ဟောက်ထျန်းမှန်
Vol. 83 Ch. 4.755
လီရှို့ သက်ပြင်းချလိုက်သည်။ သူမမျက်လုံးများကလည်း ရွံရှာနေသည့် အမူအရာများဖြင့် ပြည့်နှက်နေသည်။
"ငါ နင်တို့နောက်ကို လိုက်ခဲ့မယ်ဆိုရင် ကိုယ့်ကိုကိုယ် သတ်သေသလိုပဲ မဟုတ်ဘူးလား? ငါ့များ ငတုံးမှတ်နေလား?"
"ဒါ့အပြင် အခု ငါ့မှာ အစ်ကိုဓား ရှိနေပြီ... ဟမ့် ဘယ်သူက အရိုက်ခံရပြီး ထွက်ပြေးရမယ်ဆိုတာ မသေချာဘူးနော်"
အမျိုးသမီးဖက်တီးက သူ့ရဲ့အဆီပိတ်နေသော မျက်လုံးများဖြင့် ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်လေသည်။ ထိုအခါ သူမ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်လှုပ်သွားရာ လုရွှမ်မှာ သူ့မျက်လုံးများကို မှိတ်ထားရ၏။ ထိုအပြုံးကို သူ့ကို ဝက်သားမစားချင်တော့အောင် လုပ်နေပေပြီ။
"ဝါးလုံးနဲ့ မျောက်ကလေး... နင်တို့ထဲက ဘယ်ကောင် ဒီကလေးကို ဖြိုချနိုင်လဲ? ဒီကောင်လေးရဲ့ ကျင့်ကြံမှုက နိမ့်ပေမယ့် ချောချောလေးပဲ"
ယောကျ်ားနှစ်ယောက်ကို မျောက်ကလေးနဲ့ ဝါးလုံးလို့ ခေါ်သေးသည်။ အဲဒီမိန်းမရဲ့ နာမည်ပေးပုံကလည်း အတော်လေး ထူးဆန်းလှပေသည်။
"အစ်မရေပုံး... ငါလာမယ်!"
မျောက်ကလေးက အော်ရယ်ကာ လုရွှမ်ဆီသို့ ပြေးဝင်သွားခဲ့သည်။ လီရှို့ စုတ်သပ်ကာ ညည်းညူလိုက်သည်။ လုရွှမ်က သူမထက် သန်မာတယ်ဆိုတာ သူမ သိတာမို့ လုံးဝ စိတ်မပူပါဘူး။
ထိုမျောက်ငပိန်သည် အလွန်လျင်မြန်ပြီး အလွန်သွက်လက်သည်။ သေချာသည်မှာ သူ့နာမည်က သူ့ရဲ့ရုပ်ပုံကို ဖော်ပြနေတာ သိသာလှသည်။
လုရွှမ် သူ့ဓားကိုဆွဲထုတ်လိုက်သည်နှင့် ဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။ ပိန်လှီသောမျောက်သည် အော်ဟစ်လိုက်ပြီး လေထဲတွင် ရပ်ကာ ဓားကိုရှောင်ရန် ပြန်လှည့်ပြေးသွားရ၏။
ဓားစွမ်းအင်က သူတို့နောက်က သစ်ပင်ကြီးတစ်ပင်ကို ထိမှန်သွားကာ ကျယ်လောင်သော အသံကြီး မြည်သွားသည်။ ထူထဲသော သစ်ပင်၏ အလယ်ဗဟိုတွင် အပေါက်ကြီးတစ်ခု ထိုးဖောက်သွားလေသည်။
ရေပုံးနှင့် ဝါးလုံးတို့ရဲ့ မျက်နှာများလည်း တစ်ပြိုင်နက်တည်း ပြောင်းလဲသွားခဲ့သည်။ သူတို့သည် ဤဓားသိုင်းကို အလေးအနက် မထားသော်လည်း ဓားစွမ်းအင်၏ အာရုံစူးစိုက်မှုက သူတို့နှစ်ဦးကို ထိတ်လန့်သွာစေပါသည်။
သူတို့နှစ်ယောက်လုံးက သခင်တွေဖြစ်ပြီး သူတို့မြင်တာက သာမန်လူတွေနဲ့ မတူပါဘူး။
"ဝါးလုံး မင်းလည်း တက်လာခဲ့!"
မျောက်ကလေးက ဟစ်အော်ပြီး ရှေ့ကို ဆက်ပြေးသွားသည်။ လုရွှမ် လှောင်ရယ်လိုက်မိ၏။ ဒီလူနှစ်ယောက်ကို ကရုဏာပြစရာ မလိုဘူး။ ဓားရွေ့လျားမှု ပြောင်းသွားသည်နှင့် တပြိုင်နက် လုရွှမ်သည် စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို သုံးကြိမ်ဆက်တိုက် ဝေ့ယမ်းလိုက်ပေသည်။
"ကောင်လေး.... မင်းသေပြီပဲ ငါမင်းကို ပြန်ပေးဆပ်ခိုင်းမယ်!"
အဆီပိတ်နေတဲ့ ရေပုံးက အော်ပြီး လှည့်ထွက်၍ မြူခိုးတွေထဲ ပြေးဝင်သွားခဲ့လေသည်။
လုရွှမ် လှောင်ပြောင်လိုက်သော်လည်း လိုက်မသွားခဲ့ပေ။ အတွင်းက ရောင်ဝါက သူ့အတွက် အလွန်ဆိုးရွားပြီး အန္တရာယ်ကြီးတစ်ခုကို ဖုံးကွယ်ထားတယ်လို့ ခံစားနေရသည်။
လီရှို့ ရောက်လာပြီး လုရွှမ်ကို ကြည့်လိုက်သည်။
"ရှင်က ဘယ်သူလဲ? ရှင်က ရုပ်သေးရုပ် မဟုတ်ဘူး"
"ဟုတ်တယ် ငါက ရုပ်သေးမဟုတ်ဘူး!"
ဘယ်မိဘက ဒီကလေးမလေးကို ဒီလိုနေရာမျိုးဆီ ပို့လိုက်တာလဲ။ ဘယ်လောက် အန္တရာယ်ရှိလဲ မသိဘူးလား။ သူသာ ဂရုမစိုက်ရင် ဒီကလေးမလေးဟာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သေသွားပြီးလောက်ပြီ။
"အာ......"
လီရှို့ အော်ဟစ်ပြီး လုရွှမ်ရင်ဘတ်ကို ဓားဖြင့် ချိန်ထားလိုက်သည်။
"ဒါဆို ရှင်ကျွန်မနောက်ကို ဘာလို့ လိုက်လာတာလဲ? ကျွန်မကို လုပ်ကြံချင်နေတာလား?"
လီရှို့ရဲ့ ယုန်ငယ်လေးလို အမူအရာကို ကြည့်ရင်း လုရွှမ် ပြုံးလိုက်သည်။
"ငါမင်းကို လုပ်ကြံချင်ရင် မင်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သေသွားပြီးပြီ ကောင်းပြီ... စကား ပြောကြည့်ရအောင် ဒီနေရာက ဘယ်လိုနေရာလဲ?"
"ဒီနေရာက ဘယ်လို နေရာလဲတောင် မသိဘူးလား? ရှင်ဘယ်သူလဲ ဘယ်ကလာတာလဲ? မင်းအသက်တစ်ထောင် အသက်ပြန်ရှင်လာဖို့အတွက် သူများအလောင်းကို ချေးငှားထားတဲ့ နှစ်တစ်ထောင် လိပ်တစ်ကောင်တော့ မဟုတ်ဘူးမလား? ရှင် မလာနဲ့နော် ကျွန်မမှာ မှော်လက်နက်တစ်ခု ရှိတယ်... ဟုတ်တယ် ရှင်အဲဒါကို ကြည့်လိုက်တာနဲ့ သေသွားလိမ့်မယ်!"
ပြောရင်း သူမရင်ဘတ်ထဲက မှန်တစ်ချပ်ကို ထုတ်လိုက်သည်။ မှန်သည် အလွန်ရိုးရှင်းပြီး သာမန် ကြေးဝါမှန်တစ်ချပ်နှင့် တူသည်။ သို့သော် မှန်မျက်နှာပြင်က ချောမွေ့ သန့်ရှင်းနေသော်လည်း ၎င်းကို အမည်မသိ ပစ္စည်းများဖြင့် ပြုလုပ်ထားတာကြောင့် နတ်ဘုရားလို အလင်းရောင်မျိုး ထွန်းလင်းစေသည်။
သူမလက်ထဲက မှန်ဆီကနေ နားမလည်နိုင်တဲ့ အန္တရာယ်တစ်ခု ရောက်လာသလို လုရွှမ် ခံစားလိုက်ရသည်။ လီရှို့ သူ့ဆီသို့ မှန်အား ညွှန်ပြလိုက်တာကို မြင်လိုက်ရသောအခါ လုရွှမ် အံ့အားသင့်သွားပြီး သူရပ်နေတဲ့ နေရာက အမြန်ပြောင်းလဲသွားခဲ့သည်။
မှန်ထဲမှ အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်လာပြီး လုရွှမ် ရပ်နေသည့်နေရာကို ရောက်သွားသည်။ ဖုန်မှုန့်တွေ လွင့်ပျံလာကာ လုရွှမ်ရဲ့ မူလနေရာက မီးတောင်ဝကြီး တစ်ခုလို ဗုံးကြဲခံလိုက်ရလေသည်။
"အား....."
လီရှို့ အော်လိုက်သည်။
"ရှင်ကဝိညာဉ်ကို ပြန်ရဖို့အတွက် သူများအလောင်းကို ချေးငှားထားတဲ့ အသက်တစ်ထောင် သရဲတစ္ဆေပဲ!"
သူမ လုံးဝ ထိတ်လန့်သွားပြီး မှန်ကို ဝှေ့ယမ်းကာ လုရွှမ်အား အဆက်မပြတ် ပစ်ခတ်နေခဲ့သည်။ အလင်းတန်းများက လုရွှမ်ရဲ့ အနေအထားကို အဆက်မပြတ် စူးစူးစိုက်စိုက် ပစ်မှတ်ထားကာ တိုက်ခိုက်နေသည်။
ကံကောင်းထောက်မစွာနဲ့ အလင်းတန်းများကို လှည့်မကြည့်ခဲ့ပေ။ မဟုတ်ပါက သူ့မျက်လုံးတွေ ကျိန်းသေပေါက် ထိမှန်သွားပေလိမ့်မည်။ သို့သော်လည်း လုရွှမ် ခဏလောက်အထိ ထိတ်လန့်သွား၏။ မတော်တဆ ပစ်သတ်ခံရမှာကို စိုးရိမ်တာကြောင့် သတိလက်လွတ် မနေဝံ့ခဲ့ပေ။
ယခုတော့ သူသည် ဤမိန်းကလေးနှင့် ရင်ဆိုင်ရသောအခါ နှလုံးသားထဲတွင် ကြောက်ရွံ့မှုတွေ အားနည်းသွားရသည့် အကြောင်းရင်းကို သူနားလည်လာခဲ့ပြီ ဖြစ်သည်။
အခုစဉ်းစားကြည့်ရင် အရင်ကလူတွေ ဒီကောင်မလေးကို တိုက်ခိုက်ခဲ့မယ်ဆိုရင် သူမကိုယ်သူမ ကာကွယ်ဖို့ ဒီမှန်ကို သူ့ဘာသာသူ ဖွင့်ထားနိုင်ပါလိမ့်မယ်။
"အရင်ရပ်လိုက်... ငါက အသက်တစ်ထောင်ရှိတဲ့ တစ္ဆေမဟုတ်ဘူး!"
လုရွှမ် အော်လိုက်သည်။ မှန်ရဲ့အလင်းက လျင်မြန်လွန်းပြီး လုရွှမ် သူ့အရှိန်ဖြင့်ပင် မှန်က အလွန်စိတ်မ၀င်စားသည့် ပုံစံဖြင့် လိုက်လာခဲ့သည်။
လီရှို့သည် သူမ၏ မျက်နှာပေါ်တွင် မာနကြီးသွားသည့် အရိပ်အယောင်များဖြင့် မှန်ကို နောက်ဆုံးတွင် လွှင့်ပစ်လိုက်သည်။ လုရွှမ်ကို အရှက်ကွဲအောင် လုပ်နိုင်ခဲ့တဲ့အတွက် အရမ်းဂုဏ်ယူနေတာ ထင်ရှားပေ၏။
"ကျွန်မကိုပြော ရှင်ဘယ်သူလဲ? ရှင် ကျွန်မကို ရိုးရိုးသားသားပြောရင် ပိုကောင်းမယ်နော် မဟုတ်ရင် ဒီဟောက်ထျန်းမှန်က ရှင့်ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဥ်တွေကို ဖျက်ဆီးပစ်မှာ သေချာတယ်"
လုရွှမ် ထိတ်လန့်တကြား ဖြစ်သွားသည့် အရိပ်အယောင် မရှိဘဲ တစ်ချက် ပြန်ကြည့်လိုက်သည်။ ဒီမှန်ကို ဟောက်ထျန်းမှန်လို့ ခေါ်တာ မထူးဆန်းပါဘူး။ တကယ်ကို သူ့ရဲ့နာမည်နဲ့ လိုက်ဖက်အောင် အရမ်းကြီးစိုးနိုင်တယ်လို့ ပြောရမည်။
"ငါ့နာမည်က လုရွှမ်... တကယ်တော့ အာကာသ ပို့ဆောင်ခြင်း အစီအရင်ကြောင့် ဒီထဲကို ပြုတ်ကျလာခဲ့တာ... မင်းငါ့ကို ပထမဆုံး မြင်လိုက်တဲ့အချိန်က ငါ့ခန္ဓာကိုယ် ပြန်ကောင်းလာတဲ့ အချိန်ပဲ"
လုရွှမ် ခဏလောက်စဉ်းစားပြီး အမှန်အတိုင်းပြောဖို့ ဆုံးဖြတ်လိုက်သည်။ ဟောက်ထျန်းမှန်က ဒီလောက်ရိုးရှင်းတဲ့ ပစ္စည်း မဟုတ်ကြောင်း သူအလိုလို ခံစားမိသည်။
ထိုအခိုက် လီရှို့က မီးစိမ်းပြနေတဲ့ ဟောက်ထျန်းမှန်ကို တစ်ချက် ကြည့်လိုက်သည်။
"ဟမ့် ရှင်က အသိဉာဏ်ရှိပြီး အမှန်အတိုင်းပြောဖို့ သိသားပဲ"
"ဒါဆို ရှင်ကဘာလို့ တိတ်တိတ်ဆိတ်ဆိတ်နေပြီး ဒီသန့်ရှင်းတဲ့ အပျက်အစီးတွေရဲ့ စမ်းသပ်မှုတွေထဲက တစ်ခုလို့ ကျွန်မကို လှည့်စားနေတာလား? ရှင့်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာလား"
ကြေးမုံ၏ စွမ်းအားကို သိသဖြင့် လုရွှမ်သည် သဘာဝအတိုင်း လိမ်မပြောဘဲ အမှန်အတိုင်း ပြောလိုက်သည်။ ထို့နောက် လီရှို့ရဲ့ ရောင်ဝါအကြောင်းကိုလည်း မေးမြန်းလိုက်သည်။
"ဟုတ်တယ်... ငါ့ရဲ့ ဟောက်ထျန်းမှန်ကို ကြယ်တစ်ပွင့်ကနေ ဖန်တီးထားတာ... ဝမ့်ရှင်းကမ္ဘာရဲ့ ကမ္ဘာ့ရတနာကနေ အတုယူထားတာလေ သူ့နာမည်က ဟောက်ထျန်းမှန်... သဘာဝအရတော့ မှော်အစွမ်းတွေ အများကြီး ရှိပါတယ်"
လက်နက်များကို သန့်စင်ရန်နှင့် ကမ္ဘာ့ရတနာများကို တုပရန် ကြယ်များကို အသုံးပြုကြသည်။ ဒါကိုကြားတော့ လုရွှမ် အံ့သြသွားတော့သည်။ သေချာတာပေါ့။ အပြင်မထွက်ရင် ကမ္ဘာကြီးက ဘယ်လောက်ကြီးတယ်၊ သခင်ဘယ်လောက် ရှိတယ်ဆိုတာ သိမှာမဟုတ်ဘူး။
"တကယ်တော့ ငါမင်းကိုထားခဲ့ဖို့ စီစဉ်ထားပေမယ့် မင်းအရမ်း သတိမထားတာကို တွေ့လိုက်ရတယ်လေ... ငါထွက်သွားရင် မင်းငါ့ကို အပြစ်တင်လိမ့်မယ် ဒါကြောင့် မင်းကိုဒီအထိ လိုက်ပို့ပေးတာ"
လီရှို့ရဲ့ မျက်နှာလေး နီရဲသွားလေသည်။ လုရွှမ် ပြောတာ အမှန်မှန်း သူမ သိသည်။ လုရွှမ်ကြောင့်သာ မဟုတ်ရင် သူမ သေသွားလောက်ပြီ။ သူမသည် ဟောက်ထျန်းမှန်ကို ဖယ်လိုက်ပြီး ချစ်စရာကောင်းစွာ ပြုံးလိုက်၏။
"ကျွန်မပဲ မှားသွားတာလား? ရှင့်နာမည်က လုရွှမ်နော်... ရှင်က ဘယ်ကလာတာလဲ အာကာသ ပို့ဆောင်ခြင်း အစီအရင်ရဲ့ ကွဲအက်မှုကနေတောင် လွတ်မြောက်နိုင်တယ် ဆိုတော့ ရှင်က အရမ်းအစွမ်းထက်ရမယ်...ရှင်က ကောင်းကင်ဘုံသခင် အဆင့်ပဲ ရှိသေးပေမယ့် ဟိုလူသုံးယောက် ပေါင်းလိုက်ရင်တောင် ရှင်နဲ့မယှဉ်နိုင်ဘူးလို့ ကျွန်မ ထင်တယ်... ဧကန္တ ရှင်က ဆန်းကြယ်ကောင်းကင်အိမ်တော်က ပါရမီရှင်များလား?"