← Chapters

ငါ့အဖေက ကြယ်သခင်ပဲ

Vol. 84 Ch. 4.770

ငါ့အဖေက ကြယ်သခင်ပဲ

Vol. 84 Ch. 4.770

ရှေ့ကို ဆက်လျှောက်လာစဥ် ကျင့်ကြံသူတွေ အများကြီး သူတို့ရှေ့မှာ ရပ်နေတာကို တွေ့လိုက်ရသည်။ ပြင်းထန်တဲ့ ရောင်ဝါကို ကြည့်လိုက်ရင် သူတို့က ဆန်းကြယ်ကောင်းကင်အိမ်တော်က လူတွေ မဟုတ်ဘူး ဆိုတာ သိသာလေသည်။

ဤလူများသည် လုရွှမ်နဲ့ သူ့အဖွဲ့ဝင်များ ရောက်ရှိလာတာကို မြင်သော် သူတို့အဖွဲ့ရဲ့ အမြင့်ဆုံးအဆင့်မှာ နတ်မီးလုံး တစ်လုံးသာ ထွန်းထားသော နတ်မီးနယ်ပယ် လူတစ်ဦးသာပါကြောင်း ချက်ချင်း သိကြသည်။ လူတိုင်းက သူတို့ကိုအနည်းငယ် အကဲခတ်ပြီးနောက်တွင် ဘယ်သူမှ သူတို့ကို အလေးအနက် မထားတော့ပေ။

လုရွှမ်၏ ဝိညာဉ်စွမ်းအားသည် အောင့်ယွဲ့တို့ သူ့အဖွဲ့သည် မောက်မာနေတဲ့ သဘောထားများ မရှိကြောင်း ခံစားသိရှိလိုက်ရသည်။ သိသာထင်ရှားသည်မှာ ယခုလို မထီမဲ့မြင်ပြုခြင်းတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားခဲ့ပြီး ၎င်းတို့သည်လည်း ကျင့်သားရနေခဲ့တာ ​ဖြစ်လိမ့်မည်။

"အစ်ကို ရှေ့မှာ ဘာတွေဖြစ်နေလဲ သိလား?"

လုရွှမ် အရှေ့ကို တိုးလာပြီး မေးကြည့်လိုက်သည်။ အရှေ့ဘက် မီတာသုံးဆယ်ခန့် အကွာ၌ ကျယ်ဝန်းသော မြစ်ကြီးတစ်စင်းရှိသည်။ သို့သော် ဤလူများကို ဤနေရာတွင် ပိတ်ဆို့ထားခဲ့ပြီး အလျင်စလို မကူးသွားခဲ့ပေ။ သူတို့၏ မျက်လုံးများထဲရှိ အကြည့်များကတော့ အလွန် ကြောက်လန့်နေပုံပေါ်သည်။

သို့သော် လုရွှမ်၏ ဝိညာဉ်စွမ်းအားဟာ ၎င်းကိုသာ အာရုံခံစားနိုင်ကာ အရှေ့ဘက်က အရာတွေကို အာရုံမခံစားနိုင်ပေ။

"ဟမ့် ဒီမြစ်က ဘယ်လိုမြစ်မှန်းတောင် မသိဘူးလား? ဒါနဲ့တောင် ဒါကို ဖြတ်ချင်​​နေ​သေးတယ်... ဒီနှစ်ရဲ့ လူငယ်တွေက တကယ့်ကို မာနကြီးတာပဲ"

နတ်မီးနယ်ပယ်က ကျင့်ကြံသူတစ်ယောက်ဟာ မထီမဲ့မြင်အသံဖြင့် အော်ဟစ်လိုက်သည်။ သူပြောပြီးတာနဲ့ လူတော်တော်များများကလည်း ရယ်လိုက်ကြ၏။ သို့သော်လည်း လုရွှမ် သိပ်အလေးအနက် မထားဘဲ အေးဆေးတည်ငြိမ်နေ၏။

မာန်မာနတွေက လူအများကြီးမှာ ရှိတတ်ကြတာပဲလေ။ ပျမ်းမျှအားဖြင့် ကိုယ့်ကိုကိုယ် အလွန်အမင်း အထင်ကြီးတတ်တဲ့ သူများကပိုတောင် ရှိကြပါသေးသည်။ ခွန်အားနဲ့ ကျင့်ကြံမှု အားမကောင်းတဲ့ သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ နားမလည်နိုင်တဲ့ မောက်မာမှုတွေက အမြဲရှိနေတတ်ပါသည်။

"ကောင်းပြီ ဒါက အားနည်းမြစ်ပဲ!"

လုရွှမ်ထံမှ အမေးခံရသော ကျင့်ကြံသူသည် အစကတော့ အနည်းငယ် စိတ်မရှည်တော့ပေမယ့် လုရွှမ် လူတိုင်းဆီက အလှောင်ခံလိုက်ရတာကို မြင်လိုက်ရသဖြင့် အနည်းငယ် စိတ်မကောင်း ဖြစ်သွားပုံဖြင့် ဆက်ဖြေခဲ့သည်။

"အားနည်းမြစ်?"

လုရွှမ်ရဲ့ အသံမှာ အံ့သြမှုအပြည့်နှင့်။ ထိုအခိုက် အောင့်ယွဲ့လည်း ရှေ့ထွက်လာ၏။ ထုံးစံအတိုင်း အားနည်းမြစ် ဆိုတဲ့ နာမည်ကို သူကြားဖူးတာကြာပါပြီ။

ဒဏ္ဍာရီအရ ဤရေသည် အလွန်ပေါ့ပါးပြီး လေးလံသော ရေ၏ လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။

အားနည်း​​မြစ်ထဲတွင် ဘယ်အရာမှ မပေါ်နိုင်ပေ။ ယွမ်စွမ်းအင်ပင် အားနည်းမြစ် အထက်တွင် မပေါ်နိုင်ချေ။ တစ်နည်းဆိုရသော် အားနည်းမြစ်သည် လုံးလုံး ဗလာဖြစ်ပြီး ရေပေါ်၌ ဘယ်အရာမှ မပေါ်နိုင်ပေ။

"လှေပြန်လာနေပြီ လှေပြန်လာပြီ"

အဲဒီအချိန်မှာ လူတွေက စိတ်လှုပ်ရှားစွာနဲ့ ထအော်ကြလေသည်။ ဒီလူတွေက ဖြတ်မကူးနိုင်မှန်းသိတာကြောင့် ကူးတို့လှေကို ဒီမှာ ရပ်စောင့်နေတာပါပဲ။ အံ့သြစရာ​တော့ မရှိပါဘူး။

လုရွှမ် သူ့ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်သည်။ ကူးတို့လှေသည် သေးငယ်သော လှေငယ်တစ်ခုမျှသာ ဖြစ်ပြီး လှေပေါ်တွင် ဘယ်သူမှ မရှိပေ။ သို့သော် နတ်ဘုရားများ၏ မျက်လုံးအောက်တွင် အလင်းရောင် ဖျော့ဖျော့ ရှိနေသော်လည်း အချိန်မရွေး မီးငြိမ်းသွားတော့မလိုလည်း ဖြစ်နေ၏။

ဒီလှေက ဘယ်လိုလုပ် အားနည်းမြစ်ရဲ့ ရေပေါ်မှာ မျောနိုင်ရတာလဲ။

လုရွှမ်၏ မျက်လုံးများမှ အလင်းရောင်များဖြင့် တဖျပ်ဖျပ် ခတ်နေသည်။ သို့သော် လှေပေါ်မှာ အလင်းတန်းများသာ ပေါ်လာကာ တခြားသဲလွန်စတွေကိုတော့ ရှာမရပေ။ လှေသည် အလွန်လျင်မြန်စွာ မျောပါသော်လည်း ဤနေရာနှင့် ဝေးနေသေးသည်။

ဒီမြစ်ကြီးဟာ ထင်ထားတာထက် အများကြီး ပိုကျယ်နေတာ ဖြစ်မည်။

“ဟုတ်ပြီ အခု ကူးတို့လှေ ပြန်ရောက်လာပြီ... သေသေချာချာ ဆွေးနွေးကြည့်ရအောင်... အဲဒီလူတွေ ဟိုဘက်ကမ်းကို ရောက်သွားကြပြီ”

လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ တစ်ယောက်က လှမ်းအော်လိုက်သည်။ သူက လူတိုင်း၏ တုံ့ပြန်မှုကို စောင့်မျှော်နေသော မာနမျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။

"လှေတစ်စင်းက တစ်ကြိမ်မှာ လူကိုးယောက်ပဲ ဆံ့နိုင်တယ်... မလိုအပ်တဲ့ လှေသမားကလွဲရင် ရှစ်ယောက်ပဲ ငါ့အမြင်တော့..."

"သေချာပေါက် ငါတို့ရှစ်ယောက်ပဲပေါ့!"

လုရွှမ် ရုတ်တရက် ကျယ်လောင်​သော အသံကို ထုတ်လွှင့်လိုက်သည်။ ချက်ချင်းဆိုသလို လူတိုင်းက လုရွှမ်နဲ့ တခြားသူတွေကို ကြည့်လိုက်သည်။

"ကောင်လေး သတ္တိတော်တော် ကောင်းသားပဲ!"

"ဟမ့် ကောင်းကင်ကြီး ဘယ်လောက်မြင့်လဲ မသိဘူးလားကွ!!"

လုရွှမ်တို့ဆီသို့ မေးခွန်းများ တစ်ခုပြီးတစ်ခု ရောက်လာသည်။ တန်ခိုးကြီးသော နတ်မီးနယ်ပယ်က သခင်များစွာသည် လုရွှမ်တို့ကို အခြားလူများရှေ့တွင် သင်ခန်းစာတစ်ခု ပေးရန် ဟန်ဆောင်ကာ ရယ်မောလျက် ရပ်နေကြသည်။

အောင့်ယွဲ့တို့ လူခုနစ်ယောက်လည်း လုရွှမ် ရုတ်တရက် အသံထွက်လာတာကို ကြည့်ကာ အံ့သြနေကြသည်။ လုရွှမ်ကို ထောက်မပြစရာ အကြောင်းမရှိတာ သဘာဝကျပေမယ့် သူ့ကျင့်ကြံမှုက မလုံလောက်သေးပေ။ သူ့အရှိန်အဟုန်က တခြားသူတွေလိုပါပဲ။ အေးစက်တဲ့ မျက်ခုံးမွှေးတွေနဲ့ လူတိုင်းကို ကြည့်လိုက်ပုံက နည်းနည်းလေးမှ မရှက်တတ်သလိုပင်။

"ဒီလှေပေါ်ကို ငါတို့အရင်သွားမယ်!"

လုရွှမ်က ဤလူများကြားတွင် အမြင့်ဆုံး ကျင့်ကြံမှု အဆင့်ရှိသည့် နတ်မီးနယ်ပယ်က လူတစ်ယောက်ကို ကြည့်၍ ဆိုလိုက်သည်။ တစ်ဖက်လူရဲ့ မျက်ခုံးမွှေးများက နတ်မီးလျှံများဖြင့် ပြည့်နှက်နေသည်။ လုရွှမ် ၎င်းကို အကဲဖြတ်ကြည့်လျှင် နတ်မီးပြင်းထန်မှုသည် ဓားနတ်ဆိုးနှင့် ယှဥ်နိုင်ကြောင်း တွေ့ရှိရသည်။

သို့သော် ဓားနတ်ဆိုးသည် နတ်မီးနယ်ပယ်သို့ ဝင်ရောက်ပြီးနောက် ဤမျှလောက် အစွမ်းထက်သော နတ်မီးကို ရရှိထားပြီးဖြစ်သော်လည်း ဤလူလတ်ပိုင်းအရွယ်၏ နတ်မျှော်စင် မီးလုံးသည် သူ့အား သူ့​တန်ခိုးအဆုံးတွင် ရှိနေသည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။

သူသည် နတ်မီးနယ်ပယ် ပြင်းထန်မှု၏ အဆုံးသို့ ရောက်ရှိသွားတာ သိသာထင်ရှားပါသည်။

"မင်း နယ်ပယ် ဖြတ်ကျော်ဖို့ နည်းလမ်းရှာချင်တာကြောင့် ဒီကိုဝင်ခဲ့တာမလား? မင်းရဲ့ နတ်မျှော်စင် မီးလုံးက မွေးရာပါ ချို့တဲ့ပြီး နတ်မီးစွမ်းအင်က မလုံလောက်ဘူး... အခွင့်အလမ်း မရှိရင် ဘယ်လောက်ပဲ ကြိုးစားပါစေ ဘဝပျက်မှာပဲ... သေတဲ့အထိ တိုက်ချင်ရင် မင်း လူမှားရွေးမိလို့ကတော့ သနားစရာပဲ... အခု သေတဲ့အထိ တိုက်ခိုက်ရဲတယ်ဆိုရင် ငါမင်းကို သိုင်းကွက် ၃ကွက်အတွင်း သတ်​ပေးနိုင်တယ်”

လူလတ်ပိုင်း အရွယ်သည် အစပိုင်းတွင် လှောင်ပြောင်နေ သေးသော်လည်း လုရွှမ်စကားကို ကြားသောအခါတွင်မူ သူ့အမူအရာက တဖြည်းဖြည်း တင်းမာလာသည်။

သူ့အခြေအနေက တကယ်တိုးတက်ဖို့ နေရာမရှိဘူး ဆိုတာ သူကိုယ်တိုင်သိပါသည်။ မဟုတ်ရင် သူဘာလို့ ဒီကိုလာရမှာလဲ၊ သေဖို့ ပြင်ထားလိုက်ရုံပဲလေ။

လုရွှမ်၏ တည်ငြိမ် အေးဆေးသော မျက်လုံးများကို ရင်ဆိုင်လိုက်ရာ လူလတ်ပိုင်းအရွယ် အမျိုးသားသည် ရုတ်တရက် သူ့နှလုံးသားထဲ အနည်းငယ် တုန်လှုပ်သွားကာ သူ၏ ယခင်ဆုံးဖြတ်ချက်သည် ခိုင်မာမှု မရှိတော့ပေ။ သူ့မျက်နှာက ဖြူဖျော့နေပြီး နဖူးမှာလည်း ချွေးတွေ စီးကျနေသည်။

လုရွှမ် လှောင်ပြောင်ပြီး ထိုလူကို တွန်းထုတ်လိုက်သည်။ တစ်ဖက်လူက ခေါင်းငုံ့ပြီး နောက်ပြန်ဆုတ်သွားကာ မျက်နှာက အရမ်းနီရဲသွားသည်။

သူဘာ့ကြောင့် ကြောက်သွားရလဲ မသိပေ။ သူ့ရှေ့က ကောင်လေးဟာ ကောင်းကင်ဘုံသခင် နယ်ပယ်ထဲက သခင်တစ်ယောက်မှန်း သိသာပေမယ့် လုရွှန်နဖူးမှာ သူ​ရင်းနှီးတဲ့ ခံစားချက်မျိုး ရှိနေသလို ခံစားနေရသည်။ ငယ်ငယ်တုန်း ဆရာ့ကို မျက်နှာမူနေရလို့ စိတ်ထဲမှာ ကြောက်ရွံ့မှုမျိုး ခံစားနေရသလိုပင်။

"လူယုတ်မာ မင်းကို ကောင်းကင်ဘုံသခင်က ခြိမ်းခြောက်သွားတာကွ! ဖယ်စမ်း!"

အရွယ်မရောက်သေးသော အသွင်အပြင်ရှိသည့် လူငယ်တစ်ဦးက ဟောက်ပြီး ရပ်နေတဲ့လူကို ကန်ထုတ်လိုက်သည်။ လူလတ်ပိုင်း အရွယ်၏ မျက်နှာသည် ဒေါသတကြီး ဖြစ်သွားသော်လည်း သူ မျှော်ကြည့်လိုက်ရာ လူငယ်၏ မျက်နှာကို မြင်လိုက်ရ၏။ ထိုအခိုက် သူ၏ အမူအရာသည်လည်း သိသိသာသာ ပြောင်းလဲ သွားသည်။

"ဟမ့် သူတို့အားလုံးက အမှိုက်တွေပဲကွ!"

လူငယ်က ကျိန်ဆဲလိုက်ပြန်သည်။ ဤနေရာ၌ စောင့်ဆိုင်းနေသော လူတိုင်းသည် လူငယ်ကို မကြည့်ဝံ့ဘဲ ခေါင်းငုံ့ထားကြသည်။ တချို့က တိတ်တဆိတ် ပြန်ဆုတ်သွားကာ တချို့ကလည်း လုရွှမ်မျက်နှာကို တိတ်တဆိတ် ကြည့်နေကြသည်။ မျက်လုံးများက စိတ်လှုပ်ရှားမှု အပြည့်ဖြင့်။

"ကောင်လေး... မင်း ဒီခရီးကို အရင်ထွက်ချင်တယ်ပေါ့ ဟုတ်လား?"

လူငယ်က အော်ရင်း သူ့မေးစေ့ကို မြှောက်ကာ လုရွှမ်ကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။ သူသည် အသက်မကြီးသော်လည်း စကားပြောပုံက တမင်တကာပြုမူကာ ဖော်မပြနိုင်လောက်အောင် မာနကြီးသည်။

လုရွှမ်လည်း သူသွားတဲ့ နေရာတွေမှာ ကောင်းသော အရာများ ဖြစ်ပေါ်လာရန် ခဲယဉ်းမှန်း သိသည်။ သူသည် လူငယ်၏ နောက်ကွယ်မှ လူလတ်ပိုင်းအရွယ် လူရွယ်များကို ကြည့်လိုက်သည်။ ထို့နောက် ရယ်ပြီး။

"ဟုတ်တယ် ဒီတစ်ခါ ငါတို့အရင် သွားမယ်"

“သတ္တိကောင်းလိုက်တာ!”

လူငယ်က ဟောက်ပြီး လုရွှမ်ကို လက်ဝါးစွမ်းအင်ဖြင့် တိုက်ရိုက် ပါးရိုက်လိုက်သည်။

လုရွှမ် မျက်ခုံးများ တွန့်ချိုးသွားသည်။ လူငယ် လှုပ်ရှားလိုက်သည်နှင့် လုရွှမ်လည်း သူ့အား နောက်ပြန်လက်ဖြင့် ပါး​ပြန်ရိုက်လိုက်သည်။ အင်အားနဲ့ အရှိန်က ပြင်းထန်လွန်းသဖြင့် တစ်ဖက်လူမှာ တစ်ချက်တည်းဖြင့် ပြန်အရိုက်ခံလိုက်ရတော့သည်။

လူငယ်လေးမှာ အလွန်အမင်း အံ့ဩသွားလေ၏။ သူ့ခမျာ မြေပြင်ပေါ်သို့ လဲကျသွားရာ ချက်ချင်း ဒေါသထွက်သွားသည်။

"မင်းငါ့ကိုရိုက်ရဲတယ်ပေါ့... ငါဘယ်သူလဲဆိုတာ မင်းသိလား? ငါ့အဖေက ကြယ်တစ်သောင်းကမ္ဘာရဲ့ ကောင်းကင်နဂါးကြယ်က ကြယ်သခင်ပဲ!"

All Chapters