မတူညီသောအမြင်များ
Vol. 83 Ch. 4.760
ထိုအခိုက် မီးခိုးရောင် စွမ်းအင်စီးကြောင်းများက တရွေ့ရွေ့ စီးဆင်းလာပြီး လီရှို့၏ ထိတ်လန့်နေသော မျက်လုံးများရှေ့၌ပင် လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်သွားလေတော့သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? လူတစ်ယောက်က သူ့စိတ်ဝိညာဉ်ကို မြှင့်တင်ဖို့ အခွင့်အရေး တစ်ကြိမ်ပဲ ရတတ်တယ်လို့ မေမေပြောခဲ့တာ မဟုတ်ဘူးလား?"
လုရွှမ်သည် စွမ်းအားများ တိုးဝင်လာတာကို ခံစားလိုက်ရသော်လည်း ယခုတစ်ကြိမ်တွင် သူ သတိလွတ်သွားခြင်း မရှိဘဲ မီးခိုးရောင် စွမ်းအင်ကြောင့် ပြည့်ဝလာမှုကို ခံစားရင်း ထိုနေရာတွင် အေးစက်စွာ ရပ်နေလိုက်သည်။
သူ့ဝိညာဉ်သည် အစာစားရန် စောင့်ဆိုင်းနေသော ငှက်ငယ်လေးနှင့်တူပြီး မီးခိုးရောင် စွမ်းအင်ကို စုပ်ယူကာ စိတ်ဝိညာဉ်ကို အာဟာရဖြည့်ပေးနေသည်။
ယခင်က ဆာလောင်နေတဲ့ ခံစားချက်တွေဟာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး တဖြည်းဖြည်း ပိုပြင်းထန်လာသည်။
လှိုင်းလေထန်နေသော ပင်လယ်ရေ မျက်နှာပြင်သည် တဖြည်းဖြည်း ငြိမ်သက်သွားပြီး ပင်လယ်ရေ မျက်နှာပြင်က ကြေးမုံပြင်ကဲ့သို့ ပြန့်ကားလာသည်။
မီးခိုးရောင် စွမ်းအင်များ ပျောက်ကွယ်သွားပြီးနောက် လုရွှမ် သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ မယုံနိုင်စရာသည့် အကြည့်များဖြင့် ကြည့်နေသူ လီရှို့ကို တွေ့လိုက်ရလေသည်။ လီရှို့မှာ လန့်ဖြတ်နေပြီး။
"ရှင်ဘယ်သူလဲ... ရှင့်မှာဘယ်လိုလုပ် ဒီလို ပြင်းပြတဲ့ သတ္တိနဲ့ တိုက်ပွဲဝင်စိတ်ဓာတ်တွေ ရှိနိုင်ရတာလဲ"
"ဘယ်လိုပြောစေချင်လဲ?"
လီရှို့ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း သူမသည် သူမ၏ ခိုင်ခံ့သော နောက်ခံနှင့် သူမ၏ ထူးခြားသော အရည်အချင်းကို ရံဖန်ရံခါ ပြသနေငသေးသည်။
သူမသည် လူသုံးယောက်၏ ဝိညာဉ် လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့ပြီး နတ်ဘုရားမျက်လုံးများပင် မမြင်နိုင်သော အရာအချို့ကို သူမက မြင်နိုင်ခဲ့သည်။
"တောင်တစ်သောင်းကမ္ဘာက အဲ့လောက်တောင် မှော်ဆန်လား? ကျွန်မတို့ရဲ့ ကြယ်တစ်သောင်းကမ္ဘာက အဆင့်မြင့်လား? ဖြစ်နိုင်တယ် မဟုတ်ရင် ရှင့်လို ပါရမီရှင်တစ်ယောက် ဘယ်လိုထွက်လာနိုင်မှာလဲ?"
လုရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး။
"မင်းတို့ရဲ့ ကြယ်တစ်သောင်းကမ္ဘာနဲ့ ယှဉ်ရင် အများကြီး ကွာခြားသေးတယ်"
လီရှို့သည် သဘာဝကျကျ မယုံသော်လည်း ယုတ္တိမဲ့စွာ ပြဿနာ မရှာခဲ့ပေ။ လုရွှမ်ကို ရံဖန်ရံခါ ကြည့်လိုက်ကာ ဟောက်ထျန်းမှန်ကို နောက်တစ်ကြိမ် ထုတ်ယူလိုက်တာကြောင့် လုရွှမ် ထိတ်လန့်ကာ အမြန် ရှောင်ထွက်လိုက်ရသည်။
တစ်ဖက်လူက ဝမ်းသာအားရ ရယ်မောပြီး ဟောက်ထျန်းမှန်ကို ကြည့်လိုက်သည်။ ထို့နောက် သူမမျက်နှာပေါ်တွင် လိမ္မာပါးနပ်သော အကြည့်ဖြင့် တစ်ဖန် ဖယ်ပစ်လိုက်သည်။
လုရွှမ် အစောကတည်းက တွေးထားမိပြီးသားပါ။ လီရှို့က သူ့ကို မလိုအပ်ဘဲ လျှို့ဝှက်ဆန်းကြယ်သော တောအုပ်ထဲမှ အလွယ်တကူ ထွက်သွားနိုင်သည်။ သူ၏ကျင့်ကြံမှု အဆင့်သည် မမြင့်မားသော်လည်း သူ့တွင် နည်းလမ်းများစွာ ရှိပြီး မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းက သူမထက် နိမ့်ကျမည် မဟုတ်ပေ။
လမ်းတစ်လျှောက်မှာ ဘာအန္တရာယ်မှ မရှိခဲ့ပါဘူး။ သူ့စိတ်ဝိညာဥ်ကို ဖြည့်တင်းဖို့ အစာကို အသုံးပြုခဲ့တဲ့ လီရှို့လောက် ဘယ်သူမှ မကြီးစိုးနိုင်ပါဘူး။ ဒီကိုဝင်တဲ့သူတိုင်း ချက်ချင်း ပြန်ထွက်ချင်ကြတဲ့ လူတွေပင်။
ဤနေရာတွင် သောင်တင်နေသူများသည် ထွက်လမ်းမရှာနိုင်ဘဲ အတင်းအကျပ် ပိတ်လှောင်ခံထားရသူများ ဖြစ်သည်။ ၎င်းတို့က တခြားသူများထံမှ အခွင့်အလမ်း တချို့ကို ရှာဖွေလိုကြသည်။ ဒါမှမဟုတ် သူတို့သေဖို့ စိတ်ပိုင်းဖြတ်ထားကြ၏။ ဒါက သူတို့ကံကြမ္မာရဲ့ အဆုံးသတ်ပဲလေ။
အရှေ့ဘက်ရှိ အလင်းရောင်သည် တဖြည်းဖြည်း တောက်ပလာကာ သူ့ခြေဖဝါးအောက်မှ အရိပ်များသည်လည်း ပျောက်ကွယ်သွားခဲ့သည်။ လုရွှမ် အနောက်သို့ လှမ်းကြည့်လိုက်သောအခါ သစ်ပင်များက ပေါင်းဆုံသွားကာ ၎င်းတို့က အသက်ဝင်နေပုံရလေသည်။
တောထဲကနေ အပြေးအလွှား ထွက်ပြီးနောက် ပြင်ပကမ္ဘာဟာ ငှက်ကလေးတွေ၊ ပန်းတွေအပြည့်နဲ့ လှပနေကာ မြူခိုးဖြူတွေကလည်း ရစ်ဝဲနေတာကြောင့် နတ်သမီးနယ်မြေထဲကို ဝင်သွားသလို ခံစားလိုက်ရလေသည်။ ခြေအောက်မှာလည်း မြူခိုးတွေ လွင့်ပျံနေ၏။
လုရွှမ် အသက်ပြင်းပြင်း ရှူလိုက်သည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအင်များသည် ပို၍ပင် ကြွယ်ဝသေး၏။ သူ့ခြေဖဝါးတွင် အဖြူရောင် အမှုန်အမွှားများကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကြည့်လိုက်သော် ၎င်းသည် ဝိညာဉ်စွမ်းအင် မဟုတ်သော်လည်း ကြွယ်ဝသောဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နေသည်။
"ဒီနေရာက နတ်ဘုရားနယ်မြေနဲ့ တူတယ်!"
"အမ် တကယ်လား? ဒီနေရာက အပျက်အစီးတွေ မဟုတ်ဘူးလား?"
လီရှို့ရ ရုတ်တရတ် ဖြတ်ပြောလေသည်။ လုရွှမ် သူ့မျက်လုံးများကို လျင်မြန်စွာ မှိတ်ကာ စိတ်ကို ချိန်ညှိလိုက်ပြီးနောက် ပတ်ပတ်လည်ကို ထပ်ကြည့်ရာ နတ်ဘုရားနယ်မြေတစ်ခုလို ဖြစ်နေသေးသည်။
"ငါမြင်နေရတာက သာမညနတ်ဘုရား နယ်မြေပဲ... လီရှို့ မင်း အပျက်အစီးတွေကို မြင်နေရတာ သေချာလား?"
"ဒါက ဘာမှမရှိတဲ့ အပျက်အစီးတွေချည်းပဲ... မြေပြင်မှာ ကျိုးပဲ့နေတဲ့ လက်နက်တွေက သင်္ချိုင်းဟောင်းတွေလို ပြည့်နေတာ အိုး အရိုးစုတွေတောင် ရှိသေးတယ်!"
လုရွှမ် လီရှို့ညွှန်ပြတဲ့ အနေအထားအတိုင်း အပေါ်ကို ကြည့်လိုက်တော့ သူမြင်နေရတာက ကျောက်တုံး ဗုဒ္ဓရုပ်ပွားတော်ကြီး ဖြစ်နေလေသည်။ ကျောက်တုံးမြတ်ဗုဒ္ဓသည် ထူးထူးခြားခြား ရောင်ဝါမျိုး မရှိသော်လည်း သက်ရှိသတ္တဝါ အားလုံးကို လမ်းပြနေသကဲ့သို့ အရိပ်အမြွက် ရောင်ဝါနဲ့ ထီးတော်လည်း ရှိသည်။
ဒါပေမဲ့ ပန်းပွင့်ပုံသဏ္ဌာန် သူ့လက်ဖဝါးတွေက ကမ္ဘာကြီးကို ကျေးဇူးတင်ကြောင်း ပြသနေသလိုမျိုးပင်။ နောက်တစ်ချက်က ကရုဏာမျက်နှာထားရဲ့ နောက်ကွယ်မှာ သိသိသာသာ ဝမ်းနည်းနေပုံလည်း ပေါ်သည်။
လီရှို့၏ မျက်လုံးများသည် သူမ လိမ်ညာနေပုံမပေါ်ပေ။ သူမတကယ် လိမ်လည်နေပါက လုရွှမ် သူမအား ချီးကျူးရတော့မည်။
ဒါဆို ဘယ်သူမှန်ပြီး ဘယ်သူမှားနေတာလဲ။
သူကအမှန်တရားကို မြင်ပြီး လီရှို့က လိမ်ညာနေတာလား သို့မဟုတ် သူက မုသာကို မြင်ပြီး လီရှို့က အမှန်တရားကို မြင်နေတာလား။
"လီရှို့ မင်းရဲ့ ဟောက်ထျန်းမှန်ကို ထုတ်ကြည့်လိုက်..."
လီရှို့က ညည်းတွားပြီး ဟောက်ထျန်းမှန်ကို အမြန်ထုတ်ယူလိုက်သည်။ သူမက ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ဘာအလင်းမှ မလင်းလာခဲ့ပေ။ သာမန် မှန်တစ်ချပ် အတိုင်းပင်။
"မှန်တယ်... ကျွန်မမြင်တဲ့အရာက မှန်ထဲမှာ ပြထားတဲ့အရာနဲ့ အတူတူပဲ.. အားလုံး ပျက်စီးကုန်ပြီ"
လုရွှမ် သူ့ရှေ့က ငြိမ်းချမ်းသော မျက်နှာတော်ကို မော့ကြည့်လိုက်သည်။ ဗုဒ္ဓရုပ်ပွားတော်သည် တောက်ပနေပြီး သူ့အမူအရာများက လျင်မြန်စွာ ပြောင်းလဲနေတာကို အမှန်တကယ် မြင်လိုက်ရလေသည်။
လုရွှမ်သည် ကျောက်ဗုဒ္ဓ ရုပ်ပွားတော်အား အတုယူ၍ သူ့အမူအရာ အတိုင်း လုပ်ကြည့်လိုက်သည်။ ထိုအခိုက် ကျောက်တုံး ဗုဒ္ဓရုပ်ပွားတော်သည် တုန်လှုပ်သွားပြီး တဖြည်းဖြည်း ပြောင်းလဲသွားကာ သူ့လက်ဖဝါးပေါ်သို့ လဲကျလာခဲ့သည်။ လုရွှမ် လန့်သွားတာကြောငံ သူ့လက်ဖဝါးနဲ့ ညှစ်လိုက်မိတဲ့အခိုက် အစစ်အမှန် တည်ရှိနေသလို ခံစားလိုက်ရလေသည်။
ရုတ်တရက် သူ့စိတ်ထဲမှာ အသံတစ်သံ ကြားလိုက်ရ၏။
“အော်မီတော်ဖော်... ကုသိုလ်ကောင်းမှု ကုသိုလ်ကံကြောင့် ငါ့အိမ်တံခါးကို ဒီလိုရောက်လာတာကိုး... သနားစရာပဲ သနားစရာပဲ... ဗုဒ္ဓဘာသာ ထွန်းကားလာမယ့် ကံတရား မရှိတော့ရင် ဒီမြတ်စွာဘုရား ရုပ်ပွားတော်ကို ပေးလှူဖို့ ဆရာတော် ရည်မှန်းထားပါတယ်"
ရုတ်တရက် လျှပ်တပြက်ထဲတွင် လုရွှမ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားများ လှည့်ပတ်သွားခဲ့သည်။ အပြင်လောကမှာ ဘာသံမှ ထွက်ပေါ်မလာသော်လည်း သူ့နားထဲမှာတော့ ကြားနေရ၏။
ဤအသံသည် ဤကျောက်တုံး ဘုရားထံမှ အမှန်တကယ် ဆင်းသက်လာခဲ့ခြင်း ဖြစ်နိုင်ပါမလား။
"ရှင် ဘာဖြစ်နေတာလဲ"
"ဘာမှ မဖြစ်ပါဘူး"
လုရွှမ် အေးအေးလူလူ ပြောလိုက်ပေမယ့် အေးစက်စက် ချွေးအေတွေက သူ့နောက်ကျောတစ်လျှောက် ပြေးဆင်းသွားလေသည်။ ဒီနေရာက အရမ်းထူးဆန်းနေသည်။
"ဒါဆို ဘယ်သူမှန်ပြီး ဘယ်သူမှားတာလဲ? ဒါကြီးကိုတော့ အမေလည်း မပြောပြဖူးဘူး!"
လီရှို့ အနည်းငယ် စိတ်ဆိုးသွားသည်။
"ဘယ်သူမှ မမှားဘူး ဆိုရင်ရော?"
"ဟင့် ကျွန်မတို့မြင်တာက လုံးဝကို မတူဘူးလေ... နှစ်ခုလုံး မှန်နေတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လုရွှမ် သူ့အဖြေကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။ အမှန်ပင် သူတို့နှစ်ဦးသည် လုံးဝခြားနားသော မြင်ကွင်းများကို မြင်ခဲ့ရပြီး ၎င်းတို့အနက်မှ တစ်ဦးက မှားနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
"ငါတို့ ခွဲသွားသင့်ပြီ ထင်တယ်!"
လုရွှမ် ဆိုလိုက်သည်။ လီရှို့က လမ်းခွဲသွားရန် တွန့်ဆုတ်နေခဲ့သည်။
"ကျွန်မရဲ့ ခွန်အားက ညံ့တယ်လို့ ရှင်က ထင်နေတာလား?"
လုရွှမ် ပြုံးလိုက်ပြီး။
"မင်းရဲ့ နယ်ပယ်က နည်းနည်းနိမ့်ပြီး အစွမ်းက နည်းနည်း ပိုဆိုးပေမယ့် မင်းရဲ့ ခန္ဓာကိုယ်ပေါ်က မှော်လက်နက်တွေကတော့ မင်းကို ဘေးကင်းကင်း ဝင်ထွက်နိုင်စေမှာ သေချာတယ်... ငါ့အမြင်အရတော့ မင်းနောက်ကို လိုက်ခဲ့တာက အနာဂတ်မှာ ငါ့ကို ပိုလုံခြုံစေမှာ မဟုတ်ဘူး ပြဿနာပဲ ပိုကြီးလာလိမ့်မယ်"
"ဒါပေမဲ့ ငါ့ရဲ့အန္တရာယ်တွေလည်း ပိုနည်းလာမယ် ငါကြုံတွေ့ရမယ့် အရာတွေလည်း ပိုနည်းလိမ့်မယ်... အခွင့်အလမ်းတွေ ရှာဖို့ ငါဒီကို မတော်တဆ ရောက်လာတာဆိုတော့ ငါတို့တွေ့တဲ့ဟာက မတူနိုင်ဘူး"
"မင်းမျက်လုံးတွေမှာ ဘယ်လိုမှော်အစွမ်းတွေ ရှိမှန်း ငါမသိပေမယ့် သေချာတာ တစ်ခုကတော့ မင်းမျက်လုံးတွေက မင်းကို ဘယ်တုန်းကမှ မလှည့်စားဖူးဘူး ဟုတ်တယ်မလား? ငါ့ရဲ့ မှော်မျက်လုံးတွေကလည်း အတူတူပဲ... ရှင်းရှင်းလင်းလင်း မမြင်ရဘူး ဆိုပေမယ့် မမှားနိုင်ဘူး"
လီရှို့က မတုံးပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူမက အရမ်းထက်မြက်ပါသေးသည်။
"ရှင်ဆိုလိုတာက ငါတို့လမ်းတွေက မတူဘူး... ဒါကြောင့် ကျွန်မတို့ တစ်ယောက်တည်း ဆက်လျှောက်ရမယ်"
"မှန်တယ်!"
လုရွှမ် ခေါင်းညိတ်ပြလိုက်သည်။
လုရွှမ့သည် ဤအကြံအစည်ကို အမှတ်တမဲ့ စိတ်ကူးမပေါက်ခဲ့ပေ။ လမ်းတစ်လျှောက်တွင် သူရှေ့ဆက်တိုးလာလေ ယခုလို ခံစားလာရလေလေ ဖြစ်သည်။ ဤနေရာတွင် သူ နားမလည်နိုင်သော ခေါ်ဆောင်နေတဲ့ အရာတစ်ခု ရှိပုံပေါ်ကြောင်း ဖျတ်ခနဲ ခံစားနေရသည်။