နတ်ဝိညာဥ်အလင်း
Vol. 83 Ch. 4.762
လုရွှမ် သူ့ခြေထောက်များကို ကျောက်စိမ်းဖြူပေါ်သို့ တင်လိုက်ချိန်၌ တစ်စုံတစ်ယောက်သည် သူ့ခေါင်းကို တူကြီးကြီးဖြင့် ရိုက်ထည့်လိုက်သကဲ့သို့ သူ့စိတ်ထဲ ရုတ်တရက် နစ်မြုပ်သွားသည်။ သူ့ခန္ဓာကိုယ်မှာ ဘာကိုမှ မခံစားရပေမယ့် တစ်စုံတစ်ယောက်က သူ့ဝိညာဉ်ကို ဆုပ်ကိုင်ထားသလိုမျိုး နားမလည်နိုင်တဲ့ တင်းကျပ်မှုတွေကို ခံစားလိုက်ရသည်။
လုရွှမ် ခေါင်းကို မော့ကာ တောင်ထိပ်သို့ လျှောက်သွားရမည့် ခြေလှမ်းများကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ယိုးဝိန်ကို ပြုံးပြပြီး အပေါ်သို့ လျှောက်သွားသည်။
"တစ်ယောက်ယောက် ကျောက်စိမ်း လှေကားထစ်တွေပေါ်မှာ လမ်းလျှောက်နေပြန်ပြီဟေ့ အားလုံး လာကြည့်ကြ!"
လမ်းတစ်လျှောက်တွင် လူစိမ်းလုရွှမ်သည် ကျောက်စိမ်းဖြူ လှေကားပေါ်သို့ တစ်ဆင့်ပြီးတစ်ဆင့် တက်လာတာကို မကြာမီတွင် လူအများကြီး သတိပြုမိလာခဲ့သည်။ အော်ဟစ်သံများကြားတွင် တပည့်များစွာ စုရုံးရောက်ရှိလာကြသည်။
လုရွှမ်သည် အနည်းငယ် စိတ်သက်သာရာ ရသွားသည်မှာ ကောင်းကင်ဘုံသခင်၊ မဟာသူတော်စင်များ၊ သူတော်စင်တစ်ပိုင်းများနှင့် အငယ်တန်း ကျင့်ကြံသူ အနည်းငယ်လည်း ၎င်းတို့အထဲ ပါဝင်လာလေသည်။
"တကယ်ကြီးလား? အနှစ် တစ်ရာကျော်ပြီလေ... နောက်ဆုံးတော့ လူတစ်ယောက်က ကျောက်စိမ်းဖြူ လှေကားအဆင့်ကို ထပ်ပြီးစိန်ခေါ်ပြန်ပြီ!"
လုရွှမ်သည် ကမ္ဘာမြေကြီး၏ လျှို့ဝှက်ဆန်းကြယ်သော တိလှေကားနှင့် လျှို့ဝှက်ဆန်းကြယ်သော လူသားလှေခါးများပေါ်တွင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ဖူးတာကြောင့် သူ့နှလုံးသားထဲတွင် အတွေ့အကြုံများစွာ ရှိထားခဲ့သည်။
သူ့ပတ်ဝန်းကျင်က လူတွေရဲ့ ထူးဆန်းတဲ့အကြည့်တွေကို လျစ်လျူရှုပြီး ရှေ့ကိုသာ ဆက်လျှောက်သွားလိုက်သည်။ သူအရင်က လျှောက်ခဲ့တဲ့ လှေကားတွေနဲ့ မတူတာကတော့ ဒီကျောက်စိမ်းဖြူရောင် လှေကားက ဝိညာဥ်ကို စမ်းသပ်နေတာပဲ။
၎င်းက လျှို့ဝှက်ဆန်းကြယ်သော သစ်ပင်အရိပ်နှင့် တူလေသည်။ ဤကျောက်လှေကားထစ်များပေါ် တက်ခြင်းသည် သစ်ပင်ရိပ်ပေါ် တက်နင်းရသလိုပင် နားမလည်နိုင်သော စွမ်းအားအနည်းငယ်က သူ့စိတ်ဝိညာဉ်ကို လှုံ့ဆော်ပေးဘေလသည်။
စိတ်စွမ်းအား တစ်ခုလုံးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ တစ်စုံတစ်ယောက်က သူ့စိတ်ဝိညာဉ်ကို တစ်စစီ ဆွဲဖြတ်ရန် တောက်ပြောင် ထက်ရှသော ဓားကို အသုံးပြုနေသကဲ့သို့ပင်။
ပြင်းထန်သော နာကျင်မှုသည် လျှို့ဝှက်ဆန်းကြယ်သော တောအုပ်ထဲတွင် စူးစူးရှရှ ဓားထိုးခံနေတာထက် ပိုမိုပြင်းထန်သည်။
ကံကောင်းထောက်မစွာ သစ်ပင်ရိပ်ထဲကလို အော်ဟစ်သဖံတွေဟာ ဒီလိုအဖြူရောင် ကျောက်စိမ်း ခြေလှမ်းတိုင်းမှာ ပေါ်မလာခဲ့ပါဘူး။ ကိုးဆင့်လောက်မှာ တစ်ကြိမ် ပေါ်လာခဲ့ပါသေးသည်။ သို့သော် လုရွှမ်ဟာ ထိုအသံတွေကို ဂရုတစိုက် နှုတ်ခွန်း ဆက်နိုင်တဲ့အထိ ခံနိုင်ရည်ရှိခဲ့သည်။
"အံ့သြစရာကောင်းလိုက်တာ... အဆင့်သုံးဆယ် ကျော်ပြီးသွားပြီ... ဆရာတူအစ်ကိုကြီး ယိုးဝိန်... ဒီလူက ဘယ်သူလဲ? သူ့ရဲ့ကျင့်ကြံမှုက နည်းနည်းနိမ့်ပေမယ့် ဒီအရည်အချင်းက အံ့သြစရာကောင်းတယ်...မဟုတ်မှလွဲ ဆရာ အသစ်လိုချင်နေတဲ့ တပည့်တော့ မဟုတ်ဘူးမလား?"
မိန်းကလေးတပည့် တစ်ယောက်က ထမေးလိုက်သည်။ ယိုးဝိန်ရဲ့ အမူအရာလည်း ပြောင်းသွားပြီး သူ ရုတ်တရက် စိတ်ရှုပ်သွားတော့သည်။
နံနက်စောစောတွင် ဆရာက သူတို့နှစ်ဦးကို တောင်ပေါ်မှဆင်းကာ လူတစ်ယောက်ကို စောင့်ခိုင်းစေသည်။ သူတို့က သခင်တစ်ဦးကို နှုတ်ဆက်မည်ဟု ထင်မှတ်ကာ စောင့်ဆိုင်းနေခဲ့သည်။ သူတို့နှစ်ယောက် တစ်မနက်လုံး စိတ်အားထက်သန်စွာ စကားပြောနေ ကြသော်လည်း ဘယ်ကပေါ်လာမှန်း မသိတဲ့ ကောင်းကင်ဘုံသခင် ပထမအဆင့်က ကောင်လေးတစ်ယောက်က ရောက်ချလာသည်။
ဒီကောင်လေးရဲ့ နာမည်က ဧည့်သည်ရဲ့ နာမည်အမှန်ပဲ ဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ။
သူတို့နှစ်ဦးသည် အနည်းငယ် မကျေမနပ် ဖြစ်နေကြသော်လည်း ဒေါသကြောင့် လေးလေးနက်နက် မတွေးခဲ့မိကြပေ။ ကျင့်ကြံမှု အဆင့်မြင့်မားသော ပညာရှင်သာ ဧည့်သည်တော်တစ်ဦး ဖြစ်ထိုက်သည်။ ဆရာကြီးသည် တပည့်တစ်ဦးကို လက်ခံရန် ကြံစည်သော်လည်း သူတို့နှစ်ဦးကြောင့် ပျက်စီးသွားပါက ဘယ်လိုလုပ်တော့မလဲ။
ခဏကြာတော့ သူ့နောက်ကျောက အေးစက်လာသည်။ ဤကျောက်စိမ်းဖြူ လှေကားနှင့် ပတ်သက်လျှင် သူတို့ မသေမျိုး ကောင်းကင်နန်းတော်မှ တပည့်များက အသိဆုံးဖြစ်သည်။
ဤအရာက စိတ်ဝိညာဉ်ကို အမှန်တကယ် ဖျက်ဆီးပြီး တပည့်အား ရူးသွပ်သူအဖြစ်သို့ ပြောင်းလဲသွားစေလိမ့်မည်။
ဤအခိုက်တွင် ယိုးဝိန်သည် လုရွှမ် တစ်စုံတစ်ခု အမှန်တကယ် ဖြစ်သွားမှာကို စိုးရိမ်သဖြင့် ရုတ်တရက် စိတ်ရှုပ်ထွေးသွားခဲ့သည်။
သို့သော်လည်း ကျောက်စိမ်းတုံးဖြူ လှေကားထစ်များကို လျှောက်လှမ်းပြီးပါက လမ်းတစ်ဝက်တွင် ပြန်လှည့်ဆင်းရန် မဖြစ်နိုင်ပေ။ လမ်းလျှောက်ကို လျှောက်ရမည်။ မဟုတ်ပါက ဘယ်တော့မှ မပြီးနိုင်ဘဲ တစ်သက်လုံး ပိတ်မိနေလိမ့်မည်။
လုရွှမ်က အလားအလာရှိသော လူငယ်ဖြစ်ပြီး ဒီလောက် ထင်ရာစိုင်းနိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ယခုအချိန်တွင် လုရွှမ်ရဲ့ အမြင်အရတော့ ဤအရာသည် စမ်းသပ်မှုနှင့် လေ့ကျင့်မှုတစ်ခုမျှသာ ဖြစ်သည်။ နည်းနည်းတော့ ခက်ပေမယ့် သူ လက်မလွှတ်နိုင်ပေ။
လှေကားရဲ့ အစွမ်းက တစ်ဆင့်ပြီးတစ်ဆင့် တက်သွားလေ အဆက်မပြတ် တက်သွားလေ စိတ်ဝိညာဉ်က ကျုံ့သွားပြီး သုတ်သင်ပစ်ခံရနိုင်သည်။
လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။ သူ့အသက်ရှူသံတွေ အရမ်းမြန်လာသလို ခံစားလိုက်ရကာ ရင်ဘတ်ထဲတွင် မီးတောက်တစ်ခု ရှိနေပြီး အချိန်မရွေး ပေါက်ကွဲထွက်နိုင်သလို ခံစားလာရသည်။
'စိတ်အေးအေးထား!'
လုရွှမ် ခေတ္တရပ်လိုက်ပြီး မျက်လုံးမှိတ်ကာ ထိုနေရာ၌ ရပ်လိုက်သည်။
အပြင်က အသံတွေကို သူ့နားထဲမှာ လုံးဝ မကြားရပါဘူး။ သို့သော်လည်း ထိုတပည့်များ၏ မျက်နှာများပေါ်က ထိတ်လန့်မှုကိုတော့ အတိုင်းသား ခံစားရနိုင်သည်။
သူ့မှာ လုံးဝ မျှော်လင့်ချက်ကင်းမဲ့တဲ့ အခြေအနေမျိုးတော့ မရှိပါဘူး။ အရမ်းအန္တရာယ် ကြီးတယ်လို့ ထင်ရပေမဲ့ မျှော်လင့်ချက် တချို့ကျန်နေမှာတော့ သေချာပါ၏။
ဒီကျောက်တုံးလေးတွေက စိတ်ဝိညာဉ်ကို အမှန်တကယ် ပျောက်ကွယ်သွားစေနိုင်လား။ ဒါမှ မဟုတ် လူကို ဒီလိုခံစားရအောင် တမင်တကာ ဖုံးဖိထားလို့လား။
လုရွှမ် အလျင်စလို ဆက်မလုပ်ဘဲ ငြိမ်သက်စွာ ရပ်နေပြီး ကျောက်လှေကားထစ်များ အငွေ့အသက်ကို ခံစားကြည့်နေသည်။
ဤသည်မှာ ကိုးခုမြောက် ကျောက်တုံးခြေလှမ်းဖြစ်ပြီး လှေကားရဲ့ အသက်ရှုသံ အငွေ့အသက်များက သူ့စိတ်ဝိညာဉ်ကို ထက်မြက်စေပါသည်။ အဆက်မပြတ် လောင်မြိုက်နေတဲ့ စိတ်ဝိညာဉ် ပင်လယ်ပြင်ကြီးထဲမှာ တောက်လောင်နေတဲ့ နေရောင်က ရုတ်တရက် ထိုးကျလာသလိုပဲ။
တေပင်လယ်ရေတွေက အငွေ့ပျံပြီး ဝိညာဉ်စွမ်းအားတွေ ပျောက်ကွယ်သွား၏။ ဝိညာဉ်စွမ်းအားများက သူ့ခန္ဓာကိုယ်ထဲမှ ပျောက်ကွယ်သွားပြီး ကျောက်လှေကားထစ်များထဲသို့ ဝင်သွားလေသလားဟုပင် တွေးမိတဲ့အထိပင်။
လုရွှမ်နှလုံးသည် ရုတ်တရက် လှုပ်ရှားသွားပြီး သူ့မသိစိတ်က ကျောက်စိမ်းဖြူ ခြေလှမ်းများဆီသို့ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထိုအခိုက် မှော်ဆန်သော ရောင်ဝါသည် အဖြူရောင် ကျောက်စိမ်း လှေကားထစ်များ အတွင်းသို့ ဝင်ရောက်ကာ သူ့ရဲ့ စိတ်ဝိညာဉ် စွမ်းအား သဲလွန်စကို သုတ်သင်ပစ်လိုက်သည်။
လုရွှမ် မယုံကြည်နိုင်သေးဘဲ ဆက်လက် လျှောက်လှမ်းခဲ့သည်။ သူသည် ကိုးအဆင့်သို့ ထပ်မံရောက်ရှိပြီးနောက် နောက်ထပ် ရောင်ဝါတွေဟာ သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာလေသည်။ ထို့နောက် စိတ်ဝိညာဉ် ပင်လယ်ထဲတွင် လှိုင်းလုံးကြီး လှုပ်ခတ်သွားကာ ပြင်းထန်စွာ ဖောင်းကြွလာ၏။ ထို့နောက် ဝိညာဉ်ခြေရာကို တစ်ဖန် သုတ်သင်ပယ်ရှင်း၍ ခန္ဓာကိုယ်ထဲမှ စွမ်းအားများ ထွက်လာသည်။
လုရွှမ် မရယ်ဘဲ မနေနိုင်တော့ပေ။ သူ့ဝိညာဉ်က အင်အား လျော့ကျသွားတာကို သူနားလည်ပါ၏။ သို့သော် အားနည်းသွားခြင်း မရှိပေ။
၎င်းသည် အလွန်လွှမ်းမိုး ချုပ်ကိုင်ထားနိုင်သော ဝိညာဉ်စွမ်းအား တစ်ခုဖြစ်သည်။ မဟုတ်ရင် သူ့ဝိညာဉ် ပင်လယ်ထဲက စွမ်းအားတွေကို သုတ်သင်ပစ်ဖို့ ဆိုတာ မဖြစ်နိုင်လောက်ချေ။
အခွင့်အလမ်းရဲ့ မူလဇာစ်မြစ် ရှိသူများသာ ထိုအာဏာကို ရရှိနိုင်တာ ဖြစ်မည်။ ဤသည်မှာ စိတ်ဝိညာဉ်ကို ဖျက်ဆီးတာ မဟုတ်ဘဲ စိတ်ဝိညာဉ်၏ စွမ်းအားကို စုစည်းစေတာပဲ ဖြစ်သည်။
ဒါကိုတွေးပြီး လုရွှမ် လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအားကို ဆက်ခံစားကြည့်လိုက်သည်။ သေချာတာကတော့ ယွမ်ယန်ကျင့်စဥ် စွမ်းအားရဲ့ ခံယူချက်အောက်မှာ လှေကားဟာ သူ့ရဲ့အစစ်အမှန် ဝိသေသလက္ခဏာကို ထုတ်ဖော်ပြသလိုက်သလိုပဲ ယွမ်ယန်ကျင့်စဥ်က မွေးမြူထားတဲ့ ဝိညာဉ်ရဲ့ စွမ်းအားလို စုစည်းသွား၏။
ဖီးနစ်နတ်မီး၏ မြင့်မြတ်မှု အနည်းငယ်၊ စိမ်းပြာရောင် နဂါးကြီး၏ ဘုန်းအာနုဘော် အနည်းငယ်နှင့် အလွန်အမင်း ပြိုင်ဘက်ကင်းသော ကျင့်စဥ်တွေရှိတဲ့ စိတ်ဝိညာဉ် ပင်လယ်ထဲသို့ ဝင်ရောက်ခြင်းက စိတ်ဝိညာဉ် စွမ်းအားများကို အလွန်တရာ စိတ်လှုပ်ရှားစေလိမ့်မည်။
ထိုစဥ် လုရွှမ်ရဲ့ ခြေလှမ်းများက လျင်မြန်လာပြီး ကျောက်စိမ်းဖြူပေါ်မှ လျင်မြန်စွာ ပြေးတက်လာခဲ့သည်။ အပြင်ကလူတွေမှာ အံ့သြတုန်လှုပ်သွားကာ ယိုးဝိန်က ပိုလို့တောင် ထိတ်လန့်သွားလေ၏။ သူ့ခမျာ ရပ်မနေနိုင်တော့ဘဲ ဆရာ့ကို ပြေးခေါ်ရန် ဂိုဏ်းဆီသို့ အသည်းအသန် ပြေးထွက်သွားတော့သည်။
လုရွှမ် ပြေးနေဆဲဖြစ်ပြီး သူ့စိတ်ထဲက ဝိညာဉ်ပင်လယ်များ တဖြည်းဖြည်း ကျုံ့သွားတာကို ခံစားမိသော်လည်း သူခံစားနိုင်သော ဝိညာဉ်စွမ်းအားက ပိုအားကောင်းလာသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ပင်လယ်ဒီရေလို တက်လာတဲ့ စိတ်ဝိညာဉ်ကို အတုယူကာ လုရွှမ် သူ့ခန္ဓာကိုယ်ပေါ်တွင် အကာအကွယ် စွမ်းအင်အလွှာကို တဖြည်းဖြည်း ဖုံးအုပ်ထားလိုက်သည်။ ၎င်းသည် ဝိညာဉ်စွမ်းအား၊ စိမ်းပြာရောင် စွမ်းအင်များနှင့် လုံးဝကို ပေါင်းစပ်ထားပြီး အလွန်လှပသည်။
၎င်းသည် စိတ်ဝိညာဉ်စွမ်းအား၏ အတင်းအကျပ် ဖိအားပေးမှုနှင့် ကွဲပြားသော်လည်း အတွေးတစ်ချက်တည်းနဲ့ ဝိညာဉ်စွမ်းအားက သဘာဝအရ အကန့်အသတ်မရှိ မြင့်မားလာလေသည်။
'ကောင်းပြီ ထင်ယောင်ထင်မှား ဖြစ်နေပြီပဲ.... ဖျက်စီးစေ!'
'တိုက်ခိုက်မလား?'
လုရွှမ် ဂရုမစိုက်ပါဘူး။ သူ့တစ်ကိုယ်လုံးကို ကာကွယ်ဖို့ သူ့စိတ်ဝိညာဉ်ရဲ့ အကာအကွယ် ဒိုင်းလွှာကို အသုံးပြုထားခဲ့သည်။ လှံတွေနဲ့ ဓားမိုးတွေက သူ့ကို ဆက်လက် တိုက်ခိုက်နေပါစေ သူက တောင်တံခါး အပြင်ဘက်က သူတွေထက်တောင် မြန်မြန်ပြေးနေလေ၏။