လှုပ်ရှားပြီ
Vol. 84 Ch. 4.771
"ငါ့အဖေနာမည်က ယဲ့လုံ...ငါ့နာမည် ယဲ့ကုံးတဲ့ ဟမ့် ကောင်လေး ငါက ဘယ်သူလဲဆိုတာ မင်းသိသွားပြီလား? မင်း ဉာဏ်ကောင်းတယ်ဆိုရင် ငါ့ကို ဒူးထောက်ပြီး တောင်းပန်လိုက်! မဟုတ်ရင်တော့ ဟမ့် ငါမင်းကို ဘယ်လိုမှ အရှင်မထားနိုင်ဘူး... မင်းအတွက် သွားစရာ လမ်းမရှိအောင် လုပ်ပစ်မယ်"
ယဲ့ကုံးက မာနကြီးစွာဖြင့် ခေါင်းမော့ထားကာ ကြီးကျယ်ခမ်းနားတဲ့ အကြည့်နဲ့ ကြည့်ကာ အော်လိုက်သည်။
သူ့ပတ်ဝန်းကျင်တွင် ဝိုင်းအုံနေသော လူများ အားလုံးက မယုံနိုင်စွာ ရင်မောသွားကြသည်။ သူတို့ရဲ့ လုရွှမ်တို့အဖွဲ့ကို ကြည့်နေတဲ့ မျက်လုံးတွေက ကြည်နူးမှုအပြည့်နဲ့ လှောင်ရယ်နေသလိုပင်။
လုရွှမ်သည်လည်း အောင့်ယွဲ့နဲ့ သူ့အဖွဲ့၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွားတာကို သတိပြုမိသည်။
"လုရွှမ် ကြယ်တစ်သောင်းကမ္ဘာက ဝမ့်ကမ္ဘာတွေထဲမှာ အကြီးဆုံးကမ္ဘာလို့ ခေါ်ဆိုနိုင်တယ်... ဆန်းကြယ်ကောင်းကင်အိမ်တော်က ကြယ်တစ်သောင်းကမ္ဘာထဲမှာ တည်ရှိတယ်... ကြယ်တစ်သောင်း ကမ္ဘာ တစ်ခုလုံးကို သိမ်းပိုက်နိုင်သူတွေကပဲ ကြယ်သခင်တွေ ဖြစ်လာနိုင်တာ... ကြယ်သခင်တွေအားလုံးက အရမ်းအစွမ်းထက်တဲ့ တကယ့်ဆရာကြီးတွေပဲ"
လုရွှမ် ကြယ်တစ်သောင်း ကမ္ဘာအကြောင်း များများစားစား မသိကြောင်း သိလိုက်ရသဖြင့် လိရှောင်းက အသံတိုးတိုးဖြင့် ရှင်းပြသည်။ ရှန်ယိလည်း ဝင်လာပြီး တိုးတိုးလေး ပြော၏။
"ယဲ့လုံအကြောင်းကို ငါတို့လည်း ကြားဖူးတယ်... သူ လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာလောက်က မျှော်စင်နယ်ပယ်ကို ကျော်ဖြတ်ဖို့ တံခါးပိတ်ကျင့်ကြံသွားပြီ... ဒါပေမယ့် ယဲ့မိသားစုကို ဘယ်သူမှ လျှော့တွက်လို့ မရတော့ဘူး ထောင်နဲ့ချီတဲ့ နတ်မီးနယ်ပယ် သခင်တွေနဲ့ ထောင်နဲ့ချီတဲ့ မျှော်စင်နယ်ပယ် သခင်တွေရှိလို့ ဆန်းကြယ်ကောင်းကင်အိမ်တော်တောင်မှ လျှော့မတွက်ရဲတဲ့ စွမ်းအားတစ်ခုပဲ"
လုရွှမ်နဲ့သူ့အဖွဲ့ တိတ်ဆိတ်သွားတာကို မြင်တော့ ယဲ့ကုံးက ဂုဏ်ယူစွာ ပြုံးလိုက်လေသည်။
"ဘာလဲ အခုမှ ကြောက်နေပြီလား? ဟမ့် နောက်ကျသွားပြီကွ! မင်းတို့တစ်အုပ်စုလုံး ဒီသခင်လေးရဲ့ စိတ်ကို ကျေနပ်သေဖို့ ကိုယ့်ကိုကိုယ် သတ်သေလိုက်ကြ... မဟုတ်ရင် အားလုံး ဝိုင်းသတ်ရလိမ့်မယ်!"
သူ့နောက်က လူခြောက်ယောက်မှာ ပြင်းထန်တဲ့ ရောင်ဝါတွေ ထွက်လာပြီး နံဘေးက လူတိုင်းကို ဝေးဝေးရှောင်သွားအောင် နှိမ်နှင်းလိုက်ကြသည်။
ထူဖူးက ရယ်မောပြီး။
"ငါတို့စကားမပြောတော့တာနဲ့ မင်းတို့ကိုကြောက်တယ်လို့ မဆိုလိုဘူးလေ ကောင်လေး... မင်းကိုယ်မင်း နတ်မီးနယ်ပယ်ထဲ ရောက်နေပြီဆိုတာနဲ့ မထင်နဲ့.... ငါမင်းကိုရိုက်ရင် မင်းအရိုက်ခံရဖို့ ထိုက်တန်လို့ပဲ!"
ရှန်ယိကလည်း လက်အုပ်ချီလိုက်လေသည်။
"ဒကာလေး... ကျေးဇူးပြုပြီး သည်းခံပါ... ဗုဒ္ဓဘာသာရဲ့ အဆိပ်ခုနစ်ပါးထဲမှာ မာနကြောင့် အဆိပ်သင့်ရင် အပြစ်ပေးခံရလိမ့်မယ်"
လိရှောင်းကတော့ သူ့ဓားကို တိုက်ရိုက်ပဲ ဆွဲထုတ်လိုက်လေသည်။
"ဘယ်သူက ကိုယ့်ကိုကိုယ် သတ်သေမှာလဲ? မင်း ဒါမှမဟုတ် မင်းလား?"
သူသည် လူအုပ်စုကို ဓားဖျားကို ညွှန်ပြပြီး ရုတ်တရက် ထိုလူများကို သူ့ခေါင်းထဲ ထည့်သွင်းစဉ်းစားထားခြင်း မရှိကြောင်း ပြသလိုက်သည်။
မိန်းကလေး လေးယောက်ဖြစ်သည့် အောင့်ယွဲ့၊ ရှန်းရှဲ့၊ အောင်ရှင်းနဲ့ ကျင်းဟုန်တို့သည် စကားမပြောဘဲ လုရွှမ်အနားတွင် တိုက်ရိုက် ရပ်နေကြ၏။ လူရှစ်ယောက်က တန်းစီလျက် ယဲ့ကုံးတို့အဖွဲ့ကို အေးစက်စွာ ကြည့်နေကြသည်။
လူရှစ်ဦးသည် တမင်အရှိန်အဟုန် မပြသော်လည်း ဤတိုက်ပွဲတွင် ယဲ့ကုံး၏လူများနှင့် နှိုင်းယှဉ်ပါက သူတို့၏ အရှိန်အဟုန်မှာ သာလွန်ခြင်း မရှိကြောင်း တွေ့နိုင်သည်။
"ကောင်းပြီ ဒီနှစ်မှာ ထူးဆန်းတာတွေ နှစ်တိုင်းဖြစ်ပျက်နေတာတော့ အမှန်ပါပဲ... ဒီသခင်ငယ်လေး ငါ အပြင်မထွက်တော့တာနဲ့ အပြင်မှာ ငါတို့ရဲ့ ယဲ့မိသားစု နာမည်ကို သိပ်မသိကြတော့တာ မဆန်းပါဘူး... ကောင်းကင်ဘုံသခင်ကများ ငါ့ရှေ့မှာ မောက်မာနေရဲတယ်ပေါ့ ဟုတ်လား? သတ်လိုက်စမ်း!"
ယဲ့ကုံး ကျယ်လောင်စွာ အော်လိုက်သည သူ့အသံက ထက်မြက်ပြီး မြင့်မားသည်။
သူသည် လူရှေ့တွင် အရိုက်ခံလိုက်ရတာကြောင့် လူရှစ်ယောက်ကို အစိတ်စိတ် အမြွှာမြွှာ လှီးဖြတ်ပစ်ချင်နေတာ ကြာပြီ။ သူခေါ်လာတဲ့ လက်အောက်ငယ်သားတွေကို ပိုလို့တောင် စိတ်ဆိုးနေသေးသည်။ သူ့ကို ဘယ်လို ကာကွယ်နိုင်မလဲတောင် မသိကြပေ။ သူ့ကို လူအများရှေ့မှာ ပါးရိုက်ခံရအောင် လုပ်နေကြ၏။
ပြန်သွားတဲ့အခါ အားလုံးကို တစ်ယောက်ပြီး တစ်ယောက် သတ်ပစ်လိုက်မည်။
"ငါလာမယ်"
ရှန်ယိက အရင်ခုန်ထွက်လာပြီး အသံလွှင့်လိုက်သည်။
ဗုဒ္ဓကျောက်ဘုရားသည် မျိုးဆက်တစ်ခုမှ ဆင်းသက်လာပြီး ယင်းကို နားလည်ရန် အချိန်တိုတောင်းသော်လည်း သူ့ကျင့်ကြံမှုက အရှိန်အဟုန်ဖြင့် တိုးတက်နေပြီဟု ခံစားလာရသည်။ ယခင်က မရှင်းလင်းသော ထိုးထွင်းသိမြင်မှုတွေဟာ ချက်ချင်း ရှင်းသွားခဲ့ပြီး အနက်ရှိုင်းဆုံး တစ်နေရာ၌ ပိုမိုလေးနက်သော နားလည်မှုတစ်ခု ရှိနေကြောင်း တွေ့ရှိခဲ့သည်။
ယခင်က အတွေးတွေ မျောပါသွားကာ သူ့ကျင့်ကြံမှု အဆင့်လည်း လျင်မြန်စွာ တိုးတက်လာသည်။ သူ့ရဲ့ လက်ရှိကျင့်ကြံမှုက ဘယ်လောက် တိုးတက်ခဲ့လဲ ဆိုတာကို သက်သေပြလိုသည်မှာ ကြာပါပြီ။ ထို့ကြောင့် သူသည် ဤနေရာက တိုက်ပွဲတွင် စမ်းသပ်လို၏။
"ငါလည်း လာခဲ့မယ်"
လိရှောင်းကလည်း အော်လိုက်ပါသည်။ သူဟာ အစောကတည်းက သူ့ဓားရှည်ကို ဆွဲထုတ်လိုက်ပြီးပြီ။ စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားသိုင်းကို မသုံးချင်သေးပါဘူး။ ရွှေဒြပ်စင်နတ်ပုတီးစေ့ဖြင့် သူ့ရဲ့ ဓားသိုင်းကို နားလည်သဘောပေါက်မှုဟာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သူခံစားခဲ့ရသည်။
သူဟာ ဓားရည်ရွယ်ချက်က အာရုံစူးစိုက်နေပြီး သူ့ခန္ဓာကိုယ်က စူးစူးရှရှ ဓားသွားကို ရောင်ဝါတွေ ဖျတ်ခနဲ ဖျတ်ခနဲ ထွက်ပေါ်လာကာ သူ့ရှေ့က လူတိုင်းကို တိုက်ရိုက်ညွှန်ပြတယ်။
“ငါတို့ကို ဘယ်လို သုတ်သင်နိုင်မှာလဲ ကြည့်ရသေးတာပေါ့”
နတ်သမီးရှန်းရှဲ့ကလည်း ပြောလေသည်။ သူမသည် တိုက်ခိုက်ရခြင်းကို မကြိုက်သော်လည်း သူမဟာ တိုက်ခိုက်ရာတွင် မဆိုးလှတာ သေချာပါသည်။ ယခု သူမသည် အခင်းအကျင်း ကောင်းကင်စာအုပ်ကို ရရှိထားသောကြောင့် ၎င်းကိုအခု စမ်းသုံးကြည့်ပြီး လေ့ကျင့်နိုင်ပြီ။
ယဲ့ကုံး လက်အောက်ရှိ လူခြောက်ယောက်မှာ မျက်နှာများ ညိုမဲနေကြသည်။ သခင်ငယ်လေးရဲ့ ဒေါသကို သူတို့မသိဘဲ နေမလား။ ယခုအခိုက်အတန့်တွင် သူ့နှလုံးသားထဲတွင် မိမိတို့အား အသေသတ်ချင်တဲ့အထိ မုန်းတီးနေကြပေလိမ့်မည်။ ဤလူရှစ်ဦးကို ပြင်းထန်စွာ အရှက်ခွဲခြင်းဖြင့်သာ သခင်ငယ်ရဲ့ ဒေါသကို အနည်းငယ် ပျော့ပျောင်း သွားစေနိုင်ကြောင်း သူတို့ဘာသာ သိထားသည်။
မမျှော်လင့်ဘဲ ပြိုင်ဘက်တွေသာ တိုက်ပွဲ မလှုပ်ရှားရသေးခင်မှာပဲ လူသုံးယောက် ခုန်ထွက်လာပြီး သူတို့ကို အလေးအနက် မထားသလိုမျိုး လုံးဝကို စိုက်ကြည့်နေကြလေသည်။
လူခြောက်ယောက်သည် အသံဟစ် ကျိန်ဆဲလိုက်ပြီး သူတို့ သုံးယောက်ဆီ အရူးအမူး ပြေးဝင်သွားကြသည်။
"ငါ့ကိုကြည့်ထား!"
ရှန်းရှဲ့က ဟစ်အော်ရင်း သူမလက်ဖဝါးကို ဝှေ့ယမ်းလိုက်သည်။ သူမ၏ ချောမောလှပသော ရုပ်သွင်သည် နတ်သမီးလေးလို ဖြစ်နေသည်။ သူမလက်ဖဝါးမှ စွမ်းအားများ ထွက်လာကာ ပတ်ဝန်းကျင်တွင် တဝဲလည်လည် လွင့်ပျံသွားကာ လူ၆ယောက်ကို လျင်မြန်စွာ ပတ်ရစ်နေမည့် အခင်းအကျင်း အသွင်အပြင် တစ်ခု ဖြစ်လာခဲ့သည်။
လုရွှမ် ကြည့်ကာ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ မိန်းကလေး တစ်ယောက်အနေဖြင့် သူမ၏ အခင်းအကျင်း ဖွဲ့စည်းပုံသည် သူ့လောက် အစွမ်းထက်နေတာမျိုး မဟုတ်သော်လည်း အသေးစိတ်ကြည့်လျှင် အနည်းငယ် ပို၍ သိမ်မွေ့ပါသည်။
ထိုခြောက်ယောက်တို့သည် နတ်မီးနယ်ပယ်က ကျင့်ကြံသူတွေလို့ ဆိုရသော်လည်း ကျင့်ကြံမှုအဆင့်က ထင်သလောက် မမြင့်ကြပေ။
နောက်ဆုံးတွင် ဤနေရာမှာ သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေ ဖြစ်သလို ဆန်းကြယ်ကောင်းကင်အိမ်တော် အတွက် စမ်းသပ်ရာနေရာလည်း ဖြစ်သည်။ ဤလူများသည် အဆက်အသွယ်များ ဝယ်ပြီး ဤနယ်မြေသို့ ဝင်ရောက်နိုင်သော်လည်း ဆန်းကြယ်ကောင်းကင်အိမ်တော်၏ ကျောင်းသားများထက် ပိုမိုမြင့်မားသော လက်အောက်ငယ်သားများကို ခေါ်ဆောင်ရန် သူတို့၏မိသားစု နောက်ခံကို အားကိုးလိုပါက သဘာဝအားဖြင့် လုံးဝ ခွင့်မပြုသင့်တဲ့ ကိစ္စပဲ ဖြစ်သည်။
ယဲ့မိသားစု၏ အမည်ကို လူအများစုက သိကြသည်။ နာမည် ကြေငြာထားသရွေ့ လူအများစုသည် သဘာဝအတိုင်း နောက်ပြန် ဆုတ်သွားကာ ယဲ့မိသားစုနှင့် ယှဉ်ပြိုင်ရန် ဆန္ဒမရှိကြပေ။
ဒါပေမဲ့ ကံမကောင်းစွာပဲ လုရွှမ်နဲ့ သူ့အဖွဲ့ကို သွားတွေ့တဲ့အခါမှာတော့ သူတို့ အတွေးတွေ မှားသွားခဲ့သည်။ အရင်တုန်းကတော့ အင်အားပြပြီး ဇာတ်ကွက်ဖြည့်ဖို့ ခွန်အားတွေထုတ်ပြတာ အဆင်ပြေပေမယ့် တကယ့် ရန်ဖြစ်မယ်ဆိုရင်တော့ ဒီခြောက်ယောက်က သဘာဝအတိုင်း နောက်ကျကျန်နေလိမ့်မည်။
လိရှောင်း၊ ရှန်ယိနဲ့ ရှန်းရှဲ့တို့မှာ ထူးကဲသော အရည်အချင်းများ ရှိကြသည်။ ယခု သူတို့သည် အကြောင်း အမျိုးမျိုးကြောင့် မြင့်မားသော အဆင့်ကို မရောက်ထားသော်လည်း တိုက်ခိုက်ရေး ထိရောက်မှုမှာတော့ လျှော့တွက်၍ မရပေ။
အထူးသဖြင့် သူတို့သုံးဦးသည် လုရွှမ်ထံမှ လက်ဆောင်များကို ရရှိပြီးသား ဖြစ်သည့်အတွက် ခွန်အားများပါ တိုးမြင့်လာခဲ့သည်။ ထိုလူခြောက်ယောက်ကို ကိုင်တွယ်ဖြေရှင်းရန်မှာ သိပ်မခဲယဥ်းလှပေ။
ရှန်းရှဲ့သည် လူခြောက်ယောက်ကို စုစည်းရန် အခင်းအကျင်း ဖွဲ့စည်းခြင်းကို အသုံးပြုခဲ့သည်။ လိရှောင်းနဲ့ ရှန်ယိသည် အကျယ်ကြီး ရယ်မောရင်း ပြေးဝင်ကာ ပြင်းထန်စွာ ရိုက်ပုတ်ပစ်လိုက်ရာ လူခြောက်ယောက်မှာ အဖေအမေတရတဲ့အထိ ငိုသွားရလေသည်။
လူခြောက်ယောက်ကို သတိလစ်သွားကာ ဘေးသို့ ပစ်ချပြီးနောက် လိရှောင်းသည် ယဲ့ကုံးကို ရှောင်တခင် ဆွဲမြှောက်ပစ်လိုက်သည်။ တစ်ဖက်လူ၏ နယ်ပယ် အခြေအနေသည် ဆေးလုံးများအပေါ် လုံးဝအခြေခံထားသည်။ စစ်မှန်သော တိုက်ခိုက်ရေး စွမ်းအားအရ သူ့ကိုချက်ချင်း သတ်နိုင်သူ များလွန်းလှသည်။
"မင်း ဘာလုပ်ချင်နေတာလဲ? ငါ့ခေါင်းပေါ်က ဆံပင်တစ်မွှေးကို ထိရဲလို့ကတော့ ငါ့အဖေက မင်းကို လွှတ်ပေးမှာ မဟုတ်ဘူးကွ!"
လုရွှမ်သည် လက်ဖဝါးကို ပွတ်ဆွဲလိုက်ရာ ဓားရှည်တစ်ချောင်း ပေါ်လာပြီး လူသတ်ရန် အသင့်ရှိနေပုံဖြင့် လှမ်းတက်လိုက်သည်။
အောင့်ယွဲ့က "လုရွှမ် ဒီလူကို တကယ်သတ်လို့ မဖြစ်ဘူး... ယဲ့မိသားစုရဲ့ ဒေါသကို နှိုးဆွပေးမိလိမ့်မယ်"
"စိတ်မပူပါနဲ့ ငါ့မှာ အကြံရှိတယ်!"
လုရွှမ် အောင့်ယွဲ့ကို ခေါင်းညိတ်ပြပြီး တစ်ဖက်လူရဲ့ လက်မောင်းကို ဓားတစ်ချက်တည်းနဲ့ လှီးဖြတ်ပစ်လိုက်တော့သည်။ ယဲ့ကုံးမှာ ဝမ်းနည်းစွာ အော်ဟစ်ရင်း မြေပြင်ပေါ်သို့ လှိမ့်ကျသွားလေ၏။
"မင်းအဖေကြောင့် မင်းအသက်ကို ချန်ထားပေးတာ! အခုထွက်သွားတော့!"
ယဲ့ကုံးရဲ့ မျက်လုံးတွေထဲမှာ မုန်းတီးမှုတွေ ပြည့်နေသော်လည်း ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရလေသည်။