← Chapters

တံခါးအပြင်၌

Vol. 84 Ch. 4.777

တံခါးအပြင်၌

Vol. 84 Ch. 4.777

လိရှောင်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပေမယ့် သူဘယ်လောက်ပဲ ကြိုးစားကြိုးစား စုပ်ယူမှုကနေ ကျောက်နံရံဆီသို့သာ နီးကပ်သွားသည်။

လိရှောင်း အနားရှိ ထူဖူးက အလျင်မြန်ဆုံး တုံ့ပြန်ခဲ့ပြီး အောင်ရှင်းနဲ့ ကျင်းဟုန်တို့ကလည်း ဖမ်းဆွဲထားခဲ့သည်။ ၎င်းတို့သည် လိရှောင်းနဲ့ ထူဖူးကို လျင်မြန်စွာ ဖမ်းယူလိုက်သော်လည်း အားလုံးအတူတူ စုပ်ယူခံလိုက်ရသည်။

လုရွှမ်သည် အောင့်ယွဲ့နဲ့ ရှန်းရှဲ့ကို အလျင်အမြန် ဝင်တားလိုက်လေသည်။

"လိရှောင်းကို လွှတ်လိုက်... ဒါက ဘေးဥပဒ်တစ်ခု မဟုတ်ဘူး ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ရင် လိရှောင်းရဲ့ အခွင့်အရေး ရောက်လာပြီ"

လိရှောင်းက ထိတ်လန့်တကြားနဲ့။

"မလွှတ်နဲ့.... လုရွှမ် ငါ့ကို မလိမ်နဲ့နော် ငါ့ဝိညာဉ်ကအခု ဆွဲထုတ်ခံလုနီးပါး ဖြစ်နေပြီ!!"

"အနည်းဆုံး 90% သေချာတယ်... မငြင်းပါနဲ့ မင်း လက်ခံဖို့ ကြိုးစားလိုက်"

အောင်ရှင်းနဲ့ တခြားသူတွေမှာ လိရှောင်းရဲ့လက်ကို မလွှတ်ခဲ့ကြပေမယ့် သူတို့လည်း ဆက်မထိန်းနိုင်တော့ပေ။ သူတို့စုပ်တာကို မခံစားကြရသေးပါဘူး။ လိရှောင်းကို ဆုပ်ကိုင်ထားတော့ အင်အားက အရမ်းကြောက်စရာ ကောင်းတယ်လို့တော့ သိသိသာသာ ခံစားရသည်။

"ကောင်းပြီ လွှတ်လိုက်... ငါလက်ခံနိုင်အောင် ကြိုးစားမယ်!"

ထိုမှသာ လူတိုင်း သူ့လက်ကို လွှတ်လိုက်ကြသည်။ လိရှောင်း အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်က ကျောက်စာတိုင်ထဲ စုပ်ယူသွားတာကို ခံလိုက်ရလေသည်။

ရှန်ယိ ကျောက်စာတိုင်ကို ပွတ်သပ်ကြည့်လိုက်သော် ကျောက်စာတိုင်ရဲ့ ခိုင်မာမှုကို အသေအချာ ခံစားကြည့်လေသည်။ အကြိမ်အနည်းငယ် ညှစ်လိုက်ရာ အလွန်မာကျောပြီး လက်ရာပင် ချန်ထားခဲ့ဖို့ မဖြစ်နိုင်တာကို တွေ့ရတော့ သူ့အမူအရာ ရုတ်တရက် ပြောင်းသွားပြီး။

"လုရွှမ်... လိရှောင်း တကယ် အဆင်ပြေရဲ့လား"

"လုံးဝ ပြဿနာမရှိပါဘူး!"

လုရွှမ် သေချာပေါက် အတပ်သိနေဟန်ဖြင့် ပြောလိုက်သည်။

"လုရွှမ် နင်တစ်ခုခု သိထားလား"

အောင့်ယွဲ့မှာ လုရွှမ် ကောင်းကောင်း သိနေမယ်လို့ ခန့်မှန်းမိတာကြောင့် စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

"သူထွက်လာပြီးရင် ဘာပြောမလဲ ကြည့်ရအောင်"

လုရွှမ်ရဲ့ သူ့မျက်လုံးတွေက ကျောက်စာတိုင်တွေကိုသာ စိုက်ကြည့်နေသည်။ ခဏအကြာတွင် ကျောက်စာတိုင်ပေါ်ရှိ အလင်းရောင်များ ရုတ်တရက် ပွင့်ထွက်လာပြီး လိရှောင်းတစ်ယောက် ပြေးထွက်လာသည်။

လိရှောင်းခမျာ သူ့တစ်ကိုယ်လုံး ရွှံ့နဲ့ ရေတွေ ဖုံးနေတာကြောင့် အရမ်းရှက်သွားသည်။

"ဘာတွေဖြစ်နေတာလဲ?"

လိရှောင်းသည် သူ့လက်ကို ဝှေ့ယမ်းပြီး ဗုဒ္ဓဘာသာဝင်များ အသုံးပြုသော ပုတီးစေ့တစ်ကုံးကို ထုတ်ကာ နက်မှောင်​နေသော မျက်နှာထားဖြင့် ရှန်ယိထံ ပစ်ပေးလိုက်သည်။

"ဟမ့် ငါ အချိန်အကြာကြီး ကြိုးကြိုးစားစားနဲ့ ရယူလာတာနော်"

ရှန်ယိက အပြုံးချိုချိုသာသာဖြင့် လက်အုပ်ချီလိုက်သည်။

"အော်မီတော်ဖော်... ပုတီးစေ့တွေကို မင်းက ဘယ်လို အလေးအမြတ် ပြုနိုင်မှာလဲ"

ပုတီးစေ့များ၏ ထိရောက်မှုကို ခံစားရတာကြောင့် ပုတီးကုံးကို သူ့လည်ပင်းမှ ပုတီးစေ့များဖြင့် စိတ်လှုပ်ရှားစွာ အစားထိုးလိုက်သည်။

"လက်ကောက် ပုတီးစေ့ အဲဒါတွေအပြင် တခြားဘာတွေ ရှိသေးလဲ?"

လိရှောင်းက ဒေါသတကြီး ပိတ်အော်လိုက်သည်။

"ဟေ့ ဘယ်လိုသုံးရမှန်း မသိရင် ငါ သူ့ကိုအစောကတည်းက စွန့်ပစ်ခဲ့တာကြာပြီ"

လူတိုင်းက "အထဲမှာ ဘာဖြစ်ခဲ့တာလဲ?"

ရှန်ယိက ရုတ်​တရက်​ ကြားဖြတ်​လိုက်​ပြီး။

"ဗုဒ္ဓက​ ပြောလို့​မရဘူးတဲ့"

လိရှောင်းလည်း ခေါင်းညိတ်လိုက်သည်။

"ပြောလို့ မရဘူး"

"ဟမ့် ဘာမှ မပြောနိုင်ဘူး ဆိုမှတော့ ပစ္စည်းတွေကို လွှဲပေးလိုက်တော့!"

တစ်ချိန်တည်းမှာပဲ သူတို့နောက်ကနေ လူနှစ်ယောက် ခန်းမထဲကို ပြေးဝင်လာခဲ့သည်။

လူတစ်ယောက်သည် လေကို မျက်နှာမူထားသည့် ကျောက်စိမ်းပင်ကဲ့သို့ ပေါ့ပေါ့ပါးပါး အပြုံးဖြင့် ပြောနိုင်သည်။ မြင်မြင်ချင်းပင် ထိုသူသည် ယောက်ျားဖြစ်နေတာ သိသာထင်ရှားသော်လည်း လူတို့အား အံ့သြဖွယ် ခံစားမှုတစ်ခုကို ပေးစွမ်းနိုင်လေသည်။

နောက်ထပ် ယောက်ျားပျို တစ်ယောက်ကတော့ အနက်ရောင် ဝတ်ရုံကို ၀တ်ဆင်ထားပြီး တူညီချောမောသော မျက်နှာရှိသော်လည်း အနည်းငယ် မြှင့်တက်နေသော မျက်ခုံးများက သူ့ကို ပိုညို့ယူသော အသွင်ကို ဖြစ်စေသည်။ သူ့မျက်လုံးများက ညဇီးကွက်ကဲ့သို့ စူးရှပြီး စကားပြောတတ်သူလည်း ဖြစ်သည်။

လုရွှမ် သူတို့နှစ်ယောက်ကို အရင်က တွေ့ဖူးပါ၏။

"လတ်စသတ်တော့ အပြင်စည်း တပည့်တွေထဲမှာ အဆင့် ၅ ရှိတဲ့ သခင်လေးရှောက်ဖုံးနဲ့ အဆင့်၇ သခင်လေးချိုရှန်းတို့ကိုး... အားလုံး အဆင်ပြေကြရဲ့လား?!"

အောင့်ယွဲ့က လှမ်းအော်လိုက်ပြီး လူတိုင်းရဲ့ လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်သည်။

ထိုအခိုက် ရှောက်ဖုံးရဲ့ ပါးစပ်ထောင့်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာပြီး သူ့မျက်လုံးများသည် လူအုပ်ကြားတွင် ငြိမ်သက်စွာ လှည့်လည် သွားလာနေလေသည်။ လုရွှမ်ကို မြင်သောအခါတွင် သူ့မျက်ခုံးများ အနည်းငယ် တွန့်သွားကာ မထင်မှတ်ထားဘဲ လူတစ်ယောက်ကို တွေ့လိုက်ရသလိုပင်။

လုရွှမ်ပင်လျှင် ဤလူငယ်သည် တကယ်ချောမောပြီး သူ၏ လှုပ်ရှားမှုများသည် အလွန်ဆန်းကြယ်သောကြောင့် လူအများက သူ့ကို သဘောကျစေနိုင်ကြောင်း လက်ခံမိသည်။

ချိုရှန်းက "အောင့်ယွဲ့... မတွေ့တာကြာပြီနော်... မင်း အရမ်းတော်တာတဲ့ ဒီအမှိုက်တွေကို ကာကွယ်နေတုန်းပဲနော်... သက်သက်မဲ့ အချိန်ဖြုန်းနေသေးတယ်"

"ပြောနေတာတွေ ရပ်လိုက်ရအောင်...ပုတီးစေ့ကို လွှဲပေး... မဟုတ်ရင် ငါကိုယ်တိုင် လာယူရလိမ့်မယ် အဲဒီ အချိန်ရောက်ရင်တော့ ငါ သူမကို နာကျင်စေရလိမ့်မယ်... အောင့်ယွဲ့ မင်းမျက်နှာက ပွန်းပဲ့သွားရင် ကြည့်ကောင်းမှာ မဟုတ်ဘူးနော်"

သူ့လေသံက အရမ်းလွှမ်းမိုးနေပြီး သူ့မျက်လုံးတွေက တင်းမာနေရာ အောင့်ယွဲ့တို့ကို လုံးဝ မျက်လုံးထဲ မထည့်ထားတာ သိသာလေသည်။ အောင်ရှင်းက လုရွှမ်နံဘေးတွင် ရှိနေတာကြောင့် ဆန်းကြယ်ကောင်းကင်အိမ်တော်၌ ဖြစ်ပျက်ခဲ့သည်များကို ပြောပြလိုက်သည်။

လုရွှမ် ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ လတ်စသတ်တော့ အချစ်ပြိုင်ဖက်ကိုး။

ချိုရှန်းကို ငုံ့ကြည့်ရုံမျှဖြင့် အောင့်ယွဲ့ ထိုလူကို လုံးဝမကြိုက်ကြောင်း၊ သူငယ်ချင်း ဖြစ်ရန်ပင် အရည်အချင်း မရှိကြောင်း လုရွှမ် သိလိုက်သည်။ ဒါကို တွေးကြည့်တော့ သူ့အရင်ကသတ်ခဲ့တဲ့ ညီငယ်နှစ်ယောက်က ဒီကောင်လေးရဲ့ လူတွေ ဖြစ်ကောင်းဖြစ်နိုင်တယ် ဆိုတာ ရိပ်မိလိုက်ပါ၏။

"အိုး မင်းဘယ်လို ရယူနိုင်မလဲဆိုတာ ငါကြည့်ချင်ပါသေးရဲ့"

လုရွှမ် ဆို၍ အောင့်ယွဲ့ရှေ့မှာ ရပ်လိုက်သည်။ သူသည် ခြေဖဝါးဖြင့် မတ်တပ်ရပ်ကာ ချိုရှန်းကို တည့်တည့်ကြည့်ကာ အောင့်ယွဲ့ကို ညင်သာစွာ ပွေ့ဖက်၍ ပြုံးကြည့်လိုက်သည်။

"မင်းပဲ?"

"ငါပဲ!"

"မင်းက လုရွှမ်လား?"

ချိုရှန်းက မေးစေ့ကို အနည်းငယ် မြှောက်လျက် မေးလိုက်သည်။ လုရွှမ်လည်း ရယ်လိုက်ပြီး။

"တုံ့ပြန်တာ မနှေးဘူးပဲ..ငါက လုရွှမ်ပဲ"

"ဒါဆို ငရဲကို သွားလိုက်တော့!"

ချိုရှန်း သူ့စကားတွေကို တံတွေးအနေဖြင့် ထွေးထုတ်ပြီး လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။ ထိုအခိုက် သူ့ရဲ့ စွမ်းအင်တွေ ပြောင်းလဲသွားပြီး သူ့လက်သည်းကြီးတွေက လုရွှမ်ဆီကို တိုက်ရိုက် ချဥ်းကပ်လာလေသည်။

လုရွှမ်သည် ရန်သူက ယခုလို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာမယ်လို့ အပြည့်အ၀ မျှော်လင့်ထားတာကြောင့် အံ့သြသွားပုံမပေါ်ပေ။ လက်ဖဝါးကို လှန်ကာ လက်ခလယ်နဲ့ လက်မကိုထိလျက် သုံးကြိမ်ဆက်တိုက် ဝေ့ယမ်းလိုက်၏။

အဖြူရောင် ယွမ်ယန်စွမ်းအင်တွေက ရောင်ခြည်သုံးဖြာ အဖြစ် ပေါက်ကွဲထွက်ပြီး ကြီးမားသော လက်သည်းကို ထိမှန်သွားရာ တစ်ပြိုင်နက် နှစ်ဖက်စလုံးမှ ခွန်အားများ ပြန့်ကျဲသွားသည်။

ချိုရှန်း၏ မျက်လုံးများ အေးစက်သွားကာ သူ့ခန္ဓာကိုယ်က အနည်းငယ် ယိမ်းယိုင်သွားသည်။ လုရွှမ်ရှေ့မှာ မပေါ်လာမီတွင် ခြေသည်းတစ်ချောင်းက ရုတ်တရက် အရင်ထွက်လာပြီး လုရွှမ်ရဲ့ခေါင်းကို လှမ်းကိုင်လိုက်သည်။

ခြေသည်းငါးချောင်းက ချွန်ထက်ပေ၏။ ဦးချိုကြီး ထူထဲတဲ့ သားရဲတစ်ကောင်လို့ စွမ်းအင်တွေက အအေးဓာတ်တွေပါ ဖုံးလွှမ်းနေသည်။

"လုရွှမ် သတိထား! အဲဒါက ဝိညာဉ်ချိတ်လက်ပဲ!!"

အောင့်ယွဲ့ အမြန် လှမ်းအော်လိုက်သည်။

လုရွှမ်ရဲ့ ခန္ဓာကိုယ်သည် ရုတ်တရက် သစ်ရွက်တစ်ရွက်လိုပဲ ပေါ့ပါးစွာ ရွေ့လျားသွားသည်။ ချိုရှန်းရဲ့ ပြင်းထန်သော လက်သည်းငါးချောင်းမှာ ပြင်းပြင်းထန်ထန် တိုက်ခတ်လာသော လေပြင်းနှင့်အတူ ဘေးဘက်သို့ ပေါ့ပါးစွာ လွင့်မျောသွားသည်။

“လေပြင်းနိယာမ အခွင့်အရေး နည်းနည်းတော့ ရထားသားပဲ... ဟမ့် အဲ့တော့ ဘာဖြစ်လဲ”

သူက အေးစက်စွာ ဟစ်အော်ရင်း လက်ဖဝါးကို လှန်လိုက်ရာ လက်ထဲတွင် အပြာရောင်ဖျော့ဖျော့ ရှိသော ဓားငယ်တစ်ချောင်း ထွက်လာလေသည်။ သူ့လက်ကောက်ဝတ်ကို လှည့်လိုက်တာနဲ့ ဓားပျံက လေထဲ ပျံထွက်သွားသည်။

ဓားပျံ ပေါ်လာသည်နှင့် တပြိုင်နက် ၎င်းက လေထဲမှာ ပျောက်ကွယ်သွားကာ အပြောင်းအလဲ တစ်စုံတစ်ရာ မဖြစ်လာခဲ့ပေ။

လုရွှမ် သူ့လက်ဖဝါးကို ညင်သာစွာဖြင့် စက်ဝိုင်းပုံစံ ဝေ့ယမ်းလိုက်စဥ် သူ့လက်ဖဝါးရှေ့တွင် ကောင်းကင်ပြာကြီးလို စွမ်းအင်တစ်ခုက တိတ်တဆိတ် ပေါ်ထွက်လာသည်။

ထန်းခနဲ အသံနှင့်အတူ အပြာရောင် ဓားတစ်စင်းသည် လေထုထဲမှ ထွက်ပေါ်လာပြီး လုရွှမ် ရေးဆွဲထားသော အပြာရောင် ဒိုင်းလွှာကိုသာ လုပ်ကြံလိုက်နိုင်သည်။ ဒိုင်းလွှာထဲက စွမ်းအားတွေ ထိုးတက်လာပြီး အပြာရောင်ဓားဟာ ဖိနှိပ်ခံလိုက်ရလေသည်။

"နတ်ဝိညာဥ်ဒိုင်းကာ?"

ချိုရှန်း အော်ဟစ်လိုက်ပြီး လုရွှမ်ကို ကြည့်နေတဲ့ သူ့မျက်လုံးတွေက ပြူးကျယ်သွား​လေသည်။ ပထမဆုံးအကြိမ် သူသည် သူ့မျက်လုံးများဖြင့် တစ်ဖက်လူကို ဘေးတိုက် မကြည့်တော့ဘဲ ပို၍ လေးနက်လာသည်။

ဘေးနားကနေ စိတ်လှုပ်ရှားစွာ ကြည့်နေတဲ့ ရှောက်ဖုံးကလည်း သူ့မျက်လုံးတွေကို ပိုပြီး လေးနက်တဲ့ အကြည့်နဲ့ ကြည့်လာသည်။ သူက လုရွှမ်ကို မော့ကြည့်ပြီး ခေါင်းညိတ်​ပြလိုက်သည်။

အောင့်ယွဲ့နှင့် သူ့အဖွဲ့အားလုံးသည်လည်း သူတို့၏ မျက်လုံးများတွင် အံ့သြမှုနှင့် မယုံကြည်နိုင်မှု အရိပ်အမြွက်များ ရှိနေကြသည်။

လုရွှမ်သည် ကောင်းကင်ဘုံသခင် နယ်ပယ်တွင်သာ ရှိနေ၏။ သို့သော် သူသည် နတ်မီးနယ်ပယ်က ကျင့်ကြံသူတွေ ပြုလုပ်နိုင်သည့် မှော်စွမ်းအင်များထဲမှ တစ်ခုဖြစ်သည့် နတ်ဝိညာဉ်ဒိုင်းကို ပေါင်းစည်းထားပြီး​ပြီ ဖြစ်​​လေသည်။

All Chapters