ပျက်စီးခြင်း၏ အကြောင်းရင်းအမှန်
Vol. 84 Ch. 4.776
လုရွှမ်သည် ကမ္ဘာကြီးကို ဖျက်ဆီးပစ်နေသည့် စွမ်းအားကို မခံစားခဲ့ရပေ။ သူ့နှလုံးသားထဲတွင် ထိတ်လန့် တုန်လှုပ်သွားသော်လည်း ရှောင်လွှဲ၍မရသော သေခြင်းတရားကို ကြောက်ရွံ့ခြင်း မရှိပေ။
သူ အောင့်ယွဲ့ နဲ့ တခြားသူတွေကို ကြည့်လိုက်သော် တခြားလူတွေကလည်း ဘာကြောင့်မှန်းမသိဘဲ ကောင်းကင်ကိုသာ မော့ကြည့်နေကြလေသည်။
ကမ္ဘာကြီး၏ အဆုံးသတ်ဟု ထင်ရသည့် ထိတ်လန့်မှုမျိုးကို သူတို့မျက်စိဖြင့် တွေ့ကြုံနေရသလိုပင်။
ကျိုးပဲ့နေသော ကောင်းကင်ကြီးသည် အောက်ဘက်သို့ ဆက်လက် ကျဆင်းလာကာ ပိုပို၍ ကြီးမားလာသည်။ ၎င်းက မြန်မြန်ဆန်ဆန်လည်း ကျဆင်းလာ၏။ နောက်ဆုံးတွင် ပင့်ကူမျှင် အပိုင်းအစများကို တားဆီးထားပုံရသည့် စွမ်းအင်အလွှာဟာလည်း တဖြည်းဖြည်း အားပျော့လာသည်။
အနက်ရောင် အာကာသ အက်ကြောင်းများသည် တဖြည်းဖြည်း ကြီးမားလာ၏။ အနက်ရောင် အက်ကြောင်းများမှ ကြောက်မက်ဖွယ်ကောင်းသော အာကာသ လေပြင်းက ကျယ်လောင်စွာ တိုက်ခတ်လာသည်။
ကောင်းကင်မှ ပင့်ကူမျှင် အပိုင်းအစများ၊ အလင်းတန်းများသည် အောက်ဘက်သို့ ပျံ့နှံ့သွားပြီး ဤဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ပူဖောင်းအထုပ် တစ်ခုထဲ ရောက်သွားရသလိုမျိုးပဲ လုရွှမ်ဟာ ပြင်ပကမ္ဘာကို မမြင်နိုင်တော့ပေ။
ဝုန်း!
မြေပြင်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုစွမ်းအားသည် အလွန် ပြင်းထန်သောကြောင့် တစ်ကမ္ဘာလုံးနီးပါး ပြိုလဲသွားသည့် အတိုင်းပင်။ တောင်ထိပ်များ ပြိုကျလာကာ ပင်လယ်ရေတွေ နောက်ပြန် စီးဆင်းသွားသည်။ မီးတောင်များ ပေါက်ကွဲပြီး မြေကြီးသည်လည်း အငွေ့ပျံသွားသည်။
မသေမျိုးကောင်းကင် နန်းတော်ထဲရှိ လူများသည် ကောင်းကင်ယံသို့ တစ်ယောက်ပြီး တစ်ယောက် ပျံသန်းလာခဲ့ကြ၏။ သို့သော် နောက်အခိုက်အတန့်တွင် ကျောက်တုံးများကဲ့သို့ မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်း လဲကျသွားသည်။
ထိတ်လန့်တကြား အော်သံတွေကို တစ်သံပြီးတစ်သံ ဆူညံလာကာ လုရွှမ်သည် ကျင့်ကြံသူတွေရဲ့ အလောင်းများကို တစ်စုံတစ်ခုက စုပ်ယူနေသလို သူ့ထံမှ တဖြည်းဖြည်း ဝေးကွာသွားတာကို မြင်လိုက်ရပြီးနောက် သူ လုံးဝ သတိလစ်သွားတော့သည်။
သူတစ်ဖန် နိုးလာသောအခါ နောက်ဆုံးတွင် သူ့ရဲ့ပုံမှန် ခန္ဓာကိုယ်သို့ ပြန်လည် ရောက်ရှိသွားတာကို တွေ့လိုက်ရသည်။ သူ့ဘေးတွင် လဲလျောင်းနေသော အောင့်ယွဲ့တို့လည်း တဖြည်းဖြည်း နိုးလာကာ လုရွှမ်ကို တွေ့ကြ၏။ ထို့နောက် သူတို့ခန္ဓာကိုယ်များကို အမြန်စစ်ဆေးပြီးမှ ရွှင်မြူးသော မျက်နှာများဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။
လုရွှမ် လှည့်ကြည့်လိုက်တော့ သူတို့သည် ပျက်စီးသွားနေသော နန်းတော်ရှေ့တွင် ရှိနေ၏။ နန်းတော်သည် အလွန်ပျက်စီးနေပြီ ဖြစ်ပြီး လေလေးတစ်ချက် တိုက်ခတ်လိုက်တာနဲ့ အချိန်မရွေး ပျက်စီးတော့မလို အက်ကွဲသံများ ထွက်ပေါ်နေသည်။
အနီးနားရှိ နန်းတော်များသည်လည်း သမိုင်း၏ ရှည်လျားသော မြစ်ထဲတွင် ပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပြီဖြစ်ကာ မြင်နိုင်သမျှ အရာအားလုံးမှာ လူဆိတ်ညံနေသော အပျက်အစီးအနည်းငယ်သာ ကျန်ရှိတော့သည်။
"ငါတို့ အိပ်မက်မက်ခဲ့တာလား"
နတ်သမီးရှန်းရှဲ့ ခေါင်းကို ညင်သာစွာ ခါလိုက်သည်။
"ဒါမှမဟုတ် ငါတို့ အချိန်နဲ့ အာကာသကို ဖြတ်သန်းပြီး ငါတို့ရဲ့ ဝိညာဉ်တွေက အတိတ်ကို ခရီးဆက်ခဲ့ကြတာလား"
အောင့်ယွဲ့လည်း မသေချာတာကြောင့် သူမကိုယ်သူမ မေးမြန်းမိသည်။ လုရွှမ်ကတော့ တစ်ကြိမ် ကြုံဖူးတာကြောင့်။
"ငါတို့ အတိတ်ကို ခရီးထွက်ခဲ့တာ ဖြစ်မယ်... အဲဒီ ဆန်းကြယ်တဲ့ သစ်သားရုပ်ရဲ့ အကူအညီနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မသေမျိုး ကောင်းကင်ဘုံနန်းတော် ပျက်စီးသွားတဲ့ အခိုက်အတန့်ကို သွားခဲ့ကြတာ"
ဒီအကြောင်းတွေ ပြောတဲ့အခါ အားလုံးက ပြန်လည် တက်ကြွလာခဲ့သည်။ ထိုစဥ် အောင်ရှင်းက။
"ကောင်းကင်ကနေ ကြွေကျနေတဲ့ အပိုင်းအစတွေက ဘာတွေလဲ? ငါ မေ့မသွားခင်တုန်းက ငါတို့ရှိနေကြတဲ့ ကမ္ဘာကြီးကို ဖုံးလွှမ်းသွားသလို ခံစားလိုက်ရတယ်"
"တခြားဘာမှ မသေချာပေမယ့် အဲဒါ ကြောက်စရာကောင်းတဲ့ အာကာသ တွန်းအားပဲ ဆိုတာတော့ သေချာတယ်"
လိရှောင်းလည်း ဆိုသည်။ နတ်သမီးကျင်းဟုန်သည်လည်း ဆိုလေ၏။
"ငါ့မှာလည်း ရူးကြောင်ကြောင်နိုင်တဲ့ အတွေးတစ်ခု ရှိတယ်"
အားလုံးက ခေါင်းညိတ်ပြပြီး လုရွှမ်ကို တစ်ပြိုင်တည်း လှည့်ကြည့်ကြသည်။
"မင်းတို့ မှန်းတာ မှန်တယ်...အဲဒါ ငါတို့နေထိုင်တဲ့ ကမ္ဘာငယ်လေးတွေ တဖြည်းဖြည်း ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်း ဖြစ်နိုင်တယ်... ဟိုးရှေးရှေးတုန်းက ငါတို့က ကျယ်ပြန့်ပြီး အကန့်အသတ်မဲ့တဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်ခဲ့လိမ့်မယ်... တစ်နေ့မှာ ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတော့ အဲဒီကမ္ဘာကြီးက ကမ္ဘာငယ်လေးတွေ အဖြစ် ပိုင်းခြားခံလိုက်ရတာ"
"ဘယ်သူမှ မသေမျိုး မဖြစ်တော့တာ ဘာကြောင့်လဲဆိုရင် မသေမျိုး နတ်ဖြစ်လာမယ့် မှတ်တမ်းတောင် မရှိတော့ဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့်ပဲ ဆိုတာ ရှင်းပါတယ်.... ငါတို့ နေထိုင်တဲ့ ကမ္ဘာမှီာ နည်းဥပဒေသတွေက မပြည့်စုံဘူး တာအိုဘာသာက မလုံလောက်ဘူး... မသေမျိုး လမ်းစဥ်လိုက်နေလို့ နောက်ဆုံးအဆင့်ကို ရောက်ရင်တောင်မှ မအောင်မြင်နိုင်ပါဘူး”
"ကွဲကွာနေတဲ့ ကမ္ဘာငယ်လေးတွေက အရွယ်အစားအလိုက် အဆင့်တွေကို ပိုင်းခြားလိုက်တယ်...ကောင်းကင်ကမ္ဘာ မြေကမ္ဘာ တစ်သောင်းကမ္ဘာ (ဝမ့်ကမ္ဘာ) နဲ့ ရှေးဟောင်းကမ္ဘာတွေ... အဲဒါအပြင် နောက်ထပ် ဘောင်မဝင်တဲ့ လူမသိတဲ့ ကမ္ဘာတွေရောပဲ... အဲဒါတွေက ငါတို့တွေ့ခဲ့တဲ့ စကြာဝဠာကြီး တစ်ခုလုံးကနေ ခွဲထွက်သွားခဲ့တာပဲ"
လုရွှမ် ပြောပြီးနောက် ဖြည်းညှင်းစွာ ခေါင်းယမ်းလိုက်သည်။ ဒီအဖြစ်မှန်က ဘယ်သူမဆို မယုံနိုင်စရာပါပဲ။
တခြားသူများလည်း သဘောတူကြသည်။ တချို့အရာများသည် သူတို့နားမလည်သလို ခံစားနေရတာမို့ အလွန်လျှို့ဝှက် ဆန်းကြယ်လှသည်။ သို့သော် ထိုအရာတို့ကို နားလည်ပြီးနောက် မယုံနိုင်လောက်အောင် အံ့သြနေရပြန်၏။
"ကောင်းပြီ သိပ်ပြီး မစဉ်းစားတော့နဲ့... လက်ရှိအချိန်ကာလကို ပြန်ရောက်လာပြီ ကျန်နေတဲ့ နန်းတော်ထဲမှာ ဘာတွေကျန်သေးလဲ သွားကြည့်ရအောင်"
ထို့နောက် ပျက်စီးနေသော တံခါးကိုဖြတ်၍ နန်းတော်ထဲသို့ ဝင်လာခဲ့သည်။
ဝိညာဉ်စွမ်းအင်များ ပြည့်ဝသော အခြားနေရာများနှင့် နှိုင်းယှဉ်ပါက ဤနေရာသည် သိသိသာသာ တုန်လှုပ်ချောက်ချားဖွယ် ခံစားချက်တစ်ခု ရှိနေသည်။ အပြင်ဘက်ရှိ လောင်မြိုက်နေသော ကမ္ဘာကြီးထဲမှ အေးစက်နေသည့် နေရာသို့ ရုတ်တရက် ဝင်ရောက်လာမိသလိုပင်။
လုရွှမ် နားမလည်နိုင်စွာ တုန်လှုပ်ချောက်ချား သွားခဲ့သည်။ သူ့စိတ်ဝိညာဉ်က တခဏအတွင်း သိသိသာသာ တုန်လှုပ်သွား၏။ လိရှောင်းနဲ့ တခြားလူတွေကို ကြည့်လိုက်တော့ သူတစ်ယောက်တည်း မဟုတ်ပဲ သူတို့ရဲ့ ခံစားချက်တွေလည်း ပြောင်းလဲသွားတာကြောင့် ပြောမပြနိုင်လောက်အောင် အံ့သြသွားရသည်။
"ဒီလက်ရာကို မင်းတို့ မြင်ဖူးလား?"
လိရှောင်း ရုတ်တရက် အော်လိုက်သည်။
သူ့လက်ညှိုးအတိုင်း လိုက်ကြည့်သော် ခန်းမ၏ ဘယ်ဘက်ခြမ်းရှိ ကျောက်စာတိုင်ပေါ်တွင် လက်ဖဝါးရာ ရိုက်နှိပ်ထားတာ တွေ့ရ၏။ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည့် လက်ဝါးရာပင်တည်း။
ဒါက နည်းနည်းတော့ မရေမရာဖြစ်နေပြီမို့ သေချာဂရုမစိုက်မိရင် လက်ဝါးရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်မှာမဟုတ်ပါဘူး။
"ဒီလက်ဖဝါးရာကို ငါ လုပ်ခဲ့တာလေ!"
လိရှောင်းရဲ့ အသံက အနည်းငယ် တုန်ရီနေသည်။ သူက အဲဒီလိုပြောပြီးတာနဲ့ ရှေ့သို့လှမ်း၍ သူ့လက်ဖဝါးနှင့် နှိုင်းယှဉ်ကြည့်လိုက်ရာ ၎င်းတို့သည် လုံးဝ ကွက်တိကျနေတာကို တွေ့လိုက်ရ၏။
"အရင်က ငါတို့ တကယ် အချိန်ခရီး သွားခဲ့တာလား?"
မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် ဒီလက်ဖဝါးကို ဘယ်လို ရှင်းပြကြမလဲ။ ထိုအခိုက် ရုတ်တရက် လေတွေ တိုက်ခတ်လာတာကြောင့် လူတိုင်း တုန်လှုပ်သွားခဲ့သည်။
"ငါနင့်ကိုပြောမယ်... ဒီမှာ တစ်ခုခုရှာရအောင် ပြီးရင် သွားကြရမယ်!"
အောင်ရှင်းရ အော်ရင်း နတ်သမီးကျင်းဟုန်ရဲ့ လက်ကို လှမ်းကိုင်ထားလိုက်သည်။ ကျင်းဟုန်လည်း ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။
ယခင်တွေ့ကြုံခဲ့ရတာတွေက တကယ်ကို မှော်ဆန်လွန်းလှသည်။ ရှေးဟောင်းဂိုဏ်းကြီးကို မြင်လိုက်ရပြီး စိတ်ဝိညာဉ်သည် အချိန်ကာလတစ်လျှောက်လုံး နားမလည်နိုင်စွာ ဖြတ်သန်းသွားကာ ကလေးတစ်ယောက်လို ဖြစ်သွားခဲ့သည်။ ဒါတင်မကသေးဘဲ ရှေးခေတ်မှာ နားမလည်နိုင်သော အမှတ်အသားတစ်ခု ထားခဲ့ရာ ယခုအချိန်ထိ ရှိနေခဲ့သည်။
"ဟုတ်တယ် နောက်တစ်ခု ကျန်သေးလား အမြန် ရှာကြည့်ရအောင်"
ရှန်ယိက အော်ပြီး ဘေးနားကို အမြန်ပြေးကာ ရှာဖွေတော့သည်။
"ငါတို့ ရှာထားပြီးသားပဲလေ ဒီမှာ ဘာမှကို မရှိဘူး"
သူ့အသံက ရုတ်တရက် ရပ်သွားပြီး နံဘေးကို ခုန်ပျံသွားသည်။
"ဘာဖြစ်နေတာလဲဟ"
အားလုံး လျင်မြန်စွာ လှည့်ကြည့်လိုက်တော့ လိရှောင်းက ဘေးကို ရောက်နေပြီ။ ထူးခြားတာကတော့ လက်ဖဝါး ရိုက်နှိပ်ထားခဲ့သည့် နေရာပင်။ ယခင်က သူအမှတ်အသား ပြုခဲ့သော ကျောက်စာတိုင်များသည် အလင်းရောင်များဖြင့် တဖြည်းဖြည်း တောက်ပလာသည်။
အလင်းရောင်သည် တဖြည်းဖြည်း ပျံ့နှံ့လာပြီး တိုင်ကြီးတစ်ခုလုံးပါ လင်းထိန်လာသည်။ အလင်းရောင်က တောက်ပလွန်းသဖြင့် လူတိုင်းနီးပါး မျက်လုံးမဖွင့်နိုင်တော့ပေ။ အလင်းရောင်က ခန်းမတစ်ခုလုံးကို ဖြတ်သန်းကာ ကောင်းကင်သို့ တည့်တည့် ထိုးတက်သွားသည်။
မဝေးလှသော နေရာတွင် လူနှစ်ဦးသည် ရှေ့ဘက်သို့ ရူးသွပ်စွာ ပြေးလွှားနေကြပြီး ၎င်းတို့ရှေ့မှ အလင်းတန်းကို ရုတ်တရက် သတိပြုမိလိုက်သောအခါ ဦးတည်ရာကို လျင်မြန်စွာ ပြောင်းလဲကာ လျင်မြန်စွာ ပျံသန်းလာခဲ့လေသည်။
စူးရှလှသော အလင်းတန်းသည် လိရှောင်အား တဖြည်းဖြည်း ဖုံးလွှမ်းသွားပြီး ကြီးမားသော စုပ်ယူမှု တွန်းအားတစ်ခုက လိရှောင်းကို အပေါ်ကို ဆွဲတင်လိုက်ပေသည်။