ပြန်လည်ဆုံဆည်းခြင်း
Vol. 83 Ch. 4.765
"မင်းလည်း အမှိုက်ကလွဲလို့ ဘာမှအဖြစ် မရှိပါဘူး"
လုရွှမ်လည်း တူညီသော လေသံဖြင့် ရယ်မောလိုက်သည်။ တစ်ဖက်လူရဲ့ စကားအမူအရာက သိသိသာသာ ပြောင်းလဲသွားကာ အဝေးသို့ ထွက်သွားရင်း အော်သွားခဲ့သည်။
"ကောင်လေး... ငါမင်းကို နောက်တစ်ကြိမ် ထပ်မတွေ့စေနဲ့ မဟုတ်ရင်တော့ မင်းသေရလိမ့်မယ်"
ဟမ့်ကနဲ နှာမှုတ်သံနှင့်အတူ ကျင့်ကြံသူ တစ်ယောက်လည်း ထိုလူနောက် လျင်မြန်စွာ လိုက်သွားသည်။
လုရွှမ် အလျင်စလိုမလုပ်ပေ။ တစ်ဖက်လူတွေ အကြံတစ်ခုကြောင့် သူ့ကို တိုက်ခိုက်နေတာ သိသာထင်ရှားသော်လည်း သူသည် ထိုလူများရှေ့သို့သာ ပြေးသွားခဲ့သည်။
ရှေ့ဆက်ရမယ့် အတွေ့အကြုံနဲ့ ဘယ်လို အကျိုးကျေးဇူးတွေ ရလာမလဲ ဆိုတာ မသိပါဘူး။ ပြီးတော့ သူက လောဘကြီးသူ မဟုတ်ဘူးလေ။ သူပိုင်ဆိုင်သင့်ရင် အဲဒီအရာက ဘယ်တော့မှ သူ့လက်ထဲက လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။
ဖြည်းဖြည်းချင်း ပျံသန်းရင်း ပတ်ဝန်းကျင်က လှုပ်ရှားမှုများကို စောင့်ကြည့်နေလိုက်သည်။ နောက်ဆုံးတွင် ဓားအလင်းတစ်ခု သူ့မျက်စိရှေ့မှာ ပေါ်လာ၏။ လုရွှမ် မျက်လုံးများသည် နားမလည်နိုင်စွာ နီရဲလာသည်။
"အောင့်ယွဲ့... မတွေ့ရတာကြာပြီ!"
လုရွှမ် သူ့ဘက်သို့ အရှိန်ဖြင့် ပြေးလာနေသော ကျင့်ကြံသူ မိန်းကလေးတစ်ယောက်ရဲ့ကို လက်ပြနှုတ်ဆက်လိုက်သည်။ သူမက ရောက်လာသည်နှင့် လုရွှမ်ဆီပြေးလာကာ သူ့ရင်ခွင်ထဲ ပစ်ဝင်လိုက်ပေသည်။ လုရွှမ် ခန္ဓာကိုယ်သည်လည်း တုန်ရီသွား၏။
"နှစ်ခြောက်ဆယ်ကြာသွားပြီ... ကျွန်မတို့နောက်ဆုံးတော့ ပြန်ဆုံကြပြီပေါ့"
"အင်း!"
လုရွှမ်ရဲ့ လက်မောင်းနှစ်ဖက်ကို ကိုင်ရင်း သူမ မော့ကြည့်လိုက်တော့ လုရွှမ်ကလည်း သူမကို ငုံ့ကြည့်နေသည်။ အောင့်ယွဲ့က စိတ်လှုပ်ရှားစွာနဲ့။
"ရှင် ဘယ်တွေသွားတာလဲ? ကျွန်မတို့ ရှင့်ကိုစောင့်နေတာ ကြာပြီ.. ဟိုမှာတောင် ထိုင်မစောင့်နိုင်တော့ဘူး !”
"မင်းတို့...."
သူမ စကားဆက်မပြောမီ လုရွှမ်သည် သူအလက်ဖဝါးကို ရှေ့သို့ ဝှေ့ယမ်းကာ အပြာရောင်ဝိညာဉ် ဒိုင်းကားတစ်ခုကို သူတို့ရှေ့တွင် ကာကွယ်ထားလိုက်သည်။ ချက်ချင်းဆိုသလို ဓားတစ်စင်းက နတ်ဝိညာဉ်ဒိုင်းလွှာကို ထိမှန်သွား၏။
"ကောင်လေး... မင်း အရမ်းသတ္တိကောင်းတာပဲ ငါတို့အစ်ကိုကြီးရဲ့ မိန်းကလေးကို ထိဝံ့တယ်ပေါ့!"
စူးရှသော အသံတစ်သံ ထွက်ပေါ်လာပြီး မောက်မာသော အရှိန်အဝါများဖြင့် လုရွှမ်တို့ဘက်သို့ ပြေးထွက်လာလေသည်။
လုရွှမ် အောင့်ယွဲ့ကို ခေါင်းညိတ်ပြပြီး ခပ်ပြောင်ပြောင် အပြုံးဖြင့် ရောက်လာသည့် ဧည့်သည်ကို ကြည့်လိုက်သည်။ ထိုသူသည် အတန်ငယ် ရှုံ့မဲ့နေသော ကိုယ်လုံးကိုယ်သဏ္ဌာန်၊ ရန်ငြိုးဖွဲ့ထားသော မျက်နှာထားဖြင့် နတ်မီးနယ်ပယ်က သခင်ဖြစ်သည်။
တကယ်တော့ ရုပ်ရည်နဲ့ ပတ်သက်ရင် သူဟာ ရုပ်ဆိုးတာတော့ မဟုတ်ပေမယ့် လူတွေကို ရုပ်ဆိုးပြီး မလိုလားအပ်တဲ့ ခံစားချက်တွေကို ပေးစွမ်းနိုင်လေသည်။
"နတ်သမီးအောင့်ယွဲ့... ဒီလူက ဘယ်သူလဲ? မင်းက ဒီလိုလူကို ပွေ့ဖက်နေတာ ဟေး ငါတို့အစ်ကိုကြီး စိတ်ခုသွားမှာကို မကြောက်ဘူးလား?"
ဧည့်သည်သည် လုရွှမ်ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်ကာ နတ်သမီးအောင့်ယွဲ့ကိုလည်း သုံးဖက်မြင် မျက်လုံးတစ်စုံဖြင့် ကြည့်ပြီး ကဲ့ရဲ့စကားများကို ပြောလိုက်သည်။
အောင့်ယွဲ့ကလည်း ပြန်ဖြေသည်။
"ချောင်ဖေး...နင့်ဘာသာ ခွေးဖြစ်ချင်ရင် ဘာပြဿနာမှ မရှိပါဘူး... ဒါပေမဲ့ နင်နဲ့အတူတူ တခြားသူတွေ ခွေးဖြစ်စေချင်တယ်လို့ စိတ်ကူးနေရင်တော့ နင့်အပြစ်ပဲ!"
"အဟက်!"
လုရွှမ်က အရမ်းပူးပေါင်း ဆောင်ရွက်လိုက်ပုံဖြင့် ရယ်ပေးလိုက်သည်။
"အောင့်ယွဲ့... ငါလည်း ဒီကောင်က ဘယ်လိုပုံစံလဲလို့ တွေးနေမိနေတာ... အခု မင်းပြောတာကို ကြားတော့မှ အမှန်ပဲဆိုတာ သဘောပေါက်သွားပြီ ဒီကောင်က ခွေးနဲ့တူတာပဲ"
"ကောင်လေး မင်းက ဘယ်သူလဲ? ကောင်းကင်ဘုံသခင် နယ်ပယ်က ကောင်လေးတစ်ယောက်က ငါ့ကို ဒီလိုပြောဖို့ သတ္တိရှိတယ်ပေါ့...ဟမ့် မင်း သေမင်းကို ရန်စမိပြီကွ!"
သူက အော်ပြီး လုရွှမ်ဆီကို ဓားစွမ်းအင်ဖြင့် ခုတ်ချလိုက်သည်။
ထိုလူက အလွန်လျင်မြန်၏။ လုရွှမ်လည်း ဤလူဟာ လူကြိုက်များသော နိယာမစွမ်းအင်လိုင်း တချို့ကို သိထားလောက်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ သို့သော်လည်း ဤရွေ့လျားနေသော အရှိန်အဟုန်က ပြောမပြနိုင်လောက်အောင် ထူးဆန်းနေသည်။
လေပြည်၏ အခိုးအငွေ့မရှိ၊ မုန်တိုင်းထန်သော ဘုန်းအာနုဘော်မရှိ၊ ယန်စွမ်အင် မရှိသော်လည်း တစ္ဆေအငွေ့အသက် အနည်းငယ်တော့ ရှိနေသည်။
သူ့လက်ထဲမှာ တစ်ဖက်သွား ဓားရှည်တစ်လက်ဟာ အလွန်ရှည်ပေမယ့် ဓားအကျယ်ကတော့ အလွန်ကျဉ်းမြောင်းပြီး သွေးရောင်တွေ နီရဲနေသည်။ ၎င်းက သွေးတွေ အများကြီး သောက်ထားတာ သိသာလှသည်။
တိတ်တိတ်လေး နားထောင်ကြည့်ရင် ငိုသံလေးကိုတောင် ကြားနိုင်လောက်ပေ၏။
လုရွှမ်သည် ထိုသူ့ဓားဟာ နတ်ဝိညာဥ် တိုက်ခိုက်ခြင်းကို ခံစားခဲ့ရကြောင်း ရိပ်မိပါသည်။ ထို့ကြောင့် သူ့ဓားတိုက်ခိုက်မှုကို တားဆီးရန် သူ့ဘာသာသူ နားလည်ခဲ့သော နတ်ဝိညာဥ်ဒိုင်းကို အသုံးပြုခဲ့တာ ဖြစ်သည်။
"တစ်ဖက်သွားဓားလား? ငါလည်း ကစားတတ်တယ်"
လုရွှမ် ရယ်မောကာ ထူထဲသော တောင်ဓားတစ်ခတ်ကို ဆွဲထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က လွင့်မျောသွားပြီး သူ့ခြေဖဝါးအောက်မှာတော့ လေပြင်းနိယာမတွေကို လွင့်လူးနေကာ ချောင်ဖေးဆီသို့ အရှိန်ဖြင့် ပြေးဝင်သွားလေ၏။
ချောင်ဖေးက အော်လိုက်သည်။
"ဟမ့် မင်းက လေပြင်းနိယာမတွေ အကြောင်း နည်းနည်းလောက် သိနေရုံပါကွာ... မင်း ဒီလောက် မာနကြီးတာ မဆန်းပါဘူး ဒါပေမဲ့ မင်းအဖိုးငါ့ကို လှည့်စားချင်ရင်တော့ ဒီလောက်နဲ့ မရဘူးကွ!"
“ငါ့ရဲ့သွေးစွန်းနေတဲ့ ဓားကို ကြည့်လိုက်စမ်း!”
ထိုလူက ကျယ်လောင်စွာ အော်လိုက်သည်။ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေကြောင့်လား မသိပေမယ့် သူ့အသံက အရမ်းစူးရှပြီး လူ့နှလုံးသားကိုပင် နာကျင်စေလေသည်။
"ထွက်သွား!"
လုရွှမ်လည်း အော်လိုက်သည်။ သူ့ရဲ့ တစ်ဖက်သွား ဓားဆီမှ စွမ်းအင်များကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်ရာ သူ၏ကြီးစိုးသော ကြီးထွားမှုနှင့်အတူ ဓားစွမ်းအင်က ချောင်ဖေး၏ ဦးခေါင်းကို တိုက်ရိုက် ထိမှန်သွားသည်။
ကြွယ်ဝသော မီးလျှံစွမ်းအင်ကလည်း ပတ်ဝန်းကျင်ကို ပေါက်ကွဲ ထွက်သွား၏။ ၎င်းသည် သူလှောင်အိမ်ထဲမှ ရရှိသော မီးတောက်ဓားသိုင်း ဖြစ်သည်။ ပြင်းထန်သော လေပြင်းနိယာမနဲ့အတူ မီးတောက်သည် လေစွမ်းအားကို အထောက်အကူ ဖြစ်စေတာကြောင့် မီးတောက်ရောင်ဝါသည် တဟုန်ထိုး တက်လာပြီး ပြင်းထန်သော လေက ချောင်ဖေး၏ ဦးခေါင်းကို ဖြတ်ထုတ်လိုက်သော ဓားတစ်လက်အဖြစ်သို့ တစ်ခဏအတွင်း ပြောင်းလဲသွားသည်။
"အိုး အရည်အချင်း ရှိသားပဲ... ဒါပေမဲ့ ဒီသခင်လေးနဲ့ ယှဥ်ဖို့ မလုံလောက်သေးဘူးကွ!"
ချောင်ဖေးက ဟစ်အော်လိုက်ပြန်၏။
သူ့လက်ထဲက သွေးဓားရဲ့အရောင်က ပိုတောက်ပလာသည်။ ထိုအခိုက် လုရွှမ်ရဲ့ မျက်လုံးတွေက မှုန်ဝါးသွားခဲ့ကာ သူ့မျက်စိရှေ့မှာ လူတွေရဲ့ဦးခေါင်းတွေ ပေါ်လာ၏။ ယောက်ျားနဲ့မိန်းမတွေ ဦးခေါင်းတွေက သွေးရောင်တွေ နီရဲကာ အော်ဟစ် ငိုနေကြသည်။
တစ်ယောက်ပြီး တစ်ယောက် သနားစရာကောင်းလောက်အောင် အော်ဟစ် ငိုယိုနေသံတွေက လေပြင်းနဲ့အတူ တရစပ် တိုက်ခတ်နေရာ လုရွှမ်ရဲ့ ခေါင်းထဲကို တိုးဝင်သွားလေသည်။
လုရွှမ်ရဲ့ မျက်လုံးများထဲ ရှုပ်ထွေးသွားပုံကို ကြည့်ကာ ချောင်ဖေးတစ်ယောက် ဂုဏ်ယူစွာ ပြုံးပြလိုက်သည်။ ထိုကောင်လေးက ကောင်းကင်ဘုံသခင်သာသာပဲ ရှိပေ၏။
လုရွှမ် သူ့လက်ချောင်းတွေကို တင်းကြပ်စွာ ဆုပ်ထားလိုက်သဖြင့် အောင့်ယွဲ့ ထိတ်လန့်သွားတော့သည်။ လုရွှမ်ကို ချောင်ဖေးက အလွယ်တကူ ဖမ်းမိသွားမယ်လို့ သူမ မမျှော်လင့်ခဲ့ပေ။ ဝမ်းနည်းသွားတဲ့ အရိပ်အယောင်က သူမနှလုံးသားထဲ လွင့်ပျံလာသည်။
အစတုန်းကတော့ မတော်တဆမှု မဖြစ်ခဲ့ရင် လုရွှမ် သူတို့နောက်ကနေ ဆန်းကြယ်ကောင်းကင်အိမ်တော်ထဲကို လိုက်ဝင်လိမ့်မယ်လို့ တွေးခဲ့သည်။ ယခု ရန်သူသည် နတ်မီးနယ်ပယ်ကို ရောက်နေပေပြီ။
သူမ လှုပ်ရှားတော့မယ့်အခိုက် လုရွှမ်ဟာ သူ့နောက်ကျောမှ လက်ဖဝါးများအား အနည်းငယ် လှုပ်ရှားပြနေတာကို တွေ့လိုက်ရ၏။ လုရွှမ် သူမကို မလှုပ်ရှားဖို့ အချက်ပြနေတာပဲ။
လုရွှမ် ထိန်းချုပ်မခံခဲ့ရဘူးလား။
ချောင်ဖေးရဲ့ မှော်ဆန်တဲ့ ဓားအကြောင်း သူမ ကောင်းကောင်း သိပါသည်။ ဒဏ္ဍာရီအရ ထိုဓားသည် ကြီးစွာသော အန္တရာယ်တစ်ခု အတွင်းထဲကနေ သူရရှိခဲ့သော အခွင့်အရေး တစ်ခုဖြစ်သည်။ သိုင်းဆရာ တချို့တောင်မှ သူ့ဓားကို ထူးခြားကြောင်း ချီးကျူးခဲ့ကြသည်။ ချောင်ဖေးရဲ့ သိုင်းကျွမ်းကျင်မှု ထက်ဝက်ခန့်သည် ဤသွေးဓားထဲ၌ ရှိနေသည်ဟု ဆိုနိုင်သည်။
ချောင်ဖေးကို ချေမှုန်းဖို့အတွက်ဆို သူ့ရဲ့သွေးဓားကို ဖယ်ထားနိုင်သရွေ့တော့ သူနောက်ဆုတ်သွားမှာကို ကြောက်နေစရာ မလိုဘူးလို့ လူတော်တော်များများက ထင်ခဲ့ကြဖူးသည်။ သို့သော်လည်း သွေးဓားကို ဖယ်ရှားနည်းကတော့ လူတွေအတွက် ခေါင်းကိုက်စရာပါပဲ။
ချောင်ဖေးလည်း ရုတ်တရက် တစ်ခုခုမှားသွားသလို ခံစားလိုက်ရ၏။ အောင့်ယွဲ့ မလှုပ်ရှားတာကို မြင်လိုက်ရလို့လား ဒါမှမဟုတ် လုရွှမ်ဆီမှာ တစ်ခုခုမှားနေပြီလို့ အလိုလို ခံစားမိသွားသလား မသိပါဘူး။ သူက သူ့ကိုယ်သူ ကာကွယ်ဖို့ သွေးဓားကို အမြန်ဝှေ့ယမ်းလိုက်၏။
လုရွှမ်ရဲ့ မျက်လုံးများက ရုတ်တရက် တောက်ပ စူးရှပြီး အလွန်တရာ သန့်စင်သော အလင်းတန်းများ ထွက်ပေါ်လာသည်။ သူ့နှလုံးနဲ့ စိတ်ဝိညာဥ်ဟာ သွေးဓားသံကြောင့် ထိတ်လန့် တုန်လှုပ်သွားသည့် သဲလွန်စတစ်ခုမျှ မရှိခဲ့ပေ။
လုရွှမ် လက်ဖဝါးကို အေးအေးဆေးဆေး ဆန့်ထုတ်လိုက်ပြီး သွေးဓားလက်ကိုင်ကို ဆွဲစုပ် ဆုပ်ကိုင်ထားလိုက်သည်။ ချောင်ဖေးလည်း ဓားလက်ကိုင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား၏။
"မတရားမှုများတွေကို ကျူးလွန်သူတွေတိုင်း အသတ်ခံရလိမ့်မယ်.... ဒီသွေးဓားက အာဟာရကျွေးမွေးဖို့ လူတွေရဲ့ ဝိညာဉ်ကို အဆက်မပြတ် သတ်ဖြတ်နေခဲ့တယ်... ဒီလို လက်နက်မျိုးက ကမ္ဘာပေါ်မှာ မရှိနေသင့်ဘူး"