← Chapters

ဂုဏ်သိက္ခာကိုထူထောင်ခြင်း

Vol. 84 Ch. 4.766

ဂုဏ်သိက္ခာကိုထူထောင်ခြင်း

Vol. 84 Ch. 4.766

လုရွှမ် လက်ဖဝါးမှ ခရမ်းရောင်မီးတောက်သည် ဒုတိယအဆင့်သို့ အဆင့်မြှင့်ထားသော ဖီးနစ်နတ်မီးတောက် ဖြစ်သည်။

ဖီးနစ်နတ်မီးက အလွန်ပူပြင်းသဖြင့် ဧကရာဇ်လက်နက်များပင် မခံနိုင်ပါ။ ချောင်ဖေးသည် နတ်မီးလုံးကို ထွန်းညှိထားသော ကျင့်ကြံသူဖြစ်ကာ ဖီးနစ်နတ်မီးကို ဘယ်လိုမှ ခံနိုင်ရည် မရှိပေ။

"အား....."

သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လုရွှမ်ရဲ့ လက်ဝါးထဲက လွတ်မြောက်ရန် လက်နှစ်ဖက်ကို ပြင်းထန်စွာ ဝှေ့ယမ်းရန် ကြိုးစားသော်လည်း လုရွှမ် လက်ဖဝါးသည် သွေးစွန်းဓားကို ကိုင်ထားသော သူ့လက်ဖဝါးပေါ် ကပ်နေသကဲ့သို့ ဘယ်လိုပဲဖြစ်ဖြစ် မဖယ်ရှားနိုင်ပေ။

မီးတောက်များသည် သွေးစွန်းနေသော ဓားကို ဖုံးလွှမ်းသွားကာ ၎င်းအထဲက တစ္ဆေရုပ်ပုံများကို တောက်လောင်သွားရာ တစ္ဆေဝိညာဥ်များ ပြင်းထန်စွာ အော်ဟစ်နေလေသည်။

လုရွှမ်ရဲ့ ခန္ဓာကိုယ်က ရုတ်တရက် တောက်ပလာပြီး ယွမ်ယန်ကျင့်စဥ်ရဲ့ အငွေ့အသက်များ ထွက်​​ပေါ်လာသည်။ ယင်းသည် သူတို့လို ဝိညာဉ်အကြွင်းအကျန်များကို ရယူထားသူများအတွက် အခြိမ်းခြောက်ဆုံး အရာဖြစ်သည်။

ချောင်ဖေးရဲ့ ခန္ဓာကိုယ်ထဲကနေ ဝမ်းနည်းဖွယ် အူသံတွေ ဆက်တိုက် ထွက်ပေါ်လာလေ၏။ ၎င်းတို့က ချောင်ဖေးရဲ့ ခန္ဓာကိုယ်ထဲကို တစ်ယောက်ပြီး တစ်ယောက် ထိုးဖောက်ဝင်ရောက်ကာ သူ့စိတ်ဝိညာဉ်ကို ဝါးမြိုပစ်လိုက်သည်။ ဒါက သူ့လုပ်ရပ်အတွက် ပြန်ရလိုက်တဲ့ တုန့်ပြန်မှုပါပဲ။

လုရွှမ်သည် လမ်းကြောင်းအားလုံးကို မြင်ပြီး ဒီလောကရဲ့ အသံအားလုံးကိုလည်း နားထောင်ထားသည်။

အမှန်တော့ သူသည် အပြင်လူဟု သတ်မှတ်ခံရသည်။ ဤလူအုပ်စုသည် ဆန်းကြယ်ကောင်းကင်အိမ်တော်က သခင်များ ဖြစ်​ကြသည်။ ချောင်ဖေးရဲ့ သူငယ်ချင်းများ သို့မဟုတ် စိတ်တူကိုယ်တူ လက်ပါးစေများ ရှိနေတာကြောင့် ခိုးဝင်တိုက်ခိုက်ဖို့ အလွန်ကောင်း​ပေသည်။

ဒီလိုနေရာမျိုးမှာ ဒဏ်ရာတွေ ရလာတဲ့အခါ လူတိုင်း လိုချင်တပ်မက်တဲ့ လူတစ်ယောက် ဖြစ်လာမှာ သေချာပါသည်။

"ငါ့ကို လွှတ်ပေးပါ... ကျေးဇူးပြုပြီး လွှတ်ပေးပါ...."

ချောင်ဖေး ဝမ်းနည်းစွာ အော်ဟစ်နေဆဲ ဖြစ်သော်လည်း သူ့ပါးပြင်များ လျင်မြန်စွာ ပါးလွှာလာခဲ့သည်။ အသက်စွမ်းအင်တွေ ပျောက်ကွယ်သွားစဥ် သူ့အလောင်းကလည်း လျင်မြန်စွာ ငြိမ်သက်သွား၏။

လုရွှမ်သည် ချောင်ဖေးကို လွှတ်လိုက်ပြီး သွေးစွန်းနေသော ဓားကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။ ပတ်ဝန်းကျင်က လူတော်တော်များများဟာ လောဘကြီးတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြပြီး ဒီထူးဆန်းတဲ့ လက်နက်ကို လိုချင်နေကြတာ ထင်ရှားပေ၏။

လုရွှမ်ရဲ့ လက်ဝါးမှာ မီး​တောက်များနှင့် ပြည့်နေ​သေးသည်။ ထိုကဲ့သို့သော လက်နက်မျိုးဟာ ကမ္ဘာပေါ်တွင် မရှိ​နေသင့်ပေ။

အထူးသဖြင့် လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းတုံးဖြူ လှေကားထစ်များပေါ် လမ်းလျှောက်ပြီးနောက် လုရွှမ်သည် ကျင့်ကြံသူများအတွက် ဝိညာဉ်သည် ဘယ်လောက် အရေးကြီးလဲ ကောင်းကောင်း သိလာခဲ့သည်။ အကယ်၍ ဤလက်နက်သာ ကမ္ဘာပေါ်တွင် ဆက်လက် တည်ရှိနေပါက လူပေါင်းဘယ်လောက်တောင် ကံဆိုးနေဦးမလဲ မသိနိုင်ပေ။

ဝိညာဉ်မီး​တောက်များပါ ပွင့်ထွက်လာပြီး သွေးဓားသည် တဖြည်းဖြည်း သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားကာ နေရောင်အောက်၌ပင် တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခဲ့သည်။

လုရွှမ် သူ့ဘေးနား ပစ်ချထားသော ချောင်ဖေးကို လှမ်းကြည့်လိုက်သည်။ နောက်ဆုံး ခိုးကပ်ထားရာ လုံးဝ ပျက်စီးသွားပြီမလို့ ထိုလူလည်း နောက်ဆုံးတော့ မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားကာ အသက်မရှူတော့ဘဲ သေဆုံးသွား​တော့သည်။

လုရွှမ် ချီးမွမ်းထိုက်သော အရာတစ်ခုကို လုပ်လိုက်သကဲ့သို့ သူ့ဘာသာ ပေါ့ပေါ့ဆဆ လက်ခုပ်တီးလိုက်သည်။ လူအားလုံးရဲ့ မျက်လုံးတွေ ပြူးကျယ်နေတာကိုတောင် သူ သတိမထားမိလိုက်ဘူး။

'အဲဒါ နတ်မီးနယ်ပယ်ရ အရှင်သခင်ပဲ! ဒါ့အပြင် ဆန်းကြယ်ကောင်းကင်အိမ်တော်ကလည်း ဖြစ်နေသေးတယ်လေ'

သူတို့အားလုံးသည် ပါရမီရှင်များ ဖြစ်ကြပြီး တစ်ချိန်က သူတို့သည်လည်း ကောင်းကင်ဘုံသခင် ဖြစ်ခဲ့စဉ် နတ်မီးနယ်ပယ်က သခင်အချို့ကို သတ်ဖြတ်ခဲ့ဖူးကြသည်။ သို့သော် နတ်မီးနယ်ပယ်က သခင်များသည် မြင့်မားသော နယ်ပယ်ဖြစ်ပြီး ၎င်းတို့၏ စစ်မှန်သော စွမ်းအားသည် သူတို့ထက် မကျော်လွန်နိုင်ရင်တောင် အစွမ်းထက်လှသည်။

ဒါပေမဲ့ လက်ရှိ အခြေအနေက လုံးဝ မတူ​တော့ပါဘူး။

လုရွှမ်သည် ကျပန်းပြင်ပ လူတစ်ဦးမျှသာ ဖြစ်သော်လည်း ဆန်းကြယ်ကောင်းကင်အိမ်တော်က နတ်မီးနယ်ပယ်က သခင်ကို အမှန်တကယ် သတ်ပစ်လိုက်သည်။ ပြီးတော့ ခွန်အား အများကြီး အသုံးမပြုထားရဘူးလို့လည်း ထင်ရ၏။

ဒါက အိပ်မက်တစ်ခုလိုပဲ ဆိုပေမယ့် ချက်ချင်း အိပ်မက်ကနေ နိုးထလာခဲ့ရတဲ့ အိပ်မက် ဖြစ်နေပြန်သည်။

သူတို့သည် ဆန်းကြယ်ကောင်းကင်အိမ်တော်က လူများဖြစ်သည်။ ကမ္ဘာပေါ်တွင် အသန်မာဆုံး လူများဖြစ်ပြီး ပါရမီရှင်များကြားတွင် ထူးချွန်သူများအဖြစ် အမြဲလိုလို လူသိများခဲ့ကြသည်။ မဟုတ်ပါက သူတို့သည် ဆန်းကြယ်ကောင်းကင်အိမ်တော်သို့ ဝင်ရောက်ရန် ရွေးချယ်ခံရမည် မဟုတ်ပေ။

ယခုမူကား သူတို့လူက တခြားလူဆီက အသတ်ခံနေရပြီ။ လူအုပ်ထဲတွင် တစ်ဦးတည်းသော မျက်နှာ မပြောင်းလဲသွားသူမှာ အောင့်ယွဲ့ ဖြစ်ပြီး သူမမျက်နှာပေါ်တွင် လှပသော အပြုံးတစ်ပွင့် ပေါ်လာသည်။

ဒါက သူမ သိတဲ့ လုရွှမ်ပဲဖြစ်ပြီး လုံးဝ မပြောင်းလဲသွားပါဘူး။

"ကောင်လေး မင်းချောင်ဖေးကို သတ်လိုက်တာ အမှားလုပ်မိသွားပြီ ဆိုတာ သိရဲ့လား?"

ခဏကြာတော့မှ ဆန်းကြယ်ကောင်းကင်အိမ်တော်က လူတွေဟာ တုံ့ပြန်ဖို့ သတိရသွားကြရာ ကျယ်လောင်စွာ ထအော်လိုက်လေသည်။

"ဟမ့် အပြင်လူတစ်ယောက်က ငါတို့ရဲ့ ဆန်းကြယ်ကောင်းကင်အိမ်တော်က အဖွဲ့ဝင်တစ်ယောက်ကို သတ်တာက အရေးကြီးတဲ့ ပြစ်မှုပဲ... ကောင်လေး မင်းဘယ်လိုလုပ်မလဲ ငါ့ကိုပြောပြစမ်းပါဦး"

ဤသည်မှာ ကျားအရေခွံကိုဆွဲကာ အလံကြီးတစ်ခု ဆွဲခြင်းသာဖြစ်သည်။ လုရွှမ်ရဲ့ မျက်လုံးများက ဘေးသို့ လှည့်သွားကြသည်။

အောင့်ယွဲ့၏ မျက်နှာသည်လည်း အေးစက်သွားကာ သူမသည် အေးစက်သော လေသံဖြင့် ဆိုလိုက်လေသည်။

"ကျန်းယီး... နင့်မှာ သတ္တိရှိရင် ထပ်ပြောကြည့်စမ်း! ကိုယ့်စကားကို ထိန်းထားတာကောင်းမယ်!"

စကားပြောနေတဲ့ သူရဲ့အကြည့်တွေက ပေါ့ပါးသည်။ သူဟာ ကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ အသားမရှိပုံပေါ်တဲ့ ပိန်ပိန်ပါးပါးလေးဖြစ်ကာ မေးစေ့သည် ချွန်ထက်နေရာ မျောက်ပါးပြင်နှင့်ပင် ခပ်ဆင်ဆင် တူ​နေသည်။

သူ့မျက်လုံးတစ်စုံက ယုတ်မာစွာ လှည့်ကြည့်လိုက်သည်။ ထို့မတိုင်ခင်က ချောင်ဖေး ကဲ့သို့ပင် ပထမတစ်ချက်နဲ့ပင် သူက ကြည့်မကောင်းတဲ့ လူ၊ ဖြောင့်မတ်တဲ့လူ မဟုတ်တာ သေချာ​ပေသည်။

ကျန်းယီးက ရယ်မောလိုက်ပြီး "နတ်သမီးအောင့်ယွဲ့က နောက်နေတာပဲ... ငါက အမှန်တိုင်းပြောနေတာ ငါတို့ ဆန်းကြယ်ကောင်းကင်အိမ်တော်က လူတစ်ယောက်ကို သူ သတ်လိုက်တာပဲလေ ငါပြောတာ မှားလို့လား?"

"နင်ပြောတာ မှန်ပါတယ် ဒါပေမဲ့ ဆန်းကြယ်ကောင်းကင်အိမ်တော်က ဘယ်အချိန်က ငါတို့ရဲ့ ဆန်းကြယ်ကောင်းကင်အိမ်တော် ဖြစ်သွားတာလဲ? နင်ကဒီထဲမှာ အသက်အကြီးဆုံးပဲ အိမ်​တော်ကြီးထဲမှာ ဂိုဏ်းကွဲတွေ အများကြီးရှိတယ် နေ့တိုင်း သေကျေပျက်စီးမှုတွေလည်း များနေတယ် ​​အဲဒီတုန်းက ဘာလို့ ငါတို့ရဲ့ ဆန်းကြယ်ကောင်းကင်အိမ်တော်လို့ မပြောတာလဲ!"

အောင့်ယွဲ့သည် တစ်ဖက်က စကားပြောရင်း ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့ရာ ကျန်းယီးသည် နောက်ပြန်ဆုတ်ကာ လူအုပ်ထဲ ပုန်းနေခဲ့သည်။

"နတ်သမီး...ငါက ဟာသလုပ်နေတာပါ... အဲ့လိုပြောတာကို မကြိုက်ရင် ငါမပြော​တော့ဘူး"

အောင့်ယွဲ့က လှောင်ပြောင်လေ၏။

"အိုး ဒါဆို ငါလည်းနင့်ကို သတ်ကြည့်မယ်လေ... အခုရှေ့ထွက်ပြီး သူ့ကို တောင်းပန်လိုက်... ဒါဆို ငါနင့်ကို မသတ်​တော့ဘူး"

"ငါက နောက်နေတာပါ... ​​ဒါပေမဲ့ မှန်လား မမှန်လားဆိုတာ မင်းစဥ်းစားနိုင်တဲ့ အပေါ်မှာ မူတည်တယ်နော်"

သူမသည် လက်သုံးချောင်းကို မြှောက်လိုက်သည်။

"ငါသုံအထိ ရေမယ် ပြီးရင်တော့ ငါ နောက်နေတာလား ဒါမှမဟုတ် တကယ်ပြောတာလား ဆိုတာ နင်သိလိမ့်မယ်"

"တစ်..... နှစ်.... သုံး"

ကျန်းယီး ပြေးထွက်လာပြီး သူ့မျက်နှာကို မှုန်ကုတ်ထားလိုက်သည်။

"နတ်သမီး ငါမှားပါတယ် ငါမှားသွားပါတယ်... မင်းသူငယ်ချင်း ငါတောင်းပန်ပါတယ် ဒါက ဟာသတစ်ခုပါပဲ စိတ်မဆိုးပါနဲ့ ဟုတ်ပြီလား!"

လုရွှမ် အောင့်ယွဲ့ကိုကြည့်ကာ ပြုံးပြလိုက်သော် သူမသည် တစ်ဖက်လူရဲ့ ပါးကို လွှဲရိုက်လိုက်​လေသည်။

"တောင်းပန်ပါတယ် ငါလည်း နောက်နေတာပါ!"

တစ်ဖက်လူမှာ ပါးရိုက်ခံလိုက်ရတဲ့ လက်ဝါးကြောင့် မျက်နှာမှာ ဖောင်းပွလာ၏။ သူ့မျက်လုံးများတွင် နာကြည်းမှုများဖြင့် ပြည့်နှက်နေပြီး ရှိုက်ကြီးတငင် အော်ဟစ်လိုက်သည်။

"ကောင်းပါပြီ ကောင်းပါပြီ ငါ"

လျှပ်စစ်မီးတောက်များ ရုတ်တရက် လင်းလက်သွားကာ လျင်မြန်သော ဓားတစ်ချောင်း ပြေးထွက်သွားသည်။ တစ်ဖက်လူမှာ မယုံနိုင်ဘဲ သူ့ရင်ဘတ်ပေါ်မှ ဓားရှည်ကြီးကို ကြည့်ကာ သေဆုံးသွားခဲ့​လေသည်။

အောင့်ယွဲ့ မျက်လုံးထဲက လူသတ်ချင်နေသည့် ရည်ရွယ်ချက်သည် အတုအယောင် မဟုတ်ပေ။ လုရွှမ်သည် အောင့်ယွဲ့နှင့် အလွန်ရင်းနှီးသည်။ သူမ ထိုလူကို လွှတ်​ပေးရန် ရည်ရွယ်ချက် မရှိတာက အကြောင်းပြချက် ရှိနေကြောင်း သိသာထင်ရှားလေ၏။

"ငါတို့အစ်မကို ဘယ်သူက အနိုင်ကျင့်နေတာလဲ"

အဲဒီအချိန်မှာ အနောက်ကနေ အသံတစ်သံ ထွက်ပေါ်လာပြီး ပုံရိပ်တချို့ သူတို့ဘက်ကို မြန်မြန်ဆန်ဆန် ပြေးလာခဲ့လေသည်။ လိရှောင်း အပါအဝင် လုရွှမ် ရင်းနှီးတဲ့ အသွင်အပြင်များစွာသည် အမြန် ပြေးချလာကြသည်။

ဘေးမှ ကြည့်သူများသည် ဘေးသို့ ရှောင်ထွက်သွားခဲ့သည်။ ဆန်းကြယ်ကောင်းကင်အိမ်တော်က လူများသည် ထုံးစံအတိုင်း ဂိုဏ်းဖွဲ့တတ်ကြသည်။ အတူတူ ကမ္ဘာငယ်လေးထဲက လာပြီး တစ်ယောက်နဲ့တစ်ယောက် သိနေတယ်ဆိုရင် ဆက်ဆံရေးက သဘာဝအတိုင်း ပိုကောင်းလာလိမ့်မည်။

လူတိုင်း၏ မျက်လုံးထဲက ဆန်းကြယ်ကောင်းကင်အိမ်တော်ဟာ အလွန်တောက်ပနေပါသည်။ သို့သော် ဘယ်လောက် ဆိတ်သုဉ်းပြီး ခက်ခဲကြမ်းတမ်းတယ် ဆိုတာကို သူတို့သာ အသိဆုံး ဖြစ်သည်။

မထက်မြက်ရင် တခြားသူတွေဆီက နှိပ်ကွပ်ခံရလိမ့်မယ်။ ရှင်သန်လိုပါက တခြားသူတွေဆီက အနိုင်ကျင့်ခြင်းကို မခံရအောင် အရင်းအမြစ်များ ရယူရန်၊ အရင်းအမြစ်များကို ထိန်းထားနိုင်စေရန်၊ ပြင်းပြင်းထန်ထန် လေ့ကျင့်ရန် သဘာဝအတိုင်း စည်းလုံးညီညွတ်ရန် လိုအပ်သည်။

အောင့်ယွဲ့ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး လုရွှမ်ကတော့ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ အသံကို နားထောင်ရင်း ဘယ်သူလဲ ဆိုတာ ချက်ချင်း သိလိုက်သည်။ တကယ် လိရှောင်းတို့အဖွဲ့ပဲ။

All Chapters