အာကာသကျောက်စိမ်းပြားပိုင်ရှင်
Vol. 83 Ch. 4.763
အစပိုင်းမှာတော့ စိတ်ဝိညာဉ် အနည်းငယ် လွင့်ထွက်သွားသည်။ တဖြည်းဖြည်းနဲ့ ရောင်ဝါက ပိုပိုပြီး အားကောင်းလာပါ၏။ ခန္ဓာကိုယ်ထဲကို ထိုးသွင်းလိုက်တဲ့အခါ ဝိညာဉ်စွမ်းအားက ပိုပိုမြန်လာပြီး စုစည်းမှုကလည်း ပိုမြန်ဆန်လာပါသည်။
ထိုအခါ သူ့ခန္ဓာကိုယ်က စိမ်းပြာရောင် အကာအကွာ်သည်လည်း ပို၍ပို၍ တည်ငြိမ်လာသည်။ မိုင်ပေါင်း 90,000 အထိမြင့်သော ဆူးပင်များနှင့် ဆူးများကို ကျော်လွှားနေရသလိုပင်။
အနောက်မှ တပည့်များဟာ အဝေးမှာ လွှင့်စင်ကျန်ခဲ့ကာ လုရွှမ် နောက်ဆုံးတွင် အဆုံးသတ်ကို မြင်လိုက်ရသည်။ ကျောက်စိမ်းဖြူ လှေကားကြီးပေါ်တွင် အဖြူရောင် ကျောက်စိမ်းပြားတစ်ခုသာ ရှိတော့ပြီး အလင်းရောင် မှိန်ဖျော့ဖျော့လေး တောက်ပနေသည်။
လုရွှမ်သည် အထောက် အပံ့မပါဘဲ လေထဲတွင် လွင့်မျောနေသည့် နိယာမစွမ်းအင် လိုင်းများကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။ နိယာမစွမ်းအင် လိုင်းတွေက အရမ်းလှကာ ထွက်သက်က ထင်ရှားပြီး သန့်စင်လေသည်။
လုရွှမ် လှမ်း၍ ပြေးတက်လိုက်သည်နှင့် ထိုပြေးနေသော နိယာမစွမ်းအင် လိုင်းကြိုးများသည် ပျံတက်သွားပြီး သူ့လက်ဖဝါးပေါ်သို့ ရောက်လာသည်။ လက်ဖဝါးတလျှောက်မှ ဦးနှောက်ထဲကို စိမ့်ဝင်သွားလာတဲ့အခါ အေးမြတဲ့ ခံစားမှုတစ်ခုက သူ့စိတ်ဝိညာဉ် ပင်လယ်ထဲကို ရောက်သွားပြီး တိမ်တိုက်တစ်ခု အသွင် ဖြစ်သွားသည်။
သူ့စိတ်ဝိညာဉ် ပင်လယ်ထဲ၌ ထိုတိမ်တိုက်သည် လူးလိမ့်လျက် ရှိရာ ပင်လယ်ရေသည်လည်း အဆက်မပြတ် လှုပ်ရှားနေ၏။
တဖြည်းဖြည်းနဲ့ တိမ်တွေ အရောင်ပြောင်းကာ မည်းမှောင်လာတယ်။ လုရွှမ်ရဲ့ ခန္ဓာကိုယ်က တုန်လှုပ်သွား၏။ သူသည် သူ့စိတ် အတွင်းဘက်သို့ လျင်မြန်စွာ ကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်ရှိ အရိုးများပေါ်တွင် မိုးကြိုးနိယာမများ တဖျပ်ဖျပ် ခတ်နေတာကို တွေ့လိုက်ရလေသည်။
ထို့နောက် လုရွှမ် စိတ်ဝိညာဉ် ပင်လယ်ထဲသို့ သူ့ဘာသာ ဝင်သွားခဲ့သည်။ မိုးကြိုးနိယာမများက ထိုတိမ်မည်းကြီးထဲသို့ ပေါင်းစည်းသွားသည်။ တိမ်တိုက်များထဲတွင် မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းများက တဟုန်းဟုန်း မြည်ဟီးလျက် ရှိသည်။
တိမ်တွေက မိုးရွာချနိုင်တာတော့ အမှန်ပါပဲ။ သာမန်မိုး မဟုတ်ဘဲ ဝိညာဉ်စွမ်းအား နည်းနည်းရှိသည်။ ၎င်းမိုးရေသည် စိတ်ဝိညာဉ် ပင်လယ်ထဲ ဆင်းသက်ခြင်းကို ပြန်လည် လေ့ကျင့်နေပုံရသည်။
လုရွှမ် မျက်လုံးများကို မှိတ်ထားလျက် သူ့စိတ်ဝိညာဉ်၏ ပြောင်းလဲမှုများကို ခံစားလိုက်ရသည်။ သူ့စိတ်ဝိညာဉ် စွမ်းအားသည် ပိုမိုရှင်းလင်းလာတာကို သိသိသာသာ ခံစားရလေ၏။
စိတ်ဝိညာဥ် ပင်လယ်ထဲတွင် နောက်ဆုံးတော့ မိုးစဲသွားကာ တိမ်မည်းများသည် ကမ္ဘာငယ်လေးတစ်ခုထဲ လွင့်မျောနေသော အဖြူရောင်တိမ်တိုက် အဖြစ်သို့ တစ်ဖန် ပြန်လည် ပြောင်းလဲသွားကာ စိတ်ဝိညာဥ် ပင်လယ်ပြင်ပေါ်က ကမ္ဘာငယ်လေးတစ်ခုလို ဖြစ်သွားသည်။
လုရွှမ် သူ့ မျက်လုံးများကို ဖွင့်ကြည့်လိုက်တော့ ထူးထူးခြားခြား ကြည်လင် ပြတ်သားစွာဖြင့် မြင်နေရသော ကမ္ဘာကြီးကို ကြည့်လိုက်သည်။ တစ်ချိန်က မြင်ကွင်းကို ပိတ်ဆို့ထားသည့် ဖောက်ထွင်းမြင်ရသော မှန်အလွှာတစ်ခု ရှိသကဲ့သို့ပင်။ ကြည်လင်ပြတ်သားစွာ မြင်နိုင်ဆဲ ဖြစ်သော်လည်း အနည်းငယ်တော့ မရှင်းလင်းသေးချေ။
ယခုမူ မရှင်းလင်းမှုက ပျောက်ကွယ်သွားပေပြီ။
သူ ကောင်းကင်နန်းတော် ရှေ့တွင် ရပ်နေတာကို တွေ့လိုက်ရသည်။ ကြီးမားလှသော နန်းတော်သည် ကောင်းကင်သို့ ထိုးဖောက်ဝင်ရောက်လုနီးပါးပင်။ နန်းတော်သည် ကျယ်ဝန်းပြီး ခမ်းနားထည်ဝါ၏။ ၎င်းက နတ်တောင်တန်းကဲ့သို့ ကြီးကျယ်ခမ်းနားသော လေထုရှိသည်။
လူတစ်ယောက် သူ့အနောက်ကနေ ပြေးတက်လာသည်။ လုရွှမ် နောက်ပြန် ကြည့်လိုက်တော့ အစောက အစောင့်နှစ်ယောက်သည် မောဟိုက်ကာ နီမြန်းနေသော မျက်နှာများဖြင့် လုရွှမ်ထံသို့ လာ၍ ဦးညွှတ်ချလိုက်သည်။
"ဒီကောင်လေးက မသိဘဲနဲ့ ဧည့်သည်ကို စော်ကားခဲ့မိပါတယ်... ကျေးဇူးပြုပြီး ဧည့်သည်တော် အပြစ်ပေးလိုက်ပါ..."
လုရွှမ် အသာ ပြုံးလိုက်သည်။ ဒီလူနှစ်ယောက်သာ သူ့ကို မထီမဲ့မြင်မပြုခဲ့ရင် သူ့မှာ ဒီလိုအခွင့်အရေးရှိမှာ မဟုတ်ဘူး။ လုရွှမ် သူ့လက်ကို ပေါ့ပေါ့တန်တန် ဝှေ့ယမ်းလိုက်ပြီး။
"ရပါတယ်... မင်းတို့ရဲ့ ဆရာကိုတွေ့ဖို့ ခေါ်သွားပေးလို့ရမလား"
လုရွှမ်နဲ့ စကားပြောရတာ လွယ်လိမ့်မယ်လို့ သူတို့နှစ်ယောက်လုံး မမျှော်လင့်ထားခဲ့ကြပါဘူး။ ဆရာ့ရဲ့ စိတ်နေစိတ်ထားက ထူးထူးခြားခြားဖြစ်နေကြောင်း စိတ်ထဲမှာ ခံစားမိတာနဲ့ လုရွှမ်ကို နန်းတော်ခန်းမထဲကို အမြန် ကြိုဆိုလိုက်ပါသည်။
အပြင်မှာရှိတုန်းက သတိမထားမိပေမယ့် ခန်းမထဲကို ဝင်လိုက်တာနဲ့ ခန်းမတစ်ခုလုံးကို အဖြူရောင် ကျောက်စိမ်းတုံးကြီးတွေနဲ့ ထွင်းထုထားတာကို တွေ့လိုက်ရသည်။
တစ်နည်းအားဖြင့် ဆိုရသော် ယခုလို ကြီးမားသော နန်းတော်အဖြစ် ထွင်းထုထားနိုင်တာဟာ ဤဂိုဏ်းသည် ကြီးမားသော အဖြူရောင် ကျောက်စိမ်းတောင်ကြီးပေါ် တည်ဆောက်ထားတာကြောင့်ပဲ ဖြစ်လေသည်။
လုရွှမ်သည် ထိုနှစ်ယောက်နောက်မှ တစ်လျှောက်လုံး လိုက်သွားခဲ့သော်လည်း အရှေ့ခန်းမကို မသွားဘဲ နောက်ခန်းသို့ လိုက်သွားခဲ့သည်။
ဥယျာဉ်တစ်ခုရှေ့သို့ ရောက်သောအခါ သူတို့နှစ်ဦး ဦးညွှတ်ကာ နောက်ပြန် ဆုတ်သွားကြသည်။ လုရွှမ် လှည့်ကြည့်လိုက်တော့ တစ်ယောက်မှ မရှိတော့တာ တွေ့လိုက်ရသည်။
လုရွှမ် ဥယျာဥ်တံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့လိုက်သည်။
ဥယျာဉ်ထဲ မွှေးကြိုင်သော ရနံ့များကို ထုတ်လွှတ်နေသော ပန်းပေါင်းရာနှင့်ချီ ပွင့်နေသည်။ သို့သော် လုရွှမ် မျက်လုံးများတွင်မူ ဘယ်ပန်းပင်ကိုမှ မမှတ်မိဘဲ သူ့စိတ်ဝိညာဉ်တွင် တစ်ခါတစ်ရံ ၎င်းတို့က ရင်းနှီးနေတယ်လို့သာ ခံစားရလေသည်။
ဒီနေရာက?
ရုတ်တရက် သူ့စိတ်ထဲ တုန်လှုပ်သွားသည်။ တစ်ခုခု တွေ့တော့မှာလား။ ဒီနေရာက အတိတ်လား အနာဂတ်လား ဒါမှမဟုတ် ပစ္စုပ္ပန်ကိုယ်တိုင်လား။
လုရွှမ် အတိအကျ မသိပေမယ့် သူ့ရဲ့ စူးစမ်းချင်စိတ်က ပိုပြင်းထန်လာပြီး ရှေ့ကို ဖြည်းဖြည်းချင်း ဆက်သွားခဲ့သည်။ နောက်ဆုံးတော့ သူ့ရှေ့မှာ လူတစ်ယောက် ပေါ်လာပေမယ့် ထိုလူက သူ့ကို ကျောပေးထား၏။
"နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့"
ဤအသံသည် ရွှေနှင့်ကျောက်စိမ်းတို့၏ အရိပ်အမြွက်များ ရှိပုံရသော်လည်း ဘယ်လောက်ပဲ နားထောင်နေပါစေ လူတစ်ယောက်ရဲ့ အသံပါလို့ ခံစားရမည် မဟုတ်ပေ။
"ခင်ဗျားက ဘယ်သူလဲ"
လုရွှမ် အရှေ့ကလူကို လှမ်းမေးလိုက်ပြီး နောက်မှ ဘယ်လိုပုံစံလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်အောင် လှမ်းကြည့်ချင်လာသည်။
ဒါပေမဲ့ နောက်ကွယ်မှာ သူ့ရဲ့ကိုယ်ပိုင် လက္ခဏာကို ပြသဖို့ ရည်ရွယ် ချက်မရှိဘူးဆိုတာ သိသာပါ၏။
သို့သော် သူ၏ကျင့်ကြံမှု အဆင့်သည် ပြင်းထန်လွန်းသဖြင့် လုရွှမ် ထိုလူ၏ နယ်ပယ်ကို လုံးဝ နားမလည်နိုင်တော့ပေ။ သို့သော် နတ်မီးနယ်ပယ်နဲ့ မျှော်စင်နယ်ပယ်က လူများကို ဤလူနှင့် နှိုင်းယှဉ်လျှင် ပိုးစုန်းကြူးနှင့် လမင်းလို ကွာခြားကြောင်း ခံစားမိပါသည်။
ယခုအချိန်တွင်မူ သူသည် ကောင်းကင်ဘုံသခင် နယ်ပယ်တွင်သာ ရှိသောကြောင့် လုရွှမ်အတွက် ထိုသူနှင့် နှိုင်းယှဉ်စရာ လုံးဝ မရှိပေ။
"ငါက မင်း...မင်းကလည်း ငါပဲ"
အဲဒီလူက ပြောလေသည်။
သူ့နောက်မှာ ကျောက်စိမ်းပြား တစ်ခု ပေါ်လာပြီး တောက်ပစွာ လွင့်မျောနေ၏။ ထို့နောက် ထိုလူက ၎င်းကို ညင်သာစွာ ထိတွေ့လိုက်ရာ ကျောက်စိမ်းပြားမှ ထွက်လာသော နတ်အလင်းအနည်းငယ်သည် လုရွှမ်စိတ်ထဲသို့ ဝင်ရောက်လာလေသည်။
လုရွှမ် သူ့စိတ်ဝိညာဉ်ကို ခဏတာ ခံစားလိုက်ရပြီး သူ့စိတ်ထဲမှာ ကြာရှည်စွာ အာရုံမခံစားနိုင်ခဲ့သော အာကာသ ကျောက်စိမ်းပြားက ရုတ်တရက် ပေါ်လာပြန်သည်။ သူသည် ရွှေကျီးကန်းနှင့် ရှောင်ပိုင်တို့ရဲ့ လှုပ်ရှားမှုများကို တစ်ဖန် ခံစားလိုက်ရကာ အာကာသကျောက်စိမ်းပြားရဲ့ အတွင်းဘက်သို့ တစ်ဖန် ချိတ်ဆက်မိသွားသည်။
"သခင်လား သခင်!"
ရွှေကျီးကန်းရဲ့ အသံသည် အာကာသကျောက်စိမ်းပြားထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်မှာ ကျောက်စိမ်းပြားထဲမှ ရုန်းထွက်ရန် မစောင့်နိုင်တော့ပေ။
ဒါပေမဲ့ တခဏအတွင်းမှာပဲ သူ့စိတ်ထဲမှ အာကာသ ကျောက်စိမ်းနေရာနဲ့ ပတ်သက်တဲ့ ခံစားချက်က ကွဲသွားပြန်သည်။ ဤလူသည် အာကာသကျောက်စိမ်းပြားရဲ့ ပထမဆုံးပိုင်ရှင် ဖြစ်လာကြောင်း လုရွှမ် ချက်ချင်း သဘောပေါက်လိုက်သည်။
ယခု သူက အတိတ်ကို ရောက်သွားတာပဲ။ ဒီလူက သူ့ကို ဆွဲဆောင်ပြီး ဆင့်ခေါ်ခဲ့သူ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိသာထင်ရှားလှပေသည်။ ထိုလူသူ့ကို ခေါ်ဆောင်နေခြင်းက အကြောင်းအရင်း ရှိလိမ့်မည်။
"အကြီးအကဲ... ဒီအငယ်တန်းကို ခေါ်ရတဲ့ အကြောင်းအရင်းက အကြံဉာဏ်တစ်ခုခု ပေးစရာများ ရှိလို့လား?"
လုရွှမ် သူ့ရင်ထဲက စိတ်လှုပ်ရှားမှုကို ထိန်းကာ မေးလိုက်သည်။ အဲဒီလူက နောက်ပြန် လှည့်မကြည့်သေးဘဲ သူ့အသံက အေးအေးဆေးဆေးပဲ ဖြေလာသည်။
"ဒါ မင်းရဲ့ ကံကြမ္မာပဲ... မင်းက သူ့ပိုင်ရှင်ဖြစ်လာမှတော့ မင်းငါ့ကို တွေ့ရတာ သဘာဝပါပဲ မင်းအရမ်းတော်တယ် ငါမလုပ်နိုင်ခဲ့တာတွေကို မင်း ပြီးအောင်လုပ်နိုင်ခဲ့တယ်... အခုသွားတော့ ရွှေကျီးကန်းလေးကို ကောင်းကောင်း ဆက်ဆံပါ... သူ့ဘာသာ စိတ်ချမ်းသာအောင် နေပါစေ"
"အခု မင်းလာတဲ့အချိန်က အချိန်ကောင်းပဲ... ငါ ဟုန်ထျန်းလင်ကို သန့်စင်ပြီးပြီ ဒါက မင်းရဲ့အခွင့်အရေးပဲလေ... သိမ်းထားလိုက်ပါတော့"
ထိုလူက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကမ္ဘာကြီးက ချက်ချင်းပင် လှည့်ပတ်သွားတော့သည်။
လုရွှမ် သူ့စိတ်ထဲတွင် မှုန်ဝေဝါးသွားကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ် အပြင်ဘက်တွင် ဘာတွေ ဖြစ်နေမှန်းကို ခဏမျှပင် မသိလိုက်ပေ။ သူ့စိတ်တွေ ငြိမ်သွားအောင် စောင့်ပြီး နောက်တဖန် လှည့်ကြည့်လိုက်တော့ ပတ်ဝန်းကျင်က နတ်ဘုရားနယ်မြေလို ဖြစ်နေသေးပေမယ့် လူဆိတ်ညံနေ၏။
လုရွှမ် သူ့လက်ကောက်ဝတ်က ရုတ်တရက် နာကျင်လာတာကို ခံစားလိုက်ရတာမို့ လက်ကောက်ဝတ်ကို ငုံ့ကြည့်လိုက်တော့ အနီရောင်လိုင်း တစ်ခုက ဘယ်အချိန်က ပေါ်နေမှန်းမသိ ပေါ်နေခဲ့လေသည်။ အတွေးတစ်ခု တွေးလိုက်ရုံဖြင့် အနီရောင်မျဉ်းက သူ့လက်ဖဝါးထဲသို့ စိမ့်ဝင်သွားသည်။
နောက်တစ်ကြိမ် ပြန်တွေးလိုက်တော့ မျဉ်းနီက ပေါ်လာပြန်၏။ ဒီအနီရောင်မျဉ်းရဲ့ ရည်ရွယ်ချက်ကို သူလုံးဝ မမြင်နိုင်ပေမယ့် သူ့လက်ကောက်ဝတ်နဲ့ အံဝင်ခွင်ကျဖြစ်ပြီး ဖယ်ရှာပစ်ဖို့ မလုပ်နိုင်ပေ။
ဟုန်ထျန်းလင်?
ဒါက အဲဒီလူပြောတဲ့ ဟုန်ထျန်းလင်လား?
လုရွှမ် စိတ်ထဲမှ ရွှေကျီးကန်းကို အော်ခေါ်ခဲ့ပေမယ့် အာကာသကျောက်စိမ်းပြားနဲ့ လုံးဝ အဆက်အသွယ် မရခဲ့ပါဘူး။ ဒါက ဟုန်ထျန်းလင် ဟုတ်မဟုတ် မသိသေးတာကြောင့် ဒီအရာရဲ့ အသုံးဝင်ပုံကိုလည်း မသိရချေ။