ကောင်းကင်က အပြောင်းအလဲများ
Vol. 84 Ch. 4.775
"နတ်ဖြစ်လာမှာလား?"
လူငယ်များ တိတ်တဆိတ် ရေရွတ်လိုက်လေသည်။
ဝိညာဉ်ကျင့်ကြံခြင်း လောကတစ်ခုလုံးတွင် နတ်ဖြစ်လာခြင်းသည် တားမြစ်ထားသောအကြောင်းအရာ တစ်ခုဖြစ်သည်။ မသေမျိုး ဖြစ်လာခြင်းအကြောင်း ပြောမပြနိုင်တာမျိုး မသော်လည်း ထိုအကြောင်းကို လူအများက မပြောချင်ကြပေ။
မသေမျိုး ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်က ဘာလဲ။ ကောင်းကင်နဲ့မြေကြီး တည်နေသည့်တိုင်အောင် သက်တမ်းရှည်နေမှာလား။ ယေဘူယျအားဖြင့် ဆိုရသော် အသက်ပိုရှည်လေ ပိုကောင်းလေ ဖြစ်သော်လည်း လက်တွေ့တွင်တော့ မသေမျိုး လူတစ်ယောက် ဖြစ်လာပါက အရက်သောက်ရန် အချိန် ကန့်သတ်ထားသလို ဖြစ်သွားသည်။
သို့သော် အလွန်သိသာထင်ရှားသော ပြဿနာတစ်ခု ရှိပါ၏။ အဓိက ဂိုဏ်းဂဏများနှင့် သေးငယ်သော ကမ္ဘာများမှ ဘယ်သူမှ မသေမျိုး နတ်အဖြစ်သို့ မရောက်ထားသလို မသေမျိုးများ၏ မှတ်တမ်းပင် မရှိကြပေ။
ဂိုဏ်းခေါင်းဆောင်အချို့ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားသည်ဟု ဆိုရုံမျှမက သူသည် မသေမျိုးဖြစ်လာပြီး လူတွေနဲ့ ဝေးရာသို့ ထွက်ခွာသွားသည်ဟု ဆိုနိုင်သည်။
ထိုသို့သော ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်တစ်ဦးကို ကမ္ဘာပေါ်တွင် နှစ်အတော်ကြာ မတွေ့ရတော့ချေ။ သူသည် ဤလောကမှ ထွက်ခွာသွားဖွယ် ရှိသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ တိကျသော မှတ်တမ်းများ သို့မဟုတ် အမှန်တကယ် ယုံကြည်စိတ်ချရသော သက်သေမျိုး မပြနိုင်ပေ။
သို့သော် နတ်သမီးသည် သူ့ကိုယ်သူ နတ်ဖြစ်လာခြင်း ဟူသော စကားလုံးများကို မပြောမီ သူမနှုတ်က စကားများနှင့် သူမ၏ မျက်လုံးများထဲတွင် မနာလိုမှုနှင့် မြတ်နိုးမှု ခြေရာလက်ရာတွေဟာ အတုအယောင်ဖြစ်ပုံ မပေါ်ပေ။
"ငါတို့တကယ် အတိတ်ကို ရောက်သွားခဲ့တာလား?"
လိရှောင်းမှာ သူ့မျက်နှာက အံ့သြတကြီး အရိပ်အမြွက်နဲ့ အော်လိုက်သည်။
"ဒါဆို မသေနိုင်တဲ့ လျှို့ဝှက်ချက်ကို ငါတို့ ရှာတွေ့ဖို့ အခွင့်အရေး ရပြီလား?"
ရှန်ယိလည်း စိတ်လှုပ်ရှားလာ၏။ အောင့်ယွဲ့ သူတို့နှစ်ယောက်ကို မျက်လုံးလေးမှိတ်ပြီး ခေါင်းခါပြလိုက်သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ငါတို့က သစ်သားရုပ်လေးခုကို ပေါင်းစည်းနိုင်ရင်တော့ မျှော်လင့်ချက် ရှိနိုင်တယ်... အခု သစ်သားရုပ်က တစ်ခုတည်းပဲ ရှိသေးတယ် မျှော်လင့်ချက် ရှိမယ်လို့ နင်တို့ထင်လား?"
ဒီစကားက အရမ်းမှန်ပြီး လူတိုင်းမှာ ချက်ချင်းကို စိတ်ဓာတ်ကျသွားလေသည်။ အဆုံးမရှိ ကြိုးပမ်းမှုတွေ အားလုံးဟာ အချည်းနှီး ဖြစ်သွားတာက ကျရှုံးဖို့ ရည်မှန်းထားတဲ့ အခွင့်အလမ်းကြီးကို ကိုယ့်ဆီကနေ လွဲချော်သွားတာကို ကြည့်ရတာနဲ့ တူပါသည်။
"ဒါပေမဲ့ အနည်းဆုံးတော့ ငါတို့ တစ်ခုခု ရနိုင်တယ်မလား"
လိရှောင်းမှာ အနည်းငယ် မျှော်လင့်ချက် ရှိသေး၏။ ထိုစဥ် လုရွှမ်က ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။
"ကမ္ဘာကြီးက ဘာကြောင့် ပြောင်းလဲသွားရတာလဲ? ဘာကြောင့် မသေမျိုးကောင်းကင်နန်းတော် ပျက်စီးသွားတာလဲ ဆိုတာတော့ ငါတို့ မြင်နိုင်မှာပါ!"
"အရင်က မြင်ဖူးတဲ့ မြင်ကွင်းကို မင်းတို့ မမြင်ဖူးလို့... စကားလုံးနဲ့ ဖော်ပြလို့ မရဘူး ငါတောင် မကြုံစဖူး ထိတ်လန့်သွားတယ် ငါ့ကိုယ်ငါ နတ်ဘုရားနယ်မြေမှာ ရှိနေသလို ခံစားရတယ် တကယ့် နတ်ဘုရားနယ်မြေထဲမှာ မဟုတ်ပေမယ့် သေချာပေါက် နတ်ဘုရားနယ်မြေနဲ့ အရမ်း နီးကပ်နေပြီ"
ခဏလောက် စဉ်းစားပြီးနောက် လုရွှမ်က ဆိုလိုက်သည်။
"မင်းတို့အားလုံး ငါ့အမွေကို အမြဲသိချင်နေကြတာ မဟုတ်လား"
ထိုစကားကြောင့် လူတိုင်း၏ မျက်လုံးများ တောက်ပလာသည်။ သူတို့သည် လုရွှမ်ရဲ့ ကျင့်စဥ် ကျွမ်းကျင်မှုအမွေကို လွန်စွာ စူးစမ်းလိုစိတ်ရှိကြပြီး တစ်ခါတစ်ရံတွင် မေးခွန်းထောင်ပေါင်းများစွာ မေးလိုစိတ်ရှိကြောင်း စိတ်ကူးမိကြသည်။
လုရွှမ်ရဲ့ ကျင့်စဥ်က တကယ်ကို မယုံနိုင်လောက်စရာမို့ပါပဲ။ တောင်တစ်သောင်းကမ္ဘာက လူများနှင့်မတူဘဲ အောင့်ယွဲ့နှင့် တခြားသူများသည် လုရွှမ်ဟာ ကမ္ဘာငယ်လေးမှ လာကြောင်း ကောင်းစွာသိသည်။
လုရွှမ်သည် ၎င်း၏ ထင်ရှား ကျော်ကြားမှုကို ပြသခဲ့ပြီး ကျင့်စဥ်အမွေကို ကျွမ်းကျင်စွာ အသုံးချခဲ့ကြောင်း သူမ သိသည်။ လက်တွေ့မှာ အောင်မြင်ချင်တယ် ဆိုရင်တော့ အရည်အချင်းတွေ လိုအပ်ပေမယ့် တစ်ခါတစ်လေမှာ အခွင့်အလမ်းတွေက ပိုလို့တောင် အရေးကြီးပါသေးသည်။
လုရွှမ်၏ ကျင့်စဥ်လမ်းသည် အလွန်မှော်ဆန်သော အရာတစ်ခုဖြစ်ကြောင်း သေချာပါသည်။
တိမ်ပင်လယ်နယ်မြေမှ ရှေးဟောင်းလျှပ်စီးကမ္ဘာ၊ ထိုမှတစ်ဆင့် တောင်တစ်သောင်းကမ္ဘာ အထိ ရောက်လာခဲ့သည်။ သို့သော်လည်း လုရွှမ်သည် သူ၏ မွေးရာပါ ကျင့်စဥ်နည်းလမ်းက မပြောင်းလဲသေးပေ။
သူတို့အားလုံးဟာ ပါရမီရှင်တွေ ကြားထဲက ထူးချွန်သူတွေပါပဲ။ လုရွှမ်ရဲ့ ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါကနေ ဒီကမ္ဘာဟာ တူညီတဲ့ မူလဇာစ်မြစ်ရဲ့ အငွေ့အသက်ရှိကြောင်း ရှင်းရှင်းလင်းလင်း ခံစားရနိုင်ပြီး တူညီတဲ့ကျင့်စဥ်ကို လေ့ကျင့်နေကြတာလည်း ထင်ရှားပါသည်။
ဒါက ဘယ်လို ကျင့်စဥ်မျိုးလဲ။
သူတို့ကိုယ်တိုင် မေးဖို့ အစပြုမှာ မဟုတ်ပေမယ့် သူတို့စိတ်ထဲမှာ ဘယ်လိုမှ မစပ်စုဘဲ မနေနိုင်တော့ဘူး။
ဤအခိုက်တွင် လုရွှမ်သည် သူတို့အကြံအစည်အတိုင်း ထိုအကြောင်းကို ပြောပြမည်ဟု ကြားလိုက်ရာ အားလုံး၏ မျက်လုံးများ တောက်ပလာပြီး လုရွှမ်ကို ဝိုင်းကြည့်လာကြသည်။
"အကြောင်းပြချက် တချို့ကြောင့် ငါလေ့ကျင့်ထားတဲ့ ကျင့်စဥ်ရဲ့ တိကျတဲ့နာမည်ကို မပြောနိုင်ပေမယ့် ငါပြောနိုင်တာက ငါအရင်က မသေမျိုးကောင်းကင်နန်းတော်ထဲကို ဝင်တုန်းက လူတစ်ယောက်ကို တွေ့ခဲ့တယ်... သူက ငါလေ့ကျင့်နေတဲ့ ကျင့်စဥ်ကို ဖန်တီးပေးတဲ့ အကြီးအကဲကြီးပဲ"
အချိန်အတော်ကြာတဲ့အထိ အောင့်ယွဲ့တို့ တစ်ဖွဲ့လုံး စကားတောင် မပြောနိုင်ကြဘဲ တိတ်ဆိတ်သွားခဲ့သည်။
ခဏကြာတော့မှ တစ်ယောက်ကို တစ်ယောက် စိတ်ရှုပ်သွားတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြသည်။ ဒီစကားလုံးတွေရဲ့ အရေးပါပုံကို သူတို့သဘာဝကျကျကို သိပါသည်။
ထိုအချိန်မှစပြီး လက်ဆင့်ကမ်းလာခဲ့သည့် ကျင့်စဥ် ကျွမ်းကျင်မှုတစ်ခုသည် မတော်တဆ လုရွှမ်ဆီသို့ လက်ဆင့်ကမ်း ရောက်ရှိသွားပြီး ယနေ့ လုရွှမ်ကို ထူးထူးခြားခြား ဖြစ်လာစေခဲ့သည်။
"ဒါဆို အဲဒီလူက မသေမျိုး ဖြစ်သွားပြီလား"
အောင့်ယွဲ့ အတန်ငယ် တိတ်ဆိတ်နေသည့်ကြားမှ မေးလိုက်သည်။ လုရွှမ် သူ့ခေါင်းကို ခါယမ်းလိုက်ပြီး။
"မဖြစ်နိုင်ပါဘူး မဟုတ်ရင် အဲဒီလူက ငါ့ကို ပြောမှာ မဟုတ်ဘူး... အနာဂတ်မှာ ငါ့အောင်မြင်မှုက ငါ့ကံပေါ်မှာပဲ မူတည်တယ်"
"အမ် အဲဒီလိုလူကြီးတွေကတောင် မသေမျိုးတွေ မဖြစ်ကြသေးဘူးလား? ဒါဆို ဘယ်သူက မသေမျိုး ဖြစ်လာနိုင်ပါတော့မလဲ"
လိရှောင်း စိတ်ပျက်လက်ပျက်နဲ့ အော်လိုက်သည်။ တခြားလူ အတော်များများမှာလည်း စိတ်ဓာတ်ကျကုန်သည်။ နောက်ဆုံးတော့ သူတို့ ဟာ မသေမျိုးတွေ ဖြစ်ချင်ပေမယ့် အဲဒီလို အကြီးအကဲတွေတောင် မဖြစ်ခဲ့ကြဘူး ဆိုရင် သူတို့ကရော။
အထူးသဖြင့် သူတို့လို ထူးထူးခြားခြား အရည်အချင်းရှိတဲ့ လူတွေအတွက် မသေမျိုးဆိုတာ သူတို့ကို ခိုင်မာတဲ့ ယုံကြည်မှုတွေ ပေးတဲ့အပြင် မြင့်မြတ်တဲ့ စိတ်ကူးတွေကိုပါ ပေးစွမ်းလေသည်။
စိတ်ကူးယဉ်သက်သက်သာ ဖြစ်ကောင်းဖြစ်နိုင်မည်ဟု စိတ်ကူးယဉ်ခဲ့ဖူးသော်လည်း စိတ်ကူးယဉ်မှုတွေ ပြိုပျက်သွားသောကြောင့် ရှုံးသွားသလိုပင် ခံစားမိလာသည်။
"ဟားဟား ကိစ္စမရှိပါဘူး ဘာပဲဖြစ်ဖြစ် မသေနိုင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ မဖြစ်နိုင်ဘူး ဆိုတာ ငါသိနေတာကြာပြီ... မသေနိုင်တဲ့သူ မဖြစ်နိုင်ရင်တောင် တစ်သက်လုံး ပျော်အောင်နေလို့ ရတယ်လေ"
အောင်ရှင်း ရုတ်တရက် အော်လိုက်ပေမယ့် သူမစိတ်တွေက သူမကိုယ်သူမ နှစ်သိမ့်ပေးလိုက်တယ် ဆိုတာ ရှင်းပါသည်။ ကျင်းဟုန်လည်း အောင်ရှင်းကို ပွေ့ဖက်ပြီး ပြုံးလိုက်သည်။
"မှန်တယ်... ငါဆို အနာဂတ်မှာ အရှုံးသမားဖြစ်လာဖို့ ရည်မှန်းထားပေမယ့် ငါ့ဘဝက အခုထိ အလဟဿ မဖြစ်ခဲ့တာ အရမ်းကံကောင်းတယ်"
"နတ်သမီးကျင်းဟုန် ပြောတာမှန်တယ်... ရုတ်တရက်ကြီး ငါ့အပေါ်ကို အလင်းတွေ ကျလာသလိုပဲ!"
လိရှောင်းသည် သိုလှောင်လက်စွပ်ထဲက အရက်ပြင်းပုလင်းကို ထုတ်ယူဖို့ ကြိုးစားပေမယ့် ဘာကိုမှ မတွေ့ခဲ့ရပါဘူး။ ထိုအခါမှ အခု သူတို့ဟာ ကလေးတစ်ယောက်လို ဖြစ်သွားကြပြီ ဆိုတာ ရုတ်တရက် သိလိုက်ရသည်။
ထို့နောက် တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
"ကောင်းပြီ ကောင်းပြီ ဘာမှမပြောနဲ့တော့... အလုပ် မြန်မြန် သွားလုပ်ရအောင်! မဟုတ်ရင် နောက်တစ်ကြိမ် အရိုက်ခံရလိမ့်မယ်... မသေမျိုးကောင်းကင်နန်းတော် ပျက်စီးသွားတဲ့ လျှို့ဝှက်ချက်ကို ဖြည်းဖြည်းချင်း ရှာကြည့်ကြတာပေါ့!"
လုရွှမ် ဆိုလိုက်တော့ လူတိုင်းလည်း ခေါင်းညိတ်ပြပြီး အိမ်နောက်ဖေးသို့ မြန်မြန်ဆန်ဆန် လျှောက်သွားလိုက်သည်။
ဤနည်းဖြင့် ထိုနေရာတွင် လူငယ်ရှစ်ဦး အခြေချ နေထိုင်ခဲ့သည်။ အချိန်က အလွန်လျင်မြန်စွာ ကုန်လွန်သွားကာ မျက်စိတစ်မှိတ်အတွင်း တစ်လ ကုန်လွန်သွားခဲ့သည်။ သူတို့၏ လျင်မြန်သော အပြုအမူနှင့် စိတ်ရင်းစေတနာကြောင့် နောက်ဆုံးတွင် လူရှစ်ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးကာ ပြင်ပတပည့်များအဖြစ် စုဆောင်းခံရကာ တောင်တန်းဂိုဏ်းသို့ ခေါ်ဆောင်သွားခဲ့သည်။
တစ်ချိန်တည်းတွင် သဘာဝ ဘေးအန္တရာယ်တစ်ခု ကျရောက်လာခဲ့သည်။
ကြိုးကြာဖြူပေါ်မှ မြေပြင်ပေါ်သို့ ဆင်းသက်စဉ် ကြိုးကြာဖြူကြီးက ရုတ်တရက် ထအော်ကာ အတောင်ပံကို ဖြန့်ချလိုက်သည်။ ထိုအခိုက် ပြင်းထန်သော လေကို ကာကွယ်လိုက်သလို နှိုးဆော်လိုက်သော်လည်း သူ့အသက်ကို ပေးလိုက်ရလေသည်။
လုရွှမ် ကောင်းကင်ဆီသို့ လျင်မြန်စွာ မျှော်ကြည့်လိုက်ရာ မူလက အပြာရောင်ကောင်းကင်တွင် အက်ကြောင်းများဖြင့် ပြန့်ကျဲနေ၏။ စွမ်းအင်တစ်ခုက ကောင်းကင်ကို အပိုင်းပိုင်းခွဲကာ ပင့်ကူမျှင်များကဲ့သို့ အက်ကြောင်းများဖြင့် ပြည့်သွားစေသည်။
ထို့နောက် ကောင်းကင်မှ ပင့်ကူမျှင် အက်ကြောင်း၏ အပိုင်းအစများ ပြိုကျလာလေသည်။ ပိုကျသွားလာလေ အပိုင်းတစ်ခုစီရှိ နေရာလွတ်များ ပိုကြီးလာလေ ဖြစ်သည်။ သူတို့သည် လေထဲသို့ ဆင်းသက်သောအခါ ဤအပိုင်းအစများသည် ဝိညာဉ်ရှိနေသကဲ့သို့ အချင်းချင်း ကိုက်စားလာကြသည်။
တချို့သော အပိုင်းအစများက အခြားအပိုင်းအစများကို မျိုချပြီးနောက် ပိုကြီးလာကြသည်။ ကြီးမားသော အပျက်အစီး အပိုင်းအစ တစ်ခုသည် အရှိန်အဟုန်ဖြင့် သက်ဆင်းလာကာ မသေမျိုးကောင်းကင်နန်းတော် တစ်ခုလုံးကို ဖုံးအုပ်ပစ်လိုက်လေသည်။