← Chapters

ရတနာ လက်ဆောင်အောက်မှာ

Vol. 84 Ch. 4.769

ရတနာ လက်ဆောင်အောက်မှာ

Vol. 84 Ch. 4.769

လုရွှမ်၏ လက်ဖဝါးပေါ်တွင် အလင်းရောင်တစ်ခု တုန်ခါသွားသည်။ ထိုအရာသည် အခင်းအကျင်း ကောင်းကင်စာအုပ်နှင့် ပတ်သက်သော သူ၏ထိုးထွင်းသိမြင်မှု အားလုံးကို ပါ၀င်သော နားလည်မှုတစ်ခု ဖြစ်သလို ရားရားထံမှလည်း ပါဝင်သေးသည်။ ၎င်းတို့အားလုံး နတ်သမီးရှန်းရှဲ့ဆီသို့ ရောက်သွားခဲ့သည်။

ဒါတွေကိုသာ ဆန်းကြယ်ကောင်းကင်အိမ်တော်က လူများ ယခုမြင်တွေ့ပြီးပါက အသည်းအသန် ပြန်ယူသွားလိမ့်မည်။

နတ်သမီးရှန်းရှဲ့သည် သူမ မျက်လုံးများကို မဖွင့်မီ အချိန်အတော်ကြာအထိ တိတ်ဆိတ်နေခဲ့သည်။ မျက်လုံးများ ဖွင့်ပြီးနောက် သူမမျက်နှာသည် အံ့သြမှုနှင့် စိတ်လှုပ်ရှားမှု အမူအရာများဖြင့် ပြည့်နှက်နေသည်။

"လုရွှမ် ဒါက အဖိုးတန်လွန်းတယ်"

လုရွှမ် ခေါင်းခါလိုက်ပြီး "မပြောနဲ့ ဒီပစ္စည်းက ဆန်းကြယ်ကောင်းကင်အိမ်တော်က ပိုင်တယ် မကြာခင်မှာဘဲ ဆန်းကြယ်ကောင်းကင်အိမ်တော်ကို ငါလွှဲပေးရမှာ... သူတို့က မင်းကို ပေးချင်သိမှာ မဟုတ်ဘူး နားလည်လား?"

နတ်သမီးရှန်းရှဲ့သည် ဤအမှန်တရားကို သဘာဝကျကျ နားလည်နိုင်သောကြောင့် အလွန်ထက်မြက်သူပီပီ ခေါင်းညိတ်ပြလိုက်သည်။

"လုရွှမ် ငါကရော?"

ရှန်ယိရှောင်းဟဲက အော်ဟစ်လိုက်ပြီး လုရွှမ်ရဲ့ မျက်လုံးတွေကို မကျေမနပ်နဲ့ စိုက်ကြည့်နေလေသည်။ သူ့အမူအရာကို မြင်​လိုက်​ရ​တော့ အားလုံး ရယ်​လိုက်​ကြသည်​။

ရှန်ယိရှောင်းဟဲက "မဟုတ်ဘူး... ငါလုရွှမ်ရဲ့ပေါင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရမယ် မဟုတ်ရင် မင်း...."

"မင်းအတွက် ငါပြင်ဆင်ထားတာ ကြာပြီ အမှန်တော့ ဒီကိုဝင်လာတုန်းက ငါရခဲ့တာ"

လုရွှမ် ကျောက်တုံး ဗုဒ္ဓရုပ်ပွားတော်အကြောင်း ပြောနေတာပါပဲ။ သူရသွားတဲ့ အချိန်ကတည်းက ရှန်ယိရှောင်းဟဲကို တွေ့ရင် ပေးလိုက်ဖို့ လုရွှမ် တွေးထားပြီးသား ဖြစ်သည်။

မကြာခင်လေးမှာပဲ ဆုံတွေ့ရလိမ့်မယ်ဘို့ မမျှော်လင့်ထားဘူး။ ဒါက ကံကြမ္မာပဲ။ ဘုန်းကြီးရှန်ယိအတွက် အခွင့်အလမ်းက ရောက်လာပြီ။

လုရွှမ် ကျောက်ဗုဒ္ဓရုပ်ပွားတော်အား ထုတ်ယူလိုက်သည်။ ရှန်ယိမှာ ခဏတာလောက်အထိ ဆွံ့အ အံ့အားသင့်သွားသည်။ ထို့နောက် လက်ဖဝါးကို တိတ်တဆိတ် ဆန့်ထုတ်ကာ ကျောက်ဗုဒ္ဓရုပ်ပွားတော်အား ကိုက်လျက် မြေပြင်ပေါ်တွင် လေးလေးစားစား ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် ကန်တော့လိုက်လေသည်။

ဤကျောက်တုံး ရုပ်ပွားတော်က အလွန်အရေးကြီးကြောင်းကို လူတိုင်း မသိကြသေးပါဘူး။ ရှန်ယိရှောင်းဟဲက မတ်တပ်ထရပ်ပြီး ဆိုလိုက်သည်။

“ဒါက မျိုးဆက်တစ်ခုပြီးတစ်ခု အပ်နှင်းထားတဲ့ ကျောက်တုံးဘုရားပဲ!"

"ဒဏ္ဍာရီအရ ကမ္ဘာတည်ချိန်နဲ့ စကြဝဠာကြီး စတင်ပေါ်ပေါက်တဲ့ အချိန်တုန်းက ကမ္ဘာငယ်လေးတွေရဲ့ အသွင်ကိုဆောင်တဲ့ ကျောက်ဆင်းတုတော် သုံးဆူ ပေါ်လာဖူးတယ်တဲ့....ဒဏ္ဍာရီကတော့ သူတို့ကို ရှေးဟောင်းကျောက်တုံးဘုရားလို့ ခေါ်ကြတယ်.. ဒါပေမဲ့ သူတို့က ဘယ်တုန်းကမှ ပေါ်မထွက်လာခဲ့ဖူးလို့

ရှေး​ဟောင်းကျောက်တုံး ဗုဒ္ဓရုပ်ပွားတော်က မတည်ရှိတော့ဘူးလို့တောင် ပြောခဲ့ကြတယ်"

"တည်ရှိနေခဲ့ရင် ဒါမှမဟုတ် အနာဂတ်မှာ ပေါ်ထွန်းလာခဲ့မယ် ဆိုရင် အဲဒါက မျိုးဆက်တစ်ခုက​နေ တစ်ခုကို ဆင်းသက်လာတဲ့ ကျောက်စာလိုမျိုး ငါတို့ ဗုဒ္ဓဘာသာဂိုဏ်း အဆုံးအမအားလုံးရဲ့ မူလအစပဲ...ဒါပေမဲ့ အဲဒီအဆုံးအမတွေက ကွယ်ပျောက်သွားပြီ"

“မဟာဆန္ဒကျောက်တုံး မြတ်စွာဘုရားကို ဒီနေ့အထိ အပ်နှံထားခဲ့ဖူးပေမယ့် ကံမကောင်း အကြောင်းမလှစွာနဲ့ ပျက်စီးသွားခဲ့တယ်... ကျောက်တုံးဘုရားရဲ့ ကြီးကျယ်တဲ့ ဆန္ဒကို အပြီးမသတ်နိုင်လို့ တဖြည်းဖြည်း စုဆောင်းထားဖို့ လိုအပ်တယ်တဲ့... ဒဏ္ဍာရီ အရဆို ကတိကဝတ်တွေ အားလုံးကို တစ်နည်းနည်းနဲ့ ကတိသစ္စာပြုနိုင်တဲ့ ဗုဒ္ဓမြတ်စွာဘုရား တကယ်ဖြစ်လာရင် တစ်နေ့နေ့မှာ မဟာဆန္ဒကျောက်တုံး ဗုဒ္ဓမြတ်စွာဘုရားကို တွေ့နိုင်လိမ့်မယ်တဲ့... ဒါပေမဲ့ အဲဒါပ ဒဏ္ဍာရီတစ်ခုပဲ ဆိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး.... မျိုးဆက်တစ်ခုကနေ တစ်ခု လက်ဆင့်ကမ်းထားတဲ့ အမှာစာက ကျောက်တုံးဘုရားကို ရအောင်ယူဖို့ပဲ"

"လုရွှမ် ကျေးဇူးပြုပြီး ငါကန်တော့တာကို လက်ခံပေးပါ!"

ရှန်ယိသည် လုရွှမ်အား မကြုံစဖူး လေးနက်မှုနှင့် လေးစားမှုတို့ဖြင့် ဦးညွှတ်လိုက်သည်။ လုရွှမ် မတားလိုက်ပါဘူး။ ဒါက ရှန်ယိရဲ့ တင်းမာတဲ့ စိတ်ဆန္ဒပဲ ဆိုတာ သူသိသည်။ သူက နှိမ့်ချတဲ့ပုံစံနဲ့ လုပ်မိရင် ရှန်ယိ စိတ်ဆိုးသွားလိမ့်မယ်။

လုရွှမ် လူတိုင်း ကြည့်လိုက်သောအခါတွင် သူသည် ပို၍ သန်မာတယ်လို့ ခံစားမိသော်လည်း အနှစ်သာရအားဖြင့် သူသည် ပြောင်းလဲခြင်း မရှိပေ။ ဒီလူတွေအပေါ် ရိုးသားပြီး စေတနာရှိနေဆဲ ဖြစ်သည်။

လုရွှမ် အရင်းအမြစ်များစွာကို ထုတ်ယူပြီး လူတိုင်းအား ဖြန့်ဝေပေးလိုက်သည်။

အားလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အပြုံးကိုယ်စီဖြင့် အရင်းအမြစ်များကို သိမ်းပိုက်လိုက်သည်။ သူတို့ လုရွှမ်ကို ကူညီနေပုံရတဲ့ အချိန်တိုင်း လုရွှမ်ကသာ သူတို့ကို ပြန်ကူညီခဲ့တာကို တွေ့လိုက်ရသည်။

သို့သော် ဒီအရင်းအမြစ်တွေနဲ့ဆို သူတို့ရဲ့ ကျင့်ကြံမှုက အမှန်တကယ် လျင်မြန်စွာ တိုးတက်လာလိမ့်မည်။

"နတ်မီးနယ်ပယ်ကို ဖြတ်ကျော်ဖို့ အလျင်စလို မလုပ်ပါနဲ့လို့ အကြံပေးချင်တယ်... မင်းတို့ရဲ့ ကျင့်ကြံမှုတွေ ပိုခိုင်မာလေလေ ဖြတ်ကျော်တဲ့အခါ အားကောင်းလေပဲ... ငါ့မှာ အဲ့လိုသူငယ်ချင်း နှစ်ယောက်ရှိတယ်"

လုရွှမ်သည် ထျန်းရှားနဲ့ ဓားနတ်ဆိုးတို့ အကြောင်း ပြောပြလိုက်သည်။ နောက်ဆုံးတွင် ထိုလူနှစ်ယောက်၏ ကျင့်ကြံမှုတွေ ဘာကြောင့် ဒီလောက် ဆိုးရွားနေခဲ့တာလဲ သူနားလည်ခဲ့သည်။ ဆန်းကြယ်ကောင်းကင်အိမ်တော် မပြောနဲ့ အပြင်မှာလည်း တူညီတဲ့ နယ်ပယ်မှာရှိတဲ့ လူတွေအနက် သူတို့နှစ်ယောက်ထက် မြင့်မားတဲ့ ကျင့်ကြံသူတွေ အများကြီး ရှိပါသည်။

ဒီမှာ သယံဇာတတွေ အရမ်းရှားတယ်။ ဒါကြောင့် နတ်မီးနယ်ပယ်ကို ဖြတ်ကျော်ဖို့ ကြိုးစားရင် ခက်ခဲလိမ့်မယ် မဟုတ်လား။

ယုတ္တိဗေဒအရပြောရရင် သူတို့ရဲ့ အရည်အချင်းတွေက တခြားသူတွေထက် အများကြီး မြင့်မားပါ၏။ မဟုတ်ရင် မရေမတွက်နိုင်တဲ့ လူတွေထဲကနေ ရွေးချယ်ခံရမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ နောက်ဆက်တွဲ ကျင့်ကြံမှု လမ်းကြောင်းမှာ သူတို့က တခြားသူတွေရဲ့နောက်ကို လိုက်သွားကြသည်။ ဒါ့အပြင် အရင်းအမြစ်များ သိမ်းပိုက်ခြင်း အကြောင်းငလည်း ရှိသေးသည်။

ဆန်းကြယ်ကောင်းကင်အိမ်တော်တွင် အာဏာရရှိရေး ကြိုးပမ်းမှုဟာ သူထင်ထားတာထက် ပိုမိုပြင်းထန်ပုံရသည်။ ထို့ကြောင့် စွမ်းအားကြီးသူတွင် အရင်းအမြစ်များ များလေလေ ကျင့်ကြံမှုက မြန်ဆန်လေလေ ဖြစ်လာသည်။ အရင်းအနှီး မရှိသော သူသည် အခြားသူများအတွက် မင်္ဂလာဝတ်စုံ ဖြစ်လာရုံသာမက သူ၏ ကျင့်ကြံမှုလည်း ရပ်တန့်သွားလိမ့်မည်။

လေ့ကျင့်လိုလျှင် သန်မာသူ၏ ရင်ခွင်တွင် တွယ်ကပ်ကာ သူတစ်ပါး၏ ကျေးကျွန် ဖြစ်လာရမည်။ အောင်နိုင်ရဲသော သတ္တိနှင့် ရှေ့ကို ဆက်လှမ်းရန် ယုံကြည်မှု မရှိလျှင် ကျင့်ကြံမှုက ဘယ်လို ကြီးထွားပြီး စိတ်ဝိညာဉ်က ဘယ်လိုလုပ် ခိုင်မာနိုင်ပါတော့မလဲ။

ဒီလိုအခြေအနေမျိုးမှာ ပါရမီရှင်တွေတောင် အရူးတွေ ဖြစ်သွားကြရသည်။ ဆန့်ကျင်ဘက် အနေနှင့် အပြင်ဘက်ရှိ ပါရမီရှင်များသည် ထိုအချိန်တွင် လုံလောက်သော အရည်အချင်းများ မရှိနိုင်သော်လည်း နောက်ဆက်တွဲ ပတ်ဝန်းကျင်ကြောင့် ဆက်လက်ကြီးထွားလာပြီး အခက်အခဲများနှင့် အန္တရာယ်များကိုလည်း ထပ်ခါထပ်ခါ ကြုံတွေ့နေရသည်။

သူတို့​စိတ်ဝိညာဥ်ထဲက သိမ်ငယ်စိတ်များကို ခုန်ပျံကျော်လွှားကာ စွမ်းရည်များ ခုန်တက်သွားသဖြင့် ဆန်းကြယ်ကောင်းကင်အိမ်တော်က ထူးချွန်ထက်မြက်ပြီး အထင်ကြီး လေးစားရသူများထက်ပင် ကျော်တက်သွားနိုင်မှာ သေချာပါသည်။

သို့သော် ဆန်းကြယ်ကောင်းကင်အိမ်တော်မှာ ရှိတဲ့ ထိပ်တန်း ပါရမီရှင်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကြီးမားတဲ့ ကွာဟချက်တစ်ခုက ရှိ​နေပါသေး၏။

အားလုံးက ခေါင်းညိတ်ပြလိုက်ကြသည်။ နတ်မီးနယ်ပယ်ရ ဘယ်လောက် တန်ခိုးကြီးတယ် ဆိုတာနှင့် နတ်မီးနယ်ပယ် ဝင်ရောက်ပြီးနောက် အရည်အချင်းတွေက ဘယ်လို ကွာခြားမလဲ ဆိုတာကို သဘာဝကျကျ သိကြပါသည်။

"နတ်မီးက မိုင်ငါးသန်းအထိ တောက်ပတယ် ဆိုတာ ဆန်းကြယ်ကောင်းကင်အိမ်တော်မှာတောင် အမြင့်ဆုံးအဆင့်ပါပဲ... ထျန်းရှားရဲ့ နတ်မီးက မိုင်ခုနစ်သန်းအထိ တောက်ပတယ်... ဆန်းကြယ်ကောင်းကင်အိမ်တော်မှာဆို သူမက ထိပ်တန်းအဆင့် ၁၀ယောက်ထဲ ရှိနေနိုင်တယ်"

လိရှောင်း သဘောကျမှုအပြည့်နဲ့ အော်လိုက်သည်။

"သူတို့က ငါတို့ညီအစ်ကိုရဲ့ သူငယ်ချင်းတွေဆိုတော့ ငါတို့ရဲ့ ညီအစ်ကိုတွေပဲပေါ့ အနာဂတ်မှာ အခွင့်အရေးရရင် ငါတို့ သူတို့နဲ့ သူငယ်ချင်းကောင်းတွေ လုပ်ရမယ်"

တခြားလူများကလည်း ခေါင်းညိတ်ကြသည်။

"သွားကြရအောင် ဆက်သွားကြမယ်.. အခု ငါတို့အားလုံး ဒီကိုရောက်​နေပြီ ငါတို့ရဲ့ ခွန်အားတွေလည်း အရမ်းတိုးတက်လာပြီ... နာမည်ကြီးလာဖို့ အချိန်ရောက်ပြီ ဒါပေမဲ့ ငါတို့နဲ့ ပေါင်းဖို့ မလွယ်ဘူးဆိုတာ လူတိုင်းကို သိအောင် ပြလိုက်မယ်.. ငါတို့ကို အနိုင်ကျင့်တဲ့သူတွေ ငါတို့က သူတို့ကို ပြန်အနိုင်ကျင့်ပြီး ငါတို့ပစ္စည်းတွေကို ခိုးရဲတဲ့သူတွေ ငါတို့ပြန်လုယူရမယ်!"

လိရှောင်းက အော်ဟစ်လိုက်ပြီး သူ့မျက်လုံးတွေက တင်းမာမှုတွေနဲ့ ပြည့်နေ၏။

ရှန်ယိက "မင်းရဲ့ဟာသတွေကို ငါမ​ချေပ​တော့ပါဘူး....ဆန်းကြယ်ကောင်းကင်အိမ်တော်မှာ ငါတို့ တော်တော် အနိုင်ကျင့်ခံရတာပဲလေ!"

"သွားရအောင် သွားရအောင်!"

လူရှစ်ယောက်လုံး ပြန်ဆုံသွားပြီ ဖြစ်တာကြောင့် အတူတကွ ရှေ့သို့ တိုးလာခဲ့ကြသည်။ သူတို့သည် လေ့ကျင့်​ရေး နည်းလမ်းများအကြောင်း နားလည်သဘောပေါက်ခြင်း အပေါ် ပေါ့ပေါ့ပါးပါး ဆွေးနွေးလာခဲ့ကြပြီး အားလုံးကလည်း များစွာအကျိုးရှိတယ်လို့ ခံစားမိကြသည်။

"ယွမ်စွမ်းအင် အာရုံစူးစိုက်မှုအတွက် စိတ်ဝိညာဉ် စွမ်းအားက အရမ်း အရေးကြီးတယ်"

"မိုးကြိုးပစ်ချက် အတိဒုက္ခတွေကို ပိုကြုံရရင် မင်းတို့ရဲ့အရိုးတွေကို မိုးကြိုးနိယာမ ပုံစံတွေနဲ့ ထုလုပ်ထားနိုင်မယ်... အဲဒီအခါကျရင် ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်တွေက အဆက်မပြတ် တိုးလာတာကို မင်းတို့ ခံစားရလိမ့်မယ်"

လမ်းတစ်လျှောက်လုံးတွင် သူတို့သည် ဆန်းကြယ်ကောင်းကင်အိမ်တော်တွင် ပညာသင်ကြား နေကြသော်လည်း လုရွှမ်ကသာ ဗဟုသုတများစွာ ရှိ​နေ​ကြတာကို တွေ့လိုက်ရသဖြင့် လူတိုင်း အံ့အားသင့်သွားကြသည်။ ဒါ့အပြင် သိုင်းစွမ်းရည် လေးနက်မှုမှာလည်း လုရွှမ် သိနေတာနဲ့ ဝေးကွာ​နေ​​သေးသည်။

လူငယ်များစွာသည် တစ်ယောက်ကို တစ်ယောက် ယောင်ဝါးဝါး ကြည့်ကာ စိတ်ပျက်သွားခဲ့ကြသည်။

လုရွှမ်သည် သူ၏ဂုဏ်သတင်းနှင့် အမှန်တကယ် ထိုက်တန်သူ ဖြစ်သည်။ သူသည် မည်သည့်နေရာတွင်ပင် ရှိစေကာမူ သန်မာသော လူသည် အမြဲတမ်း အားကောင်းနေပြီး ပြင်ပကမ္ဘာ၏ ပြောင်းလဲမှုများကြား နစ်မြုပ်နေမည် မဟုတ်ကြောင်း သက်သေပြသွားခဲ့သည်။

All Chapters