နောက်ဆုံးတော့ ဆန်းကြယ်ကောင်းကင်အိမ်တော်နဲ့ တွေ့ပြီ
Vol. 83 Ch. 4.764
ထိုလူက သူလုပ်ရမယ့် အရာများကို မပြီးမြောက်သေးဟု ဆိုခဲလသည်။ ဒါဆို ၎င်းတို့ကို မိမိက ပြီးမြောက်အောင် လုပ်နိုင်လိမ့်မည်လော။ အဲဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲဒီလူက ယွမ်ယန်ကျင့်စဥ်ကို ပြီးပြည့်စုံအောင် လုပ်ခဲ့ပြီးသား ဖြစ်မယ်။
သူက ဘယ်လိုလူမျိုးလဲ ဆိုတာတောင် မသိလိုက်ရဘူးလေ။
ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်သေးတယ် ဆိုတော့ သိပ်ပြီး မတွေးချင်တော့ပေ။ အရမ်းကြီးတော့ မရည်ရွယ်ဘဲ ဖြည်းဖြည်းချင်း လေ့ကျင့်သွားရင် ရပြီ။ သူ့စိတ်ထဲတွင် အလွန်နှစ်သိမ့်နေသော်လည်း လုရွှမ် မထိန်းနိုင်ဘဲ တွက်ချက်နေမိသေးသည်။
ယခု သူ၏ လေ့ကျင့်မှုအဆင့်သည် ကောင်းကင်ဘုံသခင်သို့ ရောက်ရှိသွားပြီ။ သူ ယွမ်ယန်ကျင့်စဥ်ကို ဝူအဆင့်ကတည်းက စတင် လေ့ကျင့်လာခဲ့တာ ဖြစ်လေသည်။
ဝူအဆင့်၊ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၊ သူတော်စင်တစ်ပိုင်း၊ သူတော်စင်၊ မဟာသူတော်စင်၊ အခု ကောင်းကင်ဘုံသခင် နယ်ပယ်တွင် ယွမ်ယန်ကျင့်စဥ်သည် အဆင့်၆သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယွမ်ယန်ကျင့်စဥ်က အဆင့်ဘယ်လောက်ရှိလဲ။ အဆင့်၉လား။ လုရွှမ်ကတော့ ဒီလောက်အထိ ရိုးရှင်းမှာ မဟုတ်ကြောင်း ယောင်ဝါးဝါး ခံစားမိသည်။
အဲဒီလူက သူ့ကိုပေးခဲ့တဲ့ ခံစားချက်က အနည်းဆုံးတော့ မျှော်စင်နယ်ပယ်ထက် ကျော်လွန်သွားပြီ ဖြစ်သည်။
သူတွေးနေတုန်း အသံတစ်သံက မြေအောက်မှ ထွက်လာသည်။ လုရွှမ် သူ့ခြေဖဝါးအောက်တွင် တွားသွားနေသော အရိုးစုမျညးကို မြင်လိုက်သည်နှင့် လျင်မြန်စွာ ခုန်ထွက်သွားသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အရိုးစုများ တစ်ခုပြီးတစ်ခု တွားသွား ထွက်လာတာကို တွေ့လိုက်ရ၏။ သူ အလျင်အမြန် ခုန်ရှောင်လိုက်စဥ် ၎င်းက အမှန်တကယ်ပင် သင်္ချိုင်းတစ်ခု ဖြစ်နေတာ သိလိုက်ရသည်။
"သတ်ပစ်!"
အရိုးစုက ဆူညံပွက်လော ရိုက်နေပြီး ကွေးကောက်နေသော အရိုးများဖြင့် လုရွှမ်ကို ကို ဖမ်းဆုပ်လိုက်သည်။ လုရွှမ် သူ့ဓားကို ဆွဲထုတ် လိုက်သောအခါတွင် ဓားစွမ်းအင်က ချက်ချင်း ဖောက်ထွက်သွားပြီး အရိုးစုများကို ထိမှန်ကာ အပိုင်းပိုင်း ပြတ်တောက်သွားလေ၏။
ဤဓားစွမ်းအင်သည် အရိုးစု အားလုံးကို ဒေါသထွက်သွားစေကာ ၎င်းတို့အားလုံး လုရွှမ်သို့ အရူးအမူးပြေးသွားကြသည်။ လုရွှမ် ဘေးကို တစ်ချက် ကြည့်လိုက်တော့ ယခင်က ကျိုးသွားခဲ့သော အရိုးများ ပြန်လည် ပေါင်းစည်းသွားတာကို တွေ့လိုက်ရသည်။
၎င်းတို့က မသေနိုင်သလို အရိုးများကလည်း ထိခိုက်ပျက်စီးခြင်း မရှိပေ။ မသေမျိုး ကောင်းကင်နန်းတော် ဆိုတာ ဒီလူတွေရဲ့ အလောင်းတွေကို ပြောနေတာများလား။
လုရွှမ် အလွန်အမင်း မတွေးဝံ့တော့ဘဲ သူ့ဓားသိုင်းကို အသုံးပြုကာ ပြေးထွက်သွားသည်။
အစိမ်းရောင် အလင်းတန်းတစ်ခုက သူ့ရှေ့မှာ ပေါ်လာခဲ့ရာ လုရွှမ် အမြန်နောက်ကို ဆုတ်သွားခဲ့ရသည်။ ဤနေရာကို သန့်ရှင်းသော အပျက်အစီးများဟု လူသိများသော်လည်း ဝိညာဉ်စွမ်းအင်များ ပြည့်ဝနေသဖြင့် ပတ်ဝန်းကျင်သည် ပိုမိုစိမ်းလန်းသည်။
ယုန်လေးတစ်ကောင်သည် တောအုပ်ထဲမှ ခုန်ထွက်လာသည်။ လုရွှမ်ကို နှစ်ကြိမ်ခန့် မျက်တောင်ခတ်ပြပြီးနောက် ချောမောလှပသူ အဖြစ်သို့ ပြောင်းလဲသွားသည်။ သူမသည် လီရှို့၏ အသွင်အပြင် အတိုင်း ဖြစ်လာသော်လည်း အမျိုးသားပုံစံမှ အမျိုးသမီး အသွင်အပြင်သို့ပါ ပြောင်းလဲသွားသည်။
"လုရွှမ် ကျွန်မ လှတယ်ထင်လားဟင်"
သူမ ပြောလာသည့် အခိုက်တွင် နားမလည်နိုင်သော ဆွဲဆောင်မှုရှိသည့် စွမ်းအားတစ်ခု တိတ်တဆိတ် ဖြတ်ကျော်လာကာ လုရွှမ် ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားပြီး စိတ်ဝိညာဉ်ထဲသို့ပင် ဝင်ရောက်သွားခဲ့သည်။
လုရွှမ် ညင်သာစွာ ခနဲ့လိုက်ကာ ဓားစွမ်းအင်ဖြင့် ခုတ်သော်လည်း သူ့စိတ်ဝိညာဉ် လုံးဝ မတုန်လှုပ်သွားပေ။
လုရွှမ် ခံနိုင်ရည် ရှိနေမယ်လို့ တစ်ဖက်လူမှာ လုံးဝ မမျှော်လင့်ထားပေ။ အလျင်စလို ဆုတ်ခွာချင်သော်လည်း လုရွှမ်ရဲ့ စိတ်ဝိညာဉ်ပင်လယ်က ပေါက်ကွဲထွက်လာကာ လှိုင်းလုံးကြီး ထွက်ပေါ်လာပြီး ထိုဝိညာဉ်ဆိုးရဲ့ ခြေရာလက်ရာကို အပိုင်းပိုင်း ခွဲပစ်လိုက်သည်။
တစ်ဖက်လူက အော်ဟစ်ကာ သူ့ခေါင်းကို ကိုင်ရင်း ယိမ်းထိုးနေတော့သည်။ ထိုအခိုက် သူ့ရဲ့ အသွင်စစ်လည်း ပေါ်လာသည်။ ၎င်းက သွေးနီရောင် ယုန်တစ်ကောင်ဖြစ်ပြီး မျက်ခုံးကြားတွင် နတ်မီးလုံး တစ်လုံး ရှိလေသည်။ ယခုတော့ မီးငြိမ်းသွားကာ အက်ကွဲသွားပုံရပြီး သွေးများလည်း စီးကျနေသည်။
လုရွှမ် လက်ဖဝါးကို လှုပ်ရှားလိုက်သည်နှင့် ယုန်ကို ဖမ်းမိသွား၏။ သူ့လက်ကောက်ဝတ်ကို လှန်လိုက်ကာ သူမအသက်ကို တစ်ခါတည်း သတ်ပစ်လိုက်သည်။ တစ်ဆက်တည်း ဖီးနစ်နတ်မီးကြောင့် လောင်းကျွမ်းသွားလေရာ ၎င်းမှာ အသားကင်ဘဝ ရောက်သွားတော့သည်။
သူ့မှာ မစားရတာ ကြာပြီ ဆိုတော့ ဗိုက်နည်းနည်း ဆာနေပြီ။ လုရွှမ်၏ သိုလှောင်လက်စွပ်ထဲတွင် ရှားပါးအပင်များနှင့် ဖျော်ရည်များ အပြည့်ရှိသည်။ အသားကင်ခြင်းသည်လည်း သူ၏ အထူးအတွေ့အကြုံ တစ်ခုဖြစ်သည်။
ခဏအကြာတွင် မွှေးကြိုင်သောရနံ့များ ပျံ့နှံ့သွားကာ လုရွှမ် ယုန်ခြေထောက်ကို ဆုတ်ဖြဲကာ ပျော်ရွှင်စွာ စားသောက်လေတော့သည်။ ယုန်၏ ခန္ဓာကိုယ်သည် အရွယ်ရောက်ပြီးသူလောက် မကြီးပါဘူး ပါးစပ်ထဲမှာ စားလိုက်တဲ့အခါ ပါးစပ်ထဲမှာ အရည်ပျော်သွားကာ အရမ်းခံတွင်းတွေ့စေ၏။
သန့်စင်သော ဝိညာဉ်စွမ်းအားသည် သူစားလိုက်တဲ့ အစားအစာကနေ တစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။
လုရွှမ် ဝါးစားပြီးနောက် ဝင်လာတဲ့ ဝိညာဉ်စွမ်းအားတွေကို ခံစားလိုက်ရတာကြောင့် တောင်တစ်သောင်းကမ္ဘာ ပင်လယ်ဧရိယာ အတွင်းရှိ လှောင်အိမ်လူသားများ ကျင့်ကြံသူတွေရဲ့ ဝိညာဥ်ကို စုပ်ယူနေပုံအား ရုတ်တရက် သတိရသွားသည်။
ယုန်အသားကို စိုက်ကြည့်နေစဉ် သူ့မျက်လုံးများသည်လည်း တောက်ပနေပါသည်။ အရောအနှော လုံးဝမရှိပေ။ ၎င်းတွင် ပါရှိသော အရာများသည် အမှန်တကယ်ပင် အလွန်သန့်စင်သော စိတ်ဝိညာဉ်စွမ်းအား ဖြစ်သည်။
လုရွှမ် စိတ်လှုပ်ရှားမှုဖြင့် သက်ပြင်းချလိုက်သည်။ ဟွမ်ရီးနဲ့ ကောင်းလျှိုတို့သာ ဒီလိုနေရာမှာ ဒီလို အစားအစာများကို စိတ်ဆန္ဒရှိအတိုင်း စားသုံးနိုင်ကြောင်းသာ သိပါက သူတို့နှစ်ယောက်လုံး မနာလိုအူတိုနေကြလိမ့်မည်။
လူဆိုးဖြစ်ဖို့ ရွေးချယ်ခဲ့မှတော့ အနာဂတ်က သေချာပေါက် မတောက်ပနိုင်တော့ဘူးလေ။
စားပြီးသောအခါ ကျန်တာတွေကို သိုလှောင်လက်စွပ်ထဲမှာ သိမ်းထားလိုက်သည်။ နောင်တစ်ချိန်မှာ ထုတ်ယူပြီး ကျားဖြူလေးနဲ့ တခြားသူတွေကို ပေးနိုင်သည်။
ရှေ့သို့ ဆက်လျှောက်လာတော့ အဆုံးမဲ့ မြက်ခင်းပြင်ကြီးကို တွေ့လိုက်ရ၏။
စိမ်းလန်းသော မြက်ပင်များလည်း ပေါများပြီး မြက်ပင် အရှည်ကြီးတွေက လူတစ်ယောက်စာလောက် ရှိတာကြောင့် တစ်စုံတစ်ယောက် မြက်ခင်းပြင်ထဲ၌ ပုန်းအောင်းနေခဲ့လျှင် ရှာတွေ့ရန် မလွယ်ကူလောက်ပေ။
လုရွှမ် စိမ်းလန်းသော မြက်ရိုင်းပြင်ထက်တွင် ပျံသန်းနေပြီး အောက်ဘက်ရှိဘအရာအားလုံးကို ကြည့်နေသည်။ သူက လူသားများ၏ ခြေရာလက်ရာများနဲ့ လူသားများ ရှိမလား ရှာဖွေရန် ကြိုးစားနေသည်။
အဲဒီလူတွေအားလုံး ဘယ်ရောက်သွားတာလဲ။
လီရှို့ဟာ ဒါက ဆန်းကြယ်ကောင်းကင်အိမ်တော်ရဲ့ အကဲဖြတ်ချက်ပဲလို့ ဆိုခဲ့သည်။ ဒါဆို အဲဒီအကဲဖြတ်သူတွေကော ဘယ်ရောက်သွားတာလဲ။ ကောင်းတဲ့အရာတွေ မလာတဲ့အခါ အဆိုးတွေ ရောက်လာမှာတော့ အတိအကျပါပဲ။
လုရွှမ် တုံ့ဆိုင်းနေချိန်တွင် အနောက်မှ ပြင်းထန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး သူ့ဆီသို့ တိုက်ရိုက် ပြေးဝင်လာလေသည်။
"ကောင်းလိုက်တာ မင်းက ငါ့ရှေ့ကို တကယ် ရောက်နေတာပဲ... ဖန်းဟွာ ငါကမင်းရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတာကွ!"
လုရွှမ် နောက်ပြန် လှည့်ကြည့်သော်လည်း သူရဲကောင်းဆန်သော လူတစ်ဦးသည် သူ့အောက်တွင် အမည်မသိ သားရဲကိုစီးလျက် မိမိအား တိုက်ခိုက်နေတာကို တွေ့လိုက်ရသည်။ သူ့လက်ထဲတွင် လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး လှံဖျားတွင် အလင်းတန်းနှင့် လူသတ်ချင်သည့် အငွေ့အသက်များကို ထုတ်လွှတ်ထားသည်။
သူရဲကောင်းဆန်သော လူသည် နတ်မီးနယ်ပယ်ကို ရောက်ရှိနေပြီ။ သူသည် နတ်မီးများစွာကို ထွန်းညှိခဲ့သော်လည်း ဘယ်နှစ်လုံး ထွန်းထားတယ် ဆိုတာ လုရွှမ် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သို့သော် မျက်ခုံးအလယ်ဗဟိုက နတ်မီးလုံးက ထွန်းလင်းနေပြီး နေလုံးငယ်ကဲ့သို့ တောက်ပနေသည်။
သာမာန်လူများ၏ ဝိညာဉ်များသည် စွမ်းအင် လုံလုံလောက်လောက် မခိုင်မာခဲ့လျှင် ဤလူကို ကြည့်ရုံဖြင့် ဆက်လက် တိုက်ပွဲဝင်ရန် သတ္တိများ ဆုံးရှုံးသွားနိုင်သည်။
လုရွှမ် သူ့ဓားကို အလျင်အမြန် ဆွဲထုတ်လိုက်၏။ ဓားက သူ့နောက်ကျောမှ ထွက်လာတာနဲ့ တစ်ပြိုင်တည်း ဓားစွမ်းအင်က အသက်ဝင်သွားသည်။
"လတ်စသတ်တော့ ဓားသမား တစ်ယောက်ကိုး..မဆိုးပါဘူး ဒီဓားက တော်တော် ကောင်းတယ် ဆိုပေမယ့် လူကတော့ ကောင်းကင်ဘုံသခင်မှာ ရှိနေတုန်းပဲ... အကောင်းဆုံး ယှဥ်ပြိုင်ချင်ရင် နောက်ထပ် နှစ်နှစ်လောက် လေ့ကျင့်လိုက်ဦး!"
ထိုလူက ပြုံးပြပြီး လှံတစ်စင်းဖြင့် လုရွှမ်မှ ပစ်လွှတ်လိုက်သော ဓားစွမ်းအင်ကို တိုက်ရိုက် ဖြိုခွဲပစ်လိုက်သည်။
ဓားစွမ်းအင်က ချက်ချင်း ပြိုကျသွားပြီး တစ်ဖက်လူက အကျယ်ကြီးရယ်လိုက်ကာ လုရွှမ်အား သူ့လှံဖြင့် ဆက်လက် တိုက်ခိုက်လေတော့သည်။
ကျွမ်းကျင်သူများသည် အထူး ခံ့ညားချင်ကြသည်။ ဤလူ၏ မရပ်တန့်နိုင်သော သဘောထားကို ကြည့်ရင်း လုရွှမ်သည် ဤလူဟာ ဆန်းကြယ်ကောင်းကင်အိမ်တော်က ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်ကြောင်း ရိပ်မိလိုက်သည်။
ဓားတစ်ချက်ထိုးရုံဖြင့် သူ ထိုလူနှင့် မယှဉ်နိုင်မှန်း သိလိုက်သည်။ အတင်းအကျပ် အနိုင်ယူနိုင်ရင်တောင်မှ တိုက်ပွဲတွေက အရမ်းကြီးတဲ့ အတွက် ဒဏ်ရာမရ မသေချာပေ။ လုရွှမ် အခြေအနေကို အခွင့်ကောင်းယူကာ ရှောင်ထွက်သွားသည်။
အနောက်ကလူဟာ တဟားဟား အော်ရယ်ရင်း လိုက်လာသော်လည်း လုရွှမ် အလေးအနက်မထားဘဲ ရှေ့ကိုသာ ဆက်သွားခဲ့သည်။
"အမှိုက်ကောင်! ထွက်သွားစမ်း!"
နောက်ကနေ နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာပြီး လူတစ်ယောက် ဓားတစ်စင်းနဲ့ ပြေးထွက်သွားတယ်။ ထိုလူကလည်း လုရွှမ်ကို မထီမဲ့မြင် စိုက်ကြည့်ကာ သူ့ဘက်ကို တည့်တည့်ကို လှမ်းထိုးလိုက်သည်။
လုရွှမ် အေးစက်စွာ ပြန်ကြည့်၍ သူ့ဓားစွမ်းအင်ကို ဝေ့ယမ်း နှိုးဆော်လိုက်သည်။ ရွှေဒြပ်စင်နတ်ပုတီးစေ့ကို နှိုးဆော်မိတာနဲ့ သူ့စိတ်ဝိညာဥ်ထဲမှ မန်ဟွမ်နတ်ဘုရားမျှော်စင်ရဲ့ ရောင်ဝါလည်း လှုပ်ခတ်သွားသည်။ ဓားတစ်သောင်းရိုက်ချက်ဖြင့် အနောက်ကလူကို လက်ပြန် ခုတ်ချလိုက်သည်။
တစ်ဖက်လူသည် ဆက်တိုက် နောက်ဆုတ်သွားရင်း ခြေထောက်များက တုန်ရီသွား၏။ နောက်အခိုက်အတန့်တွင် သူ့ရုပ်သွင်ကို လျင်မြန်စွာ တည်ငြိမ်အောင် ထိန်းခဲ့သော်လည်း သူ၏ ရှက်ရွံ့သော အသွင်အပြင်ကို လူတိုင်း မြင်နေရသည်။