သစ်သားပန်းပု
Vol. 83 Ch. 4.757
"မင်းလည်း သေချာမသိဘူးပေါ့?"
"ဟုတ်တယ်... ဘယ်သူမှ သေချာမသိဘူး... အားလုံးက ထင်ကြေးပေးနေကြတာ ဒါပေမဲ့ မြေကမ္ဘာ မဟုတ်တော့ရော ဘာဖြစ်လဲ? နောက်ဆုံးတော့ မြေကမ္ဘာကို ဘယ်သူမှ မမြင်ဖူးသေးဘူးလေ"
လီရှို့ အမှန်အတိုင်းပဲ ပြောလိုက်သည်။ လုရွှမ် ခပ်တိုးတိုးလေး ရယ်လိုက်သည်။ အမှန်လား မှားလားဆိုတာ တကယ်သိတဲ့သူ။
သူတို့နှစ်ယောက်လုံး မြူခိုးတွေကြားထဲ ရောက်သွားတော့ ပတ်ဝန်းကျင်က အားလုံးဟာလည်း မတူကြတော့ပါဘူး။ လုရွှမ်သည် အခြားနေရာတစ်ခုသို့ ဝင်ရောက်သွားသလိုမျိုး ခံစားလိုက်ရကာ အသက်ပြင်းပြင်း ရှူလိုက်သည်။
ကောင်းကင်မှာတော့ နေရောင်တွေကို ဖုံးလွှမ်းလုနီးပါး ထူထပ်တဲ့ တောနက်ကြီးတစ်ခု ရှိနေသည်။ ၎င်းက သူတို့ရဲ့လမ်းကို ပိတ်ဆို့ထားတာကြောင့် ရှေ့ဆက်သွားချင်တယ် ဆိုရင်တော့ တောအုပ်ကို ဖြတ်သွားရမည်။
လီရှို့လည်း အသက်ပြင်းပြင်း ရှူလိုက်သည်။
“ဒါက အမေပြောဖူးတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ တောအုပ်ပဲ... ဒါကို ဖြတ်ကျော်ဖို့ သတ္တိနဲ့ အခွင့်အလမ်း လိုတယ်လို့ ဒဏ္ဍာရီမှာလည်း ပြောထားတယ်...အခု ကျွန်မက သတ္တိကို တာဝန်ယူမယ်... ရှင်ကအခွင့်အရေးကို တာဝန်ယူပေး"
လုရွှမိ ရယ်ရယ်မောမောနဲ့ "ငါက စာမေးပွဲကို တာဝန်ယူမယ်... မင်းက ဖြတ်ကျော်သွားပေါ့"
"အဆင်ပြေသားပဲ!"
လီရှို့ကလည်း ပြုံးပြီး သူမရဲ့ မျက်လုံးကြီးတွေကို တစ်ဖန် မှိတ်ပြလိုက်သည်။ သူမပုံစံက လူတွေကို နားမလည်နိုင်လောက်အောင် ရယ်စရာကောင်းပုံ ပေါက်နေ၏။
"သွားကြစို့"
နှစ်ယောက်သား ရှေ့ကို ဆက်လျှောက်လာခဲ့သည်။ လုရွှမ်က အရှေ့ကသွား၍ လီရှို့ကအနောက်မှ လိုက်သည်။
သစ်ရွက်ခြောက်များပေါ် နင်းဖြတ်သံ၊ လေချွန်သံ၊ သစ်ကိုင်းများ ပွတ်တိုက်သံ၊ လေတိုက်တိုင်း အတက်အဆင်း လှုပ်လှုပ်ရွရွ ဘယ်ညာယိမ်းနွဲ့သွားသော သစ်ကိုင်းများကြားမှ ထိုးဖောက်သွားသော နေရောင်အောက်တွင် အရိပ်အယောင်များကိုသာ ချန်ထားရစ်ခဲ့သော အရာတွေက ဖြတ်ပြေးသွားလေသည်။
အလင်းရောင်က မြေပြင်ပေါ် ထွန်းလင်းလာသောအခါတွင် ၎င်းသည် တစ္ဆေအရိပ်များ အစီအရီ ဖြစ်ပေါ်လာသည်။ လုရွှမ် ဤကဲ့သို့ မတွေးချင်သော်လည်း ထိုအနက်ရောင် အရိပ်များက အသက်ရှင်နေသကဲ့သို့ မြေပြင်ပေါ်တွင် ရွေ့လျားသွားနိုင်သည်။
"ဒါတွေက နေရဲ့ အရိပ်တွေပဲ... သူတို့အားလုံး အသက်ရှင်နေကြတယ်လို့ အမေ့ဆီက ကြားဖူးတယ်... အတားအဆီးကို ဖြတ်ကျော်ဖို့ ရောက်လာတဲ့ လူတွေက မအောင်မြင်ဘဲ ဒီမှာပဲ ထာဝရနေခဲ့ရတယ်တဲ့... ဒါပေမဲ့ နေကအာဟာရကို ကျွေးမွေးပြီးတဲ့ နောက်မှာတော့ ဝိညာဉ်တွေက ကျန်နေခဲ့တယ်.... အဲဒီအခါ အတိတ်က အမှတ်ရစရာတွေ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး ဒီနေရာရဲ့ အသင်းဝင် ဖြစ်သွားမယ်တဲ့"
"သူတို့မှာ မှတ်ဉာဏ်မရှိပေမယ့် သူတို့မှာ ရှေးဦးဗီဇတွေတော့ ရှိကြတယ်... တစ်နည်းဆိုရရင် လူကောင်းတွေ ဖြစ်ခဲ့ရင် ကူညီပေးနိုင်ပေမယ့် လူဆိုးဖြစ်ခဲ့ရင်တော့ ရူးသွပ်တဲ့ နည်းလမ်းတွေနဲ့ အားလုံးကို ထိန်းထားနိုင်လိမ့်မယ်... ပြီးရင် လူတွေကို သူတို့နဲ့အတူ နေအောင် ဆွဲခေါ်ထားလိမ့်မယ်"
လီရှို့ ရှင်းပြပြီးနောက် သူမရဲ့ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီသွားလေသည်။ လုရွှမ် အနားကို အနည်းငယ် ထပ်ကပ်သွားလိုက်သည်။ အရာရာကိုသိတဲ့ လူက အတွေ့အကြုံ ရှိတဲ့သူတစ်ယောက်လိုမို့ ဒီခရီးစဉ်က မဆိုးပါဘူး။
"ကောင်းပြီ သတိထားကြရအောင်... စကားမစပ် ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ တောအုပ်မှာ ဘာကို သတိထားရမှာလဲ"
"ကြောက်စရာ အကောင်းဆုံးက လူ့နှလုံးသားပဲလို့ အမေက ပြောတယ်... ကျွန်မတို့ကို ရန်စဖို့ စောင့်နေတဲ့ လူတွေလည်း ရှိကောင်းရှိနိုင်တယ်"
"ကောင်းပြီ မင်းအမေပြောတာ မှန်တယ်"
လုရွှမ် ပြောပြီးနောက် သူ့နောက်ကျောမှာ ထမ်းထားတဲ့ ဓားစွမ်းအင်ကို လွှင့်ထုတ်ပစ်လိုက်သည်။ ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီး လူတစ်ယောက်၏ ခန္ဓာကိုယ်သည် ယခင်က သစ်ပင်ပင်စည်ထဲသို့ အရည်ပျော်သွားခဲ့သလိုမျိုး သစ်ပင်ပင်စည်ထဲမှ ထွက်လာခဲ့သည်။
လုရွှမ် အသာစီးရထားပြီမို့ ထိုလူ့အား ပြန်ဝင်ခွင့်မပြုတော့ပေ။ သူ့ဓားရှည်ရဲ့ စွမ်းအင်က ပျံသန်းသွားပြီးသည်နှင့် နောက်ထပ် ဓားနှစ်ချောင်းဖြင့် ခုတ်ထစ်လိုက်သည်။ ထက်မြက်သော ဓားစွမ်းအင်နှစ်ခုက တစ်ပြိုင်တည်း ပေါက်ကွဲထွက်လာသည်။
ဓားခုတ် ခံလိုက်ရတဲ့ သစ်ပင်ကြောင့် သစ်ပင်ပင်စည်ကို မှီခိုအားထားသည့် ထိုလူက ကမန်းကတမ်း ရှောင်ထွက်သွားခဲ့သည်။ နောက်ဆက်တွဲ အနေဖြင့် ဓားစွမ်းအင်က သစ်ပင်ပင်စည်ကို ထိမှန်ကာ နက်နဲသော အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သဖြင့် ထိုလူသည် အလွန် ကြောက်လန့်သွားရာ အမြန်ခုန်ဆင်း၍ လှည့်ထွက်ပြေးသွားခဲ့သည်။
"ထွက်သွားချင်တယ်ပေါ့... နေခဲ့စမ်း!"
လုရွှမ် ဆို၍ သူ့ခြေထောက်တစ်ဖက်ကို လွှဲယမ်းလိုက်ပြီး ကျောက်ခဲတစ်လုံးကို ကန်ထုတ်ပစ်လိုက်သည်။ အဲဒီကျောက်တုံးက ထိုလူကို အတိအကျ ထိမှန်သွားတာကြောင့် အော်ဟစ်ပြီး မြေပြင်ပေါ် လဲကျသွားတော့သည်။
ထိုကျောက်တုံး ကန်ချက်ထဲတွင် လုရွှမ် သူ့ရဲ့ ယွမ်ယန်စွမ်းအင်တွေကို ထည့်သွင်းထားလေသည်။
"ငါ့ကိုပြော! ဒီမှာစောင့်နေဖို့ ဘယ်သူက မင်းကို အမိန့်ပေးတာလဲ?"
လုရွှမ် မေးလိုက်သည်။ တစ်ဖက်လူသည် နတ်ဆိုးတစ်ကောင်ကို ကြည့်နေရသလိုမျိုး သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများဖြင့် လုရွှမ်ကို ပြန်မော့ကြည့်လိုက်သည်။
ယခင်ဓားစွမ်းအင် နှစ်ချောင်းနှင့် ကျောက်တုံးကို ကျပန်းကန်သွင်းလိုက်ခြင်းက ရိုးရှင်းပုံပေါက်သော်လည်း ၎င်းတို့တွင် ပါရှိသော စွမ်းအင်သည် အလွန်လွှမ်းမိုးနေပါသည်။
သူသည် နတ်မီးနယ်ပယ်၌ ရှိနေသော်လည်း ကောင်းကင်ဘုံသခင် ပထမအဆင့် ဖြစ်သော လုရွှမ်နှင့် နှိုင်းယှဉ်ကြည့်လျှင် သူက နောက်ကျကျန်နေသေးကြောင်း သူ့ဘာသာ ကောင်းကောင်းသိသည်။
"မင်းက ဆန်းကြယ်ကောင်းကင်အိမ်တော်ကလား?"
လီရှို့က ထိုလူ့မျက်နှာကို ဖြတ်ရိုက်လိုက်လေသည်။
"ဟမ့် ကောင်လေး ငါတို့က နင့်ကို နှိပ်စက်နေတာနော်... နင့်ကိုမေးတဲ့ မေးခွန်းတွေကိုပဲဖြေ ပြန်မမေးနဲ့"
လုရွှမ် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"သူမ ပြောတာ ကြားတယ်နော်"
"နင့်နာမည်ကို အရင်ပြောပါ! မနာခံရင် နင့်ခေါင်း ဖရဲသီးလို ကွဲသွားမယ်!"
လီရှို့က ဟန်ဆောင် ခြိမ်းခြောက်လိုက်သော်လည်း ထိုနေရာတွင် သူမကို ပြန်ခြိမ်းခြောက်နေသည့် အငွေ့အသက် အနည်းငယ် ရှိနေတာကြောင့် အရမ်းကို အဆင်မပြေသလို ခံစားရသည်။
ဒါပေမဲ့ အဲဒီလူက သိသိသာသာကို ထိတ်လန့်သွားပြီး တုန်တုန်ယင်ယင်နဲ့ ဆိုလာခဲ့သည်။
“မင်းတို့နှစ်ယောက် ငါ့ကို မသတ်ပါနဲ့ ငါ့နာမည်က ဖောင်ကျန့်ပါ... ငါလည်း ကျင့်ကြံသူတစ်ယောက်ပဲ ဒီကိုလာရှာဖို့ စရိတ်ကြီးကြီးနဲ့ အကုန်အကျခံခဲ့ရတယ်...မင်းတို့ နှစ်ယောက်ရဲ့ ကျင့်ကြံမှုတွေက အဆင့်မမြင့်တာကို မြင်တော့ ငါလိုချင်...."
နောက်ဆက်တွဲ ဖြစ်လာမယ့်အရာကို လူတိုင်းက သဘာဝကျကျ နားလည်လာပါသည်။ လီရှို့က လုရွှမ်ကို တစ်ချက်ကြည့်လိုက်ပြီး ဆိုလေ၏။
"ဒါဆို နင့်ရဲ့ပစ္စည်းတွေ အားလုံးကို ထုတ်လိုက်... ငါတို့နင့်အသက်ကို ချမ်းသာပေးမယ်!"
တစ်ဖက်လူက ခဏနေတော့ ဝမ်းသာအားရနဲ့ သူ့ပစ္စည်းတွေ အားလုံးကို ပစ်ချပြီး လှည့်ထွက်ပြေးသွားတော့သည်။ လီရှို့ ပြုံးလိုက်၏။ သူမ လုပ်ခဲ့တာတွေ အတွက် အရမ်းကျေနပ်နေပုံရလေသည်။
လုယက်ခံရသော ပစ္စည်းများကို ဝမ်းသာအားရ ဖွင့်ကြည့်လိုက်တော့ ၎င်းတို့မှာ ပစ္စည်းကောင်းတွေ မဟုတ်မှန်း သိသာထင်ရှားလှသော်လည်း လီရှို့ကတော့ ကျေနပ်သွားခဲ့သည်။
"ဘယ်လိုလဲ? ကျွန်မအစောကလုပ်တာ တော်တယ်မလား?"
လုရွှမ် ခေါင်းညိတ်လိုက်ပြီး သူ့လက်ဖဝါးကို ဖြန့်လိုက်ရာ သစ်သားရုပ် သေးသေးလေးက သူ့လက်ဝါးထဲကို ပျံသန်းလာခဲ့လေသည်။
"ဟေး ဒီသစ်သားရုပ်ကို ထွင်းထားတာက တစ်ခုခုမှားနေလို့လား?!"
"ဟုတ်တယ် ပြဿနာကြီးတစ်ခု ရှိတယ်... ဒီကောင်လေးက ပြဿနာကို ရွှေ့ချင်နေတာ ရှင်းရှင်းလင်းလင်း သိသာတယ်... သူက ငါတို့ရှာတွေ့သွားအောင် သူ့ပုံသဏ္ဌာန်ကို တမင်တကာ ထုတ်ဖော်ပြီးတော့ ငါတို့ကို ဒီအရာတွေကို ပေးခဲ့တယ်... အားလုံးပြီးသွားရင်တော့ သူက ငါတို့ကို ပြန်အသုံးချလိမ့်မယ် ဒီသစ်သားရုပ်တုကို ငါတို့ဆီကနေ ပြန်လာယူမှာ"
လီရှို့ ထိုစကားတွေကို ကြားလိုက်ရသောအခါတွင် သူမသည် တခြားအမှိုက်များကို အာရုံမစိုက်တော့ဘဲ သစ်သားပန်းပုကို ယူကြည့်လိုက်သည်။ ၎င်းကို ထပ်ခါတလဲလဲ ကြည့်သော်လည်း ဘာထူးခြားမှ မတွေ့ခဲ့ရပေ။
"ဟားဟား...ပြန်လာယူရင်တော့ ဒီသစ်သားရုပ် ထွင်းထုနည်းကို ယုံကြည်မှုအပြည့်နဲ့ ငါတို့ဆီ လွှဲပေးရမယ်"
"အဲဒါ ကျွန်မလည်း ပါတယ်နော်"
ထိုကဲ့သို့ စိတ်လှုပ်ရှားနေသော လူကို မျက်နှာမူလိုက်ရတော့ လုရွှမ်လည်း ပြုံးပြလိုက်သည်။ လီရှို့သည် အလွန် ရိုးသားသော်လည်း အကျိုးအမြတ်ကိုတော့ တောင်းဝံ့သည်။
ဒါပေမဲ့ ဒီစိတ်နေစိတ်ထားက လူတွေကို တစ်ယောက်နဲ့ တစ်ယောက် အရမ်းရင်းနှီးလာစေပါသည်။ လုရွှမ်က ပြုံး၍။
"မင်းဆီက ကောင်းကောင်းတစ်ခုခုရရင် ဒီအထဲမှာ မင်းအတွက်လည်း သဘာဝအတိုင်း ပါဝင်လာလိမ့်မယ်"
ဤသစ်သားရုပ် ထွင်းထုခြင်းက သာမန်အရာမဟုတ်ကြောင်း သူခံစားမိသော်လည်း ယခုအချိန်တွင် အတွင်း၌ရှိသော အရာများကို ပြသနိုင်ခြင်း မရှိသေးပေ။
စကားပြီးသောအခါ လုရွှမ်သည် ရုတ်တရက် နောက်သို့လှည့်ကာ ပြုံးပြလိုက်သည်။ ထို့နောက် အရှေ့ကို ပြန်လှည့်ကာ လီရှို့နှင့်အတူ ထွက်သွားလေသည်။
အဝေးမှ ပြေးနေသော ဖောင်ကျန့်သည် အကြောင်းပြချက်မရှိဘဲ သူ့နှလုံးသားထဲတွင် ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရလေ၏။