှို့... တစ်ယောက်ယောက်က မင်းကို ပြန်မလာစေချင်ဘူး... မဟုတ်လည်း ငါတို့နောက်လိုက်နေတာ ပိုကောင်းမယ် ထင်တယ်"

All Chapters