← Chapters

ယုတ်မာသော

Vol. 83 Ch. 4.761

ယုတ်မာသော

Vol. 83 Ch. 4.761

မြူခိုးများနှင့် လျှို့ဝှက်ဆန်းကြယ်သော တောအုပ်ထဲသို့ လျှောက်သွားပြီးနောက် ပတ်ဝန်းကျင် ရောင်ဝါက ပိုမိုအားကောင်းလာပြီး သူ့ကို ဆွဲခေါ်နေတဲ့ အသံဟာလည်း ပို၍ ကြည်လင်လာသည်။

အာကာသ ပို့ဆောင်ခြင်းအစီအရင်ထဲက ခုန်ချပြီး ဒီကိုရောက်လာတာ မတော်တဆ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီနေရာရဲ့ခေါ်သံက သူ့ကို ဒီအထိကို ခေါ်ဆောင်လာခဲ့သည်။ အာကာသ ပို့ဆောင်ခြင်းအစီအရင်မှာ ပြဿနာ ဖြစ်သွားတာက ဒီနေရာရဲ့ ဆွဲဆောင်မှုကြောင်း ဖြစ်နိုင်၏။

လုရွှမ်မှာ အကြောင်းပြချက်ကို မသိပေမယ့် သူ့ရင်ထဲမှာ ရင်တုန်တာတွေက ပိုပြင်းထန်လာသည်။

တခြားသူများ၏ အမြင်တွင် ဤနေရာသည် လူဆိတ်ညံသောကြောင့် သန့်ရှင်းသော အပျက်အယွင်းများ ရှန့်ရွှီးဟု ခေါ်တွင်နိုင်သည်။ ဝိညာဥ်စွမ်းအင် သန့်စင်သော်လည်း အဓိကအားဖြင့် ဤနေရာတွင် အပျက်အစီးများ ရှိနေသည်။

နတ်ဘုရားနယ်မြေလို့ မှော်ဆန်တဲ့ နေရာက ဘယ်လိုလုပ်ပြီး ပေါ်ထွက်လာနိုင်တာလဲ?

ဘာဖြစ်မလဲ မမြင်နိုင်သောကြောင့် အတင်းအကြပ် ဆက်သွားပါက ဘယ်လို အန္တရာယ်မျိုး ကြုံတွေ့ရမလဲ ဆိုတာ နတ်ဘုရားတွေပဲ သိတော့မည်။

လီရှို့သည် မှော်ပညာမျိုးစုံ၊ မှော်လက်နက်များနှင့် လျှို့ဝှက်ရတနာများ ရှိသော်လည်း လုရွှမ် မြင်နေရတာက သူမရဲ့လမ်းကြောင်း မဟုတ်သည့်အပြင် သူမအား ဆက်လက် လျှောက်လှမ်းခွင့် မပြုသင့်ပေ။

ထို့ကြောင့် လုရွှမ်က လမ်းခွဲရန် ဆုံးဖြတ်ခဲ့သည်။

"စိတ်မပူပါနဲ့ မင်းမှာရှိတဲ့အရာတွေနဲ့ မင်းကို ဘေးကင်း​စေလိမ့်မယ်.. ငါတို့ပြန်တွေ့ကြမှာပါ နောက်ဆုံးတော့ ငါဒီကနေ ထွက်သွားဖို့ မင်းကို လိုအပ်​သေးတယ်​လေ​"

လုရွှမ် ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောနေသော်လည်း လီရှို့မှာ အငိုမျက်လုံး အပြုံးမျက်နှာနဲ့ ပြန်ကြည့်နေလေသည်။

"ဟမ့် ကောင်လေး ရှင်ဒါကိုမှတ်ထားရမယ်နော် နောက်ကျ ပြန်တွေ့ရမယ် မဟုတ်ရင် ကျွန်မရှင့်ကို ဟောက်ထျန်းမှန်နဲ့ သတ်ပစ်မှာ ဟီးဟီး"

လီရှို့က ပြုံးပြီး သူမလက်ကို ဝှေ့ယမ်းကာ ထွက်သွားခဲ့သည်။

လုရွှမ် သူမ ထွက်သွားတဲ့ဘက်ကို ကြည့်လိုက်သော် သူမသည် ရေနံရံကို ခေါင်းနဲ့ ပြေးဆောင့်လိုက်သလိုမျိုး လုံးဝ မပျက်စီးဘဲ ပျောက်သွားတာကို တွေ့လိုက်ရလေသည်။

ဟုတ်ပါတယ်။ ဒါဟာ လမ်းမတူရတဲ့ အတွက်ပါပဲ။

နတ်ဘုရားနယ်မြေထဲမှာ လမ်းလျှောက်ရင်း လုရွှမ်ဟာ သူ့အမြင်အာရုံမှာ မြင်သမျှကို လိုက်လျှောက်လာခဲ့ရာ နောက်ဆုံး မုခ်ဝပေါက် တစ်ခုထဲကို ၀င်သွားလေသည်။

အပျက်အစီးတွေရဲ့ အရိပ်အယောင် မရှိဘဲ ရှေ့မျက်နှာစာဟာ ရုတ်တရက် ပွင့်ထွက်သွားပြီး လှပသော တောင်တန်း မြစ်ချောင်းများနှင့် ကြီးကျယ်ခမ်းနားလှသည့် ကုန်းမြေကြီးက သူ့ရှေ့မှာ ပေါ်ထွက်လာခဲ့သည်။

အခုအချိန်မှာတော့ လုရွှမ်သည် အလွန်မြင့်သောတောင်၏ တောင်ထိပ်၌ ရပ်နေ၏။ တောင်ထိပ်ကနေ လှမ်းကြည့်ရင်တော့ ခမ်းနားတဲ့ နန်းတော်တစ်ခုကို တွေ့ရသည်။ ထိုနန်းတော်သည် မြင့်မားသော တောင်တန်းများတစ်လျှောက် မိုင်ထောင်ပေါင်းများစွာ ရှည်လျားပြီး ကြီးကျယ်ခမ်းနားလှသည်။

သူနဲ့ ဝေးကွာသော်လည်း ဝိညာဥ်စွမ်းအင် အငွေ့အသက်များ တဟုန်းဟုန်း တောက်နေကာ အသက်စွမ်းအင်များ ပြည့်နေသည့် နေရာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားနိုင်သေးသည်။

သူ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကို ပြန်ရောက်လာခဲ့တာလား။

လုရွှမ် သက်ပြင်းချကာ နန်းတော်ဆီသို့ ပျံသန်းသွားလိုက်သည်။ နန်းတော်ရဲ့ အဓိကတောင်တံခါးကို ရောက်တဲ့အခါ သူ ကောင်းကင်ကနေ ပြုတ်ကျသွားလေ၏။

သူ့ရှေ့မှာ သံချပ်ကာတွေ ဝတ်ဆင်ထားပြီး လှံရှည်ကို ကိုင်ဆောင်ထားသူ နှစ်ဦးက သူ့သွားမယ့်လမ်းကို ပိတ်ဆို့ထား​လေသည်။

"ရောက်လာတာ ဘယ်သူလဲ? မင်းက ငါတို့ရဲ့မသေမျိုး ကောင်းကင်ဘုံနန်းတော်ကို ဘာလို့လာတာလဲ?"

လူနှစ်ယောက်၏ အငွေ့အသက်များက ရုတ်ခြည်း ထွက်ပေါ်လာပြီး လုရွှမ်ရဲ့စိတ်ထဲအထိ အနည်းငယ် တုန်လှုပ်သွားစေသည်။

နတ်မီးနယ်ပယ်ကို ပြီးပြည့်စုံစေသော ကာလက ကျင့်ကြံသူများသည် တောင်တံခါးကို စောင့်ကြပ်နေကြပြီး သူသည် တောင်ထိပ်ပေါ်ရှိ နန်းတော်နှင့် ဝေးကွာနေသေးသည်။ တောင်တံခါးကို နတ်မီးနယ်ပယ်များက စောင့်ကြပ်ထားလျှငိ နန်းတော်တံခါးရှေ့မှာဆို ဘယ်လို အစောင့်တွေ ရှိလိမ့်မလဲ။

မျှော်စင်နယ်ပယ်လား ဒါမှမဟုတ် အဆင့်ပိုမြင့်တဲ့ နယ်ပယ်လား။

မသေမျိုးနန်းတော်?

"ကောင်းပြီ... ခမ်းနားထည်ဝါတဲ့ တံခါးနဲ့ လျှို့ဝှက်ဆန်းကြယ် နန်းတော်ကို မြင်လိုက်ရလို့ လည်ပတ်ဖို့ ဒီကို ရောက်လာခဲ့တာပါ"

လုရွှမ်ရဲ့ အဖြေကြောင့် အစောင့်နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ ထိုအခါ တစ်ယောက်က လှောင်ပြောင်ပြီး။

“မသေမျိုး ကောင်းကင်ဘုံနန်းတော်က စိတ်ကြိုက် လာရောက် လည်ပတ်နိုင်တဲ့ နေရာလို့များ ထင်နေလား? ကောင်လေး မင်းရဲ့ နာမည်ကို ပြောပြစမ်း ပြီးရင် ကိုယ့်ပါးကို ရိုက်ပြီး ကျင့်ကြံမှုတွေကို ထားခဲ့လိုက်"

လုရွှမ်က "ငါ့နာမည် လုရွှမ်.... မင်းတို့ လာမလည်စေချင်ဘူး ဆိုလည်း ထားပါတော့ ဒါပေမဲ့ မင်းတို့ငါ့ကို ရိုက်ချင်ရင်တော့ မင်းတို့မှာ အစွမ်းအစ ရှိပါ့မလား?"

"မာနကြီးနေတဲ့ ကောင်ပဲ"

တခြားလူက အော်ဟစ်ပြီး သူ့လှံရှည်ကို ဝှေ့ယမ်းတော့မည်ဟု ဆိုလိုက်သော်လည်း သူ့ဘေးနားရှိ တစ်ယောက်ယောက်က ရပ်တန့်ခိုင်းလိုက်သည်။

"ကောင်လေး မင်းနာမည်က လုရွှမ်လို့ ပြောလိုက်တာလား?"

"အမှန်ပဲ!"

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တုံ့ဆိုင်းနေသော မျက်လုံးများဖြင့် တိတ်ဆိတ်သွားခဲ့သည်။

"မင်းက အတုအပတော့ မဖြစ်နိုင်ဘူး မဟုတ်လား? ကောင်းကင်ဘုံသခင်??.... ဆရာက ငါတို့ကို မနက်အစောကြီး ဒီမှာ ထိုင်စောင့်နေခိုင်းထားတာ ကောင်းကင်ဘုံသခင် အငယ်တန်းကို ကြိုဆိုဖို့လားဟ"

"ဘယ်သူသိမှာလဲ? မှားနေတာများလား"

သူတို့နှစ်ဦးသည် လုရွှမ်ကို မနာလို ဖြစ်နေကြကြောင်း လူမြင်ကွင်းမှာပင် ဆွေးနွေး​​နေကြပြီး လုရွှမ်ကို ထူးဆန်းသော မျက်လုံးများဖြင့် ရံဖန်ရံခါ စိုက်ကြည့်နေကြသည်။

လုရွှမ် ဘာကြောင့်မှန်း မသိပေမယ့် နှလုံးသားထဲမှာ ရယ်နေမိသည်။ နတ်မီးနယ်ပယ် ပြီးပြည့်စုံသောကာလက သူတို့နှစ်ယောက်ကို ဒီမှာစောင့်နေဖို့ အမိန့်ပေးခဲ့တဲ့ ဆရာက ဘယ်သူလဲ။

ဒီကိုရောက်ကတည်းက သူခံစားရတဲ့ ခေါ်ဆောင်နေသံကို ပြန်သတိရတဲ့အခါ လုရွှမ် ထပ်ပြီး သံသယ မဝင်တော့ပေ။

တခြားအချိန်များတွင် လုရွှမ် အလွန်အမင်း တွေးတောနေမှာ မဟုတ်ချေ။ တကယ်တော့ ဒီလူနှစ်ယောက်ဟာ နတ်မီးနယ်ပယ်ရဲ့ အထွတ်အထိပ်က သခင်တွေ ဖြစ်ကြပေမယ့် အခု ပတ်သက်နေတဲ့အရာက သူ့နှလုံးသားထဲမှာ အနက်ရှိုင်းဆုံး သံသယတွေပင်။ သူဘယ်လိုလွယ်လွယ်နဲ့ စွန့်လွှတ်နိုင်မှာလဲ။

"ဟေ့ မင်းတို့နှစ်ယောက် ဒီမှာ ဘာလုပ်နေတာလဲ? မင်းတို့ဆရာကို တွေ့ဖို့ ငါ့ကိုခေါ်မသွားသေးလား? မင်းတို့ဆရာရဲ့ အရေးကြီးကိစ္စရပ်ကို နှောင့်နှေးသွားအောင် လုပ်မိရင် တာဝန်ယူဖို့ တတ်နိုင်ပါ့မလား"

ကောင်းကင်ဘုံသခင် နယ်ပယ်သာ ရှိသူတစ်ဦးဖြစ်သော လုရွှမ် ပြစ်တင်ရှုတ်ချခြင်းကို ခံရပြီးနောက် သူတို့ အမူအရာများသည် ရာသီဥတု တောက်ပနေရာမှာ ချက်ချင်း အုံ့မှိုင်းသွားခဲ့သည်။ ကျင့်ကြံမှုကြောင့် မာနထောင်လွှားလေ့ရှိသူကို တွေ့ဖူးသော်လည်း လုရွှမ်ကို ဖမ်းကိုင်ကာ သင်ခန်းစာတစ်ခု သင်ပေးချင်နေကြပြီ။

လုရွှမ်ကလည်း သူ့ဓားကို ဆွဲထုတ်လိုက်ပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။ အဆိုးဆုံးမှာတော့ တချို့လူများကို သတိပေးရန် အတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြရပြီး ထိုအထဲ ဓားကလည်း သဘာဝအတိုင်း ဖြေရှင်းနိုင်​လေသည်။

"မင်းဘာလုပ်နေတာလဲ? မလုပ်ခင် မင်းဦးနှောက်ကို သုံးစမ်း... ဆရာက ငါတို့ကိုစောင့်ခိုင်းထားတာ မင်းဒုက္ခရောက်ချင်လို့လား"

တခြားလူက ပထမလူကို ရပ်ခိုင်းလိုက်ပြီး လုရွှမ်ကို ပြုံးပြလိုက်သည်။

"ဒီသူငယ်ချင်းလေး... ငါ့နာမည်က ယိုးဝိန်... သူ့နာမည်က ယိုးလီ တောင်းပန်ပါတယ် ငါ့ဆရာတူညီလေးက ဒေါသကြီးလို့ပါ စိတ်မဆိုးပါနဲ့...ဆရာ့ဆီ အရင်ခေါ်သွားပေးမယ်လေ ဘယ်လိုလဲ?"

ယိုးလီက အံ့ဩသွားသော်လည်း ဘာမှ ထပ်မပြောတော့ဘဲ လုရွှမ်ကိုသာ ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။ လုရွှမ်ကတော့ သူ့ကို လျစ်လျူရှုပြီး ယိုးဝိန်နဲ့အတူ တောင်တံခါးဆီသို့ လိုက်သွားခဲ့သည်။

"ဒီကိုလာ... များသောအားဖြင့် ဂိုဏ်းကိုလာတဲ့ လူတွေက ထင်ရှားတဲ့ဧည့်သည်ပဲ အဲဒီလူတွေကို ကျောက်စိမ်းဖြူလှေကားကနေ ကြိုဆိုမှာပါ!"

ယိုးဝိန်က ဆိုရင်း အဖြူရောင် ကျောက်စိမ်းနဲ့ ခင်းထားတဲ့ ကျောက်တုံးလှေကားကို ညွှန်ပြပြီး သူ့မျက်လုံးတွေကို နောက်ပြောင်တဲ့ အရိပ်အမြွက်မျိုး ပြလိုက်သည်။ ဤကျောက်စိမ်းဖြူတွင် တစ်ခုခု ရှိနေတာ ထင်ရှား​ပေသည်။

လုရွှမ် သူ့စိတ်ထဲတွင် လှောင်ရယ်နေလိုက်သည်။ ဒါက သေးငယ်တဲ့ လှည့်စားမှုလေးပါပဲ။ ဒီယိုးဝိန်က နည်းနည်းတော့ လိမ္မာပါးနပ်ပေ၏။ အနည်းဆုံးတော့ သူမိုက်မဲပြီး တချို့အရာတွေကို အလောတကြီး မလုပ်တတ်ဘူးလေ။

ဤကျောက်စိမ်းဖြူ လှေကားသည် အန္တရာယ်ရှိနိုင်သော်လည်း အသက်အန္တရာယ် သို့မဟုတ် သေခြင်းတရားကို ခြိမ်းခြောက်နိုင်တဲ့ အထိတော့ မဖြစ်နိုင်​လောက်ပေ။

အသက် သို့မဟုတ် သေခြင်းဆိုင်ရာ ခြိမ်းခြောက်မှု မရှိသောကြောင့် လုရွှမ်သည် သဘာဝအတိုင်း အလေးအနက် မထားခဲ့ပေ။ ကျင့်ကြံမှု လမ်းတစ်လျှောက်မှာ ကောင်းကင်အဆင့် အမျိုးမျိုးကို ဖြတ်သန်းခဲ့ရပြီမို့ ဒီကျောက်စိမ်းဖြူ ခြေရာတွေကို နောက်တစ်ကြိမ် ထပ်စမ်းကြည့်မိတော့ရော ဘာဖြစ်လဲ။

လုရွှမ် ခပ်ဖွဖွ ရယ်လိုက်ကာ ပထမဆုံး ကျောက်တုံးကြီးပေါ်သို့ ခြေတစ်လှမ်းဖြင့် လှမ်းတက်ခဲ့သည်။

ယိုးဝိန် ဘေးမှကြည့်နေ၏။ လုရွှမ်ကို ငြင်းဆန်ပြီး သဘောမတူပါက သူသည် ကျောက်စိမ်းဖြူ လှေကားထစ်များပေါ်မှ တိုက်ရိုက် တွန်းချခံရမှာပဲဟု စိတ်ထဲမှ တွေးနေသော်လည်း သူ မထင်မှတ်ထားသည့် အရာမှာ ဤကလေးက ကျောက်တုံးကြီးပေါ်သို့ အေးအေးဆေးဆေးပင် လှမ်းတက်သွားခြင်း ဖြစ်သည်။

သူ့ကို အလျှော့ပေးနေတာလား။ ဒါမှမဟုတ် သူကပဲ ထူးခြားနေတာလား။

ဘာပဲဖြစ်ဖြစ် ဒီကျောက်စိမ်းဖြူရဲ့ ထိတ်လန့်စရာ ခြေလှမ်းကို လုရွှမ်ကတော့ ခံစားရဦးမှာပင်။

All Chapters