ရတနာလက်ဆောင်များ
Vol. 84 Ch. 4.768
လူတိုင်းရဲ့ မျက်လုံးများ တောက်ပလာသည်။
လိရှောင်းက "ကောင်းပြီ ဒါဆိုငါတို့ လုရွှမ်နဲ့ တစ်ပွဲလောက် တိုက်ကြည့်ကြမယ်လေ ဘယ်လိုလဲ?"
လုရွှမ်လည်း ပြုံးပြီး "ကောင်းပြီ" ဟု သဘောတူလိုက်သဘ်။
လုရွှမ်ရဲ့ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းအားကို ယခုပင် မြင်လိုသဖြင့် လူတိုင်းက လက်ခုပ်တီးလိုက်ကြသည်။ လိရှောင်း သူ့ရဲ့ တစ်ဖက်သွား တောင်ဓားကို ဆွဲထုတ်ပြီး လေထုကို အလျားလိုက် လှီးဖြတ်လိုက်သည်။ အားကောင်းတဲ့ ဓားသွားစွမ်းအင်က လေထုကို လှုပ်ခတ်သွားစေ၏။
"ဒါက ဆန်းကြယ်ကောင်းကင်အိမ်တော်မှာ ငါလေ့ကျင့်ထားတဲ့ ဆန်းကြယ်ကျောက်စိမ်းဓားသွားပဲ သတိထားနော်!"
ထိုစဥ် လုရွှမ်ကလည်း သိုလှောင်လက်စွပ်ထဲမှ ထူထဲသော တစ်ဖက်သွား ဓားကြီးတစ်ချောင်းကို ပေါ့ပေါ့ပါးပါး ထုတ်ကာ မီးတောက်ဓားသိုင်းဖြင့် ရင်ဆိုင်လိုက်သည်။ ကျွမ်းကျင်တဲ့သူကသာ ဤဓား ရွေ့လျားမှုများကို ကြည့်ရုံဖြင့် ၎င်းတို့ရဲ့ သိုင်းပညာအဆင့်ကို ပြောပြနိုင်သည်။
ပေါင်းစပ် အရှိန်အဟုန်အရ လုရွှမ်ရဲ့ တစ်ဖက်သွား ဓားလှုပ်ရှားမှုက ဆန်းကြယ်ကျောက်စိမ်းဓားသွားထက် သာလွန်ကြောင်း ထင်ရှားပေသည်။ လိရှောင်းသည်လည်း ဓားကျွမ်းကျင်ပညာရှင် ဖြစ်တာကြောင့် တခြားသူများက မြင်နိုင်တာကို သူက ပိုမိုရှင်းလင်းစွာ မြင်နိုင်သည်။
လုရွှမ် သူ့စိတ်ထဲတွင် ပျော်ရွှင်နေသော်လည်း အနည်းငယ်လည်း မကျေမနပ် ဖြစ်နေမိသည်။ လိရှောင်းသည် သူ၏ အထူးလှုပ်ရှားမှုကို တိုက်ရိုက်အသုံးပြုပြီး လေးနက်သော အသံဖြင့် အော်လိုက်သည်။
"ငါ့ရဲ့အထူး ဓားသွားလှုပ်ရှားမှုကို ကြည့်ထား... ကောင်းကင်မြေကြီး ပျက်စီးစေ!"
သူ့လက်ကောက်ဝတ်ကို ဝှေ့ယမ်းလိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှ ဓားစွမ်းရည်များ ပွင့်ထွက်လာပြီး သွေးနီရောင် ရောင်ဝါများက ကောင်းကင်သို့ လိမ့်တက်သွားရာ ကမ္ဘာကြီးကိုပင် တုန်လှုပ်လုနီးပါး ဖြစ်သွားစေလေသည်။ သူသည် ကောင်းကင်နှင့်မြေကြီးကို ထွင်းထုထားသည့် နတ်ဘုရားတစ်ပါးလို အရှေ့တောင်၊ အနောက်မြောက်နှင့် အဖက်ဖက်မှ လုရွှမ်ဆီသို့ ဓားသွားရောင်ဝါများဖြင့် ဖိချလိုက်သည်။
လုရွှမ် မျက်လုံးများထဲ အလင်းရောင်တချို့ဖြင့် လင်းလက်သွားသည်။ ထိုအခိုက် သူ့ရင်ထဲမှာ သံသယ အရိပ်အယောင်တွေ ပေါ်ထွက်လာခဲ့သည်။ ဆန်းကြယ်ကောင်းကင်အိမ်တော်က တောင်တစ်သောင်းကမ္ဘာက လှောင်အိမ်နဲ့ တစ်ခုခု ပတ်သက်နေတာလား ဆိုတဲ့ သံသယပါပဲ။
လုရွှမ် သိပ်မလှုပ်ဘဲ လှောင်အိမ်ထဲက တစ်ဖက်သွား ဓားစွမ်းအင်ကို လွှတ်ထုတ်လိုက်သည်။ လိရှောင်း အံ့အားသင့်သွား၏။ လုရွှမ် ဒီလောက် ချောမွေ့စွာ လည်ပတ်နိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူက ကျယ်လောင်စွာ ထပ်အော်လိုက်ပြီး။
"ကောင်းကင်မြေကြီး ပျက်စီးစေ!"
ထောင်လှောင်အိမ် ပြိုကျလာသည်နှင့် လုရွှမ်သည်လည်း ဤပြိုကျနေသော ကမ္ဘာကြီးသာ် အမှန်တကယ်ပင် သူ့အား ကမ္ဘာတစ်ခုထဲသို့ ဆွဲသွင်းခံလိုက်ရသည်။ သူ့ပတ်ဝန်းကျင်တွင် ရှိနေသည့် ကမ္ဘာကြီးကို ဖျက်ဆီးပစ်ကာ နောက်ကမ္ဘာတစ်ခုက ကျူးကျော်ဝင်ရောက်လာတယကို အလွန်ရှင်းလင်းစွာ ခံစားခဲ့ရပါသည်။ သူ့စိတ်ထဲတွင် သူသည် သူ့ကိုယ်သူ သတ်ပစ်ချင်နေသည်။
"ဟေး လုရွှမ်.... မင်း သည်းမခံနိုင်တော့ရင် ငါ့ကိုပြော!"
လိရှောင်းမှာ လုရွှမ် ထိခိုက်မှာကြောက်တာကြောင့် အော်ပြောလိုက်သည်။ လုရွှမ်က ပြုံးပြီး။
"ကိစ္စမရှိပါဘူး မင်းရဲ့ရှိသမျှ အစွမ်းအစတွေကို ထုတ်သုံးလိုက်... ငါအဆင်ပြေတယ်"
သူသည် မီးတောက်ဓားသိုင်းကို အသုံးပြုလိုက်ရာ လေထုထဲ၌ မီးတောက်များ ထတောက်လာသည်။ သူ့ခန္ဓာကိုယ်မှ လိရှောင်းဆီမှ ဖိသိပ်ခံထားရသော အငွေ့အသက်များကို ဖယ်ရှားပစ်ခဲ့ကာ လုံးဝ ပြိုလဲမသွားဘဲ ရပ်တန့်နေခဲ့သည်။
လိရှောင်းမှာ အစကတော့ လုရွှမ်ကို နာကျင်စေမိမှာကို စိတ်ပူခဲ့သော်လည်း လုရွှမ်၏ တည်တည်ငြိမ်ငြိမ်ရှိသော အကြည့်ကို မြင်လိုက်ရသည်နှင့် တဖြည်းဖြည်း ခွန်အား ထပ်တိုးလိုက်သည်။
လုရွှမ်ရဲ့ အမူအရာလည်း အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် ဖိအားများစွာအောက်တွင်ရှိနေပြီ ဖြစ်သော်လည်း သူ့ကို နာကျင်စေရန် မလုံလောက်ပေ။ လုရွှမ်ကိုယ်တိုင်လည်း သူ့ခန္ဓာကိုယ် ဘယ်လောက် သန်မာနေပြီလဲ ဆိုတာ မပြောနိုင်သေးပါဘူး။
ကျောက်စိမ်းဖြူလှေကားကို နင်းဖြတ်ပြီးနောက် မူလက အားနည်းချက်ဟု ယူဆထားသည့် ဝိညာဉ်သည် စွမ်းမား အလွန်တိုးမြင့်လာပြီး ရုပ်ခန္ဓာထက်ပင် ပိုမိုအားကောင်းလာခဲ့သည်။ ခဏကြာတော့ လိရှောင်းရဲ့ လှောင်အိမ်က ပြိုကျပြီး ပျောက်ကွယ်သွား၏။
လိရှောင်းက စိတ်ဓာတ်ကျစွာနဲ့ "ဒါက မင်းကို ဖိအားလုံးဝ မပေးနိုင်ဘူး မင်းအရမ်း အံ့ဩစရာ ကောင်းနေတုန်းပဲ"
လိရှောင်းသည် သူ့ခွန်အားကို အကုန်အစင် အသုံးပြုခဲ့ကြောင်း အားလုံးက သိမြင်နေကြသော်လည်း လုရွှမ်ကိုတော့ ကြီးမားသော ခြိမ်းခြောက်မှု တစ်စုံတစ်ရာပင် မပြုလုပ်နိုင်ခဲ့ပေ။
"မဟုတ်ဘူး ဒီလှုပ်ရှားမှုက အရမ်းအားကောင်းတယ်... ငါ စိတ်အေးလက်အေး ဖြစ်နေရတဲ့ အကြောင်းရင်း နှစ်ခုရှိတယ် ပထမက လိရှောင်း.... မင်းရဲ့ လက်ရှိအဆင့်က နိမ့်နေသေးတယ် ဒီလှုပ်ရှားမှုရဲ့ စစ်မှန်တဲ့ စွမ်းအားကို မင်း မစွမ်းဆောင်နိုင်ဘူး။ ဒုတိယအနေနဲ့က ဟုတ်တယ် ငါ့ဓားကျွမ်းကျင်မှုဟာ ဆန်းကြယ်ကျောက်စိမ်းဓားသွားလို့ ခေါ်တဲ့ မင်းရဲ့ဒီဓားကို ထိန်းချုပ်ဖို့ သင့်တော်တယ်"
"ထိန်းချုပ်ဖို့?"
လုရွှမ် ဒါကို ခံနိုင်ရည်ရှိလောက်အောင် အားကောင်းတယ်လို့ ပြောရင် လူတိုင်းက ယုံကြပေမယ့် ထိန်းချုပ်နိုင်တယ် ဆိုတာကတော့ သူတို့ တကယ်ကို မယုံနိုင်ခဲ့ပါဘူး။
လုရွှမ်က ပြုံးပြီးပြောပြလိုက်သည်။
"မှန်တယ်... ငါ့မှာ သိုင်းကျမ်း ငါးခုရှိတယ် မင်းတို့ကိုယ်တိုင် လေ့ကျင့်ပြီးရင် နားလည်လာလိမ့်မယ်"
ဆိတ်ငြိမ်သော နေရာကိုရှာပြီးနောက် လုရွှမ်သည် အခင်းအကျင်း တစ်ခုကိုချကာ သိုင်းကျမ်း၅ခုကို ထုတ်ပြလိုက်သည်။
"စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓား!"
"လှောင်အိမ်နဂါးတုတ်သိုင်း!"
"မီးတောက်နေတဲ့ အရူးဓားသွား!"
"နဂါးလေပြင်းလှံသိုင်း!"
"ကျိုးပဲ့နတ်ဘုရားကြာပွတ်!"
သူတို့သည် ကျောက်နံရံမှ ၎င်းကို ကိုယ်တိုင်ကိုယ်ကျ မလေ့လာခဲ့ကြရသော်လည်း ၎င်းတို့၏ ပင်ကိုယ် စွမ်းရည်များနှင့် ကိုယ်ပိုင်အင်္ဂါရပ်ငါးပါးဖြင့် သူ့ထံမှ သင်ယူခဲ့သည့် အရာများသည် လူကိုယ်တိုင် သင်ယူခဲ့သည့်အရာထက် မဆိုးနိုင်ဘူးဟု လုရွှမ် ယုံကြည်ထားသည်။
သိုင်းကျမ်းငါးခုသည် ဒြပ်ငါးပါးနှင့် သက်ဆိုင်ပြီး ၎င်းတို့ကိုယ်ခန္ဓာပေါ်တွင် နတ်ပုတီးစေ့ငါးလုံးလည်း ပါရှိသည်။ သိုင်းကျမ်းတွေကို နားလည်သောအခါ အားထုတ်မှု တစ်ဝက်ဖြင့်ပင် သဘာဝကျကျ ရလဒ်က နှစ်ဆရရှိမည် ဖြစ်သည်။
နတ်သမီးကျင်းဟုန်က လှောင်အိမ်နဂါးတုတ်သိုင်းကို လေ့ကျင့်ခဲ့သည်။ အကြိမ်ပေါင်းများစွာ ကြည့်ရှုပြီးနောက် သူမ နှလုံးသားထဲတွင် ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့သည်။ သူမသည် လုရွှမ်ကို ခေါင်းညိတ်ပြပြီး။
"မဆိုးဘူး.... ဒီတုတ်သိုင်းက ကျွန်မအတွက် ဖန်တီးထားသလိုပဲ"
ထူဖူးသည် မြေဒြပ်စင် နတ်ပုတီးစေ့ကို သူ့ကိုယ်ပေါ်တွင် ဆောင်ထားသည်။ သူသည် ပုဆိန်ကို လှံအနေနဲ့ အစားထိုးလိုက်ရုံဖြင့် ၎င်းကို အလွန်လျင်မြန်စွာ နားလည်သွားသည်။ လက်နက်တွေ ပြောင်းပြီးတာနဲ့ သူ့အရှိန်က နည်းနည်း ထပ်တိုးလာသည်။
အောင်ရှင်းသည် ကျိုးပဲ့နတ်ဘုရားကြာပွတ်ကို သဘာဝအတိုင်း လေ့ကျင့်နေပြီး လျှင်မြန်စွာ ကျွမ်းကျင်လာသည်။
အောင့်ယွဲ့ကလည်း မီးတောက်အရူးဓားသွားကို သဘာဝကျကျ ကျွမ်းကျင်ပေသည်။ နတ်ပုတီးစေ့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သူသည် သိုင်းကျမ်း၏ အနှစ်သာရကို ချက်ချင်းနီးပါး နားလည်ခဲ့သည်။
နတ်သမီးရှန်းရှဲ့၊ လိရှောင်းနဲ့ ရှန်ယိရှောင်းဟဲတို့မှာ အနည်းငယ် စိတ်ဆင်းရဲနေကြပြီ။ သူတို့ဟာ လုရွှမ်တို့နှင့်အတူ မရှိခဲ့ကြသော်လည်း ယခုသိုင်းကျမ်း ရွေးချယ်မှုမှာလည်း ထိုလေးယောက်ထပ် နောက်ကျကျန်နေခဲ့ပြန်သည်။
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်တော့ ရွှေရောင်မှော် အဝိုင်းကြီး ထွက်ပေါ်လာသည်။ လုရွှမ် နောက်လက်တစ်ဖက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းလိုက်တဲ့အခါ ရွှေရောင်ပတ်လမ်းက ပျံထွက်သွားပြီး သူတို့သုံးယောက်ကို လှည့်ပတ်ကာ လိရှောင်းရှေ့သို့ ဆင်းသက်သွားသည်။
လိရှောင်းရဲ့ အမူအရာက ပြောင်းသွားသည်။
"လုရွှမ် မင်းဘာကိုဆိုလိုချင်တာလဲ?"
လုရွှမ် ပြုံးလိုက်သည်။
"မင်းငါ့အကျင့်ကို မသိသေးဘူးလား? ငါ့ရဲ့ကျင့်ကြံမှုက ရွှေဒြပ်စင်နတ်ပုတီးစေ့နဲ့ လမ်းကြောင်းတစ်ခုတည်းမှာ မဟုတ်ဘူး.... ရွှေဒြပ်စင်နတ်ပုတီးစေ့နဲ့ ငါ့အလေ့အကျင့်က ဆန့်ကျင်ဘက်ပဲ... သူက ငါမဟုတ်တဲ့ မင်းနဲ့ ပိုသင့်တော်တယ်"
"ဒါပေမဲ့?"
လိရှောင်းရဲ့မျက်နှာက အနည်းငယ်နီနေပြီး ရှက်ရွံ့နေခဲ့သည်။ သူဒီလိုရွှေဒြပ်စင် နတ်ပုတီးစေ့ကို ဒီအတိုင်း ယူခဲ့ရမယ်ဆိုရင် သူပျော်မှာ မဟုတ်ဘူး။
"အောင့်ယွဲ့ မင်း အခုလေ့ကျင့်နေတာက မီးတောက်အရူးဓားသွားပဲ.... ဒါကို လေ့ကျင့်ဖို့ ကြိုးစားနေတာထက် နဂါးလေပြင်းလှံကို စမ်းကြည့်ပါလား"
လုရွှမ် အရင်က အသုံးပြုခဲ့တဲ့ နဂါးလေပြင်းလှံရဲ့ လှုပ်ရှားမှုတွေကို အောင့်ယွဲ့ သူမစိတ်ထဲမှာ ချက်ချင်း မှတ်သားထားလိုက်သည်။ နှစ်ကြိမ်လောက် လှုပ်ရှားပြီးတဲ့ အခါမှာတော့ သူမလက်ထဲက လှံက မမျှော်လင့်ဘဲ ကွဲထွက်သွားလေ၏။ သန့်စင်တဲ့ သတ္တုလှံဟာ သံသဲပုံကြီး ဖြစ်သွားပြီး ပြုတ်ကျသွားခဲ့သည်။
"တွေ့တယ်မလား? မတူကွဲပြားတဲ့ ဒြပ်စင်တွေနဲ့ အပြန်အလှန် ထိန်းကျောင်းတဲ့ နည်းလမ်းတွေကို လေ့ကျင့်တဲ့နေရာမှာ ကြီးမားတဲ့ အားနည်းချက်တွေ ရှိတယ်... ဒါက ရွှေဒြပ်စင်နတ်ပုတီးစေ့ကို ငါ အတင်းထုတ်ပစ်ရတဲ့ အကြောင်းရင်းလည်း ဖြစ်တယ်... အဲဒါက ငါနဲ့မဆိုင်ဘူး ဆိုမှတော့ သူ့ကို လွတ်မြောက်ခွင့် ပေးလိုက်တာ အကောင်းဆုံးပဲလေ"
လိရှောင်း ရွှေဒြပ်စင်နတ်ပုတီးစေ့ကို ယူလိုက်သည်။ လုရွှမ် ယခင်က သိုင်းကျမ်းငါးမျိုးလုံးကို သရုပ်ပြခဲ့ဖူးပြီး အမှန်ပင် လူတိုင်းသည် မတူညီသောလမ်းကို လျှောက်ခဲ့ကြပြီး လုရွှမ်ကလည်း ဒီနတ်ပုတီးစေ့ကို မလိုအပ်ပေ။
၎င်းကို စူးစမ်းလေ့လာပြီးနောက် သူသည် ရွှေဒြပ်စင်နတ်ပုတီးစေ့ကို ပျော်ရွှင်စွာ စုဆောင်းခဲ့ပြီး စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို နားလည်လာခဲ့ပြန်သည်။
ဓားသိုင်းကို အကြိမ်အနည်းငယ် လှည့်လိုက်ပြီးနောက် သူ့စွမ်းအားသည် ယခင် ဆန်းကြယ်ကျောက်စိမ်းဓားသွား၏ အဆုံးစွန်သော လှုပ်ရှားမှု ဖြစ်သည့် 'ကောင်းကင်မြေကြီး ဖျက်ဆီးစေ' ထက် အနည်းငယ် ပိုမိုအားကောင်းလာကြောင်း လူတိုင်း သိနိုင်သည်။
ရှန်ယိရှောင်းဟဲလည်း လုရွှမ်ကို စိတ်အားထက်သန်စွာ ကြည့်နေသည်။ နတ်သမီးရှန်းရှဲ့က သူမခံစားချက်ကို သိပ်မပြတတ်ပေမယ့် သူမရဲ့ မျက်လုံးတွေက မလွှဲမရှောင်သာ အနည်းငယ် စိတ်အားထက်သန်နေပါသည်။
လုရွှမ် ပြုံးလိုက်သည်။ နတ်သမီးရှန်းရှဲ့က အခင်းအကျင်း ဖွဲ့စည်းမှုမှာ အားကောင်းသောကြောင့် သူ့မှာ သူမကို ပေးစရာ တစ်ခုခု ရှိသည်။
အဲဒါက ကောင်းကင်စာအုပ်ရဲ့ အစိတ်အပိုင်း ရှစ်ခုထဲက ကောင်းကင်အခင်းအကျင်းဆိုင်ရာ စာအုပ်ပါပဲ။ ကောင်းကင်စာအုပ်က သူမဆီ ခြိမ်းခြောက်မှုတွေ ရောက်လာနိုင်တဲ့အတွက် အဲဒါကို သဘာဝကျကျ မလွှဲပေးဝံ့ပါဘူး။