← Chapters

ကြိုးကြာဖြူ နတ်သမီးအရိပ်

Vol. 84 Ch. 4.773

ကြိုးကြာဖြူ နတ်သမီးအရိပ်

Vol. 84 Ch. 4.773

လုရွှမ် ပျံတက်လာပြီး နတ်သမီးအုပ်စုနောက်သို့ လိုက်သွားသည်။ အားလုံး ခဏလောက် ထိတ်လန့်သွားပြီး အမြန်ပြေး၍ နောက်က လိုက်ကြတော့သည်။

ဒီလို အန္တရာယ်ကြီးတဲ့ နေရာမျိုးမှာ ပိုအန္တရာယ်များလေလေ လွယ်လွယ်နဲ့ ပျံသန်းနိုင်လေလေပါပဲ။ ဒီလှည့်ကွက်ဟာ အလွန်ဆိုးရွားတဲ့ အခြေအနေကနေ ကျဉ်းမြောင်းစွာ လွတ်မြောက်လာတဲ့ ကျင့်ကြံသူတိုင်း ယုံကြည်ထားတဲ့ လှည့်ကွက်ပါပဲ။

အလားတူ အန္တရာယ်များသော နေရာကို သွားသည့်အခါတွင် ကိုယ်ပိုင် ထင်မြင်ယူဆချက် ရှိရန် လိုအပ်ပြီး တခြားသူများ ပြောသည့်စကားကို မလိုက်နာသင့်ပေ။ မဟုတ်ပါက သင်သည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် စိတ်ပျက်ဖွယ် အခြေအနေသို့ ကျရောက်ပြီး ကိုယ်တိုင် ရုန်းမထွက်နိုင်တော့ဘဲ နေလိမ့်မည်။

လုရွှမ်သည် တခြားအချိန်ဆို သူတို့နောက်သို့ လိုက်သွားမည် မဟုတ်ပေ။ သို့သော် ယခုအချိန်တွင် အမှားတစ်ခု ပြုလုပ်ခဲ့သလိုမျိုး သူ့နှလုံးသားထဲတွင် နားမလည်နိုင်သော တွန်းအားတစ်ခု တိုးလာရာ သူတို့နောက်သို့ တိုက်ရိုက်လိုက်သွားခဲ့သည်။

“သွားကြစို့”

အောင့်ယွဲ့ လှမ်းအော်လိုက်ပြီး ကျန်ခြောက်ယောက်ကလည်း မြန်မြန် နောက်က လိုက်လာကြသည်။ ခဏကြာ ပျံသန်းပြီးနောက် ရှေ့က ကြိုးကြာဖြူကြီး ပျောက်သွားပြီး တိမ်တွေပေါ်က နတ်သမီးလည်း ပျောက်သွားသည်။

အပြာရောင်မီးခိုးတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကမ္ဘာကြီးရဲ့ လေထုထဲသို့ စိမ့်ဝင်သွားသည့် အတိုင်းပင်။ လုရွှမ် ကောင်းကင်မှ ဆင်းသက်လာပြီး လူခုနစ်ယောက်ဟာလည်း သူ့နောက်သို့ လိုက်ကာ သူ့ဘေး၌ ဆင်းသက်လိုက်သည်။

သူတို့ရှေ့က ဧရာမနန်းတော်ကြီးကို ကြည့်လိုက်ရင်း ခုနစ်ယောက်လုံး အံသြသွားကြသည်။

"လုရွှမ် သူတို့ဒီကို သွားမယ်ဆိုတာ နင်ဘယ်လိုလုပ် သိတာလဲ"

အောင့်ယွဲ့ မမေးဘဲမနေနိုင်အောင် အံ့သြနေမိသည်။ လုရွှမ်သည်လည်း သူ၏စိတ်လှုပ်ရှားမှုကို ထိန်းကာ လေးနက်သော လေသံဖြင့် ပြောသည်။

"ငါဒီကို လာခဲ့ဖူးလို့ပဲ!"

"ဘာ? ဒီကိုရောက်ဖူးတယ် ဟုတ်လား?"

"အင်း ငါသန့်ရှင်းတဲ့ အပျက်အစီး နယ်မြေထဲကို မဝင်ခင် ကြယ်တစ်သောင်းကမ္ဘာ ထန်းယွမ်ကြယ်မှာရှိတဲ့ လီမိသားစုက မိန်းကလေး တစ်ယောက်နဲ့ ရောက်ရှိလာခဲ့တာ.. ငြိမ်းချမ်းတဲ့ ရောင်ဝါကိုတွေ့လိုက်ရတော့ ငါ အဲ့ရောင်ဝါနောက်ကိုလိုက်ပြီး ဝင်သွားခဲ့တယ်...ဒီတောင်တံခါးထဲကို ရောက်တော့ ငါ ဒီနန်းတော်ကြီးကို တွေ့ခဲ့တယ်... ဒါပေမဲ့"

လုရွှမ် ဟိုဟိုဒီဒီကြည့်ရင်း ဤနန်းတော်သည် ယခင်က သူမြင်ဖူးသည့် အတိုင်းပင် ဖြစ်သေးသော်လည်း အချိန်ကာလနှင့် နှစ်များစွာ မိုးရွာသွန်းမှုတို့ကို ဖြတ်ကျော်ထားရသကဲ့သို့ သိသိသာသာ ကွဲပြားသွားပါသည်။

"ငါ ဒီနန်းတော်ထဲကို မတူတဲ့ အချိန်ကာလမှာ ရောက်လာခဲ့တာကြောင့် ဖြစ်နိုင်တယ်"

တွေးပြီးနောက် လုရွှမ် ဒီရှင်းပြချက်ကိုပဲ ပြောပြနိုင်ခဲ့လေသည်။ ထိုအားနည်း​ခြင်း မြစ်ရေသည် အချိန်နှင့် အမှန်တကယ် ချိတ်ဆက်နေပူံရပြီး အမှန်တကယ်ပင် တွေးကြည့်၍ မရပေ။

သူအရင်က မြင်ဖူးတဲ့ နန်းတော်ဟာ နတ်ဘုရားနယ်မြေလို ဖြစ်နီးပါးဖြစ်ပြီး ကောင်းကင်နဲ့မြေကြီးကိုပင် အပြည့်အ၀ ကြွယ်ဝတဲ့ ရောင်ဝါတွေက လွှမ်းခြုံထားခဲ့သည်။ မြေပြင်ပေါ်ရှိ ဝိညာဉ်စွမ်းအင်များသည် စမ်းရေတွင်းကဲ့သို့ မြေပြင်ကို အားဖြည့်ထားကာ တိမ်များနှင့် မြူခိုးများကဲ့သို့ပင် လေထု၌ ပျံဝဲနေခဲ့သည်။

ယခုမူ နန်းတော်သည် ခမ်းနားနေသေးသော်လည်း အနည်းငယ် ယိုယွင်းလာသည်။ အထူးသဖြင့် ထူးခြားသည်မှာ ဤနေရာတွင် ယခင်က မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် နတ်သမီးများ ရှိခဲ့သော်လည်း ယခုအခါ ဤနေရာသို့ ရောက်ကြသော်လည်း နှုတ်ဆက်မည့်သူ မရှိ​တော့ပေ။

"ဝင်ကြည့်ရအောင်!"

လုရွှမ် ဆိုလိုက်သည်။ သူအရင် ဒီနေရာကို လာတုန်းက ဒီနေရာက အရမ်းအသက် ဝင်နေတုန်းပဲ။ ဒါပေမဲ့ သူ ဒီမှာနေဖို့ အချိန်သိပ်မရှိခဲ့ဘူး။ သူ့စိတ်မှာရှိသော နားမလည်နိုင်တဲ့ အနီရောင်လိုင်း တစ်ခုကလည်း ပျောက်သွားပြီ။

နားမလည်နိုင်လောက်တဲ့ သစ်သားရုပ်ကြောင့် ဒီကို ထပ်လာမယ်လို့ လုရွှမ် မမျှော်လင့်ထားဘူး။ ထိုအခိုက် အက်ကွဲသံနှင့်အတူ နန်းတော်တံခါး ပွင့်လာပြီး စိုစွတ်သောအနံ့နှင့် လေထုက ပြေးထွက်လာသည်။ လူရှစ်ဦးသည် အင်္ကျီလက်များကို လျင်မြန်စွာ ဝှေ့ယမ်းကာ လေပြင်းတိုက်ခတ်၍ ပြေးထွက်လာသော အစိုဓာတ်ကို မောင်းထုတ်လိုက်ကြသည်။

အပြင်ဘက်မှ ကြည့်လျှင် ကြီးမားသော နန်းတော်သည် အသက်စွမ်းအင် အရိပ်အမြွက် ရှိနေ​သေးသော်လည်း အတွင်းပိုင်းကို ကြည့်လိုက်သောအခါ လုံးဝ ပျက်စီးယိုယွင်းနေသည့် အခြေအနေသို့ ပြောင်းလဲသွားတာကို တွေ့လိုက်ရ၏။

လုရွှမ် သူဒီကိုလာတုန်းက သူမြင်ခဲ့သမျှအကြောင်းတွေကို လူတိုင်းကို ပြောပြထားပြီးသားပါ။ ဒါကြောင့် ယခု သူက လွမ်းဆွတ်တမ်းတတဲ့ အသံနဲ့ ပြောပြလိုက်သည်။

"ဒီနေရာက မှော်လက်နက်မျိုးစုံ၊ ရတနာမျိုးစုံနဲ့ ခမ်းနားခဲ့ဖူးတယ်.... အခုချိန်မှာတော့ အရာအားလုံး ပြောင်းလဲသွားပြီ... ဒီလိုဖြစ်သွားမယ်လို့ ငါ မမျှော်လင့်ထားဘူး"

နန်းတော်ကြီးသည် အလွန် မြင့်မားတာကြောင့် မျှော်ကြည့်လျှင် မျက်နှာကျက်ကိုပင် မမြင်ရပေ။ ၎င်းက မိုးကုပ်စက်ဝိုင်းနှင့် ဆက်စပ်နေသလိုပင်။ ကုန်လွန်ခဲ့သော နှစ်များကို မှတ်တမ်းတင်ထားသကဲ့သို့ အထက်တွင်ရှိသော ကြယ်များသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။

လုရွှမ် သူ့ခေါင်းထက်က ကြယ်တွေကို ကြည့်ပြီး တောင်တစ်သောင်းကမ္ဘာ (ဝမ့်ရှန်းကမ္ဘာ) မှာ တွေ့ခဲ့တဲ့ လှောင်အိမ်အကြောင်း မတွေးဘဲ မတွေးနိုင်တော့ပေ။ အပြင်အဆင်က နေရာတိုင်းလိုလို အဲဒီ​နေရာနဲ့ အတူတူပါပဲ။

သူတို့နှစ်ခုကြားမှာ ဆက်စပ်မှု ရှိ​နေတာလား။

စူးစူးဝါးဝါး မြည်သံတစ်ချက် ထွက်လာတာကြောင့် လုရွှမ် လှည့်ကြည့်လိုက်သည်။ သူ လူတိုင်းကို ကြည့်လိုက်ပေမယ့် အဲဒီလူတိုင်းမှာ ခန်းမကျယ်ကြီးထဲမှာ ကျန်နေတဲ့ ပစ္စည်းတွေကို စစ်ဆေးနေကြလေသည်။

"ဒီကလူတွေက ထွက်သွညးတာကြာပြီ ထင်တယ်"

အောင့်ယွဲ့ ပြောပြီး သူမတို့မျက်လုံးတွေက ဟိုဟိုဒီဒီ ကြည့်နေ၏။ ဖုန်မှုန့် အမှုန်အမွှားများသည် ထူထဲသော အလွှာများအဖြစ် ပေါင်းစပ်သွားသည်။ ၎င်းတို့က အရာအားလုံးနီးပါးကို ဖုံးအုပ်ထားပြီး တချို့နေရာများတွင် ခြေရာတစ်ဝက်သာ ကျန်ရစ်ခဲ့သည်။

"သူတို့ အလျင်စလို ထွက်သွားကြတာ ဖြစ်မယ်... ပစ္စည်းအများကြီးတောင် မယူသွားဘူး ဒီပစ္စည်းတွေက အဖိုးမတန်သလိုမျိုး လုံး၀ ဂရုမစိုက်​ကြဘူး"

နတ်သမီးရှန်းရှဲ့သာ် စားပွဲပေါ်မှာ တင်ထားတဲ့ ပစ္စည်းတချို့ကို လက်ညှိုးထိုးပြပြီး ထအော်လိုက်၏။ နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် စွန့်ပစ်ခြင်းခံပြီးနောက် တစ်ချိန်က အဖိုးတန်ခဲ့သော အရာများသည် အမှိုက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့​ပြီ။

လိရှောင်းနဲ့ ရှန်ယိရှောင်းဟဲတို့ကလည်း ဤအရာများထဲမှ ခက်ခက်ခဲခဲ စမ်းတဝါးဝါးဖြင့် အသုံးပြုလို့ ရနိုင်သော အရာတစ်ခုကို ရှာဖွေရန် ကြိုးစားနေကြသည်။ အစောတုန်းက ပေါက်ကွဲသံဟာ လူနှစ်ယောက် တစ်စုံတစ်ခုကို ရှာဖွေနေကြတဲ့ အသံပါပဲ။ သို့သော် တချို့က လုံးဝ အမှိုက် ဖြစ်သွားပြီ။

"ဟေ့ နင်တို့နှစ်ယောက် ရပ်လို့ရမလား? ဒီမှာ ဘာမှ မရှိဘူး!!"

အောင်ရှင်း အော်ပြောပြီး သူတို့နှစ်ယောက်ကို မျက်လုံးပြူးပြလိုက်သည်။ နှစ်တွေ ကြာလာတာနဲ့အမျှ သူတို့အတူတကွ နေထိုင်လာခဲ့ကြရာ သူတို့ရဲ့ ကိုယ်ပိုင် အလေ့အထတွေကို အောင်ရှင်းလည်း အပြည့်အဝ နားလည်လာပါသည်။

ထူဖူးက ရက်စက်ပုံရသည်။ သို့သော် သူက စကားအလွန်အကျွံ ပြောရခြင်းကို မကြိုက်ဘဲ တည်ငြိမ်သူ ဖြစ်သည်။

တစ်ဖက်တွင် လိရှောင်းနဲ့ ရှန်ယိရှောင်းဟဲက လုံးဝ စိတ်မငြိမ်မသက် ဖြစ်နေကြသည်။ လိရှောင်းသည် စကားများများ ပြောတတ်သူ မဟုတ်သော်လည်း လှုပ်လှုပ်ရွရွ လုပ်နေတတ်၏။ ရှန်ယိရှောင်းဟဲသည် စိတ်တိုလွယ်သူဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် နှစ်များတစ်လျှောက် ပြဿနာများစွာကို ဖြစ်ပေါ်စေခဲ့သည်။

အောင်ရှင်း အသံကိုကြားတော့ ရှန်ယိက ပန်းဘုန်းကြီးလို ရယ်မောလိုက်သည်။

"ညီမလေးအောင်ရှင်း... မဟုတ်သေးဘူး လိရှောင်းနဲ့ ငါ ရတနာတွေကို လိုက်ရှာနေတယ်လို့ မင်းထင်လို့လား? မင်း ငါတို့ကို လျှော့တွက်နေတာပဲ ငါတို့ တစ်ခုခုရှာနေတာ... မင်းအရင်ကတွေ့ခဲ့တဲ့ ကြိုးကြာဖြူကြီးကို မှတ်မိလား... အဲဒီ ကြိုးကြာဖြူကြီးက လေထဲကနေ ပေါ်လာတာလို့ မထင်လိုက်နဲ့ နှစ်ပေါင်းများစွာ ကြာပြီးတာတောင်မှ ဒီနေရာလေးမှာ တစ်ခုခုတော့ ရှိချင်မှရှိမယ်... အဲဒါတွေက ထင်ယောင်ထင်မှားတွေ ပေါ်လာနိုင်​စေသေးတာ ဖြစ်နိုင်တယ်လေ..."

လုရွှမ်ရဲ့ မျက်လုံးများ တောက်ပလာပြီး လက်ခုပ်တီးလိုက်သည်။

"ရှန်ယိပြောတာ မှန်တယ်.... ဒီမှာ သိမ်းဆည်းထားတဲ့ အရာ တစ်ခုခုတော့ ရှိရမယ်... အဲဒါက ငါတို့သွားရမယ့်လမ်းနဲ့ ဆက်စပ်နေနိုင်တယ် သေသေချာချာ ရှာကြည့်ရအောင်"

အရင်က ဖြစ်ပျက်ခဲ့တာတွေက နည်းနည်းတော့ ထူးဆန်းနေတယ် ဆိုတာ အားလုံးလည်း ရုတ်တရက် သဘောပေါက်သွားကြသည်။

လုရွှမ်က ပတ်ဝန်းကျင်ကို လိုက်မရှာဘဲ ကောင်းကင်ကို စိုက်ကြည့်ကာ တောက်ပနေသော ကြယ်များကိုသာ လေ့လာနေ၏။ လူခုနစ်ဦးသည် အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း ဘာမျှမတွေ့ခဲ့ပေ။

"လုရွှမ် အဲဒီအရာက အ​ပေါ်မှာ ပုန်းနေတယ်လို့ ထင်လား?"

"ဖြစ်နိုင်ချေရှိတယ်... အပေါ်မှာ ဟုတ်ရင်ဟုတ် မဟုတ်ရင်လည်း တခြားနေရာကို ဖြတ်သန်းသွားတာ ဖြစ်နိုင်တယ်"

လုရွှမ် လှောင်အိမ်ထဲက အတွေ့အကြုံကို အလေးထားပြီး ပြောလိုက်သည်။

"ငါအရင် သွားကြည့်မယ် အပေါ်မှာ အန္တရာယ်ရှိမရှိ မသိရသေးဘူး ဒါမှမဟုတ် နားမလည်နိုင်တဲ့ နေရာတစ်ခုကိုတောင် ရောက်သွားနိုင်တယ်"

"ဒါဆို ငါတို့အားလုံး အတူရှိသင့်တယ်လေ... အန္တရာယ်တွေ ရှိရင်တောင် ငါတို့အားလုံး အတူတူ ရှိနေသင့်တယ် မဟုတ်ဘူးလား"

All Chapters