နှလုံးသားထဲက
Vol. 84 Ch. 4.767
ကျင်းဟုန်၊ အောင်ရှင်း၊ ရှန်ယိရှောင်းဟဲ၊ ရှန်းရှဲ့နဲ့ သားသတ်သမား ထူဖူးတို့ပဲ ဖြစ်လေသည်။ သူတို့က လုရွှမ်ကိုတွေ့တော့ ခဏလောက် ထိတ်လန့်သွားပြီး ချက်ချင်း အမြန် ပြေးချလာကြသည်။
"ကောင်းလိုက်တာ... ညီအစ်ကို မင်းအသက်ရှင်နေသေးတာပဲ ကောင်းတယ် အရမ်း ကောင်းတယ်"
သားသတ်သမား ထူဖူးက ပထမဦးစွာ အမြန်ပြေးလာကာ လုရွှမ်ကို အားပါးတရ ပွေ့ဖက်လိုက်သည်။ လုရွှမ် သူ့ရင်ခွင်ထဲသို့ ပွေ့ဖက်ကာ ကျောကို ပြင်းပြင်းထန်ထန် ရိုက်နေပုံမှာ စိတ်လှုပ်ရှားနေပုံပင်။
လုရွှမ်ရဲ့ မျက်လုံးများသည်လည်း မသိစိတ်အလျောက် နီရဲလာကာ လူတိုင်းကို တစ်ယောက်ပြီး တစ်ယောက် ပွေ့ဖက်လိုက်သည်။ ရှန်းရှဲ့နဲ့ ကျင်းဟုန်ကိုပင် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ခဲ့၏။ ဝမ်းသာမှုအပြည့်ရှိသော မျက်နှာများဖြင့် သူမတို့လည်း တွန်းမထုတ်ခဲ့ကြပေ။
"အားလုံး သွားကြရအောင်... သူ ဒီလောက်ရူးနေတာ နီးနီးကပ်ကပ် မနေတာ အကောင်းဆုံးပဲ... မတော်တဆ သွားငြိမိရင် ငါတို့ရဲ့ ကံဆိုးလိမ့်မယ်"
"ဟုတ်တယ်...ငါတို့က ဘာလို့ ပါဝင်ပတ်သက်နေရမှာလဲ သွားကြရအောင်!"
"အဲဒီလူရဲ့ နာမည်က လုရွှမ်တဲ့ မင်းကြားတယ် မဟုတ်လား? ဟေး အဲဒီလူက ဆရာ လိုက်ရှာနေတဲ့ လူမဟုတ်ဘူးလား?"
"မင်း ခွေးကောင်! အခု ပါးစပ်ပိတ်ထား! သွား သွား သွား.... မင်း သေချင်ရင် ကိုယ့်ဘာသာသွားသေ ငါတို့ကို မဆွဲထည့်နဲ့"
လုရွှမ် ဒါတွေကို ကြားသော်လည်း လောလောဆယ် အာရုံစိုက်ဖို့ စိတ်မ၀င်စားပါဘူး။ လူတိုင်းကို ကြည့်လိုက်တဲ့ သူ့မျက်လုံးတွေက တဖြည်းဖြည်း ပြောင်းလဲသွားသည်။
အောင့်ယွဲ့မှလွဲ၍ ကျန်အားလုံးသည် ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသော ကာလတွင် ရှိနေကြသည်။ အောင့်ယွဲ့ရဲ့ ကျင့်ကြံမှုက သူတို့ထက် အများကြီး အားကောင်းနေသည်။
"မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လိုလုပ် အရမ်းနိမ့်ရတာလဲ? ပြီးတော့ မင်းရဲ့ ကျင့်ကြံမှုကျတော့...."
လုရွှမ် အောင့်ယွဲ့ကို ကြည့်လိုက်သည်။ အောင့်ယွဲ့မှာ မျက်နှာလေး နီရဲလာတာကြောင့် ရှန်ယိရှောင်းဟဲကပဲ ဝင်ပြောလိုက်သည်။
"အောင့်ယွဲ့ကို အပြစ်မတင်ပါနဲ့ ငါတို့ကြားမှာ မတရားတာ ဘာမှမရှိပါဘူး...ဆန်းကြယ်ကောင်းကင်အိမ်တော်မှာ နေရတဲ့ ဘဝက နည်းနည်းခက်ခဲတယ် အရင်းအမြစ်တွေက နည်းနည်းလေးမှ မလုံလောက်ဘူး... အားလုံး အတူတူ လေ့ကျင့်မယ်ဆိုရင် ငါတို့ မျှမျှတတ မလုပ်နိုင်လောက်ဘူး... သူများတွေ ငါတို့ကို အနိုင်မကျင့်ရင်တောင် ထူးဆန်းသွားလိမ့်မယ် ဒါကြောင့် ငါတို့မှာ ကျောရိုးရှိဖို့ လိုတယ်... ဒါမှ ဘယ်သူဆီကမှ အနိုင်ကျင့်မခံရမှာလေ"
လိရှောင်းကလည်း ရယ်လိုက်သည်။
"အံမယ်.. ငါတို့က ဘယ်လိုလုပ် ကျင့်ကြံမှုအဆင့် နိမ့်နေရတာလဲ ဟုတ်လား? မင်းကိုယ်မင်း ကြည့်စမ်း အခုမှ ကောင်းကင်ဘုံသခင် ပထမအဆင့်တဲ့ ငါတို့ရဲ့ အဆင့်ကိုများ နိမ့်နေပြီလို့ ပြောနေသေးတယ်"
လိရှောင်းက အကြောင်းအရာကို တမင်ပြောင်းခဲ့ကြောင်း သိလိုက်ရသဖြင့် လုရွှမ် အနည်းငယ် တုန်လှုပ်သွားသည်။
သူတို့လုပ်ခဲ့တဲ့ အရာက ဘာအမှားမှ မရှိပါဘူး။ သူတို့ရှင်သန်ချင်ရင် ရှင်သန်နိုင်မယ့် နည်းလမ်းကို ရှာရမည်။ တခြားသူများနှင့် ယှဉ်ပြိုင်ရန် သူတို့တွက် ထိပ်တန်းအဆင့်ရှိသူ ရှိရမည်။ သို့မဟုတ်ပါဘဲ လူတိုင်းက တူညီသော အဆင့်ရှိထားလျှင် အန္တရာယ်နှင့် ကြုံတွေ့ရသည့်အခါတွင် လူတိုင်းက ခွဲခြားခံရနိုင်ခြေ ပိုများနိုင်သည်။
သို့သော် တစ်စုံတစ်ဦးအား အရင်းအမြစ်များကို ပေးကမ်းခြင်းက သူတို့အဖွဲ့အတွက် အကျိုးရှိလေသည်။
"ကောင်းပြီ ငါတို့ကိစ္စတွေကို ဆက်မပြောတော့နဲ့ နောက်မှပြောမယ်... မင်းအကြောင်းကို ပြောကြည့်ရအောင် မင်း ဘာဖြစ်ခဲ့တာလဲ?"
သူတို့လူအုပ်စုသည် ထိုလူများ လျင်မြန်စွာ ပျံသန်းသွားတာကို ဂရုမစိုက်ဘဲ ထိုင်စရာ နေရာကို ရှာလိုက်ကြသည်။ သူတို့က လုရွှမ်ကို အတိတ်အကြောင်း ပြောပြရန် တောင်းဆိုခဲ့ပြီး သူတို့အမူအရာမှာ စိုးရိမ်မှုအပြည့်နှင့်။
သေရေးရှင်ရေး အတွေ့အကြုံများကို မျှဝေခဲ့ကြသော ဤညီအစ်ကိုများ အတွက်တော့ လုရွှမ် သူ့အကြောင်းတွေကို သဘာဝကျကျ ဖုံးကွယ်ထားစရာ ဘာမျှမရှိပေ။
လူတိုင်းသည် စွဲမက်ဖွယ်ကောင်းသော ပုံပြင်တစ်ပုဒ်ကို နားထောင်နေသလို တိတ်ဆိတ်နေကြသည်။ လုရွှမ် ဒီလောက် အရာများစွာကို တွေ့ကြုံခံစားခဲ့ရမယ်လို့ မမျှော်လင့်ထားရာ လူတိုင်း၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
"ကောင်းပြီ... အခု မင်းပြန်လာပြီပဲ အားလုံး စိတ်ချလို့ရပြီ ငါတို့နဲ့အတူ ဆန်းကြယ်ကောင်းကင်အိမ်တော်ကို လိုက်ခဲ့.. ပြီးရင် မင်းရဲ့ ကျင့်ကြံမှုကို အမြန်ဆုံး တိုးတက်အောင် လုပ်လိုက်...မင်းရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ ကြိုးစားအားထုတ်မှုတွေနဲ့သာ အဲဒီလူယုတ်မာတွေ အခုထိ ငါတို့ကို အနိုင်ကျင့်ဖို့ သတ္တိရှိနေဦးမယ်လို့ ငါမယုံဘူး!"
လိရှောင်း အော်ပြောလိုက်သည်။ ထူဖူး ခေါင်းညိတ်ပြပြီး ဘုန်းကြီးဖြစ်တဲ့ ရှန်ယိရှောင်းဟဲပင် ဗုဒ္ဓဘာသာ အရိပ်အယောင် မပြဘဲ သွားများကို အံကြိတ်ထားသည်။ သူတို့ တော်တော်လေး အနိုင်ကျင့်ခံရတာ သိသာပါ၏။
ကျင်းဟုန်နဲ့ ရှန်းရှဲ့တို့ရဲ့ မျက်လုံးများသည်လည်း မျှော်လင့်ချက် အပြည့်ရှိသည်။ လုရွှမ် တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ ဒီတစ်ခါ ငါ မင်းတို့နဲ့အတူ ဆန်းကြယ်ကောင်းကင်အိမ်တော်ကို လိုက်ခဲ့မယ်!"
ပြောပြီးနောက် သူက အောင့်ယွဲ့ကို ငုံ့ကြည့်လိုက်ရာ အောင့်ယွဲ့မှာ အလွန်အံ့အားသင့်နေပြီး အလွန်မျှော်လင့်ချက် အပြည့်ရှိတဲ့ အမူအရာနဲ့ မော့ကြည့်နေတာ တွေ့လိုက်ရ၏။
လွန်ခဲ့သည့် အနှစ်ခြောက်ဆယ်အတွင်း လိရှောင်နှင့် တခြားသူများသည် သူတို့၏ မျှော်လင့်ချက်များကို သယ်ဆောင်လာခဲ့ကြပြီး အဆက်မပြတ် လေ့ကျင့်ရန်၊ ခွန်အားကို အမြန်ဆုံး မြှင့်တင်ရန် လိုအပ်ခဲ့သည်။ လုရွှမ်သည် ဤတာဝန်များကို သူ့စိတ်ထဲတွင် ကောင်းစွာ နားလည်သောကြောင့် သူတို့အတွက် အလွန်လေးလံနေပေလိမ့်မည်။
အောင့်ယွဲ့ အစပိုင်းတွင် အနည်းငယ် တုန်လှုပ်သွားတာကို သူ မှတ်မိနေသေးသော်လည်း ယခုတွင် သူမသည် ထိန်းထိန်းသိမ်းသိမ်းနှင့် ငြိမ်သက်နေပြီး သူမတွင် အဖွဲ့ကို ကာကွယ်ရမယ် ဆိုတဲ့ အမူအရာလည်း ရှိနေပြီဖြစ်သည်။
သူမ ဤနှစ်များအတွင်း ဘယ်လောက်တောင် ပေးဆပ်ခဲ့ရသလဲ စိတ်ကူးကြည့်နိုင်သည်။ အခု သူဒီကိုရောက်နေပြီ။ ဒါတွေကို သူမ ခံစားစရာမလိုတော့ဘူး။ လုရွှမ် အောင့်ယွဲ့ ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး သူ့စိတ်ကို ထိန်းလိုက်သည်။
အောင်ရှင်းလည်း လုရွှမ်ရဲ့ တစ်ဖက်ကမ်းသို့ အလျင်အမြန် ပြေးလာပြီး လုရွှမ်အနား ကပ်ထိုင်လိုက်သည်။
“ကိုကိုလုရွှမ် ညီမ အစ်ကို့ကို အရမ်းသတိရတာပဲ”
"ငါလည်းမင်းကို သတိရပါတယ်"
အစတုန်းကတော့ သူမကို လုံးဝ ပြန်ပေးဆွဲသွားခဲ့တာပင်။ ဒါပေမဲ့ သူမက သတိမထားမိဘဲ စည်းစိမ်နဲ့ အမင်္ဂလာတွေကို ဝေမျှပေးတဲ့ ဘဝရဲ့ သူငယ်ချင်း ဖြစ်လာလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပါဘူး။
"စကားမစပ် ဒီမှာ မင်းတို့ ဘာလုပ်နေတာလဲ? ဒါကို သန့်ရှင်းသော အပျက်အစီး ရှန့်ရွှီးနယ်မြေလို့ ခေါ်တယ်လို့ ကြားတယ်... တကယ့် သန့်ရှင်းတဲ့ အပျက်အစီးတွေလား?"
အောင့်ယွဲ့ ဘာမှပြန်မပြောပေ။ လုရွှမ်က သူမလက်ကို ညင်သာစွာ ဆုပ်ကိုင်ထားတာကြောင့် သူမမျက်နှာမှာ ချိုမြိန်သော အကြည့်ဖြင့် ဘေးတွင် ထိုင်လိုက်သည်။
ရှန်ယိရှောင်းဟဲက "သောက်ကျိုးနည်းပဲကွ! ဒါအရင်က မြေကမ္ဘာ ဖြစ်ကောင်းဖြစ်မယ်... အခု ဘယ်သူမှ ဂရုမစိုက်တော့ဘူး ဒီအချိန်မှာ လူတွေ အာရုံစိုက်တာက ဘာလဲသိလား?"
သားသတ်သမားက ရယ်ရင်း "ရှန်ယိက ရှားပါးအပင်တချို့ကို တွေ့ပေမယ့် မိန်းကလေးတစ်ယောက်က လုယူသွားတယ်လေ အဲဒါကြောင့် သူ စိတ်ဓာတ်ကျနေတာ"
ရှန်ယိက ရှက်ရွံ့စွာ အော်ဟစ်လိုက်၏။
"ဟင့် ငါက အဲဒီကလေးမလေးကို သနားလို့ သူ့အတွက် မျှဝေပေးချင်တာ... သူကငါ့ကို တကယ်ကြီး ကြံစည်ပြီး အားလုံးကို သိမ်းကျုံးယူသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ? သောက်ကျိုးနည်းပဲ! ငါနဲ့ ထပ်မတွေ့စေနဲ့ပေါ့ မဟုတ်ရင်တော့ ဟမ့်!"
ဒီလိုသူငယ်ချင်းတွေ အချင်းချင်း ကြွားလုံးထုတ် တိုက်ခိုက်နေတာကို ကြည့်ပြီး နားမလည်နိုင်တဲ့ လွမ်းဆွတ်ဖွယ်ရာ ခံစားချက်များက သူတို့နှလုံးသားထဲ တိုးဝင်လာခဲ့သည်။
နတ်သမီးရှန်းရှဲ့က "မှန်တယ် ဒါက တကယ့်ကို သန့်ရှင်းတဲ့ အပျက်အစီးတစ်ခုပဲ ဒါပေမဲ့ အပျက်အစီးတွေ ဘယ်မှာ ရှိတယ်ဆိုတာ ဘယ်သူမှ မသိဘူး... ဝင်ရမယ့်လမ်းက ခက်ခဲတယ် နောက်ပြီး အဲဒီလမ်းကိုဖွင့်ဖို့ အရင်းအမြစ်တွေ အများကြီး လိုအပ်တယ်... ဆန်းကြယ်ကောင်းကင်အိမ်တော်က ငါတို့ကို လွှတ်ရတဲ့ ရည်ရွယ်ချက်က ငါတို့ အရင်းအမြစ်တွေ ရအောင် လုပ်စေချင်လို့... ငါတို့ရဲ့ အရင်းအမြစ်တွေနဲ့ အခွင့်အလမ်းတွေကို စမ်းသပ်ဖို့ပဲ"
နတ်သမီးကျင်းဟုန်က "ဆန်းကြယ်ကောင်းကင်အိမ်တော်က တကယ်တော့ ဂိုဏ်းတစ်ခု ဒါမှမဟုတ်ရင် ကျောင်းတော် တစ်ခုလိုပဲ... လေ့ကျင့်ချင်တယ် ဆိုရင်တော့ ကိုယ့်မှာ အရင်းအမြစ်တွေ အရင်ရှိရမယ် အရင်းအမြစ်တွေ ရဖို့အတွက် တပည့်တွေက တစ်ဦးချင်းစီ ရှာဖွေနိုင်သလို အမှတ်တွေနဲ့လည်း ဖလှယ်လို့ရတယ်... ဆန်းကြယ်ကောင်းကင်အိမ်တော်က လျှို့ဝှက်ရတနာနဲ့ ကျင့်ကြံနည်းမျိုးစုံပေါ့"
"လူတွေက ဆန်းကြယ်ကောင်းကင်အိမ်တော်က အနှစ်ခြောက်ဆယ်မှာ တစ်ကြိမ်ဖွင့်တယ်လို့ ပြောကြတယ် ဒါပေမဲ့ အဲဒါက မမှန်ဘူး။ နှစ်ခြောက်ဆယ်တိုင်း တပည့်တွေကို လက်ခံတာတော့ အမှန်ပဲ... ဒါပေမဲ့ ငါတို့ ဆန္ဒအတိုင်း ထွက်သွားလို့ရတယ် ဒီနေရာတွေမှာ အရင်းအမြစ်တွေက နည်းပါးလွန်းတော့ တချို့လူတွေက ပြန်မလာတော့သလောက်ပဲ"
"ဥပမာ ဒီတစ်ခေါက် သန့်ရှင်းတဲ့ အပျက်အစီးတွေရှိတဲ့ ရှန့်ရွှီးနယ်မြေကို ဖွင့်လိုက်တာနဲ့ ပထမနှစ် ကျောင်းသားတွေ အားလုံးနီးပါး ပြေးဝင်လာကြတယ်"
လူအနည်းငယ်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဆန်းကြယ်ကောင်းကင်အိမ်တော်ရဲ့ ယေဘုယျ အခြေအနေအကြောင်းကို ပြောပြလိုက်သည်။ လူတိုင်းက ရိုးရှင်းတယ်လို့ ပြောကြပေမယ့် လုရွှမ်ကတော့ ဒီနှစ်တွေတစ်လျှောက် သူတို့နေထိုင်ခဲ့ရတဲ့ အခက်အခဲတွေကို ခံစားနိုင်ပါ၏။
အကြောင်းပြချက်မှာ အလွန်ရိုးရှင်းပါသည်။ သူတို့အားလုံးသည် ရှေးဟောင်း လျှပ်စစ်ကမ္ဘာမှ ဆန်းကြယ်ကောင်းကင်အိမ်တော် သို့ ရောက်ရှိလာကြတာ ဖြစ်ပြီး တခြားလူတွေဟာ အနည်းဆုံး ဝမ့်ကမ္ဘာတွေကနေ ရောက်ရှိလာကြသည်။ သူတို့မှာ နောက်ခံမရှိတာကြောင့် သူသည် သဘာဝကျကျ အနိုင်ကျင့်နိုင်သည့် ပစ်မှတ် ဖြစ်လာခဲ့သည်။
တကယ်တော့ လုရွှမ်သည် ဤနှစ်များတစ်လျှောက်လုံးတွင် လူတိုင်း ဒီအဆင့်အထိ လေ့ကျင့်နိုင်ခဲ့တဲ့ အတွက် အံ့သြနေပြီဖြစ်သည်။
"ဘာဖြစ်ဖြစ် လုရွှမ် မင်းရဲ့အဆင့်က ဘာလို့ဒီလောက် နိမ့်နေရတာလဲ?"
လူတိုင်း ဒါကို စိုးရိမ်နေခဲ့ကြသည်။ လုရွှမ်ရဲ့ အဆင့်က နိမ့်လွန်းနေသည်။ ထိုအခါ အောင့်ယွဲ့က ပြုံးပြီး။
"သူ့အဆင့်က နိမ့်နေပေမယ့် သူ့အစွမ်းကိုတော့ လျှော့တွက်လို့ မရဘူးနော်... ငါ့အမြင်အရတော့ ငါ့အစွမ်း တစ်ဝက်လောက်နဲ့တောင် မယှဉ်နိုင်လောက်ဘူး"